ရွှေဆံတော်စေတီတော်မြတ်သမိုင်း

မဟိသကရက္ခပူရတိုင်း ဓညဝတီ ရခိုင်ထီးနန်းကို ကောဇာသက္ကရာဇ် (၂၁၄) ခုနှစ်၊  ဘီစီ (၃၁၆) ခုနှစ်တွင် စိုးစံတော်မူသော သူရိယစက္ကမင်းနှင့် မိဘုရား(ရုစိတာဒေဝီ)တို့သည် မဇ္ဈိမဒေသ ပါဋလိပုတ်ပြည် ဘုရင်သီရိဓမ္မာသောကမင်းကြီးနှင့် ထီးနန်းစိုးပြိုင်ဘက် အကြည်တော်ချင်းဖြစ်လေသည်။

ဓညဝတီ သူရိယစက္ကမင်းကြီး ထီးနန်းစိုးစံသောကာလ သာသနာသက္ကရာဇ် (၂၁၄) မှ ၂၅၈) ခုနှစ်၊ ဘီစီ (၃၁၆ မှ ၂၇၂) ခုနှစ်ကာလဝယ် အရှင်မဟာရေဝ၊ အရှင်တိဿမထေရ်တို့အား (အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်တို့မြတ်)မှ ဘုရားဗျာဒိတ်တော်အရ စေတီတည်ထားရန် ဓာတ်တော် (၂၄၆) ဆိုတို့ကို ပေးအပ်၍  ပင့်ဆောင်ယူခဲ့လေသည်။

ထိုဓာတ်တော် (၂၄၆)ဆူတို့အား သူရိယစက္ကမင်းအား ဘုရားဗျာဒိတ်စကား အမှာစာများနှင့်တကွ

 ပေးအပ်လေသောအခါ ဘုရင်မင်းမြတ်သည်များစွာနှစ်ထောင်းအားရတော်မူပြီးလေသော် ဓာတ်တော်များနှင့် နေရာဒေသတောတောင်တို့ကိုသတ်မှတ်စလျက် တစ်ဆင့်ခံအုပ်ချုပ်နေကြသော လက်အောက်ခံ ဘုရင်မင်းများနှင့် မှူးမတ်အပေါင်းတို့အား စေလွှတ်တော်မူလေတော့သည်။

ထိုအခါ ဘုရားဓာတ်တော်မွေတော်များနှင့်တကွ စာသဝဏ်လွှာကို ရရှိလေသော ဒွါရာဝတီသံတွဲမြို့စား ဓမ္မသူရအမတ်ကြီးနှင့် နန်းတွင်းသူအပေါင်းတို့သည် များစွာဝမ်းမြောက်တော်မူလေပြီးသော်

 မြတ်စွာဘုရားရှင်ဗျာဒိတ်ထေားခဲ့သော(မဏိကေသ) တောင်တော်၌ (ဆံတော်ဓာတ်စေတီ)တော်ကို တည်ထားတော်မူလေတော့သည်။ ထိုနည်းအတူ (ဗုဒ္ဓအံတော်၊ နံတော်ဓာတ်)တော်တို့အားလည်း ဘုရားရှင်ဗျာဒိတ်ထားခဲ့သောတောင်တို့တွင် ဌာပနာလျှက် စေတီတည်ထားပူဇော်တော်မူလေတော့သည်။

မြတ်စွာဘုရားသည် ဗာသုတောင်တော်၌ ရပ်တန့်တော်မူပြီး လက်ညှိုးညွှန်ခါ ဗျာဒိတ်စကားမြွက်ကြားလေခြင်းကား (ချစ်သား သာရိပုတ္တရာ၊ ရှေ့၌မြင်သော (ရောဟကုဋတောင်)မှ အရှေ့တာင်ဘက် (တစ်ဂါဝုဒ်) သာသာတွင် (မဏိကေ သပဗ္ဗတတောင်)၌ ငါဘုရားသည် (ဇာမရီငှက်မင်း) ဘဝဖြင့် နေခဲ့ဖူးလေသည်။ ထိုကြောင့် နောင်အခါ ထိုတောင်၌ ငါဘုရား၏ (ဆံတော်ဓာတ်)ကို စေတီတည်ထားကိုးကွယ်ကြလေ၍ (ဆံတော်စေတီ) တွင်လေလတ္တံ့ဟု ဗျာဒိတ်စကားမြွက်ကြားခဲ့လေသောကြောင့် ဖြစ်ပေသည်။

သို့ဖြစ်လေသောကြောင့် ဘုရားသမိုင်းလင်္ကာတွင် အောက်ပါအတိုင်း ပါရှိလေသည်။ 

“ထင်ပေါ်သာစွ၊ ရောဟကုဋ၊ နာမခေါ်ဆောင်၊ နံတော်တောင်မှ၊ ရွှေရောင်လက်လက်၊ ရှေ့တောင်ဘက်၌၊ တည်လျက်ဝေးကွာ၊ မာလာသီရိ၊ ပန်းအိအိနှင့်၊ မဏိကေသ၊ နာမထွန်းပြောင်၊ ထိုသည့်တောင်၌၊ ဘုန်းခေါင်တစ်လီ၊ ဇာမရီတဇာစ်၊ဧကန်ဖြစ်၍၊ စင်စစ်ဘုန်းလူ၊ လွန်တော်မူလျှင်၊ ဆူဆူထွဋ်မြတ်၊ ဆံတော်ဓာတ်ကို၊ တည်လတ်ပြီးခါ၊ ကိုးကွယ်ရာ၏၊ မိန့်မှာစကား၊ ဤသို့အားဖြင့်၊ မှာကြားပြီးခါ၊ အဇာဋာဖြင့်၊ ထက်ကောင်းကင်မှ၊ စက်ရှင်ဖြန့်ခါ၊ ခေတ္တရာဟု၊ သညာဆန်းကြည့်၊ ရသေ့ပြည်သို့၊ ဦးတည်ဖြန့်မြန်း၊ ကြွချီလှမ်းသည်၊ လျှပ်ပန်းတိမ်နီရောင်တို့တည်း။” ဟူ၍ ဖော်ပြထားလေသည်။

ဤဆံတော်ဓာတ်စေတီသည် နှစ်ပေါင်းများစွာကြာလွန်လေခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်ကြီး၏ ဗုံးဒဏ်ခံရလေသဖြင့် စေတီတော်မှာ ပြိုကျပျက်စီးခြင်းသို့ ကျရောက်လေသောအခါ ရရှိသောဓာတ်တော်ဆူရေပေါင်း (၂၉၉၉)ဆူတို့ကို သိမ်ကုန်းဆရာတော်ကြီး ဦးသာသနနှင့် ဘန္ဒန္တပညိန္ဒြိယဆရာတော်တို့သည် ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းထားပြီးသော် အမြို့မြို့အနယ်အနယ်သို့ လှည့်လည်အပူဇော်ခံ မေတ္တာရပ်ခံဆော်သြလျက် အလှူခံရရှိသမျှသော ငွေးကြေးတို့ဖြင့် (ဆဋ္ဌမအကြိမ်) အဖြစ် ဘုရားရှင်၏ ဓာတ်တော်အစစ်နှင့် ဓာတ်တော်များတို့အား ဌာပနာထည့်လျက် ကောဇာသက္ကရာဇ် (၁၃၁၅) ခုနှစ်၊ တန်ဖူးလဆန်း(၅)ရက်၊ ခရစ်နှစ် (၁၉၉၃) ခုနှစ်တွင် စေတီဉာဏ်တော်အမြင့် (၅၄)တောင် ထီးတော်တင်ကာ တည်ထားပူဇော်ကြမှုကို တွေ့မြင်ဖူးတွေ့ရသဖြင့် အလွန်ပင်ဝမ်းမြောက်ပီတိ သာဓုခေါ်မိပါတော့သည်။

ယခုအခါ ဤဆံတော်စေတီတော်မြတ်ကြီးအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဂေါပကဖွဲ့စည်းထားရာတွင် ဥက္ကဋ္ဌအဖြစ် ဦးမောင်ဆိတ်ကြီးကြပ်ကာ ကော်မတီဝင်များနှင့် ဆောင်ရွက်နေကြမှုကို
အားရဝမ်းမြောက်စရာအဖြစ်တွေ့မြင်ခဲ့ရပေသည်။ ကေသမဏိပဗ္ဗတတောင်ကုန်းပေါ်တွင် ယခုအခါ ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် တရားပွဲတော်များ ကျင်းပကြခြင်း၊ ဘုရားဖူးရပ်ဝေးမှ ဧည့်သည်တို့
တည်းခိုနိုင်ရန် ဓမ္မာရုံတစ်ခုကို ပြုလုပ်ထားခြင်း၊ ဗုဒ္ဓဝင်ပြတိုက်တစ်ခုတွင် (၂၈) ဆူမြတ်စွာဘုရားရှင်တုများ၊ ဧတဒဂ်ဘွဲ့ရ ရဟန္တာ(၄)ပါး၊ ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရီမ (၁၃)ပါး၊ ဧတဒဂ်ဘွဲ့ရ

ဥပသကာကြီး (၁၁)ဦးနှင့် ဧတဒဂ်ဘွဲ့ရ ဥပသိကာအမျိုးသမီး(၁၀)ဦးတို့၏ ရုပ်တုတော်များ၊ ဒွါရာဝတီသို့ မြတ်စွာဘုရားရှင်ကြွလာပုံ၊ ဒွါရာဝတီမြို့စား (ဓမ္မသူရ) အမတ်ကြီး အံတော်၊ နံတော်၊
ဆံတော် စေတီတော်သုံးဆူတို့အား တည်ထားပုံများကို ရုပ်လုံးရုပ်ကြွ ပန်းချီများဖြင့် တခမ်းတနားဆင်ယင်ပြသထားပါသည်။ ဆောင်ရွက်ပြုလုပ်နေကြဆဲကာလ(၉၀)ရာခိုင်နှုန်းပြီးစီးနေမှုကို
မြင်တွေ့ခဲ့ရပေသည်။ အထူးအားရဝမ်းသာဂုဏ်ယူစရာပင်ဖြစ်ပေတော့သည်။

ထိုဆံတော်စေတီကုန်းတော်ရှိ ဗုဒ္ဓဝင်ပြတိုက်အနီး(သံဝေဇနိယကုန်း)တွင် (အလိုတော်ပြည့် ဆရာတော်ကြီး)တည်ထားသော (လျောင်းတော်မူဘုရား)တစ်ဆူကိုလည်း ဖူးမြော်ရပေသည်။
ဤဆံတော်စေတီတည်ရှိရာ (မဏိကေသပဗ္ဗတ) တောင်ကုန်းပေါ်သို့ တက်ရောက်ဖူးမြော်နိုင်ရန် ယခုအခါ (နယ်စပ်ဒေသ စည်ပင်ဝန်ကြီး ဗိုလ်မှူးကြီးသိန်းညွန့်နှင့် ဇနီး)တို့က (၂၀၀၁ ခုနှစ်
မေလ(၆)ရက်နေ့စွဲဖြင့် တောင်တက်လမ်းကို ကတ္တရာစေးလမ်းအဖြစ် လမ်းရှည်ပေပေါင်း (၂၄၀၀) လမ်းအကျယ် (၁၂)ပေရှိသော လမ်းမှာ ချာမောစွာပြီးစီးလှူဒါန်းထားကြမှုအတွက်
ဘုရားဖူးတက်ရောက်လာသူများ အထူးအဆင်ပြေလျက် ဝမ်းမြောက်သာဓုခေါ်ကြပါပေတော့မည်။

http://arakanhistory2.blogspot.com
မှကူးယူဖော်ပါသည်။
စစ်ခွေးပစ်မုဆိုး

ပတ္တမြားဒေဝီစောမဲကျီ သမိုင်းဖြစ်ရပ်

မြန်မာသက္ကရာဇ် ၈၇၀-၈၉၀ ကျော်ခန့်က ရခိုင်ပြည်နယ်(AraKan) ရမ်းဗြဲမြို့ နဲ့ ၁၀ မိုင်အကွာမှာ ရွာရင်းရွာဆိုတဲ့ ရွာလေးတစ်ရွာရှိတယ်။ အဲဒီရွာလေးမှာ တောင်ယာလုပ်ကိုင်စားသောက်တဲ့ ဦးဖြူထီး ဒေါ်မဲတူတို့မှာ မမဲကျီ ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်။

မမဲကျီ ငါးနှစ်အရွယ်မှာ ဖခင်ဖြစ်သူ ဦးဖြူထီး ကွယ်လွန်သွားလို့ မိခင်မုဆိုးမကြီးနဲ့အတူ ဆင်းရဲပင်ပန်းစွာ ကြီးပြင်းခဲ့ရပါတယ်။ နာမည်ကသာ မမဲကျီပါ။ လူကတော့ ကြန်အင်လက္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခဏာနဲ့ပြည့်စုံပြီး အလွန်ချောမောလှပပါတယ်။

အရွယ်ရောက်လာတာနဲ့အမျှ မမဲကျီိရဲ့ အလှဂုဏ်သတင်းဟာ ရွာနီးချုပ်စပ်ကျေးရွာများသို့တိုင်အောင် ပျံ့နှံ့ကျော်ကြားလေတော့ ကာလသားမှန်သမျှ အလုအယက်ကြိုးပမ်းကြပါတယ်။ ဒါပေမယ့် မမဲကျီရဲ့ မေတ္တာကို ခံယူရသူကတော့ တစ်ရွာတည်းနေ ရုပ်ရည်သန့်ပြန့်ပြီး အနေအထိုင်တည်ကြည်တဲ့ မောင်ရွှေသီးဆိုတဲ့ လူငယ်ပါပဲ။

မမဲကျီဟာ ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသူဖြစ်တယ်။ အလှူဒါနပြုခြင်း သီလဆောက်တည်ခြင်းတို့မှာလည်း ၀ါသနာထုံတယ်။ မမဲကျီတို့ရွာလေးဟာ ပင်လယ်ကမ်းခြေမှာ တည်ရှိတဲ့အတွက် ရွာသူရွာသားတွေဟာ ၀မ်းရေးအတွက် သားငါးတွေကို ရှာဖွေဖမ်းဆီးစားသောက်ပါတယ်။ အိမ်တိုင်းမှာ ငါးဖမ်းတဲ့ ကွန်ယက်သဲ့ရှိပေမယ့် မမဲကျီတို့ကတော့ သူတစ်ပါးအသက်ကို သတ်ဖြတ်တဲ့အလုပ်ကို ၀ါသနာမပါလို့ ကွန်ယက်သဲ့တောင် မရှိပါဘူး။

တစ်နေ့မှာ မမဲကျီဟာ သူငယ်ချင်းတွေနဲ့ ချောင်းစပ်ကို လိုက်သွားပါတယ်။ သူငယ်ချင်းတွေက ယက်သဲ့နဲ့ ငါးဖမ်းတဲ့အခါ တစ်ခါမှမမြင်ဖူးတဲ့ မမဲကျီဟာ ယက်သဲ့ကိုကိုင်ပြီး သဲ့ကြည့်ပါတယ်။ ဒါပေမယ့် ငါးပါမလာဘဲ ကျောက်တုံးနီနီလေးပါလာပါတယ်။ မမဲကျီဟာ နီိရဲတောက်ပြောင်နေတဲ့ အလုံးလေးကို ဘာမှန်းမသိတဲ့အတွက် ရေထဲကို ပစ်ချလိုက်ပါတယ်။ နောက်တစ်ကြိမ် သဲ့ကြည့်တော့ အဲဒီအလုံးလေးက ပြန်ပါလာတယ်။ အဲဒီလို သုံးကြိမ်သဲ့ရာ သုံးကြိမ်စလုံး အဲဒီအလုံးလေးပြန်ပါလာလို့ သူငယ်ချင်းတစ်ဦးက ပြန်လွှတ်မပစ်ခိုင်းပဲနဲ့ အိမ်ကို အယူသွားခိုင်းပါတယ်။

ဒီလိုနဲ့ နီရဲတောက်ပြောင်နေတဲ့အလုံးလေးကို မမဲကျီယူလာပြီး မကြာခင်မှာပဲ ထိုသတင်းဟာ တစ်ရွာလုံးပြန့်သွားပါတော့တယ်။ အဲဒီအချိန်က မမဲကျီတို့ ရွာနဲ့ မနီးမဝေးမှာရှိတဲ့ အချိန်ပြင်ရွာမှာ ဆေးဝါး ဗေဒင် နက္ခတ် အဂ္ဂိရတ်ပညာတို့ကို တတ်ကျွမ်းတဲ့ ဦးမြတ်ကျော်ဦး ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးရှိတယ်။ သူဟာကျောက်သံပတ္တမြားအမျိုးမျိုးအကြောင်းကိုလည်း နားလည်ပါတယ်။ တစ်နေ့တော့ ဦးမြတ်ကျော်ဦးဟာ မမဲကျီတို့ အိမ်ကို ရောက်လာပြီး အနီရောင် ကျောက်တုံးလေးကို ယူကြည့်ပါတယ်။ သူက ဒီကျောက်တုံးလေးဟာ အဖိုးမဖြတ်နိုင်တဲ့ ပတ္တမြားဖြစ်ကြောင်းပြောပြီး မမဲကျီကို ဒီရက်ပိုင်းမှာ အိပ်မက်မက်သလားမေးပါတယ်။

မမဲကျီက "ကြီးကျယ်ခမ်းနားပြီး အခြွေအရံတွေများပြားတဲ့ အိမ်ကြီးမှာ နေပြီး  ကုသိုလ်ကောင်းမှုလုပ်ရတာကို အိပ်မက် မြင်မက်ပါတယ်"လို့ ဖြေလိုက်ပါတယ်။ ဒါကို ဦးမြတ်ကျော်ဦးက ဘယ်လိုနိမိတ်ကောက်သလဲဆိုတော့ ကြီးကျယ်မြင့်မြတ်တဲ့ စည်းစိမ်ရှင်ဖြစ်မယ် သူတကာထက်ထူးတဲ့ ကုသိုလ်ကောင်းမှု လုပ်ရမယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ မမဲကျီရဲ့ လက္ခဏာ၊ ဇာတာစန်းလဂ်တို့ကို စစ်ဆေးပြီး မမဲကျီဟာ တစ်နေ့မှာ ကိုယ့်ထက်အသက်အရွယ်ကြီးရင့်တဲ့ ယောက်ျားတစ်ဦးကြောင့် စိတ်မချမ်းမြေ့ဖွယ်ကို မြင်ကြောင်း ပြောပါတယ်။

ဒီလိုနဲ့ အဖိုးတန် ပတ္တမြားကြီးသတင်းဟာ ဟိုးလေးတကျော်ဖြစ်သွားပြီး ပတ္တမြားကြီးကို လာရာက်ကြည့်ရှုနေသူတွေနဲ့ အလွန်စည်ကားနေပါတယ်။ ဒါကြောင့် ပတ္တမြားကြီးကို အိမ်မှာမထားဘဲ ရွာဦးဆရာတော်ကျောင်းမှာ ကျောက်စီရွှေကလပ်ပေါ်တင်ပြီး အစောင့်အရှောက်နဲ့ထားပါတယ်။

ဒါကို ရမ္မာဝတီမြို့( ယခု ရမ်းဗြဲမြို့ ) မှာ အုပ်ချုပ်စိုးစံတဲ့ ဘုရင်ခံ နေမျိုးသူရိယ ကြားတော့ ပတ္တမြားကိုသိမ်းယူပြီး မြောက်ဦးရွှေမြို့တော်မှာရှိတဲ့ဘုရင်မင်းဗာကြီးကို ဆက်သဖို့ မမဲကျီတို့ ရွာလေးကို ရောက်လာပါတယ်။ အဲဒီနောက် မမဲကျီတို့ သားအမိကို ခေါ်ပြီး ဤပတ္တမြားသည် ဆင်းရဲသားနှင့်မထိုက် မင်းနှင့်သာထိုက်သည်မို့ ရခိုင်ဘုရင်ထံဆက်သရန် ယူဆောင်သွားရမည် ဟု မိန့်တော်မူပြီး အသပြာငါးထောင်ကို ဆုလာဘ်အဖြစ် ပေးသနားပါတယ်။

သည့်နောက် ပတ္တမြားကြီးကို ယူပြီး ဘုရင်ကြီးထံဆက်သဖို့ ညတွင်းချင်း ရမ်းဗြဲဆိပ်ကမ်းကနေ မြောက်ဦးကို သွားပါတယ်။ သို့သော်ပတ္တမြားကြီးဟာ  နေမျိုးသူရိယ ရွှေမြို့တော်မရောက်ခင်မှာဘဲ မူလကလပ်ပေါ်ပြန်ရောက်သွားပါတယ်။ ရွှေမြို့တော်ကို ရောက်တော့ ဘုရင်ကြီးဟာ ပတ္တမြားထည့်တဲ့ ကတ္တီပါကြုတ်ကို ဖွင့်ကြည့်တော့ ဘာမှမတွေ့ရပါဘူး။ ဒီအခါ ဘုရင့်အတိုင်ပင်ခံ ပညာရှိ ၀ိမလက ဒီလိုလျှောက်တင်ပါတယ်။ပတ္တမြား၏အရှင်သခင်ဖြစ်လိုပါက မူလပိုင်ရှင် အမျိုးသမီးကို သိမ်းပိုက်သင့်ကြောင်း ဘုန်းတန်ခိုးလည်း တိုးတက်လာနိုင်ကြောင်း လျှောက်တင်ပါတယ်။

ဘုရင်မင်းဗာကြီးလည်း မမဲကျီကို မိဖုရားအဖြစ်တင်မြှောက်ရန် သက်ဆိုင်ရာ သူကြီးမှတဆင့် စာချွန်တော် အပို့လွှတ်ပါတယ်။ စာချွန်တော်ရောက်လာတော့ မမဲကျီဟာ ချစ်သူမောင်ရွှေသီးကို ဖက်ပြီး ငိုပါတယ်။ ဒါပေမယ့် ဘုရင့် အမိန့်ဆိုတော့ မောင်ရွှေသီးလည်း ဘာမှမတတ်နိုင်ပါဘူး။

ဒီလိုနဲ့ မမဲကျီဟာ ပတ္တမြားဒေ၀ီ စောမဲကျီ ဆိုတဲ့ ဘွဲ့နဲ့ ဘုရင်မင်းဗာကြီးရဲ့ အနောက်နန်း မိဖုရားဖြစ်လာပါတယ်။ ငယ်ရွယ်နုပျိုပြီး ချောမောလှပတဲ့ မမဲကျီကို ဘုရင်ကြီးဟာ အရမ်းချစ်မြတ်နိုးပါတယ်။

တစ်နေ့မှာ ဘင်္ဂလား ၁၂ မြို့ကို အပိုင်စားရတဲ့ နယ်စားမြို့စားတွေဟာ ပုန်ကန်ထကြွပါတယ်။ ဘုရင်ကိုယ်တိုင် စီးတော်ဆင် ဇီဝစိုးကို စီးပြီး စစ်ချီပါတယ်။ ဘုရင့်တပ်မတော်ဟာ အင်အားတောင့်တင်းတာကြောင့် ကုလားမြို့စားနယ်စားများ အရေးနိမ့်ပါတယ်။ စစ်အောင်ပြီး ပြန်အလာ လမ်းမှာ တပ်စခန်းချရပ်နားတော့ စေတီပျက်တစ်ဆူက ရောင်ခြည်တော်ကွန့်မြူးပါတယ်။ ဘုရင်ကြီးဟာ စေတီပျက်ကို ရှင်းလင်းစေတော့ ဓါတ်တော်များရရှိပါတယ်။ ဒါကြောင့် လမ်းတလျှောက်တွေ့ရတဲ့ စေတီပျက်များမှ ဓါတ်တော်များကို ယူဆောင်ရင်း ပြည်တော်ပြန်ပါတယ်။

မြို့တော်ရောက်တော့ ဘုရင်ကြီးဟာ ဓါတ်တော်တွေရဲ့ အမျိုးအစားကို မသိတဲ့အတွက် မိဖုရားမမဲကျီကို မေးပါတယ်။ မမဲကျီဟာ လူမှန်းသိတတ်စအရွယ်မှစ၍ ငါးပါးသီလလုံခြုံကြောင်း သစ္စာဆိုကာ ဓါတ်တော်များကို အမျိုးအစားခွဲခြားပြပါတယ်။ ဘုရင်ကြီးဟာ ၀မ်းသာအားရဖြစ်ပြီး မမဲကျီကို အလိုရှိရာဆုတောင်းစေပါတယ်။ မမဲကျီဟာ ရခိုင်ပြည်တ၀ှမ်းလှည့်လည်ပြီး ဓါတ်တော်များကို စေတီတည်ခွင့် တောင်းဆိုပါတယ်။

ဘုရင်ကြီးရဲ့ ခွင့်ပြုချက်ရတာနဲ့ မမဲကျီဟာ ဓါတ်တော်များကို စေတီတည်ပါတယ်။ ယနေ့ခေတ်တိုင် စစ်တွေခရိုင် အတွင်းမှာရှိတဲ့ ဦးရစ်စေတီ ဆံတော်ရှင်စေတီတွေဟာ မမဲကျီရဲ့ ကုသိုလ်တော်တွေပါပဲ။ မမဲကျီဟာ မွေးရာဇာတိဖြစ်တဲ့ ရွာဦးတောင်ထိပ်မှာ နားမွေးတော်စေတီကို ဦးစွာတည်ပါတယ်။ ထိုအချိန်မှာ စောမဲကျီရဲ့ ငယ်ရည်းစား မောင်ရွှေသီးဟာ နာမည်ရ ပန်းရံဆရာတစ်ဦးဖြစ်နေပါပြီ။ ဒါကြောင့် စောမဲကျီတည်တဲ့ စေတီများကို မောင်ရွှေသီးက ဦးဆောင်ရပါတယ်။

ဘုရင်မင်းဗာကြီးရဲ့ ကောင်းမှုတော် ရှစ်သောင်းစေတီကိုလည်း မောင်ရွှေသီးကိုယ်တိုင် ကြီးကြပ်စီမံပါတယ်။ ထိုခေတ်ထိုအခါက အင်္ဂတေစပ်ရာမှာ ကျွဲရေပြား အုံတုံ တင်လဲ ထုံး သဲ တို့ကို အချိုးကျ ရောစပ်ရပါတယ်။ အလွန်ခိုင်ခံ့ပါ၏တယ်။

( ရခိုင်ပြည်အင်္ဂတေလုပ်နည်းလင်္ကာ - အုန်းဒူ သတ္တ န၀ကျွဲကော် သုံးဖော်ဝရစ် တစ်သဖန်းခါး ပဉ္စတင်လဲ ထုံးနှင့်သဲကို အမျှရောလေ ကျောက်ဖြစ်တေ )

အဓိကကျတဲ့ ပစ္စည်းကတော့ ကျွဲရေပြားပါပဲ။ တစ်နေ့မှာ ရှစ်သောင်းစေတီကြီးအတွက် သုံးရန်ထားတဲ့ ကျွဲရေပြားငါးချပ်ဟာ ပျောက်ဆုံးသွားပါတယ်။ ဒီကိစ္စကို မောင်ရွှေသီးက စုံစမ်းတော့ တပည့်များဖြစ်သော ငလုံး ငပြေ့ထီး ငချက်ကြီးတို့ ခိုးယူကြောင်းသိတဲ့အတွက် လူပုံအလယ်မှာ ထိုးကြိတ်ကန်ကျောက်ကာ ဆုံးမမိပါတယ်။ ဒါကို သူတို့က အငြိုးထားပါတယ်။

ရှစ်သောင်းစေတီပြီးတော့ မိဖုရားစောမဲကျီရဲ့ ဓါတ်ပေါင်းစုစေတီတည်ဖို့ မောင်ရွှေသီးဟာ မိဖုရားနဲ့ဆွေးနွေးဖို့အတွက် မိဖုရားရဲ့ အဆောင်တော်ကို လာပါတယ်။ အဲဒီအချိန်မှာ မိဖုရားဟာ ပူအိုက်တဲ့ရာသီဖြစ်လို့ ရင်တားအ၀တ်တန်ဆာကို ချွတ်ထားပါတယ်။ ဧည့်သည်စောင့်နေတဲ့အတွက် ရင်တားအ၀တ်ကို မလွှမ်းမိဘဲ ပိုးအချိတ်ထမီကို ရင်မှာတင်ကာ ရုတ်တရက်ထွက်လာပါတယ်။ ခန်းမဆောင်တံခါးထိပ်ကိုရောက်တော့ မိဖုရားဟာ ကြမ်းပြင်ထိလုနီးပါးဖြစ်နေတဲ့ ထမီစကို မတော်တဆနင်းမိတော့ ထမီဟာပြေကျပြီး ရင်သားပေါ်လုနီးပါးဖြစ်သွားပါတယ်။ မိဖုရားဟာ အတော်လေးစိတ်ထိခိုက်ပြီး မောင်ရွှေသီးကို စကားမပြောတော့ဘဲ အတွင်းဆောင်ကို ပြန်ဝင်သွားပါတယ်။

ပြီးတော့မှ မောင်ရွှေသီးစိတ်တိုင်းကျ စေတီတည်ပါတော့လို့ ရံရွေတော် တစ်ဦးကို ပြောခိုင်းပါတယ်။ မောင်ရွှေသီးကတော့ မိဖုရားကြီးဟာ မိမိရင်သားပုံ စေတီတည်လိုသည်ဟု ယူဆပြီး သားမြတ်ပုံသဏ္ဍန်စေတီတည်ပါတယ်။ ဒါကို ဘုရင်ကြီးသိတော့ မောင်ရွှေသီးနှင့်တကွ ပန်းရံဆရာအားလုံးကို ရှေ့တော်သွင်းစေပါတယ်။

ဒီအခါ အခွင့်ကောင်းစောင့်နေတဲ့ ငလုံး ငပြေ့ထီး ငချက်ကြီး တို့ဟာ သူတို့ဆရာ ကိုရွှေသီးဟာ မိဖုရားရဲ့ ငယ်ရည်းစားဖြစ်ပြီး ယခုအချိန်ထိ ချိန်းချက်တွေ့ဆုံကျူးလွန်ကြောင်း ကုန်းချောစကား လျှောက်ကြားပါတယ်။

ဘုရင်ကြီးဟာ မောင်ရွှေသီးနဲ့ ကြံရာပါအားလုံးကို ချက်ချင်း ကွပ်မျက်စေပါတယ်။ နောက်တစ်နေ့ မှာ မိဖုရားစောမဲကျီကို ရှေ့တော်သွင်းစေပါတယ်။ စောမဲကျီဟာ သူသစ္စာမပျက်ကြောင်းလျှောက်ထားပေမယ့် မယုံကြည်တဲ့အတွက် သူ့ရဲ့ဇာတိရွာမှာ အဆုံးစီရင်ပါလို့ လျှောက်ပါတယ်။ ဒီလိုနဲ့ မိဖုရားကို သူတည်ထားတဲ့ နားမွှေးတော်စေတီ အနီးက ချောင်းကလေးကမ်းပါးကို ကွပ်မျက်ဖို့ခေါ်လာပါတယ်။

 နောက်ဆုံးအချိန်မှာ မိဖုရားဟာ ဒီလို သစ္စာပြုပါတယ်။ " ဘုရားတပည့်တော်မသည် မိမိ၏ကာမပိုင်ဖြစ်သော လင်ယောက်ျားမှတပါး မည်သည့်ယောက်ျားနှင့်မျှ မကျူးလွန်ပါ ဤမှန်သော သစ္စာစကားကြောင့် တပည့်တော်၏အလောင်းသည် သဘာဝအတိုင်း ရေစုန်ကို မမျောဘဲ အထက်အညာသို့ ဆန်တက်မျောပါစေသား "

 မိဖုရားဟာ ရာဇ၀တ်သင့် မင်းညီမင်းသားမိဖုရားတွေကို ကွပ်မျက်တဲ့ထုံးစံအတိုင်း လည်မျိုကို တုတ်နှင့်ရိုက်ကာ ကွပ်မျက်ခြင်း ခံရပါတယ်။ အံ့သြဖို့ကောင်းတာက မိဖုရားအလောင်းဟာ သူသစ္စာဆိုခဲ့တဲ့အတိုင်း အထက်ရေညာကို ဆန်တက်သွားပါတယ်။ ဒါကို ဘုရင်ကြီးကြားတော့ သစ္စာရှိတဲ့မိဖုရားဆုံးရှုံးရပြီဆိုပြီး ကြီးစွာသောကရောက်ပါတယ်။ အဖိုးမဖြတ်နိုင်တဲ့ ပတ္တမြားကြီးလည်း မိဖုရားကို ကွပ်မျက်တဲ့အချိန်ကစပြီး ထူးဆန်းစွာပျောက်ကွယ်သွားပါတယ်။ ဘုရင်မင်းဗာကြီးလည်း ယူကြုံးမရတဲ့စိတ်နဲ့ မကြာမီမှာပဲ နတ်ရွာစံတော်မူပါတယ်။

အခြေခိုင်တည် ရခိုင်ပြည်

     သက္ကရာဇ် ၁၁၄၃ တွင် အလောင်းဘုရား၏သားတော မောင်ဝိုင်းသည် ဗဒုံမင်းအဖြစ်နန်းတက်ကာ သားတော်ရွှေတောင်မင်းကို အိမ်ရှေ့စံခန့်အပ်ပါတယ်။ ၁၁၄၆ မှာ ရခိုင်ပြည် မငြိမ်သက်သဖြင့် ရွှေတောင်မင်းကို သွားရောက်နှိမ်နင်းစေတယ်။

 ရွှေတောင်မင်းဟာ ရခိုင်ပြည်ကို ချီတက်ရာ နှစ်လအတွင်း အရေးတော်ပုံပြီးစီးတယ်။ အနော်ရထာမင်းနှင့် ဘုရင့်နောင်လက်ထက်မှစ၍ မြန်မာနိုင်ငံတော် မည်မျှကျယ်ဝန်းစေကာမူ ရခိုင်ပြည်ကား သီးခြားရှိခဲ့သည်။ ဆင်ဖြူရှင်ခေတ်ထိ ထိုအတိုင်းပင်။

အိမ်ရှေ့စံရွှေတောင်မင်း သွားရောက်သိမ်းပိုက်နိုင်ခဲ့၍သာလျှင် မြန်မာပြည်သည် ယနေ့မြေပုံအတိုင်း တလုံးတစည်းတည်း ရှိလာခဲ့သည်။ ကံရာဇာကြီး ကံရာဇာငယ်တို့ခေတ်မှစ၍ သီးခြားနယ်ထူထောင်ခဲ့သော ရခိုင်နှင့် မြန်မာသည် ဘိုးတော်ဘုရားလက်ထက်တွင် ပြန်လည်ပေါင်းစည်းမိလေသည်။

ဓည၀တီ ရခိုင်ပြည်

     ရခိုင်ဘုရင် စန္ဒာသူရိယမင်းသည် မြတ်စွာဘုရားပွင့်တော်မူသည်ဆိုသော သတင်းကြားသောကြောင့် ဖူးမြင်လိုစိတ်ဖြစ်စဉ် ဘုရားရှင်သိတော်မူ၍ နောက်ပါသံဃာများနှင့်တကွ ရခိုင်ပြည်သို့ကြွရောက်၍ တရားဒေသနာဟောကြားလေသည်။

ဓည၀တီ ဟူသောအမည်ကိုလည်း မြတ်စွာဘုရားပင် မှည့်ခေါ်ခဲ့လေသည်။ အဓိပ္ပါယ်မှာ သီးနှံမျိုးစုံစားမကုန် ဟု အနက်ရလေသည်။ ဇမ္ဗူဒီပါ ၁၆ ပြည်ထောင်တွင် ပဲ ပြောင်း လူး ဆပ် တို့ကိုသာ မှီဝဲရလေသည်။ ဤဒေသတွင်မူ ဆန်စပါး သာကူ ဂျုံ စသည့် အဖိုးတန်ရိက္ခာများ ပိုလျှံထွက်မြောက်၍ ရဟန်းတော်များ မြိန်ယှက်စွာ ဘုန်းပေးရသောကြောင့် ဤအမည်ကို ရခြင်းဖြစ်သည်။


မူရင်း ဘလောစာမျက်နှာ ဒေနေရာပါ

ကျမ်းကိုး။ 

*ကာတွန်းလူလူ ၏ ပတ္တမြားဒေ၀ီ စောမဲကျီ ရုပ်ပြ

*ညိုမြ ၏ ကုန်းဘောင်ရှာပုံတော်

*ရှင်ကုဏ္ဍလ ၏ မဟာသုတဒီပနီကျမ်း ( ဒုတိယတွဲ)

ရခိုင် ဒင်္ဂါးပြား


ဗြိတိလျှ ပြတိုက်၊ လန်ဒန် က အဓိကထားပြီးပြောချင်တာက မြန်မာ (ပျူ ) ဒင်္ဂါးတွေဟာ ရခိုင်တွေကတဆင့်နည်းယူတယ်။ ရခိုင်တွေက တစ်ခါ ဘင်္ဂလား ဒင်္ဂါး တွေ ကမှ နည်းယူတယ်။ ဘင်္ဂလားတွေက နိပေါ တွေဆီကနည်းယူတယ်။

အဲဒီတော့ မြန်မာ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင် တွေရဲ့ အယူအဆ တွေနှင့် အတော်ကြီးကွဲလွဲသွားပါပြီ။ မြန်မာ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင် တို့ရဲ့ မှန်းဆချက် ကမ္ဘောဒီးယား " ဖူနန်" မှာ ၃ ရာစုကတည်းက ဟိန္ဒူ ကိုးကွယ်ယုံကြည်မှုအမှတ် လက္ခဏာတွေပါတဲ့ ဒင်္ဂါး သွင်းလုပ်သုံးစွဲနေပါပြီ ။

ခရစ်နှစ်ဦးကတည်းက " ဖူနန်" ကနေ မဲနန်မြစ် ၊ သံလွင်မြစ်၊ စစ်တောင်းမြစ်တွေကိုဖြတ်ပြီး ပျူတွေရဲ့မြို့တော် ဗိသဏိုး၊ သရေခတ္တရာ တွေကမှတဆင့် ရခိုင် ဝေသာလီ အထိရောက်၊ နောက်ဆုံး အန္ဒိယအထိ ရောက်သွားတဲ့ ကုန်သွယ်လမ်းမကြီးဟာ မြန်မာ မြောက်ပိုင်းက " ပိုး " လမ်းနှင့်အပြိုင်ရှိခဲ့တာပါ။ 

ဒီလို လက္ခဏာတွေပါတဲ့ ဒင်္ဂါး တွေကိုလည်း ဒီလမ်းတောက်လျှောက် အရေအတွက် တော်တော်များများ တွေ့ရတယ်။ ရခိုင်မှာအစောဆုံး နေထိုင်တဲ့လူတွေက တိဘက်မြန်မာအနွယ်ဝင်တွေပါ။ အစကနဦးမှာ အန္ဒိယ မြောက်ပိုင်း ဟိန္ဒူ ကိုးကွယ်ယုံကြည်မှုကို ခံယူတယ်။ အထူးသဖြင့် "သီဝ" (Shiva ) နတ်ကိုကိုးကွယ်တယ်။

မင်းတွေကိုယ်တိုင်က ကုလားဘွဲ့ အမည် " စန္ဒြ " ( Chandra ) ကိုနှစ်သက်ခံယူတယ်။ မင်းတစ်ပါး နန်းတက်တိုင်း အဲဒိမင်းဘွဲ့ အမည်ပါ ဒင်္ဂါး အသစ်သွင်းလုပ်ပြီး ငွေသားအဖြစ် အသုံးပြုစေပါတယ်။

အစောဆုံး ဒင်္ဂါး လို့ပြောနိုင်တာက " ဒေဝစန္ဒြ" ( ခရစ် ၄၅၄-၄၇၆ ) ဒင်္ဂါး။ 
နောက်ထပ်တွေ့ရတဲ့ မင်းဘွဲ့ အမည်ပါ ဒင်္ဂါး တွေက
နိတိစန္ဒြ ( ၅၂၀ - ၅၇၅ ) 
ဝိရုစန္ဒြ ( ၅၇၅-၅၇၈ )
ပရိတိစန္ဒြ ( ၅၇၈-၅၉၀ )
ပတွိစန္ဒြ ( ၅၉၀-၅၉၇ )
ဒတိစန္ဒြ ( ၅၉၇-၆၀၀ )
ဓမဝိဇယ (၆၆၅-၇၀၁ )
ဓမစန္ဒြ ( ၇၀၄-၇၂၀) ဒင်္ဂါးပြားစာရင်း ကို ( မြန်မာသမိုင်းပုံ ၊ ဒေါက်တာသန်းထွန်း ) ကူးယူဖော်ပြသည်။
( ရခိုင်ဒင်္ဂါးတွေ ကိုအရင်က တွေ့ဖူးပေမယ့် စာဖတ် မရသေးလို့ မင်းဘွဲ့အမည်မသိ )

ရခိုင်တွေဟာ ၆ ရာစုနှစ်ဦးလောက်မှာ ဗုဒ္ဓဘာသာကို ပြောင်းလဲ ကိုးကွယ်ယုံကြည်နေပြီ လို့ပညာရှင်အများစုက ခန့်မှန်းတယ်။ ဒါပေမယ့် ဒင်္ဂါပြားပေါ်မှာ ဒီလို ဗြာဟ္မဏ အယူဝါဒဆိုင်ရာ မှတ်လက္ခဏာတွေ ဘယ်မင်းဆက်၊ ဘယ်ရာစုမှာ စပြီး မပါတော့တာလဲဆိုပြောဖို့ ရာ စောနေပါသေးတယ်။

ကျွန်တော်စုစောင်းထားတဲ့ အထဲက အစောဆုံး ဒင်္ဂါပြားတွေပေါ်မှာ ဗြာဟ္မဏ အယူဝါဒဆိုင်ရာ မှတ်လက္ခဏာတွေ မပါတော့တဲ့ ဒင်္ဂါပြားစာရင်းကိုကြည့်ပါ။
မင်းဘွဲ့အမည်တွေကိုသာ ဒင်္ဂါပြားနှင့် အပြည့် ရေးထိုးသွင်းလုပ်စေတယ်လို့ ကောက်ချက်ချရပါမယ်။

စန္ဒသူရိယ ( ၁၇၃၁- ၁၇၃၄ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ လို့တွေ့ရ။

နာရပဝါယ (၁၇၃၅-၁၇၃၆ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ လို့တွေ့ရ။

စန္ဒဝိဇလ ( ၁၇၃၆ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ လို့တွေ့ရ။

မဓရာဇ် ( ၁၇၃၇-၁၇၄၂ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉၉ လို့တွေ့ရ။

၁၇၃၁ ထက်အစောပိုင်း ကာလ ဒင်္ဂါပြားတွေအများကြီးရှိနေပါတယ်။၁၇၄၂ နောက်ပိုင်း ဒင်္ဂါပြားတွေလည်းအများကြီးရှိနေပါသေးတယ်။

စာတွေဖတ်လို့ရပြီမို့ပုံတွေကို နောက်ပိုင်းမှာ စာနှင့်တွဲပြီတင်ပါမယ်။တချို့ပုံကောင်းတွေကို သက်ဆိုင်ရာ website / blog နှင့် ကိုယ်ပိုင်စုစောင်းထားသူတွေဆီက တောင်းပေမယ့် အများစုက အကြောင်းမပြန်ပါ။

တချို့ကတော့ အတုတွေဖြစ်နေလို့ စီစစ်ရပါအုံးမယ်။

ရခိုင် ဒင်္ဂါပြားဟာ ရခိုင်ရာဇဝင်နှင့် တွဲနေတဲ့ အကောင်းဆုံးခေတ်ပြိုင် အထောက်အထားမို့ အင်မတန် တန်ဖိုးကြီးပါတယ်။ ကျောက်စာတွေ တွေ့ရပေမယ့် အရေအတွက်နည်းနေပါသေးတယ်။ ရခိုင် ဒင်္ဂါပြားတွေကို သေသေချာချာ စ ၊ လယ် ၊ ဆုံး သုံးပါးစလုံးပြောဖို့ရာ ပြည့်စုံတဲ့ သုတေသန အထောက်အထားမရသေးပါ။

ဒေါက်တာသန်းထွန်းရဲ့ မြန်မာသမိုင်းပုံ စာတမ်းမှာ ဖော်ပြထားတာက ရခိုင်တွေဟာ ဂုပ္တ အက္ခရာကို အသုံးပြုပြီး သကတ္တဘာသာ နှင့်စာရေးတယ်။ ရခိုင်ဒင်္ဂါးက ( နန္ဒီ ) " နွား" အပေါ်မှာရေးထားတဲ့စာဟာ သက္ကတ ဂုပ္တ အက္ခရာ လို့ပါတယ်။ ဒီအချက်ကို သတိထားပြီး မမှန်ဘူးလို့ ပြောရပါမယ်။ ( နန္ဒီ ) " နွား" အပေါ်မှာရေးထားတဲ့စာဟာ ဗြဟ္မဏီစာ ဖြစ်ပါတယ်။

ဒီပိုစ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေရဲ့ အမှား ၊ အမှန် တွေအားလုံး ကျွန်တော်တာဝန်ယူပါတယ်။ ရခိုင် ဒင်္ဂါပြားနှင့် ပတ်သက်တဲ့ အကြောင်းရာ စုစောင်းမှုဟာအခုမှ ဟိုတစ်စ ၊ ဒီတစ်စ သာ ရှိပါသေးတယ်။ ကြိုက်သလိုဝေဖန်ပါ၊ကဲ့ရဲ့ပါ၊ထောက်ပြပါ။

ရှေးမြန်မာ..

သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။ (ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)

http://ancientmyanmar.blogspot.com
မှကူးယူဖော်ပြထားပါသည်။

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...