ရက္ခိုင့်တပ်တော် AAမှ လစဉ် အလိုက်သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက် ကို တစ်ဆင့်ပြီး တစ်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုဆို
ရက္ခိုင့်တပ်တော် AAမှ လစဉ် အလိုက်သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက် ကို တစ်ဆင့်ပြီး တစ်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုဆို
၆ ဧပြီ ၂၀၂၄ လေးဝတီ
ရက္ခိုင့်တပ်တော် AA သည် ၁၀၂၇ စစ်ဆင်ရေးအတူ ရခိုင်ဒေသတွင် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေသည်မှာ ယခု ၂၀၂၄ ဧပြီလ ၄လကျော် ၅လထဲရောက်ရှိသည်အထိ ကြာမြင့်လာတဲ့ တိုက်ပွဲအရှိန်သည်လည်း ရပ်တန့်နိုင်ခြင်းမရှိသည့်အပြင် ရက္ခိုင့်တပ်တော်မှ လစဉ်အလိုက် သတ်မှတ်ထားသော စစ်ရေး ရည်မှန်းချက်များကို တစ်ခုပြီးတစ်ခု ဆောင်ရွက်နေသည်ဟု ပြောသည်။
ရက္ခိုင့်တပ်တော်၏ စစ်ရေးရည်မှန်းချက်သည် ရခိုင်ဒေသ တစ်ခုလုံးလွတ်မြောက်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု AA ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က၂၀၂၄ ဖေဖော်ဝါရီ ၂ရက်က BBC သတင်းဌာနကို ဖြေဆိုခဲ့သည်။ ၂၀၂၄ ဧပြီ ၅ ရက် ယမန့်နေ့က လက်နက်ချ အညံ့မခံသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင်တိုက်သွားမည်ဟု AA၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင်တွေ့ရသည်။
၎ လကျော် ကာလအတွင်း ရက္ခိုင့်တပ်တော်သည် ပလက်ဝ ဒေသအပါအဝင် ရခိုင်ဒေသမှ ပေါက်တော /မင်းပြား /ကျောက်တော် /မြောက်ဦး /မြေပုံ/ ပုဏ္ဏားကျွမ်း/ ရမ်းဗြဲ/ ရသေ့တောင်မြို့ မြို့နယ် ၉ ခု နှင့် စစ်ကောင်စီ၏ ရှေ့တန်းဌာနချုပ် ခြေလျင် / ခြေမြန် တပ်ရင်း ၁၇ ခုကို သိမ်းပိုက်ရယူထားသည်။
ပလက်ဝမြို့ အခြေစိုက် စကခ ၁၉ လက်အောက်ခံ ရှေ့တန်းတပ်မဌာနချုပ် ( ခလရ -၂၈၉ ဇန်နဝါရီ ၁၄ ရက်)စကခ ၉ လက်အောက်ခံ ကျောက်တော်အခြေစိုက် ( ခမရ -၅၃၉ ဇန်နဝါရီ ၁၆ ရက်) မြောက်ဦးခြေစိုက်( ခမရ ၃၇၇ ဇန်နဝါရီ ၂၄ ရက် )မင်းပြားအခြေစိုက်( ခမရ ၃၈၀ ဇန်နဝါရီ ၂၈ ရက် ) ကျောက်တော်အခြေစိုက်( ခမရ ၃၇၄ / ၃၇၅ ဇန်နဝါရီ ၃၀ ရက်) မြောက်ဦးအခြေစိုက် ( ခမရ- ၅၄၀ ဇန်နဝါရီ ၃၀ ရက် ) မြောက်ဦး အခြေစိုက် ( ခမရ - ၃၇၆ ဖေဖော်ဝါရီ ၂ ရက်) မင်းပြားအခြေစိုက် ( ခမရ - ၃၇၉ /ခမရ - ၅၄၁ ဖေဖော်ဝါရီ ၆ရက် ) မင်းပြားအခြေစိုက် တိုင်းဗဟို( ၉ )တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း ဖေဖော်ဝါရီ ၂၆ ရက် ပုဏ္ဏားကျွမ်းအခြေစိုက်( ခမရ -၅၅၀ မတ်လ ၄ ရက်) ရသေ့တောင်အခြေစိုက် ( ခမရ - ၅၃၆/ ခမရ - ၅၃၇/ ခမရ -၅၃၈ မတ် ၁၇ ရက် ) စကခ ၁၅ လက်အောက်ခံ ဘူးသီးတောင်အခြေစိုက် ( ခမရ -၅၅၂ မတ်လ ၂၅ ရက် / ခမရ -၅၆၄ ဧပြီ ၄ ရက်နေ့တွင်စစ်ကောင်စီ၏ တန်းမြှင့်လေ့ကျင့်ရေးကျောင်းအပါအဝင် တပ်ရင်း တပ်မဌာနချုပ် ၁၇ ခုကို သိမ်းပိုက်နိုင်ခဲ့သည်။
#lay_wadi_media #အကြမ်းဖက်စစ်တပ် #ရခိုင် #ဘူးသီးတောင် #ရက္ခိုင့်တပ်တော်AA
Comments
Post a Comment