မောင်တောမြို့နယ်က ကြိမ်ချောင်းစခမ်းကို အာရက္ခတပ်တော် ( AA ) အပြီးသတ် သိမ်းပိုက်ရရှိ
မောင်တောမြို့နယ်က ကြိမ်ချောင်းစခမ်းကို အာရက္ခတပ်တော် ( AA ) အပြီးသတ် သိမ်းပိုက်ရရှိ
၁၂ ဧပြီ ၂၀၂၄
ရခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် နခခ (၇ ) ကြိမ်ချောင်းစခန်းကို အာရက္ခတပ်တော်AA မှအလုံးစုံသိမ်းပိုက်ရသိဟုသိရသည်။မောင်တောမြို့၏ မြို့နယ်ခွဲအဖြစ် သတ်မှတ်ထားသော ၎င်း ကြိမ်ချောင်းစခန်းသည် ဘူးသီတောင်အခြေစိုက် ( စကခ - ၁၅ )လက်အောက်ခံ ဗျူဟာအထိုင်စခန်းတစ်ခုဖြစ်ပြီး ယခင်က AA နှင့် တိုက်
ပွဲဖြစ်စဉ်က စစ်ကောင်စီတပ်သည် ဒေါင်းမာန်ဟုန် စစ်ဆင်ရေးအမည်ဖြင့် လှုပ်ရှားခဲ့သည်။
ယင်းကြိမ်ချောင်းစခန်းကို ယနေ့ ဧပြီ ၁၂ ရက် နံနက်ပိုင်းက အာရက္ခတပ်တော်မှသိမ်းပိုက်လိုက်ပြီး စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၂၀၀ ဝန်းကျင် လက်နက်ချအညံ့ခံတာရှိသည်ဟု သိရသည်။
စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၎င်း၏ သူငယ်ချင်းအရင်းရှာ ကျဆုံးခဲ့ရသည်ဟု သတင်းကြားသိစဉ်က ကြိမ်ချောင်းစခန်းသည် တစ်နေ့မဟုတ်တစ်နေ့ စခန်းကျမှာ ကြိုသိနေတယ်ဟု ဆိုပါတယ်။ '' ညီလို အကိုလို ရမ်းချစ်ခင်ရတဲ့ တပ်ဖွဲ့ဝင်တွေ တဖြုတ် တဖြုတ် ကျဆုံးသွားကတည်းက သိနေပြီ'' ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောပါတယ်။
ကြိမ်ချောင်းဗျူဟာစခန်းကို အာရက္ခတပ်တော် AA မှ မတ်လ ၅ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်တိုက်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
အာရက္ခတပ်တော်သည် ၂၀၂၄ ဧပြီလအတွင်း သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ထို့အပြင် အာရက္ခတပ်တော်အနေဖြင့် ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် လက်နက်ချအညံ့မခံသေးသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု AA မှ ပြောဆိုပါတယ်။
#lay_wadi_media #ရခိုင် #BGPmyanmar #မောင်တော
Comments
Post a Comment