(၁၅) နှစ်မြောက် အာရက္ခတပ်တော်နိ အခမ်းအနားသို့ အာရက္ခတပ်တော် တပ်မှူးချုပ်မှ ပီးပို့အပ်သော သဝဏ်လွှာ

 (၁၅) နှစ်မြောက် အာရက္ခတပ်တော်နိ အခမ်းအနားသို့ အာရက္ခတပ်တော် တပ်မှူးချုပ်မှ ပီးပို့အပ်သော သဝဏ်လွှာ


၁၃၈၅ ခုနှစ်၊ တာကူးလဆန်း (၂) ရက် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်


သာလီစွပါ ရဲဘော်အပေါင်းရို့



၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်နိမှာ ကျရောက်တေ အာရက္ခတပ်တော်၏ (၁၅) နှစ်မြောက် နှစ်ပတ်လည်နိ အထိမ်းအမှတ်ကို ခါတိုင်းနှစ်တိနန့်မတူဘဲ လက်တွိအကျဆုံး အနှစ်သာရအပြည့်ဝဆုံးပုံစံနန့် စစ်မြီပြင်ထိုးစစ်ကြီးတိ ဆင်နွှဲပနာ ပြုလုပ်လို့ဟိရေ။ ပြည်သူလူထုတရပ်လုံးနန့် တစိတ်တည်း တဝမ်းတည်း စည်းလုံးညီညွတ်စွာနန့် တော်လှန်ရီးလောကဓံတိကို ကြံ့ကြံ့ခံဗျာယ် ထိုးဖောက်ချီတက်လို့ ဟိနီရေ။


ရဲဘော်ရို့


အေအချိန်ကာလရေ ငါရို့တော်လှန်ရီး၏ အရေးကြီးဆုံး အချိန်အခါဖြစ်တေ။ ရဟိထားရေ အောင်မြင် မှုတိနန့်အတူ တိုင်းပြည်ကာကွယ်ရီး၊ လူထုလုံခြုံရီး၊ မြို့၊ ရပ်ရွာတိ၏စီမံအုပ်ချုပ်ရီး တာဝန်တိ အယင်ထက်ပိုလို့ ကြီးမားလာရေ။ အာရက္ခစစ်သည်တိ၏ အသက်ခန္ဓာ ပြည်သူရို့၏ အသက်ဘဝ မျက်ရည် ဒုက္ခသုက္ခတိ အားလုံးကို အရင်းပြုပနာ ရဟိလာရေ အေဂနိ အာရက္ခဖြစ်တည်မှုသည် ဇာအရာနန့်လေ့ တန်ဖိုးချင်းထပ်တူမပြုနိုင်ရေ အရာတိ ဖြစ်တေ။ အာရက္ခအမျိုးသားတော်လှန်ရီးကြီးက မပြီးမြောက်သိမ့်ရေအတွက် လက်ဟိရဟိထားရေ ယုံကြည်မှု ခွန်အား အညှိန်အဟုန်ကို ဆက်လက်မြှင့်တင်ပနာ ငါရို့ ရည်မှန်းချက်အတိုင်း အပြင်းထန်ဆုံးနန့် အယင်မြန်ဆုံး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လားရဖို့ဖြစ်တေ။ ယေမှရာ အာရက္ခပြည်သူလူထုတရပ်လုံးက မျှော်မှန်းထားရေ အာရက္ခအိပ်မက် အကောင်အထည်ပေါ်နိုင်ဖို့ဖြစ်တေ။


အေဂုပိုင် အတိုင်းအတာတရပ်အထိ ရဟိလာရေ အောင်မြင်မှုတိကို အေနိခါပိုင် ရဟိလာဖို့အတွက် အခက်အခဲတိအမျိုးမျိုးကြားက ရုန်းကန်ကြိုးစားပနာ စွန့်စားပီးဆပ်မှုတိနန့် တိုက်ပွဲဝင်ခကတ်တေ လူပုဂ္ဂိုလ်တိ အများကြီးဟိရေ။ တယောက်ချင်းစီကိုလေ့ ချီးမွှမ်းဂုဏ်ပြု ကျေးဇူးတင်ကြောင်း ပြောချင်ရေ။ အထူးသဖြင့်-


၁။ စစ်မြီပြင်အသီးသီးမှာ တိုက်ပွဲဝင်၊ အုပ်ချုပ်ထောက်ပံ့ရီး၊ အထူးတာဝန်တိနန့် တာဝန်ကျရာ ဒေသ အသီးသီးမှာ အထက်ကပီးအပ်လာရေ အမိန့်နန့်တာဝန်တိကို ထမ်းဆောင်ယင်း အသက်နန့်ခန္ဓာ ပီးဆပ်လားရရေ၊ ကိုယ်လက်အင်္ဂါတိ ဆုံးယှုံးလားရရေ ရဲဘော်ရဲဘက်တိ၊


၂။ အထက်ကပီးအပ်လာရေ အမိန့်နန့်တာဝန်အတိုင်း စစ်မြီပြင်အသီးသီးမှာ ရဲဝံ့သတ္တိအပြည့်နန့် ဆက်လက်တိုက်ပွဲဝင်နီကတ်တေ တပ်မှူး၊ တပ်သား၊ တပ်ဖွဲ့ဝင်အားလုံးနန့် ULA အဖွဲ့ဝင် ရဲဘော်ရဲဘက်တိ၊


၃။ အဖက်ဖက်က တတ်နိုင်သမျှ တွဲလက်ကူညီပီးကတ်တေ မဟာမိတ်ညီနောင်တိ၊ ဆက်စပ် မဟာမိတ်ရဲဘော်ရဲဘက်တိ၊


၎။ အာရက္ခပြည်သားမဟုတ်ကေလေ့ မိမိရို့တော်လှန်ရီးကို လေးစားချစ်ခင်စေတနာထားပြီး ဝန်းရံ ကူညီပံ့ပိုးပီးနီကတ်တေ ဆီးပညာသျှင်တိနန့် အခြားပညာသျှင်အသီးသီးတိ၊


၅။ စစ်ပွဲ၏ဒဏ်ကို ကြံ့ကြံ့ခံပနာ မဟိကေဟိစွာနန့် ပံ့ပိုးကူညီပြီးကေ တသားတည်းရပ်တည်ပီးနီ ကတ်တေ အာရက္ခမိဖပြည်သူတိနန့် ရောက်တေနီရာက နိုင်ရေတာဝန်ကို ကျီပွန်စွာ ထမ်းဆောင် ပီးနီကတ်တေ အဝီးရောက် အာရက္ခအမျိုးအနွယ်တိ အားလုံးကို အထူးကျေးဇူးတင်ဂုဏ်ပြုပါရေ။ ဆက်လက်ပြီးကေ စည်းစည်းလုံးလုံးနန့် တိုက်ပွဲဝင်ချီတက်လားကတ်ပါမေ။


ရဲဘော်ရို့


အေနီရာမှာ တိုက်ပွဲဝင်စစ်သည်တိနန့် ULA ရဲဘော်ရဲဘက်တိကို အထူးတလည် သတိပီး မှာကြားချင် စွာက လက်ဟိရဟိထားရေအောင်မြင်မှုတိအတွက် သင့်တင့်လျောက်ပတ်စွာ ဂုဏ်ယူပါ။ စစ်မြီပြင်အောင်မြင်မှု တိကြောင့် စိတ်ကြီးဝင်ပနာ ရန်သူကို လျှော့တွက်စွာမျိုး၊ အလုပ်တာဝန်ပေါ့လျော့လားစွာမျိုးတိ မဖြစ်ဖို့လိုရေ။ ဆက်လက်ပြီးကေ စစ်စည်းကမ်းတိကို အတိအကျလိုက်နာကတ်ပါ။ ပြည်သူ့ဆက်ဆံရီး/လူမျိုးစုများဆိုင်ရာ မူဝါဒတိ စစ်သည်တိလိုက်နာရဖို့ကျင့်ဝတ် လုပ်ဆောင်ရဖို့တာဝန်တိကို မတိမ်းစောင်း မပျက်ကွက်စီကတ်ကေ့။


သက်ဆိုင်ရာ အမိန့်ပီးကွပ်ကဲနီရေ တပ်မှူးအဆင့်ဆင့်နန့် မြီပြင်တပ်မှူးတိအနီနန့် မိမိလက်အောက်မှာ တိုက်ပွဲဝင်နီရေ ရဲဘော်တိကို စည်းစနစ်ကျကျ စီမံအုပ်ချုပ်ဖို့၊ စစ်သည်တိ အရက်သီစာ သောက်စားမူးယစ်ပနာ စစ်စည်းကမ်းပျက်ခြင်း အုပ်ချုပ်မှုဆိုင်ရာပြဿနာတိ၊ ပြည်သူလူထုနန့်ဆက်ဆံရေအချိန်တိမှာ ဆက်ဆံရီးဆိုင်ရာ ပြဿနာတိ မပေါ်ပေါက်အောင် အထူးဂရုစိုက် စီမံအုပ်ချုပ်လုပ်ကိုင်လားဖို့ အရေးကြီးရေ။


တော်လှန်ရီးကာလ စစ်ပွဲတိကြားမှာ အခက်ခဲပေါင်းများစွာနန့် ဆင်းရဲဒုက္ခရောက်နီရေ ပြည်သူလူထုကို အကောင်းဆုံး ကူညီကာကွယ်ပီးဖို့နန့် ဇာအခက်အခဲကိုမဆို တာဝန်သိစိတ်နန့် လိုလိုလားလား ကူညီဖြီယှင်း ပီးလားကတ်ရဖို့။ ပြည်သူတိနန့် ယဉ်ကျေးပြေလည်စွာ ပြောဆိုဆက်ဆံဖို့ အလေးထားမှာကြားလိုရေ။ စစ်သည်တိ အနီနန့် တိုက်ပွဲတိမှာ ပင်ပန်းညောင်းညာခြင်း၊ စိတ်ဖိစီးခြင်းတိကို အကြောင်းပြချက်ပီးပနာ အရက်သီစာမူးယစ် သောက်စားဗျာယ် ပြည်သူတိနန့် ပြဿနာတက်စွာတိ၊ လက်နက်အားကိုးနန့် ရိုင်းစိုင်းစွာပြုမူရေ အဖြစ်မျိုးတိကို မဖြစ်ရအောင် တပ်မှူးအဆင့်ဆင့်က အရည်အချင်းဟိဟိနန့် ဂရုတစိုက် အထူးကြပ်မတ်စီမံအုပ်ချုပ်တတ်ဖို့လိုရေ။


အိုးအိမ်တိကိုစွန့်ခွာပနာ စစ်ဖီးယှောင်လာကတ်တေ ပြည်သူရို့၏ လုံခြုံရီး၊ စားဝတ်နီရီးနန့် ကျန်းမာရီး ဆိုင်ရာ လိုအပ်ချက်တိ၊ အမျိုးသမီးတိနန့် အချေသူငယ်ရို့၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံရီးတိကို ကူညီနိုင်ဖို့အတွက် ဒေသအလိုက်ဖွဲ့စည်းပြီးကေ တာဝန်ပီးထားရေ ပုဂ္ဂိုလ်တိက ပိုလို့စနစ်ကျအောင် ဂရုတစိုက်နန့် ဝိုင်းဝန်းလုပ်ဆောင်ပီးကတ်ဖို့ လိုအပ်ပါရေ။ ဒေသတွင်းမှာ ဟိနီကတ်တေ လူငယ်အင်အားစုတိ၊ NGO အဖွဲ့ အစည်းတိ၊ CBOs/CSOs အဖွဲ့တိ၊ စေတနာသျှင်တိနန့် အားလုံးလက်တွဲပြီးကေ တယောက်ကိုတယောက် အပြန်အလှန် ချစ်ခင်လေးစားစွာနန့် ပူးပေါင်းဆောင်ရွက်ကတ်ဖို့ လမ်းညွှန်မှာကြားလိုရေ။


အကြမ်းဖက်စစ်ကောင်စီရေ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းကပင် ဗမာလူမျိုးတိ၏ ပြင်းထန်သော ဆန့်ကျင်မှု၊ လက်နက်ကိုင်တော်လှန်မှုတိနန့် ပြည်ထောင်စုတဝန်းလုံးဟိ တိုင်းရင်းသားပေါင်းစုံရို့၏ တပြိုင်နက်တည်း ဆန့်ကျင်မှုတိကို ရင်ဆိုင်နီရရေ။ နိုင်ငံရီး၊ စစ်ရီး၊ သံတမန်ရီး၊ စီးပွားရီး အကျပ်အတည်းတိ၊တပ်တွင်းမညီညွတ်မှု၊ ထိပ်ပိုင်းဂေါင်းဆောင်တိအချင်းချင်းအကြား မယုံကြည်မှုတိအပြင် မြန်မာစစ်တပ်စတင်ဖွဲ့စည်းစကနီ အေနိအထိ တခါလေ့မကြုံဖူးရေ အထွေထွေအကျပ်အတည်းတိကို တပြိုင်နက်တည်း ရင်ဆိုင်နီရစွာကို အားလုံးမြင်ကတ်ရဖို့ဖြစ်တေ။ သို့သော် သူ၏ အားသာချက်က စစ်လက်နက်အင်အား၊ ရီတပ်၊ လီတပ်နန့် အကျိုးစီးပွားချင်း ဆက်စပ်နီရေ တချို့သော အိမ်နားချင်းနိုင်ငံတိ၏ ကူညီပံ့ပိုးမှုတိနန့် ဆက်လက်ပြီးကေ ပြည်သူတိကို အကြမ်းဖက်သတ်ဖြတ်ပနာ အာဏာကို ဆက်လက် ဖက်တွယ်ထားရေ။


ငါရို့ ရက္ခိုင်ပြည်စစ်မြီပြင်မှာ အာရက္ခတပ်တော်နန့် စစ်တပ်အချင်းချင်း မယှဉ်နိုင်ရေ အနီအထားမှာ အကြမ်းဖက်နည်းလမ်းတိအပါအဝင် လူမဆန်ယုတ်ညံ့ရေ နည်းလမ်းပေါင်းစုံနန့် ထောင့်ပေါင်းစုံက စစ်မျက်နှာ ဖွင့်ပြီးကေ အလုံးစုံပျက်သုဉ်းရီးအတွက် တိုက်ခိုက်လို့ဟိနီရေ။


၁။ ရက္ခိုင်ပြည်သူတိ အထွေထွေအကျပ်အတည်းနန့် အငတ်ဖီးဆိုက်အောင် ကုန်း၊ ရီ၊ လီ ပို့ဆောင် ဆက်သွယ်ရီးလမ်းကြောင်းတိ အားလုံးကို ဖြတ်တောက်ပိတ်ဆို့ထားခြင်း၊


၂။ အခြီခံလူထု အဆောက်အအုံတိဖြစ်တေ ကျောင်း၊ ဆီးရုံ၊ သာသနိကအဆောက်အအုံ၊ လမ်းတန်းတား၊ လူနီရပ်ကွက်၊ ချီးတိကို ရည်ရွယ်ချက်ဟိဟိ အမြောက်ကြီးတိ ဒုံးကျည်တိနန့် ဗြောင်ကျကျ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အပြစ်မဲ့အရပ်သားပြည်သူတိကို ဥပဒေမဲ့ဖမ်းဆီး သတ်ဖြတ်ခြင်း၊


၃။ ဈီးတိ ဈီးဆိုင်တိကို မီးတိုက်ဖျက်ဆီးပြီးကေ အရပ်သားပိုင်နီအိမ်တိကို ဖောက်ထွင်းခိုးယူ လုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုကြီးတိနန့် လူသားမျိုးနွယ်ကို ပြစ်မှုကျူးလွန်ခြင်းတိကို တမင်တကာရည်ရွယ်ချက်ဟိဟိ လူမျိုးရီးအမုန်းတရားတိနန့် ကျူးလွန်နီခြင်း၊


၎။ ရက္ခိုင်လူထုကို အများအပြားသီကြီပျက်စီးလိုရေ ယုတ်ညံ့ရေ ရည်ရွယ်ချက်တိနန့် စစ်တွေ၊ ကျောက်ဖြူရို့ပိုင် အဓိကကျရေ မြို့တိမှာ ပြည်သူတိကို အတင်းအဓမ္မ ပိတ်လှောင်ပြီးကေ အာရက္ခ တပ်တော်ကို စစ်မြူခေါ်သွင်းပနာ အများပြည်သူနီထိုင်ရေ မြို့ရွာလူထုတိကြားမှာ စစ်တလင်း ဖန်တီးဖို့အတွက် ပရိယာယ်အမျိုးမျိုးနန့် လုပ်ဆောင်လာနီစွာကို တွိမြင်နီရခြင်း၊


၅။ စစ်ကောင်စီတပ်တိ တိုက်ပွဲတိမှာယှုံးနိမ့်ပြီးကေ သူရို့ထိန်းချုပ်မှုအောက်မှာ မဟိဗျာယ်ဖြစ်တေ မြို့ရွာတိကို လီကြောင်းတိုက်ခိုက်မှုတိ၊ ဗုံးကြဲဖျက်စီးသတ်ဖြတ်မှုတိကို ဆက်တိုက်ကျူးလွန်ခြင်း၊


၆။ အာရက္ခဒေသအတွင်း လူမျိုးရီး၊ ဘာသာရီး ပဋိပက္ခတိဖြစ်ပေါ်လာဖို့အတွက် ARSA ၊ ARA တိနန့် ဒေသခံအစွန်းရောက်စစ်သွေးကြွတိကို စစ်သင်တန်းပီး လက်နက်တပ်ဆင်ပြီးကေ ပြဿနာတိကို ပိုလို့လုပ်ထွီးလာအောင် ရည်ရွယ်ချက်ဟိဟိနန့် ဖန်တီးလို့ဟိနီရေ။


ဖက်ဆစ်စစ်ကောင်စီရေ ရက္ခိုင်ဒေသကို “လူမကျန်ကေနီ မြီကျန်ကေကျီ" အလုံးစုံပျက်သုဉ်းရီးမူဝါဒကို ချမှတ်ပြီးကေ လုပ်ဆောင်နီရေ။ ရက္ခိုင်ပြည်တွင်းတောင်မက ရက္ခိုင်ပြည်ပြင်ပ ရန်ကုန်၊ မန္တလေး တခြားဒေသတိ မှာပါ ၁၁/ မှတ်ပုံတင်ကိုင်ထားရေ ရက္ခိုင်လူမျိုးတိကို လူမျိုးရီးခွဲခြားပနာ ကန့်သတ်ချုပ်ချယ်ခြင်း၊ ဥပဒေမဲ့ဖမ်းဆီး ချုပ်နှောင်ခြင်း၊ အာဏာပြငွေညှစ်ခြင်းနန့် သတ်ဖြတ်ဖျောက်ဖျက်ခြင်းတိကိုပါ လုပ်ဆောင်လာရေ။


ငါရို့ အာရက္ခတပ်တော်ရေ အေမဖွယ်မရာ မတရားမှုတိကို လုံးဝသည်းခံလီဖို့မဟုတ်။ လက်တုံ့ပြန် ဆောင်ရွက်လားဖို့။ စစ်ရီးအရ ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်လားဖို့ဖြစ်တေပိုင် စစ်ရာဇဝတ်ကောင်တိကို


နည်းလမ်းအမျိုးမျိုးနန့် ဖမ်းဆီးအရေးယူပနာ နစ်နာဆုံးယှုံးခံရရေ ပြည်သူတိအတွက် တရားမျှတမှုတိရဟိအောင်ပြတ်ပြတ်သားသားလုပ်ဆောင်လားဖို့။


ရဲဘော်ရို့


အာရက္ခတပ်တော် ရဲဘော်ရဲဘက်တိအနီနန့် ငါရို့ပြည်သူတိကို စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက် မှုတိက အကောင်းဆုံး ကာကွယ်ပီးလားဖို့ဖြစ်တေ။ လီကြောင်းတိုက်ခိုက်မှုတိနန့်ပတ်သက်လို့ အသိပညာပီးစွာတိ ကြိုတင်ပြင်ဆင်မှုအစီစဉ်တိကိုလည်း ဆောင်ရွက်လို့ဟိရေ။ ဒေသတွင်း မြီမြှုပ်မိုင်းအန္တရာယ်ကာကွယ်ရီး အသိတရား တိကိုလည်း အခြီခံလူထုကြားမှာ ဖြန့်ဖြူးမျှဝီပီးလို့ဟိရေ။ မြီမြှုပ်မိုင်းယှင်းလင်းရီးလုပ်ငန်းကိုလည်း ကြိုးစား လုပ်ဆောင်လို့ဟိရေ။ ULA တာဝန်ဟိ ရဲဘော်ရဲဘက်အဆင့်ဆင့်အနီနန့် ပြည်သူတိ၏ ရိက္ခာ၊ ဆီးဝါး၊ ဆက်သွယ်ရီး၊ လောင်စာဆီ လိုအပ်ချက် ပြဿနာတိကို အယင်ဆုံး ဖြီယှင်းပီးနိုင်ဖို့နန့် အေဂုလာဖို့ မိုးရာသီ ဆန်စပါးစိုက်ပျိုးရီး အတွက် အရေးတကြီးလိုအပ်နီရေ စိုက်ပျိုးရီးဆိုင်ရာ သွင်းအားစုတိ ရဟိနိုင်ရီးအတွက် ကြိုးစားလုပ်ဆောင်လို့ ဟိလီရေ။


စစ်တွေ၊ ကျောက်ဖြူရို့ပိုင် ရန်သူထိန်းချုပ်နယ်မြီမှာ ပိတ်မိနီရေ ပြည်သူတိအနီနန့် အဆင်ပြေကေ ပြေပိုင် နည်းလမ်းအမျိုးမျိုးနန့် မကြာခင် အချိန်တခုအတွင်းမှာ လွတ်မြောက်နယ်မြီတိမှာ လာရောက်နီထိုင်ကတ်ဖို့ အကြံပြုလိုပါရေ။ အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်စရာတိကို ပြင်ဆင်ရပါဖို့။


ရဲဘော်ရို့


အာရက္ခတပ်တော်၏ စစ်မြီပြင်အောင်မြင်မှုတိနန့်အတူ မြို့ရွာတိကိုပါ သိမ်းပိုက်ရဟိလာရေအတွက် တာဝန်တိက ပိုလို့ကြီးလာရေ။ မြို့ပြတိကို စနစ်တကျစီမံဖို့ အုပ်ချုပ်ရီးလုပ်ငန်းတိ ပြည်သူ့ဝန်ဆောင်မှု အစိုးရ ယန္တရားဌာနတိ ကောင်းမွန်စွာလည်ပတ်လာနိုင်ဖို့အတွက် လူ့အရင်းအမြစ်တိ လိုအပ်ပါရေ။ ကဏ္ဍအလိုက် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုဟိရေ လူငယ်လူရွယ်တိနန့် ပညာသျှင်တိ၏ စွမ်းရည်တိကို လိုအပ်တေအပြင် အယင်အစိုးရလက်ထက်က အယင်အစိုးရဖက်မှာ ဝန်ထမ်းလုပ်ခရေ တတ်သိကျွမ်းကျင် ပညာသျှင်တိ အရာဟိ ဝန်ထမ်းတိအနီနန့် ULA အစိုးရဖက်မှာ တာဝန်ထမ်းဆောင်လိုပါက အယင် လာဘ်ပီးလာဘ်ယူ အဂတိလိုက်စားရေ အကျင့်ဆိုးတိ အယင်ကဟိခကေ ယင်းအကျင့်ဆိုးတိကို အယင်ဆုံး အခွံခွာချပြီးကေ ULA အစိုးရက ချမှတ် ထားရေ မူဝါဒ စည်းကမ်းကျင့်ဝတ်တိနန့်အညီ လာရောက်ပူးပေါင်းတာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ပါရေ။ အစိုးရ လုပ်ငန်းတိလည်ပတ်ဖို့ အရင်းအမြစ်တိ မလုံမလောက်နန့် စတင်ခါစမှာ အဆင်မပြေမှုအခက်အခဲတိ ဟိနိုင် ကြောင်းကိုလည်း ကြိုတင်လို့ အသိပီးထားလိုရေ။


ရဲဘော်ရို့


ရက္ခိတလမ်းစဉ်ကို အကောင်အထည်ဖော်ရာမှာ အာရက္ခပြည်သား လူမျိုးစုအသီးသီး၏ တန်းတူရည်တူ ဂုဏ်ရည်တူ လွတ်လပ်မှု အခွင့်အရေးနန့် တာဝန်တိကို တရားမျှတစွာနန့် ဖော်ဆောင်လားဖို့။ ဥပဒေနန့်အညီ အပြည့်အဝအာမခံချက်ပီးလားဖို့ဖြစ်တေ။


အာရက္ခဒေသတွင်း လူမျိုးစုအသီးသီး သဟဇာတဟိဟိ ချစ်ခင်သင့်မြတ် အီးချမ်းစွာနန့် ဖွံ့ဖြိုးတိုးတက်ရေ အနာဂတ်ကို တည်ဆောက်နိုင်ဖို့လိုရေ။ လူအခွင့်အရေးတန်ဖိုးတိနန့်အညီ အဟိတရားတိကို သဘောထားကြီးစွာ အသိအမှတ်ပြုလက်ခံပြီးကေ အခြားတဖက်မှာလည်း ရိုးသားမှန်ကန်စွာနန့် အမှန်တရားကို လက်ခံပြောဆို ကျင့်သုံးဖို့ လိုပါဖို့။ မဖွယ်မရာ မရိုးမသားရည်ရွယ်ချက်တိနန့် စိတ်ကူးယဉ်သမိုင်းသစ်တိဖန်တီးခြင်းရေ ငါရို့ အလွန်တရာ မြတ်နိုးတန်ဖိုးထားဂုဏ်ယူရရေ အာရက္ခအဖိုးအဖီးရို့၏ သမိုင်းဆိုင်ရာ မှန်ကန်မှုတိကို စော်ကား စိန်ခေါ်ခြင်း၊ အနာဂတ်ကို ခြိမ်းခြောက်ခြင်းတိကို ဖြစ်ပေါ်စီရေအတွက် လက်ဟိပြဿနာတိကို ပြေလည်အောင်


ဖြေယှင်းရန်အတွက် “အမှားကိုအမှန် အမှန်ကိုအမှား" လက်တလုံးခြားဝါဒဖြန့်ချီမှုတိ၊ မျက်နှာပြောင်တိုက်စော်ကားစိန်ခေါ်မှုတိ၊ တာဝန်မယူဘဲ အခွင့်အရေးကို တဖက်သတ်တောင်းဆိုနီမှုတိကို ထိန်းသိမ်းရပ်တန့်ဖို့လိုပါရေ။


ငါရို့စွာ လွတ်လပ်မှု၊ တရားမျှတမှုနန့် အမှန်တရားတိကိုလိုလားပြီး ချစ်ခြင်းမေတ္တာ၊ ရဲရင့်မှု သဘောထားကြီးမှု၊ အခြီခံတန်ဖိုးတိနန့် ငါရို့ အာရက္ခပြည်သူလူထုနန့် သမိုင်း၏တောင်းဆိုချက်အရ ဆက်လက်ပြီး တိုက်ပွဲဝင်တည်ဆောက်လားဖို့ဖြစ်တေဆိုစွာကို အတိအလင်း ပြောထားလိုပါရေ။


မြန်မာပြည်ထောင်စုနန့်ပတ်သက်လို့ ဗမာအပါအဝင် ဘဝတူတိုင်းရင်းသားညီနောင်များ၏ နိုင်ငံရီး လိုလားချက် မျှော်မှန်းချက်တိကို လေးစားထောက်ခံပြီး မြန်မာပြည်သူတိ၏ အကောင်းဆုံး မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်လားဖို့ဖြစ်တေ။


ရဲဘော်ရို့


ငါရို့ အေဂုတိုက်နီရေ တိုက်ပွဲတိစွာ ငါရို့အားလုံး၏ သမိုင်းနန့် အနာဂတ်ကံတရား အလှည့်အပြောင်း တခုလုံးကို အဆုံးအဖြတ်ပီးဖို့ တိုက်ပွဲတိဖြစ်တေ။ အေတော်လှန်ရီးကြီးကို အပြတ်အသတ် အောင်ပွဲခံပြီးကေ အာရက္ခရို့ဇာတိမြီကို လုံးဝလွတ်မြောက်အောင် လုပ်နိုင်ခါမှ ငါရို့ဘဝတိ လုံခြုံဖို့။ ဆင်းရဲဒုက္ခတိက လွတ်မြောက်ပနာ မတရားမှုတိက အဆုံးသတ်စီဖို့။


ကိုယ်အမျိုးသားကံကြမ္မာကို ကိုယ်တိုင်ဖန်တီး ပုံဖော်နိုင်ဖို့။ အနာဂတ်ကမ္ဘာ့သမိုင်းမှာ အာရက္ခ ပြည်သားတိ ဂုဏ်သိက္ခာဟိဟိ လူမှန်နီရာမှန် ရှင်သန်ရပ်တည်နိုင်ကတ်ဖို့။


အချိန်အခါသင့် ဖြားသင့်လီသင့် အောင်ပွဲ မျှော်လင့်ချက်ရောင်နီသစ်တိနန့်တတူ ကိစ္စလက်ကျန်တိ ကို အပြတ်ဖြတ် စာရင်းဆက်ယှင်းပလိုက်ကတ်မေ ရဲဘော်ရို့ . . . ဟူးရား


တပ်မှူးချုပ်


အာရက္ခတပ်တော်

မပြီးမြောက်သေးတဲ့ ရည်မှန်းချက် နှင့် အာရက္ခပြည်သူတစ်ရပ်လုံးမျှော်မှန်းထားတဲ့ အာရက္ခအိပ်မက် ကို အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ထိုးစစ်ဆင် တိုက်ပွဲဝင်သွားမည်ဟုဆို

 မပြီးမြောက်သေးတဲ့ ရည်မှန်းချက် နှင့် အာရက္ခပြည်သူတစ်ရပ်လုံးမျှော်မှန်းထားတဲ့ အာရက္ခအိပ်မက် ကို အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ထိုးစစ်ဆင် တိုက်ပွဲဝင်သွားမည်ဟုဆို



၁၀ ဧပြီ ၂၀၂၄


ယခုကာလသည် တော်လှန်းရေးအတွက် အလွန်အရေးကြီးတဲ့အချိန်ဖြစ်သည်မို့ ပြည်သူလူထုလုံခြုံရေး မြို့၊ ရပ် ရွာ အုပ်ချုပ်ရေးတာဝန်သည်လည်း အရင်ထက်ပို၍ အရေးကြီးလာခဲ့သည်ဟုဗိုလ်ချုပ်ထွန်းနိုင်က ပြောဆိုသည်။


အာရက္ခစစ်သည်တွေရဲ့ အသက်ခန္ဓာ ပြည်သူတို့၏ အသက် ဘဝမျက်ရည် ဒုက္ခသုက္ခတွေ  အားလုံးကို အရင်းပြီး ရရှိလာတဲ့  အာရက္ခဖြစ်တည်မှုကို ဘယ်အရာနဲ့မှ တန်ဖိုးမဖြတ်နိုင်ဘူး။ 


မပြီးမြောက်သေားတဲ့ အာရက္ခအမျိုးသားတော်လှန်ရေးကို  အပြင်းထန်ဆုံးနှင့် အလျင်အမြန်ဆုံး အဆုံးသတ်နိုင်ရေး   အာရက္ခပြည်သူတစ်ရပ်လုံးမျှော်မှန်းထားတဲ့ အာရက္ခအိပ်မက် ကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက်ထိုး စစ်ဆင် တိုက်ခိုက်သွားရအုံးမည်။


ငါတို့သည် အခြေခံကျတဲ့  လွတ်လပ်မှု၊ တရားမျှတမှုနှင့် အမှန်တရားကို ချစ်မြတ်နိုးမှု မေတ္တာတရား ရဲရင့်မှု သဘောထားကြီးမှု နှင့်  ငါတို့၏ အာရက္ခပြည်သူ လူထုနှင့်  သမိုင်း၏တောင်းဆိုချက်အရ ဆက်လက်ပြီး တိုက်ပွဲဝင်တည်ဆောက်သွားရမှာဖြစ်ကြောင်း ထပ်လောင်းပြောလိုသည်။


ထို့အပြင် ဗမာအပါအဝင် ဘဝတူတိုင်းရင်းသား ညီနောင်များ၏ နိုင်ငံရေးလိုလားချက် မျှော်မှန်းချက်တွေကို  လေးစားထောက်ခံ ပြီး မြန်မာပြည်သူ တစ်ရပ်လုံးနှင့် အကောင်းဆုံး မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု ယနေ့ ကျရောက်တဲ့( ၁၅ ) မြောက် အာရက္ခတပ်တော် နေ့တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ပြောကြားခဲ့သည်။


#lay_wadi_media #ရခိုင်  #အာက္ခပြည်သူ #AAInfoDesk

စစ်ကောင်စီတပ်စခန်းအားလုံးကို ချေမှုန်းပြီးနောက် မြ၀တီမြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU က တရား ဝင် ကြေညာ








 စစ်ကောင်စီတပ်စခန်းအားလုံးကို ချေမှုန်းပြီးနောက် မြ၀တီမြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU က တရား ဝင် ကြေညာ 

■ ထွက်ပြေးသွားသည့် ခလရ ၂၇၅ တပ်စခန်းမှ စစ်အင်အား ၂၀၀ ဦးမှာလက်နက်များဖြင့် အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ကယ်ကူမဲ့ဖြစ်နေ

၂၀၂၄ဧပြီ ၁၁ 

ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး စစ်စခန်းဖြစ်သော ခလရ ၂၇၅  အပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ် သိမ်းပိုက်ရရှိပြီး မြ၀တီမြို့ကို ရရှိပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် KNU က တရားဝင် ကြေညာလိုက်သည်။ 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) က ဦးဆောင်ပြီး ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိ သော အာဏသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၇၅ တပ်စခန်းကို လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့သော်လည်း ထိုတပ်စခန်းမှ လက်နက်ချအညံ့ခံခြင်းမရှိဘဲ စစ်ကူများလာရောက် နိုင်ရန်အတွက်ခုခံ တိုက်ခိုက်ခဲ့ကြောင်း၊   ဧပြီလ ၈ ရက်နေ့ တွင် စတင်ထိုးစစ်ဆင်ခဲ့ကာ ဧပြီလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင်  အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရမိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။ 

ယခုအချိန်တွင် မြဝတီမြို့ရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိနေသော စစ်ကောင်စီ အကြွင်းအကျန်များကို ရှင်းလင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊  ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်းများမရှိဘဲ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ပေးရန်အသိပေးအပ်ကြောင်း KNU က ကြေညာသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ကမူ ယနေ့ မွန်းလွဲ ၁၁ နာရီဝန်းကျင်အချိန် တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကို မြ၀တီမြို့ပြင်သို့ လာရောက် ကျဲချခဲ့ကြောင်း သိရှိရသည်။ 

စစ်ကောင်စီ၏ ခလရ ၂၇၅ မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ မှာ အမှတ် ၂ ချစ်ကြည် ရေးတံတားအတွင်းတွင် လက်နက်များနှင့် ထိုင်းနိုင်ငံဘက်သို့ ခိုလှုံခွင့်ရရှိရေး စောင့်ဆိုင်းနေသော်လည်း လက်ရှိအချိန်အထိ ခိုလှုံခွင့်မပြုသေးကြောင်း၊ ထို့ကြောင့် ကယ်ကူသူမဲ့ ဖြစ်နေပြီး တော်လှန်ရေးတပ်များ လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

လက်ချအညံ့ခံသည့် သင်္ဃန်းညီနောင်မှ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၆၀၀ကျော်ခန့်ရှိ ဗျူဟာမှူးထွန်းထွန်းလတ်သည် ပြည်သူကို ပစ်မိန့်ပေးခဲ့သူတစ်ဦးဖြစ်


 လက်ချအညံ့ခံသည့် သင်္ဃန်းညီနောင်မှ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၆၀၀ကျော်ခန့်ရှိ  ဗျူဟာမှူးထွန်းထွန်းလတ်သည် ပြည်သူကို ပစ်မိန့်ပေးခဲ့သူတစ်ဦးဖြစ်


၇ ဧပြီ ၂၀၂၄ / လေးဝတီ


ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင်စခန်းသိမ်းတိုက်ပွဲမှာ အရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင် ၆၀၀ ကျော် လက်နက်ချ အညံ့ခံခဲ့တယ်လို့ KNU ဗဟိုမှ ယမန့်နေ့က သတင်းထုတ်ပြန်ပါတယ်။


ဗျူဟာမှူး ထွန်းထွန်းလတ် (ကြည်း ၃၈၈၇၆) သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မြစ်ကြီးနား အမှတ် (၃) စစ်ဗျူဟာမှူး အဖြစ်မှ ၂၀၂၃ ဧပြီလမှာ သင်္ဃန်းညီနောင် အခြေချ စစ်ဗျူဟာမှူး ဖြစ်လာခဲ့သူဟု သိရှိရသည်။


၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် 

ပေါ်ပေါက်လာတဲ့ စစ်တပ်အာဏာကိုဆန့်ကျင်သည့်  မြစ်ကြီးနားမြို့က ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းရန် အမိန့်ပေး ဦးဆောင်ခဲ့သူ ဖြစ်ကြောင်းလည်း သိရှိရပါသည်။


စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၅ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ စတင်တိုက်ခိုက်ခဲ့ပြီး နေ့လည် ၁ နာရီအချိန်ခန့်မှာ ဗျုဟာတစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအဆင့် ၆၇ ဦး၊ အခြားနဲ့ တပ်သားအဆင့် ၄၁၀  ဦး၊ စုစုပေါင်း ၄၇၇ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ရဲမေ ၅၉ ဦးနဲ့ တပ်မိသားစုဝင် ၈၁ ဦး၊ စုစုပေါင်း ၁၄၀ ဦး လက်နက်ချ ဝင်ရောက်လာခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။


#lay_wadi_media #အကြမ်းဖက်စစ်တပ် #သင်္ဃန်းညီနောင် #ကရင် #တော်လှန်ရေးတပ်ဖွဲ့ #PDF

ရက္ခိုင့်တပ်တော် AAမှ လစဉ် အလိုက်သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက် ကို တစ်ဆင့်ပြီး တစ်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုဆို


 ရက္ခိုင့်တပ်တော် AAမှ လစဉ် အလိုက်သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက် ကို တစ်ဆင့်ပြီး တစ်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုဆို


၆ ဧပြီ ၂၀၂၄ လေးဝတီ


ရက္ခိုင့်တပ်တော် AA သည် ၁၀၂၇ စစ်ဆင်ရေးအတူ ရခိုင်ဒေသတွင် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေသည်မှာ ယခု ၂၀၂၄ ဧပြီလ ၄လကျော် ၅လထဲရောက်ရှိသည်အထိ ကြာမြင့်လာတဲ့ တိုက်ပွဲအရှိန်သည်လည်း  ရပ်တန့်နိုင်ခြင်းမရှိသည့်အပြင် ရက္ခိုင့်တပ်တော်မှ  လစဉ်အလိုက် သတ်မှတ်ထားသော စစ်ရေး ရည်မှန်းချက်များကို တစ်ခုပြီးတစ်ခု ဆောင်ရွက်နေသည်ဟု ပြောသည်။


ရက္ခိုင့်တပ်တော်၏ စစ်ရေးရည်မှန်းချက်သည် ရခိုင်ဒေသ တစ်ခုလုံးလွတ်မြောက်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု AA ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က၂၀၂၄ ဖေဖော်ဝါရီ ၂ရက်က BBC သတင်းဌာနကို ဖြေဆိုခဲ့သည်။ ၂၀၂၄  ဧပြီ ၅ ရက် ယမန့်နေ့က လက်နက်ချ အညံ့မခံသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင်တိုက်သွားမည်ဟု AA၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင်တွေ့ရသည်။


၎ လကျော် ကာလအတွင်း ရက္ခိုင့်တပ်တော်သည် ပလက်ဝ ဒေသအပါအဝင် ရခိုင်ဒေသမှ ပေါက်တော /မင်းပြား /ကျောက်တော် /မြောက်ဦး /မြေပုံ/ ပုဏ္ဏားကျွမ်း/ ရမ်းဗြဲ/ ရသေ့တောင်မြို့  မြို့နယ် ၉ ခု  နှင့် စစ်ကောင်စီ၏ ရှေ့တန်းဌာနချုပ် ခြေလျင် / ခြေမြန် တပ်ရင်း ၁၇ ခုကို သိမ်းပိုက်ရယူထားသည်။


ပလက်ဝမြို့ အခြေစိုက် စကခ ၁၉ လက်အောက်ခံ ရှေ့တန်းတပ်မဌာနချုပ် ( ခလရ -၂၈၉  ဇန်နဝါရီ ၁၄  ရက်)စကခ ၉ လက်အောက်ခံ ကျောက်တော်အခြေစိုက် ( ခမရ -၅၃၉ ဇန်နဝါရီ ၁၆ ရက်) မြောက်ဦးခြေစိုက်( ခမရ  ၃၇၇  ဇန်နဝါရီ ၂၄ ရက် )မင်းပြားအခြေစိုက်( ခမရ ၃၈၀ ဇန်နဝါရီ ၂၈ ရက် ) ကျောက်တော်အခြေစိုက်( ခမရ ၃၇၄  / ၃၇၅ ဇန်နဝါရီ ၃၀ ရက်) မြောက်ဦးအခြေစိုက် ( ခမရ- ၅၄၀ ဇန်နဝါရီ ၃၀ ရက် )  မြောက်ဦး အခြေစိုက် ( ခမရ - ၃၇၆ ဖေဖော်ဝါရီ ၂ ရက်)  မင်းပြားအခြေစိုက် ( ခမရ - ၃၇၉ /ခမရ - ၅၄၁  ဖေဖော်ဝါရီ ၆ရက် ) မင်းပြားအခြေစိုက် တိုင်းဗဟို( ၉ )တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း ဖေဖော်ဝါရီ ၂၆ ရက် ပုဏ္ဏားကျွမ်းအခြေစိုက်( ခမရ -၅၅၀ မတ်လ ၄ ရက်) ရသေ့တောင်အခြေစိုက် ( ခမရ - ၅၃၆/ ခမရ - ၅၃၇/ ခမရ -၅၃၈ မတ် ၁၇ ရက် ) စကခ ၁၅ လက်အောက်ခံ ဘူးသီးတောင်အခြေစိုက် ( ခမရ -၅၅၂ မတ်လ ၂၅ ရက် / ခမရ  -၅၆၄  ဧပြီ ၄ ရက်နေ့တွင်စစ်ကောင်စီ၏ တန်းမြှင့်လေ့ကျင့်ရေးကျောင်းအပါအဝင် တပ်ရင်း တပ်မဌာနချုပ် ၁၇ ခုကို သိမ်းပိုက်နိုင်ခဲ့သည်။


#lay_wadi_media #အကြမ်းဖက်စစ်တပ် #ရခိုင် #ဘူးသီးတောင် #ရက္ခိုင့်တပ်တော်AA

KNU က ခလရ ၂၇၅ ကိုသိမ်းပြီး မြ၀တီမြို့ကိုထိန်းချုပ်လိုက်ပြီ


KNU က ခလရ ၂၇၅ ကိုသိမ်းပြီး မြ၀တီမြို့ကိုထိန်းချုပ်လိုက်ပြီ


ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော် KNU နှင့် ညှိနှိုင်းပြီး လက်နက်ချ အညံ့ခံလိုက်ပြီဖြစ်ကြောင်းသိရသည်။ 


မနေ့က ဧပြီ ၅ ရက်နေ့တွင် သင်္ဃန်းညီနောင်ရှိ ခမရ ၃၅၇ တပ်ရင်းအားလုံးကို KNU က သိမ်းပိုက်အပြီး 

၂၄ နာရီအတွင်း မြ၀တီမြို့ အခြေစိုက်  ခလရ ၂၇၅ တပ်ရင်းတရင်းလုံးက လက်နက်ချအညံ့ခံလိုက်သည်ဟု KNU သတင်းအရင်းအမြစ်ကပြောသည်။




 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မိမိ အာဏာတည်မြဲရေးအတွက် ထိတန်းအရာရှိ အဆင့်ထိထိုးကျွေးနေ


 စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မိမိ အာဏာတည်မြဲရေးအတွက်  ထိတန်းအရာရှိ အဆင့်ထိထိုးကျွေးနေ


၃ ဧပြီ ၂၀၂၄


ကျားဖြန့်လုပ်ငန်းသံသယဖြင့်  တရုတ်က အလိုရှိနေတဲ့  ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို စစ်ကောင်စီဖမ်းဆီး လိုက်သည်။စစ်ကောင်စီသည် ကိုးကန့်ကြံ့ခိုင်ရေးအမတ်ဟောင်းများနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် အဆင့်ရာထူးပေးအပ်ထားတဲ့  ပြည်သူ့စစ်ခေါင်းဆောင် များကိုလည်း ဖမ်းဆီးပြီး တရုတ်လက်ထဲ အပ်ခဲ့သည်။


ယခုအခါ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်အောင်လင်းထွန်းကိုလည်း ဖမ်းဆီးစစ်ဆေးနေသည်ဟုသိရသည်။ ဗိုလ်ချုပ်အောင်လင်းထွန်းသည် ကျားဖြန့် ငွေလိမ် အလောင်းကစားလုပ်ငန်းဖြင့်အဖမ်းခံရသည့် အဆင့်အမြင့်ဆုံး စစ်ကောင်စီအဖွဲ့ဝင်အရာရှိ ဖြစ်သည်။


စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိတန်းအရာရှိအဆင့်ထိ ဖမ်းဆီးကာ တရုတ်အကြိုက် ဆောက်ရွက်နေခြင်းသည်။ ၎င်း၏ နိုင်ငံရေးထွက်ပေါက်ရှာခြင်းလည်းဖြစ်နိုင်သည်။


#တရုတ်နိုင်ငံ #ကျားဖြန့် #အကြမ်းဖက်စစ်တပ် #lay_wadi_media

တိုက်ပွဲသတင်း

အကြမ်းဖက်ဝါဒ ကြီးစိုးလာနေသည့် ဘဂ်လားဒေ့ရှ်

အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းအတွင်းက ARAS - RSO စသည့် မွတ်ဆလင် အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်းများ...