⭐#__(4)#_ #.⭐
ဗမာတပ်မှ ရက္ခိုင်လူမျိုးများအပေါ်၌ ကျူးလွန်သောပြစ်မှုများ 👆👆👆👆👆👆👆👆👆👆👆👆👆
ဆယ်တန်းကျောင်းသား တစ်ဦးအား စစ်တပ်မှ သေနတ်ဖြင့်ထောက် လက်သီးနှင့်ထိုးကာ ကားပေါ် တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ လူငယ်အား ကျောက်တော် ဆေးရုံကြီးတွင်ဆေးကုသမှုခံယူမည် ဟုသိရ မောရမြီကျော်လှမြင့်(22/2/2019) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်တော်သာရပ် ကွက် ပိတောက်လမ်းတွင် နေထိုင်သူ ဦးရွှေစိန်ဦး၏ သား မောင်ဇော်နိုင်ဋ္ဌေးသည် ၂၁/၂/၂၀၁၉ နေ့ ညနေ ၄:၀၀ နာရီကျော်ခန့်အချိန် မိုးကောင်ကင်ဆီဆိုင်က ဆိုင်ကယ် ဆီဖြည့်အပြန် ၃၇၅ တပ်ရင်းဂိတ်အရောက်မှာ စစ်တပ် ကားက သူ့ရှေ့မှပိတ်ရပ်၍ ကားပေါ်မှဆင်းကာ သူ့ဦး ခေါင်းကို သေနတ်ဖြင့်ထောက်ပြီး လက်သီးဖြင့်ထိုးကာ လူနှင့်ဆိုင်ကယ်ပါ ကားပေါ်တွင်တင်၍ ကန်စောက် ၅၃၉ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိ ရပါသည်။ အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ လူငယ်မှာ သူ့ အိပ်ထဲတွင်ပါလာသော ဆယ်တန်းဖြေဆိုခွင့်ဖေါင်ကဒ် ကို ကားပေါ်ရောက်ရှိစဉ် ထုတ်ပြသော်လည်း ပြန်လွှတ် ပေးခြင်းမရှိဘဲ ကားပေါ်တွင် သူနှင့်အတူအရပ်သားလူ ငယ် ၃ ဦး ဆိုင်ကယ် ၂ စီး သူပါအဝင် စုစုပေါင်း လူငယ် ၄ ဦး ဆိုင်ကယ် ၃ စီးတို့ ပါလာကာ ၅၃၉ တပ်ရင်းအ ရောက်တွင် အရာရှိဟုထင်ရသူအား ဖေါင်ကဒ်ထုတ် ပြသောအခါ လွှတ်ပေးခဲ့သော်လည်း အတူပါလာသော လူငယ် ၃ ဦးနှင့် ဆိုင်ကယ် ၂ စီးမှာ မလွှတ်ဘဲ တပ်ရင်း တွင် ကျန်ရှိခဲ့သည်ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးရွှေစိန်ဦးမှ ပြောပြ၍ သိရပါသည်။ ယခုအခါ လွတ်မြောက်လာသော ဆယ်တန်းကျောင်း သား မောင်ဇော်ဋ္ဌေးမှာ ယောင်ယမ်းကြောက်လန့်ကာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေသဖြင့် ကျောက်တော် ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူသွားမည်ဖြစ် ကြောင်း သိရပါသည်။

Human Rights Crisis
#Human Rights Crisis How bad Burmese military Army in Arakan State western Burma or Myanmar. Sittwe 20-2-2019 18-olds girl who named Miss Ree Ree Soe was already Killed by Burmese military Army in cause of shotting into the many houses in Minphu Village Ratheadawn township, Arakan State western Burma Myamar and many of the houses were broken, 3 bodies was sat up fire near by Mran Aung Pran village. And they Burmese Military took money, gold and other properties from the villagers. Some villagers were arrested, tortured, beaten, kicked and wounded by Burmese army forces in Arakan State rightnow. The vedeo was following below: #Breakingnews Mrauk U 21-2-2019 21-olds twin, young brothers, who named THAN PAING and THAN NAING was already Killed by Burmese military Army in the forest near by Nar Late Village, while they are looking after the cows in Mrauk U township, Arakan State western Burma Myamar . And they Burmese Military took two cows. Some villagers were arrested, tortured, beaten, kicked and wounded by Burmese army forces in Arakan State rightnow. Save Arakanese people in Burma or Myanmar. ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်၊ နားလိပ်ကျေးရွာမှ အမွှာညီအစ်ကို သန်းနိုင် နှင့် သန်းပိုင်ဆိုတဲ့ မြိုတိုင်းရင်းသားညီအစ်ကို နှစ်ယောက် နွားကျောင်းနိန်စဉ် ဗမာ စစ်တပ်၏လုပ်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရသည် ၄င်းဗမာစစ်တပ်သည် နွားနှစ်ကောင်ကိုလည်း လုယက်ယူဆောင်သွားခဲ့ပြီး လမ်းမှာတွေ့သမျှရွာသားများကိုလည်း ရိုက်ပုတ် ကန်ကျောက် ညှင်းဆဲခဲ့သည်ဟုသိရသည်။ #UN #UNHR #ICRC #INGOS #Icc #UNHR #IHR #ICRC #INGOS
မြန်မာမတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသော ကျောက်တော်မြို့နယ် အရပ်သား ၅ ဦးကို မီးရှို့သတ်ဖြတ်ထားခဲ့သည်
တပ်မတော်မှဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ရွာသားငါးဦးအလောင်းအား မီးရှို့ခံထားလျက်တွေ့ရှိ ၁၉-၂-၂၀၁၉ နေ့က ရက္ခိုင့်တပ်မတော် နှင့် မြန်မာ့တပ်မတော်တို့ကြား ဖြစ်ပါွးခဲ့သော စစ်ပွဲတွင် ရွာသားငါးဦးကို မြန်မာ့တပ်မတော်(တပ်မ- ၂၂)မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ အဆိုပါရွာသားငါးဦးသည် (၃) ရက်ခန့်ကြာမြှင့်ခဲ့သော်လည်း ရွာသို့ပြန်မရောက်ပဲ ပျောက်ဆုံးနေသောကြောင့် ရွာသားများက လိုက်လံရှာဖွေခဲ့ကြရာ ယနေ့(၂၁-၂-၂၀၁၉) တွင် အလောင်းငါးလောင်းကို စုပုံပြီး မီးရှို့ထားသည့် နေရာကို တောစပ်တနေရာ၌ ရှာဖွေတွေ့ရှိခဲ့ကြသည်။ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရသောရွာသားများမှာ--- (၁) ဦးထွန်းလှရွှေ၊အသက်(၆၅) နှစ်၊ရန်အောင်ပြင်ကျေးရွာ (၂)ဦးအေးသိန်း၊အသက်(၃၄) နှစ်၊ကျားနင်းကန်ကျေးရွာ (၃)မောင်မျိုးမင်းဇော်၊အသက်(၂၃) နှစ်၊ကျားနင်းကန်ကျေးရွာ (၄)ဦးမောင်စိန်ဝင်း၊အသက်(၃၂)နှစ်၊ကျားနင်းကန်ကျေးရွာ (၅)မောင်ရွှေစိုး၊အသက်(၂၉)နှစ်၊ သာစည်ကျေးရွာ တို့ဖြစ်ကြပါသည်။
း
ရခိုင်နယ်နိမိတ် တစ်ရွေ့ရွေ့ ဆုံးရှုံးလာခြင်
း ~~~~~~~~~~~~~~~~~~~~~~ ရှေးအခါက ရခိုင်ပြည်သည် ဘုရင်များ အုပ်ချုပ်ခဲ့သော တိုင်းနိုင်ငံတစ်ခု ဖြစ်လေသည်။ အိန္ဒိယနိုင်ငံ ကပိလ၀တ်ပြည့်ရှင် ဘုရင်၏သားတော် မာရယုမင်းက တသီးတခြားရှိနေသော ရခိုင်ပြည်ကို စတင်ထူထောင်ခဲ့သည်။ ထို့ကြောင့် ရှေးဦးကာလ သမိုင်းမတင်မီ ရခိုင်ပြည်မြေပုံ၌ ဒွါရာဝတီ၊ ဝေသာလီ မြို့တော်များက ဖြစ်ထွန်းလျက် ရှိနေခဲ့ကြသော်လည်း မာရယုမင်းနန်းတက်သော ဘီစီ - ၃၃၂၅ ကိုမှ ရခိုင်သမိုင်းအစဟု ဖော်ပြကြသည်။ မာရယုမင်း တည်ထောင်ခဲ့သော မင်းဆက်သည် သရီချောင်းဖျားကို အခြေခံလျက် မြို့တော်တည်ဆောက်ကာ နှစ်ပေါင်း တစ်ထောင့်ရှစ်ရာကျော် တိုင်းပြည်နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ ထိုမှ ကံရာဇာကြီးမင်းဆက်၊ ယင်းမှ စန္ဒသူရိယမင်းဆက် စသည်ဖြင့် ဓည၀တီခေတ်ကြီး တစ်ခုလုံးသည် နှစ်ပေါင်း (၃၄၀၀) ကျော်ကြာ တည်တံ့ခဲ့သည်။ ဓည၀တီခေတ်ကုန်လျှင် ဝေသာလီခေတ်သို့ ရောက်လာသည်။ ဝေသာလီခေတ် ပြီးမှ လေးမြို့ခေတ်သို့ ဆက်သည်။ လေးမြို့ခေတ်နောက်၌ မြောက်ဦးခေတ် ဆက်ခံသည်။ ဤသို့ဖြင့် ရှေးခေတ် ရခိုင်ပြည်၌ ဘုရင်အပါး(၂၀၀) ကျော်တို့သည် စဉ်ဆက်မပြတ်သော နှစ်ပေါင်း (၅၀၀၀) ကျော်ကာလကို စိုးမိုး အုပ်ချုပ်ထားနိုင်ခဲ့ကြသည်။ ဤတွင် ရခိုင်လူမျိုး ရခိုင်ပြည် မြေပထ၀ီအနေအထား နယ်နမိတ်သည် ယခုအခါကထက် ရှေးယခင်က များစွာ ကျယ်ပြန့်လေသည်။ ၀ါးကျောင်းဆရာ လူထွက် ပဏ္ဍိတ်၏ ရှည်မြင့်မူလ၊ ပထမက၊ ရဋ္ဌသမိုင်း၊ ဤသည်တိုင်း ကား၊ ကျယ်ဝိုင်းနယ်ဆက် ဥတေနလင်္ကာ နိဂုံးမှ ဖော်ပြချက်အရ ရှေးက ရခိုင်ပြည်၏ နယ်နိမိတ် အပိုင်းအခြားသည် အနောက်ဘက်ကို ဒါဂါမြစ်တစ်လျှောက်၊ အရှေ့ဘက်ကို ဧရာဝတီမြစ် တကျ င၀န်ထိပ်မြောင်၊ တောင်ဘက်ကို ပုသိမ်မော်တင်စွန်းအငူ၊ မြောက်ဘက်ကို အာသံ ချင်းတွင်း အထိ ကျယ်ပြန့်ခဲ့လေသည်။ တစ်ခါ လေးမြို့ခေတ်ဘုရင် မင်းထီးလက်ထက်က ရခိုင်ပြည်၏ အနောက်ဘက်နယ်နိမိတ်ကို ထင်ရှားစေရန် (ရခိုင်သာစွလေလင်္ကာ၌) ရေးဖွဲ့ထားသည်ကို တွေ့ရသည်။ ထိုမင်းလက်ထက် ရာဇာသင်္ကြန် အမတ်ကြီးသည် အနောက်ဘက်သို့ စစ်ချီရာတွင် ဗြဟ္မပုတ္တရမြစ်အထိ ကျယ်ပြန့်စွာ ရှိနေခဲ့သည်။ အထူးသဖြင့် ရခိုင်တို့၏ အနောက်ဘက် နယ်နိမိတ်သည် အုပ်ချုပ်ရေး၌ လွန်စွာ အရေးပါရှိခဲ့သည်။ ထိုဒေသ၌ ဘင်္ဂါ(၁၂) မြို့ သတ်မှတ်လျက် ဘုရင်ခံတစ်ပါး ခန့်အပ်ထားကာ အုပ်ချုပ်ခဲ့ကြသည်။ ထိုဘင်္ဂါ(၁၂) မြို့သည် ရခိုင်ပြည် အုပ်ချုပ်မှုတိုင်းကြီး (၁၂) တိုင်းထဲတွင် နာဂသျှတ္တတိုင်း၊ မဟိံသကတိုင်း၊ ဖလံတိုင်း၊ ဘိုမင်းတိုင်း စသည် တို့သည် ထိုအရပ်ဒေသ၀င်များ ဖြစ်ကြပေသည်။ လေးမြို့ခေတ် နောက်ဆုံးမင်းဖြစ်သော မင်းစောမွန်သည် လောင်းကြက်မြို့၌ နန်းစိုက်နေခဲ့သည်။ ထိုစဉ် မင်းကျင့်တရားကင်းမဲ့၍ လောင်းကြက်ထီးနန်းသည် ယိမ်းယိုင်ခဲ့ရသည်။ ဘင်္ဂါ (၁၂) ရပ် အုပ်ချုပ်ရေးယန္တရားသည် ရပ်တန့်ခဲ့ရသည်။ ဤသို့ဖြင့် ဘင်္ဂါ (၁၂) မြို့ အနောက်ဘက်ဒေသ အခွင့်အာဏာသည် မင်းစောမွန် ပြန်လည်နန်းရပြီး မြောက်ဦးမြို့သို့ ရွေ့ပြောင်းတည်ထောင်ချိန်ထိ ကျဆင်းနေခဲ့သည်။ ထိုသို့ ကျဆင်းနေခြင်းကို ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းရာ၌ ဘစောဖြူမင်းသည် ခရစ် နှစ် ၁၄၅၉ ခုနှစ်တွင် စစ်တတောင်းမြို့ကို ပြန်လည်တိုက်ခိုက် သိမ်းယူနိုင်ခဲ့သည်။ သို့သော်လည်း ပထမမြောက်ဦးခေတ် တစ်လျှောက်၌ ဘင်္ဂါ (၁၂) မြို့ကို အာဏာစိုးမိုးခြင်းမရှိဘဲ နယ်နိမိတ်အားဖြင့် ဆုံးရှုံးလျက်ရှိနေခဲ့သည်။ ထိုနောက်မှ မင်းဗာဘုရင်က ဒုတိယ မြောက်ဦးမင်းဆက်ကို တည်ထောင်၍ နန်းစံနေချိန် ခရစ် ၁၅၃၂ ခု နှစ်တွင် ဘင်္ဂါ (၁၂) မြို့ နယ်မြေအားလုံးကို တိုက်ခိုက်သိမ်းယူလိုက်သည့် အချိန်မှစ၍ ရခိုင်ပြည်၏ နယ်နိမိတ်သည် ရှေးယခင်အတိုင်း ဖြစ်လာခဲ့သည်။ သို့သော် နှစ်ပေါင်း(၁၃၄) နှစ် ကြာညောင်း၍ တတိယမြောက်ဦးခေတ် (၃) ဆက်မြောက် စန္ဒသုဓမ္မရာဇာမင်း လက်ထက်၌ မဂိုနှင့် ရခိုင် စစ်ပွဲကြီးဖြစ်ပွားခဲ့ရာ ဘင်္ဂါ (၁၂) မြို့သည် ခရစ်နှစ် (၁၆၆၆) ခုနှစ်တွင် နယ်နိမိတ် ဆုံးခဲ့ရသည်မှာ ယနေ့အထိ ဖြစ်နေခဲ့သည်။ ယင်း၏ နယ်မြေဒေသသည် ယခုအခါ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သိမ်းယူထားလျက် ရှိနေသည်။ တတိယမြောက်ဦးခေတ် ဘုရင်များ ဆက်လက်နန်းစံ၍ ခရစ်နှစ် (၁၇၈၄) သို့ ရောက်ရှိသည့်အခါ ရခိုင်မင်း ခေါင်းဆောင်အချင်းချင်း သွေးကွဲအာဏာလုမှုကြောင့် မြောက်ဦးထီးနန်းသည် အမရပူရဘုရင် ဗဒုံမင်း ထံ အသိမ်းခံခဲ့ရသည်။ ထိုစဉ်မှစ၍ နှစ်ပေါင်း (၄၀) တိုင်တိုင် မြန်မာမင်းက ရခိုင်ပြည်ကို သိမ်းယူအုပ်ချုပ်သည်။ ရခိုင်ပြည်၌ မြန်မာအုပ်ချုပ်မှုကို မခံလိုကြသော စစ်ပွဲအကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။ ယင်းအခြေအနေတွင် အိန္ဒိယနိုင်ငံကို အုပ်ချုပ်လျက်ရှိနေသော အင်္ဂလိပ်နယ်ချဲ့တို့က စစ်မက်ပြုပြီး ခရစ် ၁၈၂၄ ခုနှစ်တွင် စစ်ပွဲဖြစ်ပွားကာ အင်္ဂလိပ် - မြန်မာစစ်ပွဲတွင် အင်္ဂလိပ်တို့က အနိုင်ရရှိခဲ့သည်။ စစ်နိုင်သော အင်္ဂလိပ်တို့သည် ရခိုင်ပြည်တစ်ခုလုံးကို သိမ်းယူကာ ရန္တပိုစာချုပ်အရ စစ်ပြေငြိမ်းခဲ့ကြသည်။ ထိုအချိန်မှ ရခိုင်တို့သည် မြန်မာကျွန်သပေါက်ဘ၀မှ လွတ်မြောက်ပြီး အင်္ဂလိပ်ကျွန်သပေါက်ဘ၀သို့ ဆင်းသက်ခဲ့ရသည်။ အင်္ဂလိပ်တို့က ရခိုင်ပြည်၏ နယ်နိမိတ်ကိစ္စကို စာချုပ်၌ ဤသို့ဖော်ပြခဲ့သည်။ “နောက်တစ်ဖန် ပြည်ကြီးနှစ်ပြည် အပိုင်းအခြားကို ငြင်းခုံရန် အကြောင်းမရှိရအောင် အင်္ဂလိပ်မင်းသည် တိုက်၍ အောင်ခဲ့သော ရခိုင်၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ တည်းဟူသော ရခိုင်ပြည်ကြီးကို အစဉ်ယူ၍ မြန်မာရှင်ဘုရင်က အစိုးမပိုင်ရ။ ရိုးမဖိုးခေါင်တောင်တန်း၊ မော်တင်စွန်းစေတီကြီးအထိ စပ်ကြား အပိုင်းအခြားဖြစ်စေ၊ နောက်မှ အပိုင်းအခြား ငြင်းခုန်ရန်ရှိလျှင် အင်္ဂလိပ်မင်း-မြန်မာမင်းက ခန့်ပေးသော သူတို့ထက် နယ်နိမိတ်အတိုင်း မှန်ကန်အောင် စီရင်ခန့်ပေးသူတို့လည်း အရာရှိ မှူးမတ်ကောင်းဖြစ်စေရမည်” ဤသို့လျှင် ရခိုင်ပြည်ကို အင်္ဂလိပ်တို့က သိမ်းယူခဲ့ပြီးနောက် ရခိုင်ပြည်ကို (၁) ပလက်ဝနယ် အပါအ၀င် စစ်တွေခရိုင်၊ (၂) ကျောက်ဖြူခရိုင်၊ (၃) သံတွဲခရိုင်ဟူ၍ ခရိုင်သုံးခု ခွဲခြားကာ ဦးစွာအုပ်ချုပ်သည်။ ထိုစဉ်က သံတွဲခရိုင်ထဲတွင် ပုသိမ်မော်တင်စွန်းရှိ မဟာစေတီကြီးအထိ နယ်နိမိတ်ပါဝင်ခဲ့သည်။ အေဒီ ( ၁၈၉၃ ) ခုနှစ်တွင် အင်္ဂလိပ်တို့က သံတွဲခရိုင်ကို ကျောက်ချွန်မှ ပိုင်းဖြတ်ပြီး ကျောက်ချွန်ချောင်းမှ မော်တင်စွန်းအထိရှိသော ရခိုင်ဒေသကို ပုသိမ်ခရိုင်အဖြစ်သို့ ပေါင်းထည့်ပေးလိုက်သည်။ ထိုအချိန်မှစ၍ ရခိုင်ပြည်၏ နယ်နိမိတ်သည် နတ်မြစ်မ၀မှ ဂွချောင်း မြစ်တောင်ဘက် ကျောက်ချွန်ချောင်း အထိသာ ရှိခဲ့သည်။ ရခိုင်နယ်နိမိတ် ဆုံးရှုံးလာရခြင်း နောက်တစ်ခုမှာ ပလက်ဝမြို့နယ် ကိစ္စဖြစ်သည်။ ပလက်ဝနယ်မြေသည် ရခိုင်မင်းအဆက်ဆက် အုပ်စိုးခဲ့ရာ အရပ်ဖြစ်သည်။ အင်္ဂလိပ်တို့က ရခိုင်ကို သိမ်းယူပြီးနောက် ပလက်ဝသည် စစ်တွေခရိုင်ထဲ၌ ရှိနေခဲ့သည်။ သို့ရာတွင် ခရစ် (၁၆၆၅) ခုနှစ်တွင် အင်္ဂလိပ်တို့က အုပ်ချုပ်ရေး လွယ်ကူစေရန် အကြောင်းပြလျက် ရခိုင်တောင်ကုန်းဒေသကို စစ်တွေခရိုင်ထဲမှ သီးခြားခွဲထုတ်လိုက်ပြီး ၀န်ထောက်တစ်ဦးအား အုပ်ချုပ်စေသည်။ ခရစ်နှစ်(၁၉၃၅)ခု မြန်မာနိုင်ငံဥပဒေအရ ပလက်ဝဒေသကို တောင်တန်းအုပ်ချုပ်ရေး၌ ထည့်သွင်းထားသည်။ သို့သော် တရားအမှုကြီးများ စီရင်ခွင့်ကို စစ်တွေမြို့စက်ရှင်တရားသူ ကြီးထံ၌ အပ်နှင်းထားသည်။ ခရစ် (၁၉၄၈) ခု ချင်းဝိသေသတိုင်း အက်ဥပဒေနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရခိုင်တောင်တန်းဒေသများကို ချင်းဝိဒေသတိုင်းအထဲ၌ ထည့်သွင်းလိုက်သည့်အတွက် ပလက်ဝနယ်လည်း ရခိုင်ပြည် နယ်နိမိတ်ထဲမှ ပျောက်ကွယ်သွားရခြင်းဖြစ်သည်။ အချုပ်အားဖြင့် ရခိုင်လူမျိုးတို့သည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ့်တိုင်းကိုယ့်ပြည်နှင့် နေလာခဲ့သူများ ဖြစ်ကြသည်။ နယ်မြေရှိသည်။ နယ်နိမိတ်ရှိသည်။ ဘာသာစကား သီးခြားရှိသည်။ ယဉ်ကျေးမှုရှိသည်။ စာပေရှိသည်။ ပထမအကြိမ် ရခိုင်အနောက်ဘက် ဘင်္ဂါ (၁၂) ရပ် ဆုံးရှုံးရခြင်းသည် ရခိုင်ဘုရင် စန္ဒသုဓမ္မရာဇာမင်း လက်ထက်မှ စခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ ဒုတိယ ပုသိမ်မော်တင်စွန်း ရေမြေဆုံးရှုံးရခြင်းသည် အင်္ဂလိပ်လက်ထက်က ဆောင်ရွက်ချက်ဖြစ်သည်။ တတိယ ပလက်ဝနယ် ဆုံးရှုံးရခြင်းသည် (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဆုံးရှုံးရခြင်းဖြစ်သည်။ ရခိုင်ပြည်၏ နယ်နိမိတ်သည် ရှေးယခင်ကဲ့သို့ မဟုတ်ဘဲ တရွေ့ရွေ့ ဆုံးရှုံးလျက်ရှိနေသည်ကို သမိုင်းအမြင်တစ်ရပ် အနေဖြင့် တင်ပြရခြင်းဖြစ်ပေသည်။ မင်းပြား မင်းသိန်းဇံ B.A (History) ============= Development Media Group Website Link >>> https://goo.gl/rLb7QT
ရခိုင်လူမျိုးတစ်ဦးစီရသင့်သော ရခိုင့်သယံဇာဝင်ငွေကို ရခိုင်လူမျိုးတိုင်းသိစေရန်
===================== #ရခိုင့်ရွှေသဘာဝဓာတ်ငွေမှတစ်နှစ်၏ ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်းတစ်ထောင့်ရှစ်ရာ ၁၈၀၀ ရရှိတယ်လို့သိရပါသည်။ ဤငွေပမာဏသည် ဆယ်စုနှစ်အတွင်း စင်ကာပူကိုကျော်တက်ပြီး ချမ်းသာနိုင်စွမ်းရှိသည့်ရခိုင်သယံဇာတအကြောင်းကို ရခိုင်လူမျိုးတိုင်းသိသင့်ပါသည်။ ဒေါ်လာသန်းတစ်ထောင့်ရှစ်ရာ1800 သည် ကိန်းဂဏန်သင်္ချာဖြင့်ဖော်ပြလျှင် ဂဏန်းအရေအတွက်ပေါင်းဆယ်လုံးရှိပါသည် 180,000,000,0 ယနေ့ဒေါ်လာဈေးနုန်းဖြင့်ဖော်ပြရလျှင် မြန်မာကျပ်ငွေကုဋေတစ်သိန်းရှစ်သောင်းဖြစ်ပေသည်။ ကိန်းဂဏန်းအရေအတွက်မှာ ၁၃လုံးဖြစ်သည် 180,000,000,000,0 တစ်နှစ်ဝင်ငွေပမာဏပင်ဖြစ်ပေသည်။ တစ်လဝင်ငွေမှာ ဒေါ်လာသန်းပေါင်း 150 ရှိပါသည်။ ကိန်းဂဏန်းအရေအတွက်မာ ကိုးလုံးရှိသည် 150,000,000 တစ်ရက်ဝင်ငွေမှာ ဒေါ်လာငါးသန်းရှိပါသည်။ ကိန်းဂဏန်းအားဖြင့် ခုနှစ်လုံးရှိပါသည် 500,000,0 သန်း ရခိုင်လူမျိုးတစ်ဦးသည် အလုပ်မလုပ်ပဲ တစ်နိုက်လျှင်မြန်မာကျပ်ငွေ ခြောက်သိန်းရရှိမည်ဖြစ်သည်။မိသားစုတစ်စုတွင်လူငါးဦးရှိလျှင် တစ်နှစ်တွင် သိန်း ၃၀ ရရှိမည်ဖြစ်သည်။ ကျနော်တို့မိသားစုမှာခြောက်ယောက်ဖြစ်သည့်အတွက် တစ်နှစ်လျှင်မြန်မာကျပ်ငွေ ၃၆သိန်းရရှိမည်ဖြစ်သည်။ ရခိုင်လူမျိုးများသည် အလုပ်မလုပ်ပဲထိုင်းစားနေနိုင်သည်ကို ရခိုင်လူမျိုးများ သတိပြုသင့်ပါသည်။ တစ်နှစ်လျှင်ခြောက်သိန်း..၊ တစ်လတွင် ငါးသောင်း...၊ တစ်ရက်မှာ ၁၆၆၆.၆ ရရှိမည်ဖြစ်သည်။ ဤမျှများပြားသောငွေကို ရခိုင်လူမျိုးများတစ်ပြားတစ်ကျပ်မျှမခံစားရပဲ ရခိုင်လူမျိုးများအဘယ်ကြောင့်ဆင်းရဲရပါသလဲ အိပ်ရာမဝင်မည် သုံးမိနစ်ခန့်စဉ်းစားကြည့်ပါ။ စင်ကာပူထက်ချမ်းသာနိုင်သည့်ကို ကျနော်ချပြပါမည်။ 2017မတိုင်မီကာလ အင်္ဂလိပ်သက္ကရာဇ် 2000 ခုနစ်မှယနေ့အထိ ရခိုင်သယံဇာတဝင်ငွေ မည်မျှရရှိပြီးပြီထင်ပါသလဲ အရင်မေးခွန်းထုက်ပါရစေ...။ ဒေါ်လာသန်းခြောက်သောင်းခြောက်ရာ 606,000,000,00 ရရှိပြီးဖြစ်သည်။ မြန်မာကျပ်ငွေဖြင့်ဖော်ပြလျှင် အမည်မှည့်ခေါ်ဆိုရန်မရှိအောင်များပြားလှ၍ ကိန်းဂဏန်းသာဖော်ပြပေးလိုက်ပါသည် 606,000,000,000,000 ကိန်းဂဏန်းအရေအတွက်မှာ ၁၅လုံးတိတိရှိပါသည်။ ဂဏန်းပေါင်းစက်၌ မဆန့်အောင်းများပြားသည့်ငွေကြေးပမာဏ ဖြစ်သည်ကိုသိထားရန်လိုအပ်ပါသည်။ ဤငွေပမာဏသည် ရခိုင်တစ်ဦးလျှင် အမေရိကန်ဒေါ်လာဘီလီယမ် 2.02 ဘီလီယမ် ရရှိမည်ဖြစ်သည်။ မြန်မာကျပ်ငွေဖြင့်ဖော်ပြလျှင် ကျပ်ဘီလီယမ်နှစ်ရာနှစ်ဘီလီယမ်စီရရှိမည်ဖြစ်သည် 202,000,000,00 ဤငွေပမာဖြင့် သင်သူဌေကြီး၊ သူကြွယ်ကြီးတစ်ဦးလုပ်နိုင်သည့်ကိုသိထားရန်လည်းလိုအပ်သည်။ ဇိမ်ခံကား ရခိုင်လူမျိုးသုံးသန်းလုံးစီနိုင်သည်။တိုက်အိမ်ဖြင့် လူတိုင်းနေနိုင်သည်ငွေပမာဖြစ်သည်။ ဆယ်စုနှစ်တစ်ခုကျော်အကြားဝင်ငွေကို တွက်ချက်ခြင်းဖြင့်ရခိုင်လူမျိုးများမဆင်းသင့်တန်ပဲ ဆင်းရဲနေရသည်ကို သတိပြုမိလိမ်မည်ဟုယုံကြည်ပါသည်။ ဒေါ်လာနှစ်ဒသမဝသူညနှစ်ဘီလီယမ်မာ လူတစ်ဦးရရှိမည့်ငွေပမာဏဖြစ်ပါသည်။ သင်တို့အိမ်တွင် မိသားစုငါးဦးရှိလျှင် ဒေါ်လာဘီလီယမ်တစ်ထောင့်တစ်ဆယ် 1010 တိတိရရှိမည်ဖြစ်သည်။ ဆယ်စုနှစ်အတွင်းစင်ကာပူထက်ချမ်းသာနိုင်သည့် သက်သီအထောက်ထားပင်ဖြစ်သည်။ ရခိုင်ပြည်သည် ရခိုင်လူမျိုးများလက်ဖြင့်ပြုပျိုးထောင်ရမည်ဆိုပါက 2050 အတွင်း အာဆီယမ်ဆယ်နိုင်ငံတွင်အချမ်းသာဆုံးနိုင်ငံဖြစ်လာမည်ဖြစ်သည်။ ရခိုင်ပြည်၏ဝင်ငွေပမာမှာ ဤထက်များပြားပါသေးသည်။ လောင်ရိပ်မိသောအပင်သည် မည်သည့်အခါမျှ ဖွံ့ဖြိုးထွားကျိုင်းမည်မဟုတ်.. ရခိုင်လူမျိုးများ ဘာလုပ်သင့်ပါသလဲ... လောင်ရိပ်မကျအောင်လုပ်ရမည်.. မည်သို့လုပ်မည်နည်း... လောင်ရိပ်ပြုနေသောအပင်သည် မိမိတို့အတွက်အကျိုးမပြုသည့်အတွက် တန်ဖိုးမဲ့သောအပင်ကို ဦးစွာပထမ ခုတ်ထွင်ရှင်းလင်းပစ်ရမည်ပင်ဖြစ်သည်... ရခိုင်ပင်လယ်ကမ်းရိုးတန်းတွင် ရေနံလုပ်ကွက်တစ်ဆယ်ကျော်ရှိပါသည်။ တရုတ်၊ ကိုရီးယား၊ အိန္ဒိယနဲ့တခြားနိုင်ငံများလည်းပါဝင်ကြသည်။ 2012က မြန်မာအစိုးရ၏ညံ့ဖျင်းမှု့ကြောင့် ရခိုင်ကမ်းရိုးတန်းမှပိုင်သော ရေနံတွင်းအား ကုလသမဂ္ဂက ခုံရုံးဆုံးဖြတ်ချက်အရ ဘင်္ဂလာဒေရှ်ကိုပေးလိုက်ရသည်။ သို့သော်ရခိုင်ပြည်ကား ယနေ့အထိတစ်စုံတစ်ခုမျှပြောင်းလဲတိုးတက်လာခြင်းမျိုးမတွေ့ရသေးချေ။ပြည်ပကို ထွက်ခွာအလုပ်လုပ်ကိုင်လားသူများသာ တစ်နေ့ထက်တစ်နေပိုမိုများပြားလာသည်ကိုသာတွေ့မြင်နေရပါသည်။ ရခိုင်လူမျိုးများ ဘာတွေလုပ်သင့်သလဲ။ အခုဘာတွေလုပ်နေကြပါလဲ။ ဘာတွေကို ပြန်ပြုပြင်ရမလဲ။ တန်းတူညီမျှမှုမရှိလျှင် ဒီမိုကရေစီဆိုသည်အနစ်သာရရှိမည်မဟုတ်။ ရခိုင်အာဏာ ရခိုင်လက်ထဲမရှိသောကြောင့်ဆိုလျှင်ပိုမှန်မည်၊ အမှန်ကန်ဆုံးသောအဖြေဖြစ်မည်။ ခင်များတို့၊ ကျနော်တို့၏မျက်စိထဲတွင် ဒေါ်လာသန်း 1800ဟာ ကိန်းဂဏန်းအရေအတွက်အနည်းသာမြင်ကြပါလိမ့်မယ်ဖြစ်သည်။ နစ်နာဆုံးရှုံးနေသောရခိုင်လူမျိုးတို့၏အခွင့်အရေးကို ရခိုင်များသိရှိစေရန်ရည်ရွယ်ပြီး တွက်ချက်ကြည့်မိ၍ ရခိုင်တစ်မျိုးသာလုံးသိစေရန်ရေးသားမျှဝေတင်ပြလိုက်ပါသည်။ ဤနေရာ၌ ဖြည့်စွပ်ပြီးပြောလိုသည်မှာ မုန်တိုင်းဘေး၊ သဘာဝဘေးဆိုးဒဏ်သင့်ရင် ရခိုင်လူမျိုးသည် မဖြစ်စလောက်သော သိန်း၁၀၀၊ ၂၀၀၀တို့ဖြင့် သန်းပေါင်းများစွာသော၊ ကုဋေပေါင်းမြောက်များစွာသော ငွေပမာဏများကို ဆုံး ရှုံးခံနေရသည်ကိုသတိပြုကြရန် ပြောကြားလို့ပါသည်။ ရခိုင်လူမျိုးတိုင်းတစ်ယေါက်ချင်း သိအောင် Shareပီးကတ်ပါ။

Subscribe to:
Comments (Atom)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
Buthidaung Township cattle aunt of the white standard grocery shops in the village and at about 5 pm on Tuesday, April 1, 4 home village goo...
-
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
သားလေးကိုမိခင်မှလက်တစ်ဖက်ဖြင့်ပွေ့ဖက်ရင်းသေဆုံးနေကြတဲ့သားအမိရုပ်အလောင်းနန်းချောင်းဝကျေးရွာတွင်တွေ့ရှိ Apr 10, 2020 ဧပြီလ (ရ)ရက်နေ့က တပ်...