လက်ချအညံ့ခံသည့် သင်္ဃန်းညီနောင်မှ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၆၀၀ကျော်ခန့်ရှိ ဗျူဟာမှူးထွန်းထွန်းလတ်သည် ပြည်သူကို ပစ်မိန့်ပေးခဲ့သူတစ်ဦးဖြစ်
လက်ချအညံ့ခံသည့် သင်္ဃန်းညီနောင်မှ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၆၀၀ကျော်ခန့်ရှိ ဗျူဟာမှူးထွန်းထွန်းလတ်သည် ပြည်သူကို ပစ်မိန့်ပေးခဲ့သူတစ်ဦးဖြစ်
၇ ဧပြီ ၂၀၂၄ / လေးဝတီ
ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင်စခန်းသိမ်းတိုက်ပွဲမှာ အရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင် ၆၀၀ ကျော် လက်နက်ချ အညံ့ခံခဲ့တယ်လို့ KNU ဗဟိုမှ ယမန့်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဗျူဟာမှူး ထွန်းထွန်းလတ် (ကြည်း ၃၈၈၇၆) သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မြစ်ကြီးနား အမှတ် (၃) စစ်ဗျူဟာမှူး အဖြစ်မှ ၂၀၂၃ ဧပြီလမှာ သင်္ဃန်းညီနောင် အခြေချ စစ်ဗျူဟာမှူး ဖြစ်လာခဲ့သူဟု သိရှိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်
ပေါ်ပေါက်လာတဲ့ စစ်တပ်အာဏာကိုဆန့်ကျင်သည့် မြစ်ကြီးနားမြို့က ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းရန် အမိန့်ပေး ဦးဆောင်ခဲ့သူ ဖြစ်ကြောင်းလည်း သိရှိရပါသည်။
စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၅ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ စတင်တိုက်ခိုက်ခဲ့ပြီး နေ့လည် ၁ နာရီအချိန်ခန့်မှာ ဗျုဟာတစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအဆင့် ၆၇ ဦး၊ အခြားနဲ့ တပ်သားအဆင့် ၄၁၀ ဦး၊ စုစုပေါင်း ၄၇၇ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ရဲမေ ၅၉ ဦးနဲ့ တပ်မိသားစုဝင် ၈၁ ဦး၊ စုစုပေါင်း ၁၄၀ ဦး လက်နက်ချ ဝင်ရောက်လာခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#lay_wadi_media #အကြမ်းဖက်စစ်တပ် #သင်္ဃန်းညီနောင် #ကရင် #တော်လှန်ရေးတပ်ဖွဲ့ #PDF
Comments
Post a Comment