ဖားဆောင်းသို့ စစ်ကူလာသည့် စစ်တပ် စစ်ကြောင်း တစ်ခုလုံး ချေမှုန်းခံ

 ဖားဆောင်းသို့ စစ်ကူလာသည့် စစ်တပ် စစ်ကြောင်း တစ်ခုလုံး ချေမှုန်းနိုင်ခဲ့ပြီး  တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၅၈ ဦးကို အရှင်ဖမ်းမိ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ 



၂၀၂၄၊ ဧပြီ ၁၃


ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် အကြမ်းဖက် စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ ရာအကြမ်း ဖက်စစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့ပြီး  တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၅၈ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။


 ဧပြီလ ၁၁ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ဘောလခဲမြို့နယ်ဘက်မှ ဖားဆောင်းမြို့ဘက်သို့ စစ်ကူပေးရန် ချီတက်လာသည့် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ်ခြေလျင် စစ်ကြောင်းကို ပါပူရွာအနီးတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ချေမှုန်းခဲ့ရာ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သားအများအပြားအရှင်ဖမ်းမိပြီး စစ်ကြောင်းတစ်ခုလုံး တိုက်ခိုက်ချေမှုန်း လိုက်နိုင် ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုကို ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး - ကလလတ ၊ ကရင် နီတပ်မ တော် - KA ၊ ကြယ်ဖြူတပ်ဖွဲ့ - KNSO ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ - KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းနှင့် ခလရ ၁၃၅ တပ်ရင်း တို့ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ ၂ လကျော်ကြာမြင့်နေပြီဖြစ်ပြီး စစ်တပ် ၏လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့၏ ၈၀ ရာခိုင်နှုန်းခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။


သတင်းကိုကား ခတ်သစ်မီဒီယာ


#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #

နှစ်သစ်ဆုတောင်း( လေးဝတီ) ၂၀၂၄

 မင်္ဂလာရှိသော မြန်မာအတာသင်္ကြန် အချိန်ခါသမယတွင် 


 မြန်မာနိုင်ငံသူနိုင်ငံသားများ …ဘေးဘယာဝေးကွာ … စိတ်ငြိမ်းချမ်းသာ… 


ကိုယ်စိတ်နှစ်ဖြာ …ရွှင်လန်းကျန်းမာ သာယာအေးချမ်းပါစေကြောင့် 


ဆုမွန်ကောင်းတောင်းအပ်ပါတယ်။


🙏🙏🙏  နှစ်သစ်ဆုတောင်း ( လေးဝတီ )


#lay_wadi_media #အတာသင်္ကြန်  #ငြိမ်းချမ်းပါစေ #မြန်မာပြည်ကြီး Lay Wadi Media 


သာသနာသက္ကရာဇ် ၂၅၆၇ ခု

မြန်မာသက္ကရာဇ် ၁၃၈၅- ခုနှစ် တန်ခူးလဆန်း ( ၅ ) ရက် သင်္ကြန်အကြို့နေ့ /  ခရစ်နှစ် 2024 ဧပြီ 13 ရက် (စနေနေ့)


မောင်တော၊ ကြိမ်ချောင်း ဗျူဟာစခန်းကြီးအား အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်)မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်

 မောင်တော၊ ကြိမ်ချောင်း ဗျူဟာစခန်းကြီးအား အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်)မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်



၁၃ ဧပြီ၂၀၂၄


ရက္ခိုင်ပြည်၊ မောင်တောမြို့ ၌ အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သော မောင်တော၊ ကြိမ်ချောင်း ဗျူဟာစခန်းကြီးအား အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်)မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်။


အာရက္ခတပ်တော်အနေဖြင့် ၎င်းစခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် အဆိုပါစခန်းအား လချီ၍ ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ( ၂၃) ရက်တွင်မှ ထိုးစစ်အား အရှိန်အဟုန်မြှင့်တင်လျက် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 


အာရက္ခစစ်သည်တော်များ၏ ပြောင်မြောက်သော စွမ်းဆောင်ရည်၊ တိုက်ရည်ခိုက်ရည်၊ သတ္တိ၊ အမိန့်နာခံမှု၊ အချိတ်အဆက်ကောင်းမှု၊ အမိန့်၊ တာဝန်တို့အား ဆင့်ကဲလိုက်နာနိုင်မှုတို့အပေါ် အာရက္ခတပ်တော်၊ စစ်ရုံးချုပ်အနေဖြင့် အလေးအနက်အသိအမှတ်ပြုအပ်ပါသည်။ ဤ စခန်းသိမ်းတိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များကိုလည်း လေးနက်စွာဂါရဝပြုအပ်ပါသည်။


ဤကြိမ်ချောင်း ဗျူဟာကုန်းသည် နခခ (၇) ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၄၀၀) ခန့်နှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ (၁၅၀) ခန့်ရှိသော စခန်းကြီးတစ်ခုဖြစ်သည်။ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုး နှင့် ဒုဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင် တို့ ဦးဆောင်ပြီး မိမိတို့၏ ထိုးစစ်အား အသည်းအသန် ခုခံနေသောဗျူဟာစခန်းကြီးတစ်ခုဖြစ်သည်။


ကြိမ်ချောင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်းအမြောက်အမြား၊ သုံ့ပန်းတချို့ နှင့် ၎င်းတို့၏ မိသားစုဝင်တချို့ကို ဖမ်းဆီးရမိခဲ့သည်။ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်။


ယခင်ရက်များ၌လည်း ရက္ခိုင်ဒေသအတွင်း၌ တိုက်ပွဲများရှိခဲ့ပြီး အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များ၌ အဓိက ဖြစ်ပွားခဲ့သည်။ 


၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်၊ ညနေ (၃) နာရီ (၄၀) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ အင်အား (၅၀) ခန့်ပါစစ်ကြောင်း နှင့် အာရက္ခတပ်တော်တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည် မြေပြင်လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့ကို အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲသည်အချိန် တိုတောင်းသော်လည်း ပြင်းထန်ခဲ့သည်။


နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် အထိအခိုက် အကျအဆုံးများဖြင့် နပခဌာနချုပ်ရှိရာအမ်းသို့  ပြန်လည်တပ်ဆုတ်သွားခဲ့သည်။ တိုက်ပွဲအတွင်း မိမိတို့ဘက်မှလည်း ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်။


၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၁) ရက် နံနက် (၁၁) နာရီ (၂၀) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ မင်းဘော်ရွာ၏ တောင်ဘက် မီတာ (၁၀၀၀) ခန့်အကွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကြိုကြားကြိုကြားတိုက်ပွဲများနှင့်အတူ ညနေ (၄) နာရီအထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ မျက်မြင် (၅) ဦး သေဆုံးကာ (၁၀) ဦးခန့်ဒဏ်ရာရရှိခဲ့သည်။ မိမိတို့ဘက်မှလည်း အလတ်စားဒဏ်ရာရှိသူများရှိခဲ့သည်။


ထို့အတူ  ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်၊ ညနေ (၆) နာရီ (၁၅) မိနစ်အချိန်တွင် မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် (၂.၅) ကီလိုမီတာခန့်အကွာ (ဘူးသီးတောင်-မောင်တောကျော်လမ်း) တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ (၁) နာရီနားပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ (၆) သေဆုံးပြီး (၈) ဦးခန့်ဒဏ်ရာရရှိခဲ့သည်။


မိမိတို့အနေဖြင့် ယခင်ထုတ်ပြန်ပြောထားပြီးဖြစ်သည့်အတိုင်း လက်နက်ချအညံ့မခံသေးသောအကြမ်းဖက် စစ်ကောင်စီ၏ စခန်းတိုင်းကို တစ်ခုပြီးတစ်ခု ယခုကဲ့သို့ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည်။ တဆက်တည်းပြောလိုသည်မှာ ကြိမ်ချောင်းဗျူဟာကဲ့သို့ လက်နက်ချအညံ့မခံသော စခန်းများအနေဖြင့် အမြန်ဆုံးလက်နက်ချရန် ထပ်မံသတိပေးလိုက်သည်။


အာရက္ခတပ်တော်သည် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ် နှင့် တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်



မောင်တောမြို့နယ်က ကြိမ်ချောင်းစခမ်းကို အာရက္ခတပ်တော် ( AA ) အပြီးသတ် သိမ်းပိုက်ရရှိ

 မောင်တောမြို့နယ်က ကြိမ်ချောင်းစခမ်းကို အာရက္ခတပ်တော် ( AA ) အပြီးသတ် သိမ်းပိုက်ရရှိ


၁၂ ဧပြီ ၂၀၂၄


ရခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် နခခ (၇ ) ကြိမ်ချောင်းစခန်းကို အာရက္ခတပ်တော်AA  မှအလုံးစုံသိမ်းပိုက်ရသိဟုသိရသည်။မောင်တောမြို့၏ မြို့နယ်ခွဲအဖြစ် သတ်မှတ်ထားသော ၎င်း ကြိမ်ချောင်းစခန်းသည် ဘူးသီတောင်အခြေစိုက်  ( စကခ - ၁၅ )လက်အောက်ခံ ဗျူဟာအထိုင်စခန်းတစ်ခုဖြစ်ပြီး ယခင်က AA နှင့် တိုက်




ပွဲဖြစ်စဉ်က စစ်ကောင်စီတပ်သည် ဒေါင်းမာန်ဟုန် စစ်ဆင်ရေးအမည်ဖြင့် လှုပ်ရှားခဲ့သည်။


ယင်းကြိမ်ချောင်းစခန်းကို ယနေ့ ဧပြီ ၁၂ ရက် နံနက်ပိုင်းက အာရက္ခတပ်တော်မှသိမ်းပိုက်လိုက်ပြီး စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၂၀၀ ဝန်းကျင်  လက်နက်ချအညံ့ခံတာရှိသည်ဟု သိရသည်။


စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၎င်း၏ သူငယ်ချင်းအရင်းရှာ ကျဆုံးခဲ့ရသည်ဟု သတင်းကြားသိစဉ်က ကြိမ်ချောင်းစခန်းသည် တစ်နေ့မဟုတ်တစ်နေ့ စခန်းကျမှာ ကြိုသိနေတယ်ဟု ဆိုပါတယ်။ '' ညီလို အကိုလို ရမ်းချစ်ခင်ရတဲ့ တပ်ဖွဲ့ဝင်တွေ တဖြုတ် တဖြုတ် ကျဆုံးသွားကတည်းက သိနေပြီ'' ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောပါတယ်။ 


ကြိမ်ချောင်းဗျူဟာစခန်းကို အာရက္ခတပ်တော် AA မှ မတ်လ ၅ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်တိုက်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ 


အာရက္ခတပ်တော်သည် ၂၀၂၄ ဧပြီလအတွင်း သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး  ထို့အပြင် အာရက္ခတပ်တော်အနေဖြင့် ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် လက်နက်ချအညံ့မခံသေးသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု AA မှ ပြောဆိုပါတယ်။


#lay_wadi_media #ရခိုင် #BGPmyanmar #မောင်တော


သင်္ကြန်ကာလအတွင်း ရခိုင်ဒေသ၌ ပွဲလမ်းသဘင် ဖျော်ဖြေရေးပွဲ အစရှိသည့် လူစု လူဝေး မလုပ်ကြရန်နှင့် အလစ်အငိုက် ပြည်သူကို အကြမ်းဖက်ရန် စစ်ကောင်စီတပ် အချိန်ပြည့်ကြိုးပမ်းနေသည်ဟု ULA ထုတ်ပြန်

 သင်္ကြန်ကာလအတွင်း ရခိုင်ဒေသ၌ ပွဲလမ်းသဘင် ဖျော်ဖြေရေးပွဲ အစရှိသည့် လူစု လူဝေး မလုပ်ကြရန်နှင့် အလစ်အငိုက် ပြည်သူကို အကြမ်းဖက်ရန် စစ်ကောင်စီတပ် အချိန်ပြည့်ကြိုးပမ်းနေသည်ဟု ULA ထုတ်ပြန်








၁၁ ဧပြီ ၂၀၂၄


ရက္ခိုင်ဒေသ၌ ယခုအချိန်ကလာသည် စစ်ရေးပြင်းထန်နေတဲ့ အချိန်ကာလာဖြစ်သည်အတွက် မကြာမှီ ရောက်ရှိလာမည့် သင်္ကြန်ကာလအတွင် မြို့ပြ နှင့် ကျေးလက်ဒေသမှပြည်သူတွေ လူစုလူဝေးများ ပြုလုပ်ပြီး၊ ပျော်ပွဲ ရွှင်ပွဲကြီးများကို မလုပ်ကြရန် ULA မှ  မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။


"ထုတ်ပြန်ချက်တွင် အကြမ်းဖက် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် နေ့စဉ်ရက်ဆက် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည့်အပြင် တစ်ရက်ထက်တစ်ရက် တိုက်ပွဲများပြင်းထန်လျက် ရှိနေဆဲပင် ဖြစ်သည်။ 


 စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီသည်  အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားသော ဒေသများအတွင်းသာမက နောက်ထပ် သိမ်းပိုက်ရန် ကြိုးပမ်းနေသော နေရာများ လူစု လူဝေးနေထိုင်တဲ့နေရာများကိုပါအလစ် အငိုက်ဖမ်းပြီး လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်ခြင်းတို့ကို ပြုလုပ်ရန် နေ့စဉ်ရက်ဆက် ကြိုးပမ်းလျက်ရှိနေသည်။


စစ်ကောင်စီသည်  အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်းကာ ဦးတည်တိုက်ခိုက်တတ်သောအကျင့်ရှိသောကြောင့် သင်္ကြန်ကာလအတွင်း မလိုလား အပ်သည့် အသက်များ အစုလိုက်၊ အပြုံလိုက် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ မှ ကြိုတင်ကာကွယ်နိုင်ရန် ဘုန်းတော်ကြီးကျောင်းများ၌ လူစုလူဝေးကြီးများဖြင့် ဥပုသ်လီလဆောက်တည်ခြင်း၊ အလှူအတန်းများ ပြုလုပ်ခြင်းတို့ကိုလည်း “လုံးဝ” မပြုလုပ်ကြရန်  ရခိုင်ဒေသနေပြည်သူများအနေဖြင့်  လိုက်နာဆောင်ရွက်ကြပါရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်" ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။


ဓါတ်ပုံ - ၂၀၂၃ ခုနှစ် ဇီးချောင်းသင်္ကြန်မြင်ကွင်း ပုံဟောင်း


#lay_wadi_media #AAInfoDesk #ရခိုင် #အကြမ်းဖက်စစ်ကောင်စီ

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ULAမှ ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်


 ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်


၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း (၃) ရက်

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၁) ရက်


၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၅) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ FPNCC အဖွဲ့ဝင်များဖြစ်ကြသော UWSP/UWSA ၊ PSLF/TNLA ၊ MNTJP/MNDAA တို့အပြင် အခြား တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းများအပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းတွင် မွေးဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းများမှ ပေးပို့လာကြသည့် သဝဏ်လွှာများကို ကောင်းမွန်စွာလက်ခံရရှိပါသည်။


သဝဏ်လွှာများပေးပို့လာကြသော အဖွဲ့အစည်းများအားလုံးကို မိမိတို့ ULA/AA မှ ရက္ခိုင်ပြည်သူများ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပြီး ပေးပို့လာကြသော အဖွဲ့အစည်းအသီးသီးတိုင်း၏ ရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်ပါစေကြောင်း ဆုမွန်တောင်းပေးလိုက်ပါသည်။


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်

ထိုင်းအစိုးရက မြန်မာစစ်ရှောင် ၁ သိန်းအထိ လက်ခံမယ်လို့ပြောဆိုထားပေမဲ့ အခုအချိန်အထိ ပြင်ဆင်ဆောင်ရွက်မှု မရှိ

 ထိုင်းအစိုးရက မြန်မာစစ်ရှောင် ၁ သိန်းအထိ လက်ခံမယ်လို့ပြောဆိုထားပေမဲ့ အခုအချိန်အထိ ပြင်ဆင်ဆောင်ရွက်မှု မရှိ


BVJ/KNT_ ဧပြီ ၁၁၊ ၂၀၂၄


မြန်မာပြည်ကနေ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်အရေအတွက် ၁ သိန်းအထိ လက်ခံကူညီမယ်လို့ ထိုင်းအစိုးရက ပြောကြားထားပေမဲ့ လက်ရှိအချိန်အထိ ပြင်ဆင်ဆောင်ရွက်နေတာကို မတွေ့ ရသေးပါဘူး။ 


မြဝတီမြို့ကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မယ်ဆိုတဲ့ သတင်းက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာတဲ့အတွက် မြို့ခံတွေက ထိုင်းနိုင်ငံဘက်အခြမ်းကို ကူးလာပြီး မဲဆောက်မြို့တွင်းမှာ အဆင်ပြေသလို ကိုယ့်အစီစဉ်နဲ့ကိုယ် နေထိုင်နေကြရပါတယ်။ 


အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ထိုင်းအစိုးရအနေနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးထက် အမျိုးသားလုံခြုံရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့လည်း အခုလိုပြောပါတယ်။ 


“ထိုင်းအစိုးရက နိုင်ငံတကာမှာလည်း လူ့အခွင့်အရေးကိုစောင့်ရှောက်တဲ့အစိုးရအဖြစ်လည်းမြင်စေချင်တယ်။ ဒါပေမဲ့ လက်တွေ့မှာက ခါးတောင်းကျိုက်တခြား ဖင်တခြားဖြစ်နေတယ်။ မြဝတီက စစ်ရှောင်တွေ ဒီဘက်အခြမ်းကို ဝင်လာနေတာကို နယ်ခြားစောင့်တပ်က မသိချင်ယောင်ဆောင်ပေးတယ်။ သူတို့ပြောတဲ့ စခန်းတွေဖွင့်ပြီး လူ ၁ သိန်း လက်ခံမယ်လို့ပြောထားတဲ့အချက်ကိုတော့ အကောင်အထည်မဖော်ဘူး။ ဒါကြောင့် မဲဆောက်ကို ရောက်လာသူတွေက ကိုယ့်အစီအစဉ်နဲ့ ကိုယ် အိမ်တွေငှားရတယ်။ အစိုးရက ကူညီပြီး စခန်းတွေဖွင့်မပေးတဲ့အတွက် ပိုက်ဆံရှိတဲ့သူတွေက အဆင်ပြေပေမဲ့ ပိုက်ဆံမရှိတဲ့ လူတွေက မိတ်ဆွေတွေဆီကို အကူအညီတောင်းပြီး နေကြရတယ်” လို့ပြောပါတယ်။ 


ဧပြီ ၁၀ ရက်ကစတင်ပြီး မဲဆောက်မြို့တွင်းကို စစ်ရှောင်ဦးရေ ၅၀၀၀ပတ်ဝန်းကျင်ဝင်ရောက်နေပြီး မဲဆောက်မြို့ တွင်း ငှားစရာအခန်းမရှိတော့ဘူးလို့လည်း ဦးမိုးကြိုးကပြောပါတယ်။ ထိုင်းလူမျိုးတွေက လူမှုကွန်ရက်တွေကနေ စစ်ရှောင်တွေကို ကူညီဖို့ အလှူငွေထည့်ဝင်နေတာလည်းရှိတယ်လို့ ကိုမိုးကျိုးက ဆက်ပြောပါတယ်။ 


ဧပြီလ ၁၀ ရက်က တံတားပေါ်မှ မဲဆောက်ဘက်ကို ဝင်လာသူများ ၄၀၀၀ ကျော်ရှိပြီး ပုံမှန်နေ့များမှာ ပျမ်းမျှ ၁၉၀၀ ခန့်သာရှိတယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထားပါတယ်။ 


ထိုင်းအစိုးရဘက်ကလည်း မြန်မာနိုင်ငံက တိုက်ပွဲများကြောင့် တိမ်းရှောင်လာသော ဒုက္ခသည် ၁ သိန်းကျော်ကို နယ်စပ် တစ်လျှောက်တွင် ယာယီလက်ခံရန် ပြင်ဆင်ထားကြောင်း ဝန်ကြီးချုပ်က ပြောထားပါတယ်။


Photo: The Reporters





တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...