စစ်ကောင်စီနှင့် ARSA / ARA တို့ပူးပေါင်းပြီး ဘူးသီးတောင်မြို့ပေါ်၌ မွတ်ဆလင်အစွန်းရောက်တွေကို အကြမ်းဖက်မှုကျူးလွန်ရန် စစ်ကောင်စီ ဦးဆောင်ပြီးလုပ်ဆောင်နေ

 စစ်ကောင်စီနှင့် ARSA / ARA တို့ပူးပေါင်းပြီး ဘူးသီးတောင်မြို့ပေါ်၌ မွတ်ဆလင်အစွန်းရောက်တွေကို အကြမ်းဖက်မှုကျူးလွန်ရန် စစ်ကောင်စီ ဦးဆောင်ပြီးလုပ်ဆောင်နေ


၁၅ ဧပြီ ၂၀၂၄







ရခိုင်ပြည် ဘူးသီးတောင်မြို့ပေါ်၌ အစွန်းရောက် မွတ်ဆလင်တချို့သည် အကြမ်းဖက်မှုတွေကျူးလွန်နေကြောင်း  ဘူးသီးတောင်မြို့ပေါ်နေ မွတ်ဆလင်အသိုင်းအဝိုင်းက အတည်ပြုပြောသည်။


စစ်ကောင်စီဟာ ဘူးသီးတောင် နှင့်မောင်တောမြို့နယ်တွင် လူမျိုးနှစ်ခုကြား လူမျိုးရေး ပဋိပက္ခကြီးကြီးမားမား ဖြစ်လာစေရန်အတွက် အစွန်ရောက် မွတ်ဆလင်တချို့ကို လက်နက် ထုတ်ပေးပြီး ARSA နှင့် ARA အကြမ်းဖက်အဖွဲ့ကို ရှေ့ထုတ်၍ စစ်ကောင်စီသည် နောက်ကွယ်ကနေ အလုံးစုံပံ့ပို့ဆောင်ရွက်နေတယ်လို့  အဓမ္မစစ်သင်တန်းပေးဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ မွတ်ဆလင်အသိုင်းအဝိုင်းကပြောသည်။


စစ်ကောင်စီကို အားပေးထောက်ခံတဲ့မွတ်ဆလင်စီးပွားရေးသမားတွေ၊ခေတ်အဆက်ဆက် စစ်တပ်အရာရှိနဲ့ဆက်စပ်သူတွေ၊အုပ်ချုပ်ရေးမှူးတွေ  စည်းရုံးလုပ်နေကြတာတွေ့ရတယ် ရိုးရိုးသားသား စီးပွားရှာစားနေတဲ့ ကျနော်တို့ရဲ့ဆိုင်တွေ၊အိမ်တွေကိုပါဖျက်ဆီးမီးရှို့ သွားကြမှာကို စိုးရိမ်နေရပါတယ်။''လို့ ဘူးသီးတောင်မြို့ပေါ်နေ ဈေးဆိုင်ပိုင်ရှင်မွတ်ဆလင်တစ်ဦးကလည်း ပြောသည်။


ဘူးသီးတောင်မြို့ပေါ်မှာ ထောင်နှင့်ချီတဲ့ မွတ်ဆလင်တွေ  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊စစ်သင်တန်းတက်ထားတဲ့မွတ်ဆလင်တွေ လုံခြုံရေးအစောင့်အရှောက်တွေကို အကာအကွယ်ယူပြီး မြို့ပေါ်နေရာအနှံ့လှည့် လည်အော်ဟစ်ကာ မီးရှို့ဖျက်ဆီးတာတွေ၊နေအိမ်ဖောက်ထွက်တာတွေ၊ပစ္စည်းတွေကို လုယူတာတွေပြုလုပ်နေတယ်လို့ မြို့ပေါ်နေမွတ်ဆလင်တွေက ဆိုကြပါတယ်။


ဘူးသီးတောင်မြို့ပေါ်မှာစစ်ကောင်စီရဲ့လက်ပါးစေမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက်သမားထောင်နဲ့ချီ လုံခြုံရေးချထားပြီး အစစ်အဆေးတင်းကြပ်စွာထားတဲ့ကြားက လက်ရေး ဇက်ရေး အကြမ်းဖက်မှုတွေပြုလုပ်နေကြတာ

ဖြစ်ပြီး ဘူးသီးတောင်မြို့ပေါ်မှာကျန်ရှိနေတခြားလူမျိုး၊တခြားဘာသာဝင်တွေကိုလည်း အကြမ်းဖက်သတ်ဖြတ်တာတွေ၊ဖမ်းဆီးနှိပ်စက်တာတွေ၊ခြိမ် ခြောက်တာတွေပြုလုပ်နေကြသလို မြို့အဝင်အထွက်အားလုံးကို ပိတ်ဆို့ထားချိန်မှာလူထောင်ချီ ခုလိုအကြမ်းဖက်မှုတွေကို စိတ်ကြိုက်ပြုလုပ်ခွင့်ရနေကြတာလို့ မြို့ပေါ်နေမွတ်ဆလင်တွေက ဝေဖန်ပြောဆိုကြပါတယ်။


#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #ဘူးသီးတောင် #Rakhine #အစွန်းရောက်

ပြည်ပရောက် ရခိုင်နှစ်သစ်ကူးသင်္ကြန်ကို ဘန်ကောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ

 ပြည်ပရောက် ရခိုင်နှစ်သစ်ကူးသင်္ကြန်ကို ဘန်ကောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ



၁၅ ဧပြီ၂၀၂၄ /ဘန်ကောက်


ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA မှ နှစ်စဉ် ဦးဆောင်ကျင်းပတဲ့ ရခိုင်နှစ်သစ်ကူးသင်္ကြန်ကို ထိုင်းနိုင်ငံ ဘန်ကောက် ဖလန်ဆောင် ဘန်ကတီ ၃၂ လမ်း မွန်ဘုန်းကြီးကျောင်း ၌ထိုင်းနိုင်ငံရောက် ရခိုင်အမျိုးသားတွေ စုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။


 ဘန်ကောက်ရောက် ရခိုင်အမျိုးသားတစ်ဦးက " ကျွန်တော်တို့ ရက္ခိုင့်အမျိုးသားအဖွဲ့က ဦးဆောင်ပြီး တော်လှန်ရေးရန်ပုံငွေ ရှာတဲ့ပွဲလို့လည်းပြောလို့ရတယ် ကျွန်တော်တို့ရခိုင်အမျိုးသား လွတ်မြောက်ရေးအတွက် တတ်နိုင်တဲ့ နေရာကဏ္ဍအသီးသီးက ပါဝင်လုပ်ဆောင်ရမယ်လို့ ကိုယ့်ကိုကိုယ်ခံယူထားတယ်။ ဒီကို လူတွေအများကြီးလာရောက် ရေကစားနေတာရှိတာပေါ့ လူမျိုးပေါင်းစုံပါပဲ ရခိုင်လို့မဟုတ်ပါဘူး ဗမာရော ကရင်ရော မွန်ရော လာရောက်ပြီး ပျော်ပျော်ပါးပါး ရေစကားတာရှိပါတယ် အားလုံးက စုစုစည်းစည်းပါပဲ "လို့ လေးဝတီမီဒီယာကိုပြောပါတယ်။


ရခိုင်နှစ်သစ်ကူးဘန်ကောက်သင်္ကြန်ကို ရခိုင်အနုပညာရှင် အဆိုတော်တချို့လည်းလာရောက် ဖျော်ဖြေသီဆိုခဲ့ကြောင့်သိရသည်။


#lay_wadi_media #Rakhine #ရခိုင် #thailand  #bangkok #သင်္ကြန်

ရှော့တိုက်ဒုံး အလုံး ၂၀ ထက်မနည်း ပစ်ခတ်မှု ဖြစ်ပေါ်နေသော ပြင်ဦးလွင်



 ရှော့တိုက်ဒုံး အလုံး ၂၀ ထက်မနည်း ပစ်ခတ်မှု ဖြစ်ပေါ်နေသော ပြင်ဦးလွင်


၂၀၂၄ ဧပြီ ၁၄ 


မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင်  ဒီနေ့ည ၉ နာရီ ၁၇ မိနစ်ကစတင်ပြီး ရှော့တိုက်ဒုံးတွေက ပထမမူလက DSA ကျောင်းကို ဦးတည်ပစ်ခတ်ခဲ့ပြီးနောက်မှာတော့ အကြမ်းဖက်မင်းအောင်လှိုင် တည်းခိုနေနိုင်တဲ့ ကန်တော်ကြီးဘေးနားက စစ်တပ်နဲ့ပတ်သက်တဲ့ အဆောက်အုံဘက်တွေမှာလည်း ပစ်ခတ်မှုတွေကြောင့် ပေါက်ကွဲမှုဖြစ်နေသည်။


ည ၉ နာရီ ၄၅ မိနစ်လောက်မှာတော့ စစ်ကားတွေ ပြင်ဦးလွင် တပ်တွေထဲက စစ်ကားတွေ သံချပ်ကာကားတွေ ထွက်လာပြီး ပြင်ဦးလွင်မြို့တစ်ခုလုံးကိုလည်း မီးဖြတ်လိုက်ပါတယ်။ 


ရှော့တိုက်ဒုံးပစ်ခတ်မှုတွေက ဒီည ၁၀နာရီကျော်အထိ ဆက်လက်ပစ်ခတ်နေပြီး စစ်တပ်ကလည်း သေနတ်တွေနဲ့ ဦးတည်ရာမဲ့ ပစ်ခတ်နေပါတယ်။ 


ပြင်ဦးလွင် စစ်တက္ကသိုလ်အတွင်းမှာတော့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲတာကြောင့် သင်တန်းသား စစ်သားတွေ ပြေးကြ လွှားကြ၊ လက်နက်တွေ ထစွဲကြနဲ့ ကမ္ဘာပျက်နေသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။ 


ရန်ကုန်ခေတ်သစ်က ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဒီ ည ၉ နာရီ ၁၇ မိနစ်မှာ ရှော့တိုက်ဒုံး ၃ လုံး၊ ၉ နာရီ ၁၉ မိနစ်မှာ ရှော့တိုက်ဒုံး ၄ လုံး၊ ၉ နာရီ ၂၇ မိနစ်မှာ ရှော့တိုက်ဒုံး ၄ လုံး ၊ ၉ နာရီ ၃၂ မိနစ်မှာ ရှော့တိုက်ဒုံး ၂ လုံး၊ ၉ နာရီ ၄၂ မိနစ်မှာ ရှော့တိုက်ဒုံး ၂ လုံး၊ ၉ နာရီ ၄၅ မိနစ်မှာတော့ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်ပါတယ်။ 


ဒါ့အပြင် ၉ နာရီ ၄၇ မိနစ်မှာ ရှော့တိုက်ဒုံး ၄ လုံး၊ ၉ နာရီ ၄၈ မိနစ်မှာ ရှော့တိုက်ဒုံး ၂ လုံး၊ ည ၁၀ နာရီမှာ ရှော့တိုက်ဒုံး ၃ လုံး ၊ ည ၁၀ နာရီ ၄ မိနစ်မှာ ရှော့တိုက်ဒုံး ၄ လုံး၊ ည ၁၀ နာရီ ၈ မိနစ်မှာ ရှော့တိုက်ဒုံး ၂ လုံး စုစုပေါင်း ရှော့တိုက်ဒုံး အလုံး ၃၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 


ပြင်ဦးလွင် နန်းမြိုင်ဟိုတယ်ထဲမှာ ဂီတပွဲလုပ်နေတာတွေလည်း ရှော့တိုက်ဒုံး ပစ်ခတ်မှုတွေကြောင့် ရုတ် ရုတ်သဲသဲနဲ့ လူစုကွဲပြီး ပြေးကြ လွှားကြ ရှိုးပွဲပါ ရပ်ဆိုင်းသွားပါတယ်။ 


လက်ရှိ သိရတာကတော့ ပြင်ဦးလွင်မြို့ပေါ်မှာ လူနာတင်ကားတချို့နဲ့ စစ်ကားတချို့ သွားလာနေတယ်လို့ သိရပါတယ်။ 


အခုသတင်းရေးသားဖော်ပြနေတဲ့အချိန်အထိ ပြင်ဦးလွင်မှာ သေနတ်သံတွေ ဆက် တိုက်ကြားနေရပြီး သင်္ကြန်ကာလ ပြင်ဦးလွင်မှာ ရောက်ရှိ အနားယူနေတဲ့ မင်းအောင်လှိုင်တော့ ကျည်ကာဝတ်ပြီး ဘန်ကာထဲ ဝင်ပုန်းနေလောက်ပြီလို့ ပြင်ဦးလွင်ပြည်သူတွေက ပြောဆိုနေကြပါတယ်။


သတင်းကိုးကား Khit Thit Media

စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ ဦး ဘင်္ဂလားဒေရှ်နိုင်ငံ ကော့ဘဇားခရိုင်ထဲကို ထပ်မံထွက်ပြေး


 စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ ဦး ဘင်္ဂလားဒေရှ်နိုင်ငံ  ကော့ဘဇားခရိုင်ထဲကို ထပ်မံထွက်ပြေး


၁၄ ဧပြီ ၂၀၂၄


စစ်ကောင်စီနယ်ခြားစောင့်တပ် အဖွဲ့ဝင် ၉ ဦးသည် ယနေ့ နံနက်ပိုင်းက  ကော့ဘဇားရှိခရိုင်  Teknaf မြို့နှင့်  Hoikang ၏ Kharankhali နယ်စပ်တွင်  ဝင်ရောက်လာခဲ့သည်ဟု ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်မှူး ဒုဗိုလ်မှူးကြီး Mohiuddin Ahmed က အတည်ပြုပြောကြားခဲ့ ကြောင်း

Theterritorialnews.com-TTN သတင်းဌာနက ဖော်ပြထားသည်။


ရခိုင်ပြည် မောင်တောမြို့နယ်ထဲက နယ်ခြားစောင့်တပ်စခန်းအများအပြား အာရက္ခတပ်တော်AAမှ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့ဝင်အများအပြား ထွက်ပြေးနေသည်ဟုသိရသည်။


ယနေ့ဧပြီလ ၁၄ ရက် မနက်ပိုင်းအချိန်က  မောင်တောမြို့ မြောက်ပိုင်းရှိငါးခူရ နယ်ခြားစောင့် စခန်းတစ်ခုလုံး ထွက်ပြေးသွားကြောင်းဒေသခံတွေကပြောသည်။ ၎င်းအပြင် ခမောင်းဆိတ်ဗျူဟာစခန်းကိုလည်း အာရက္ခတပ်တော် AA မှ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒေသံတွေပြောဆိုချက်အချက်သိရသည်။


စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည်  အလားတူ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးသွားတဲ့ သာတက အကြိမ်ကြိမ်ရှိခဲ့သည်။


#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #Rakhine #ရခိုင် #မောင်တော #နယ်ခြားစောင့်တပ်

စစ်ကောင်စီတပ်အနေနဲ့အမြန်ဆုံးလက်နက်ချ အညံ့ခံရန် AA မှထပ်မံသတိပေး

 လက်နက်ချ အညံ့မခံသည့် ရခိုင်ဒေသမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အနေနဲ့ လက်နက်ချ အညံ့ခံရန် လက်နက်ချအညံ့မခံသောတပ်စခန်းများ တစ်ခုမကျန်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု အာရက္ခတပ်တော်AA မှ ထပ်မံ့သတိပေး



၁၃ ဧပြီ ၂၀၂၄


အာရက္ခတပ်တော် AA  သည် ပြောရင် ပြောထားသလို လုပ်ဆောင်တတ်ပြီး စစ်မြေပြင်တွင်လည်း လက်တွေ့ကျကျလုပ်ဆောင်လျက်ရှိသည်။  တစ်နေ့မှမနားပဲ စစ်ကောင်စီ၏ တပ်စခန်း ဗျူဟာစခန်းများကို ဗျူဟာမြောက်ထိုးစစ်ဆင်တိုက်လျက်ရှိနေပြီး  အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေနဲ့ ယခင်ထုတ်ပြန်ထားသည့်အတိုင်း လက်နက်ချ အညံ့မခံသော တပ်စခန်းတိုင်းကို တစ်ခုမကျန် တိုက်ခိုက်သွားမည်ဟု AA မှပြောဆိုသည်။


ကြိမ်ချောင်းဗျူဟာစခန်းကဲ့သို့လက်နက်ချအညံ့မခံသည့်စစ်ကောင်စီ၏ 

နပခ /အမ်းမြို့အခြေစိုက်ဌာနချုပ် ဘူးသီးတောင် စကခ -၁၅ ဌာနချုပ်

တောင်ကုတ်အခြေစိုက် စကခ -၅ အပါအတွင်လက်ကျန်တပ်စခန်း တစ်ခုမကျန် ထိုးစစ်ဆင်ခိုက်သွားမှာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့အမြန်ဆုံး လက်နက်အညံ့ခံရန် AA မှ ထပ်မံသတိပေးလိုက်သည်။


အာရက္ခတပ်တော်သည် ဘူးသီးတောင်/မောင်တော/ အမ်း မြို့နယ်များ၌ တိုက်ပွဲဖြစ်ပွားနေလျက်ရှိနေပြီး စစ်ကောင်စီတပ်သည်လည်း ၎င်းတို့၏ စခန်းမကျဆုံးရအရေး နည်းမျိုးစုံဖြင့်ခုခံနေသော်လည်း ၂၀၂၃ နိုင်ဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့သည့် တစ်ကျော့ပြန်တိုက်ပွဲအတွင်း AAမှ မြောက်ဦးခရိုင်တစ်ခုလုံးနှင့် မြို့နယ် ၉ ခု အပါအဝင် စစ်ကောင်စီ၏ စခန်း /တပ်ရင်း /ရှေ့တန်းဌာနချုပ် ဗျူဟာစခန်းကုန်းနှင့် နယ်ခြားစောင့်စခန်းအပါဝင် စခန်းပေါင်း ၂၀၀ ကျော်ကို သိမ်းပိုက်ရယူထားနိုင်ခဲ့သည်။


ဓါတ်ပုံ / AA Info Desk


#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #ရခိုင် #Arakan  #Rakhine #အာရက္ခတပ်တော်

ဖားဆောင်းသို့ စစ်ကူလာသည့် စစ်တပ် စစ်ကြောင်း တစ်ခုလုံး ချေမှုန်းခံ

 ဖားဆောင်းသို့ စစ်ကူလာသည့် စစ်တပ် စစ်ကြောင်း တစ်ခုလုံး ချေမှုန်းနိုင်ခဲ့ပြီး  တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၅၈ ဦးကို အရှင်ဖမ်းမိ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ 



၂၀၂၄၊ ဧပြီ ၁၃


ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် အကြမ်းဖက် စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ ရာအကြမ်း ဖက်စစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့ပြီး  တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၅၈ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။


 ဧပြီလ ၁၁ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ဘောလခဲမြို့နယ်ဘက်မှ ဖားဆောင်းမြို့ဘက်သို့ စစ်ကူပေးရန် ချီတက်လာသည့် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ်ခြေလျင် စစ်ကြောင်းကို ပါပူရွာအနီးတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ချေမှုန်းခဲ့ရာ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သားအများအပြားအရှင်ဖမ်းမိပြီး စစ်ကြောင်းတစ်ခုလုံး တိုက်ခိုက်ချေမှုန်း လိုက်နိုင် ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုကို ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး - ကလလတ ၊ ကရင် နီတပ်မ တော် - KA ၊ ကြယ်ဖြူတပ်ဖွဲ့ - KNSO ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ - KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းနှင့် ခလရ ၁၃၅ တပ်ရင်း တို့ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ ၂ လကျော်ကြာမြင့်နေပြီဖြစ်ပြီး စစ်တပ် ၏လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့၏ ၈၀ ရာခိုင်နှုန်းခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။


သတင်းကိုကား ခတ်သစ်မီဒီယာ


#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #

နှစ်သစ်ဆုတောင်း( လေးဝတီ) ၂၀၂၄

 မင်္ဂလာရှိသော မြန်မာအတာသင်္ကြန် အချိန်ခါသမယတွင် 


 မြန်မာနိုင်ငံသူနိုင်ငံသားများ …ဘေးဘယာဝေးကွာ … စိတ်ငြိမ်းချမ်းသာ… 


ကိုယ်စိတ်နှစ်ဖြာ …ရွှင်လန်းကျန်းမာ သာယာအေးချမ်းပါစေကြောင့် 


ဆုမွန်ကောင်းတောင်းအပ်ပါတယ်။


🙏🙏🙏  နှစ်သစ်ဆုတောင်း ( လေးဝတီ )


#lay_wadi_media #အတာသင်္ကြန်  #ငြိမ်းချမ်းပါစေ #မြန်မာပြည်ကြီး Lay Wadi Media 


သာသနာသက္ကရာဇ် ၂၅၆၇ ခု

မြန်မာသက္ကရာဇ် ၁၃၈၅- ခုနှစ် တန်ခူးလဆန်း ( ၅ ) ရက် သင်္ကြန်အကြို့နေ့ /  ခရစ်နှစ် 2024 ဧပြီ 13 ရက် (စနေနေ့)


တိုက်ပွဲသတင်း

အကြမ်းဖက်ဝါဒ ကြီးစိုးလာနေသည့် ဘဂ်လားဒေ့ရှ်

အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းအတွင်းက ARAS - RSO စသည့် မွတ်ဆလင် အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်းများ...