မပြီးမြောက်သေးတဲ့ ရည်မှန်းချက် နှင့် အာရက္ခပြည်သူတစ်ရပ်လုံးမျှော်မှန်းထားတဲ့ အာရက္ခအိပ်မက် ကို အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ထိုးစစ်ဆင် တိုက်ပွဲဝင်သွားမည်ဟုဆို

 မပြီးမြောက်သေးတဲ့ ရည်မှန်းချက် နှင့် အာရက္ခပြည်သူတစ်ရပ်လုံးမျှော်မှန်းထားတဲ့ အာရက္ခအိပ်မက် ကို အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ထိုးစစ်ဆင် တိုက်ပွဲဝင်သွားမည်ဟုဆို



၁၀ ဧပြီ ၂၀၂၄


ယခုကာလသည် တော်လှန်းရေးအတွက် အလွန်အရေးကြီးတဲ့အချိန်ဖြစ်သည်မို့ ပြည်သူလူထုလုံခြုံရေး မြို့၊ ရပ် ရွာ အုပ်ချုပ်ရေးတာဝန်သည်လည်း အရင်ထက်ပို၍ အရေးကြီးလာခဲ့သည်ဟုဗိုလ်ချုပ်ထွန်းနိုင်က ပြောဆိုသည်။


အာရက္ခစစ်သည်တွေရဲ့ အသက်ခန္ဓာ ပြည်သူတို့၏ အသက် ဘဝမျက်ရည် ဒုက္ခသုက္ခတွေ  အားလုံးကို အရင်းပြီး ရရှိလာတဲ့  အာရက္ခဖြစ်တည်မှုကို ဘယ်အရာနဲ့မှ တန်ဖိုးမဖြတ်နိုင်ဘူး။ 


မပြီးမြောက်သေားတဲ့ အာရက္ခအမျိုးသားတော်လှန်ရေးကို  အပြင်းထန်ဆုံးနှင့် အလျင်အမြန်ဆုံး အဆုံးသတ်နိုင်ရေး   အာရက္ခပြည်သူတစ်ရပ်လုံးမျှော်မှန်းထားတဲ့ အာရက္ခအိပ်မက် ကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက်ထိုး စစ်ဆင် တိုက်ခိုက်သွားရအုံးမည်။


ငါတို့သည် အခြေခံကျတဲ့  လွတ်လပ်မှု၊ တရားမျှတမှုနှင့် အမှန်တရားကို ချစ်မြတ်နိုးမှု မေတ္တာတရား ရဲရင့်မှု သဘောထားကြီးမှု နှင့်  ငါတို့၏ အာရက္ခပြည်သူ လူထုနှင့်  သမိုင်း၏တောင်းဆိုချက်အရ ဆက်လက်ပြီး တိုက်ပွဲဝင်တည်ဆောက်သွားရမှာဖြစ်ကြောင်း ထပ်လောင်းပြောလိုသည်။


ထို့အပြင် ဗမာအပါအဝင် ဘဝတူတိုင်းရင်းသား ညီနောင်များ၏ နိုင်ငံရေးလိုလားချက် မျှော်မှန်းချက်တွေကို  လေးစားထောက်ခံ ပြီး မြန်မာပြည်သူ တစ်ရပ်လုံးနှင့် အကောင်းဆုံး မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု ယနေ့ ကျရောက်တဲ့( ၁၅ ) မြောက် အာရက္ခတပ်တော် နေ့တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ပြောကြားခဲ့သည်။


#lay_wadi_media #ရခိုင်  #အာက္ခပြည်သူ #AAInfoDesk

စစ်ကောင်စီတပ်စခန်းအားလုံးကို ချေမှုန်းပြီးနောက် မြ၀တီမြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU က တရား ဝင် ကြေညာ








 စစ်ကောင်စီတပ်စခန်းအားလုံးကို ချေမှုန်းပြီးနောက် မြ၀တီမြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU က တရား ဝင် ကြေညာ 

■ ထွက်ပြေးသွားသည့် ခလရ ၂၇၅ တပ်စခန်းမှ စစ်အင်အား ၂၀၀ ဦးမှာလက်နက်များဖြင့် အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ကယ်ကူမဲ့ဖြစ်နေ

၂၀၂၄ဧပြီ ၁၁ 

ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး စစ်စခန်းဖြစ်သော ခလရ ၂၇၅  အပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ် သိမ်းပိုက်ရရှိပြီး မြ၀တီမြို့ကို ရရှိပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် KNU က တရားဝင် ကြေညာလိုက်သည်။ 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) က ဦးဆောင်ပြီး ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိ သော အာဏသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၇၅ တပ်စခန်းကို လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့သော်လည်း ထိုတပ်စခန်းမှ လက်နက်ချအညံ့ခံခြင်းမရှိဘဲ စစ်ကူများလာရောက် နိုင်ရန်အတွက်ခုခံ တိုက်ခိုက်ခဲ့ကြောင်း၊   ဧပြီလ ၈ ရက်နေ့ တွင် စတင်ထိုးစစ်ဆင်ခဲ့ကာ ဧပြီလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင်  အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရမိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။ 

ယခုအချိန်တွင် မြဝတီမြို့ရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိနေသော စစ်ကောင်စီ အကြွင်းအကျန်များကို ရှင်းလင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊  ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်းများမရှိဘဲ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ပေးရန်အသိပေးအပ်ကြောင်း KNU က ကြေညာသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ကမူ ယနေ့ မွန်းလွဲ ၁၁ နာရီဝန်းကျင်အချိန် တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကို မြ၀တီမြို့ပြင်သို့ လာရောက် ကျဲချခဲ့ကြောင်း သိရှိရသည်။ 

စစ်ကောင်စီ၏ ခလရ ၂၇၅ မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ မှာ အမှတ် ၂ ချစ်ကြည် ရေးတံတားအတွင်းတွင် လက်နက်များနှင့် ထိုင်းနိုင်ငံဘက်သို့ ခိုလှုံခွင့်ရရှိရေး စောင့်ဆိုင်းနေသော်လည်း လက်ရှိအချိန်အထိ ခိုလှုံခွင့်မပြုသေးကြောင်း၊ ထို့ကြောင့် ကယ်ကူသူမဲ့ ဖြစ်နေပြီး တော်လှန်ရေးတပ်များ လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

လက်ချအညံ့ခံသည့် သင်္ဃန်းညီနောင်မှ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၆၀၀ကျော်ခန့်ရှိ ဗျူဟာမှူးထွန်းထွန်းလတ်သည် ပြည်သူကို ပစ်မိန့်ပေးခဲ့သူတစ်ဦးဖြစ်


 လက်ချအညံ့ခံသည့် သင်္ဃန်းညီနောင်မှ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၆၀၀ကျော်ခန့်ရှိ  ဗျူဟာမှူးထွန်းထွန်းလတ်သည် ပြည်သူကို ပစ်မိန့်ပေးခဲ့သူတစ်ဦးဖြစ်


၇ ဧပြီ ၂၀၂၄ / လေးဝတီ


ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင်စခန်းသိမ်းတိုက်ပွဲမှာ အရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင် ၆၀၀ ကျော် လက်နက်ချ အညံ့ခံခဲ့တယ်လို့ KNU ဗဟိုမှ ယမန့်နေ့က သတင်းထုတ်ပြန်ပါတယ်။


ဗျူဟာမှူး ထွန်းထွန်းလတ် (ကြည်း ၃၈၈၇၆) သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မြစ်ကြီးနား အမှတ် (၃) စစ်ဗျူဟာမှူး အဖြစ်မှ ၂၀၂၃ ဧပြီလမှာ သင်္ဃန်းညီနောင် အခြေချ စစ်ဗျူဟာမှူး ဖြစ်လာခဲ့သူဟု သိရှိရသည်။


၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် 

ပေါ်ပေါက်လာတဲ့ စစ်တပ်အာဏာကိုဆန့်ကျင်သည့်  မြစ်ကြီးနားမြို့က ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းရန် အမိန့်ပေး ဦးဆောင်ခဲ့သူ ဖြစ်ကြောင်းလည်း သိရှိရပါသည်။


စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၅ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ စတင်တိုက်ခိုက်ခဲ့ပြီး နေ့လည် ၁ နာရီအချိန်ခန့်မှာ ဗျုဟာတစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအဆင့် ၆၇ ဦး၊ အခြားနဲ့ တပ်သားအဆင့် ၄၁၀  ဦး၊ စုစုပေါင်း ၄၇၇ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ရဲမေ ၅၉ ဦးနဲ့ တပ်မိသားစုဝင် ၈၁ ဦး၊ စုစုပေါင်း ၁၄၀ ဦး လက်နက်ချ ဝင်ရောက်လာခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။


#lay_wadi_media #အကြမ်းဖက်စစ်တပ် #သင်္ဃန်းညီနောင် #ကရင် #တော်လှန်ရေးတပ်ဖွဲ့ #PDF

ရက္ခိုင့်တပ်တော် AAမှ လစဉ် အလိုက်သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက် ကို တစ်ဆင့်ပြီး တစ်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုဆို


 ရက္ခိုင့်တပ်တော် AAမှ လစဉ် အလိုက်သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက် ကို တစ်ဆင့်ပြီး တစ်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုဆို


၆ ဧပြီ ၂၀၂၄ လေးဝတီ


ရက္ခိုင့်တပ်တော် AA သည် ၁၀၂၇ စစ်ဆင်ရေးအတူ ရခိုင်ဒေသတွင် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေသည်မှာ ယခု ၂၀၂၄ ဧပြီလ ၄လကျော် ၅လထဲရောက်ရှိသည်အထိ ကြာမြင့်လာတဲ့ တိုက်ပွဲအရှိန်သည်လည်း  ရပ်တန့်နိုင်ခြင်းမရှိသည့်အပြင် ရက္ခိုင့်တပ်တော်မှ  လစဉ်အလိုက် သတ်မှတ်ထားသော စစ်ရေး ရည်မှန်းချက်များကို တစ်ခုပြီးတစ်ခု ဆောင်ရွက်နေသည်ဟု ပြောသည်။


ရက္ခိုင့်တပ်တော်၏ စစ်ရေးရည်မှန်းချက်သည် ရခိုင်ဒေသ တစ်ခုလုံးလွတ်မြောက်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု AA ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က၂၀၂၄ ဖေဖော်ဝါရီ ၂ရက်က BBC သတင်းဌာနကို ဖြေဆိုခဲ့သည်။ ၂၀၂၄  ဧပြီ ၅ ရက် ယမန့်နေ့က လက်နက်ချ အညံ့မခံသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင်တိုက်သွားမည်ဟု AA၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင်တွေ့ရသည်။


၎ လကျော် ကာလအတွင်း ရက္ခိုင့်တပ်တော်သည် ပလက်ဝ ဒေသအပါအဝင် ရခိုင်ဒေသမှ ပေါက်တော /မင်းပြား /ကျောက်တော် /မြောက်ဦး /မြေပုံ/ ပုဏ္ဏားကျွမ်း/ ရမ်းဗြဲ/ ရသေ့တောင်မြို့  မြို့နယ် ၉ ခု  နှင့် စစ်ကောင်စီ၏ ရှေ့တန်းဌာနချုပ် ခြေလျင် / ခြေမြန် တပ်ရင်း ၁၇ ခုကို သိမ်းပိုက်ရယူထားသည်။


ပလက်ဝမြို့ အခြေစိုက် စကခ ၁၉ လက်အောက်ခံ ရှေ့တန်းတပ်မဌာနချုပ် ( ခလရ -၂၈၉  ဇန်နဝါရီ ၁၄  ရက်)စကခ ၉ လက်အောက်ခံ ကျောက်တော်အခြေစိုက် ( ခမရ -၅၃၉ ဇန်နဝါရီ ၁၆ ရက်) မြောက်ဦးခြေစိုက်( ခမရ  ၃၇၇  ဇန်နဝါရီ ၂၄ ရက် )မင်းပြားအခြေစိုက်( ခမရ ၃၈၀ ဇန်နဝါရီ ၂၈ ရက် ) ကျောက်တော်အခြေစိုက်( ခမရ ၃၇၄  / ၃၇၅ ဇန်နဝါရီ ၃၀ ရက်) မြောက်ဦးအခြေစိုက် ( ခမရ- ၅၄၀ ဇန်နဝါရီ ၃၀ ရက် )  မြောက်ဦး အခြေစိုက် ( ခမရ - ၃၇၆ ဖေဖော်ဝါရီ ၂ ရက်)  မင်းပြားအခြေစိုက် ( ခမရ - ၃၇၉ /ခမရ - ၅၄၁  ဖေဖော်ဝါရီ ၆ရက် ) မင်းပြားအခြေစိုက် တိုင်းဗဟို( ၉ )တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း ဖေဖော်ဝါရီ ၂၆ ရက် ပုဏ္ဏားကျွမ်းအခြေစိုက်( ခမရ -၅၅၀ မတ်လ ၄ ရက်) ရသေ့တောင်အခြေစိုက် ( ခမရ - ၅၃၆/ ခမရ - ၅၃၇/ ခမရ -၅၃၈ မတ် ၁၇ ရက် ) စကခ ၁၅ လက်အောက်ခံ ဘူးသီးတောင်အခြေစိုက် ( ခမရ -၅၅၂ မတ်လ ၂၅ ရက် / ခမရ  -၅၆၄  ဧပြီ ၄ ရက်နေ့တွင်စစ်ကောင်စီ၏ တန်းမြှင့်လေ့ကျင့်ရေးကျောင်းအပါအဝင် တပ်ရင်း တပ်မဌာနချုပ် ၁၇ ခုကို သိမ်းပိုက်နိုင်ခဲ့သည်။


#lay_wadi_media #အကြမ်းဖက်စစ်တပ် #ရခိုင် #ဘူးသီးတောင် #ရက္ခိုင့်တပ်တော်AA

KNU က ခလရ ၂၇၅ ကိုသိမ်းပြီး မြ၀တီမြို့ကိုထိန်းချုပ်လိုက်ပြီ


KNU က ခလရ ၂၇၅ ကိုသိမ်းပြီး မြ၀တီမြို့ကိုထိန်းချုပ်လိုက်ပြီ


ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော် KNU နှင့် ညှိနှိုင်းပြီး လက်နက်ချ အညံ့ခံလိုက်ပြီဖြစ်ကြောင်းသိရသည်။ 


မနေ့က ဧပြီ ၅ ရက်နေ့တွင် သင်္ဃန်းညီနောင်ရှိ ခမရ ၃၅၇ တပ်ရင်းအားလုံးကို KNU က သိမ်းပိုက်အပြီး 

၂၄ နာရီအတွင်း မြ၀တီမြို့ အခြေစိုက်  ခလရ ၂၇၅ တပ်ရင်းတရင်းလုံးက လက်နက်ချအညံ့ခံလိုက်သည်ဟု KNU သတင်းအရင်းအမြစ်ကပြောသည်။




 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မိမိ အာဏာတည်မြဲရေးအတွက် ထိတန်းအရာရှိ အဆင့်ထိထိုးကျွေးနေ


 စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မိမိ အာဏာတည်မြဲရေးအတွက်  ထိတန်းအရာရှိ အဆင့်ထိထိုးကျွေးနေ


၃ ဧပြီ ၂၀၂၄


ကျားဖြန့်လုပ်ငန်းသံသယဖြင့်  တရုတ်က အလိုရှိနေတဲ့  ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို စစ်ကောင်စီဖမ်းဆီး လိုက်သည်။စစ်ကောင်စီသည် ကိုးကန့်ကြံ့ခိုင်ရေးအမတ်ဟောင်းများနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် အဆင့်ရာထူးပေးအပ်ထားတဲ့  ပြည်သူ့စစ်ခေါင်းဆောင် များကိုလည်း ဖမ်းဆီးပြီး တရုတ်လက်ထဲ အပ်ခဲ့သည်။


ယခုအခါ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်အောင်လင်းထွန်းကိုလည်း ဖမ်းဆီးစစ်ဆေးနေသည်ဟုသိရသည်။ ဗိုလ်ချုပ်အောင်လင်းထွန်းသည် ကျားဖြန့် ငွေလိမ် အလောင်းကစားလုပ်ငန်းဖြင့်အဖမ်းခံရသည့် အဆင့်အမြင့်ဆုံး စစ်ကောင်စီအဖွဲ့ဝင်အရာရှိ ဖြစ်သည်။


စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိတန်းအရာရှိအဆင့်ထိ ဖမ်းဆီးကာ တရုတ်အကြိုက် ဆောက်ရွက်နေခြင်းသည်။ ၎င်း၏ နိုင်ငံရေးထွက်ပေါက်ရှာခြင်းလည်းဖြစ်နိုင်သည်။


#တရုတ်နိုင်ငံ #ကျားဖြန့် #အကြမ်းဖက်စစ်တပ် #lay_wadi_media

ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲ ဒေသခံပြည်သူ ၃ ဦးသေဆုံး ၁ ဒဏ်ရာရ နေအိမ်များမီးလောင်ပျက်စီး

ကမ်းထောင်းကြီးမြို့ကို  စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲ ဒေသခံပြည်သူ ၃ ဦးသေဆုံး ၁ ဒဏ်ရာရ နေအိမ်များမီးလောင်ပျက်စီး


၂ ဧပြီ ၂၀၂၄


ရခိုင်ပြည် တိုက်နယ်ကမ်းထောင်းကြီးမြို့ ကို အကြမ်းဖက်စစ်ကောင်င်္စသည် လေကြောင်းမှ ဂျက်ဖိုက် တာ၂စီးဖြင့် ယနေ့ ဧပြီ ၂ ရက်နေ့ ညနေပိုင်း ၅ နာရီကျော်အချိန်က လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။ လူနေအိမ်အများအပြား မီးလောင် ပျက်စီးခဲ့သည်။


အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်သည် ရခိုင်ပြည် ပေါက်တောမြို့နယ် ကိုယနေ့ နေ့လည် ၁၁ နာရီ ဝန်းကျင်က စစ်တွေ အမှတ် ၁၂ ရဲတပ်ရင်းမှ ပစ်ခတ် လိုက်တဲ့  လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရှိသည်ဟုသိရသည်။


အကြမ်းဖက် စစ်ကောင်စီ အမှတ် ၁၂ ရဲတပ်ရင်း ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မော်ထုပ်ကြီးကျေးရွာမှ  ကိုဇော်မင်းနိုင် ၂၃နှစ် ကျော်နုဖြူ ၄၇ နှစ်  ခင်ရွှေဝင်း ၃၂နှစ်  ဒေါ်စန္ဒာဝင်း ၃၁နှစ် ဦးမဲခေါက် ၆၂နှစ် ဒေါ်ကင်ယုံမယ် ၆၃နှစ် တို့သည် ထိခိုက်ဒဏ်ရာခဲ့သည်။


၎င်းအပြင်အကြမ်းဖက်စစ်ကောင်စီသည်  ကျောက်ဖြူမြို့တွင်းသို့  နေဗီကတစ်ဆင့် လက်နက်ကြီးဖြင့် ယမန်နေ့ ဧပြီလ ၁ ရက် ည ၇ နာရီအချိန် ပစ်ခတ်ခဲ့သည်ဟု ဒေခံကပြောသည်။


#lay_wadi_media #ရခိုင် #ကမ်းထောင်းကြီးမြို့ #Rakhine #အကြမ်းဖက်စစ်တပ်






 

တိုက်ပွဲသတင်း

အကြမ်းဖက်ဝါဒ ကြီးစိုးလာနေသည့် ဘဂ်လားဒေ့ရှ်

အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းအတွင်းက ARAS - RSO စသည့် မွတ်ဆလင် အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်းများ...