စစ်ကောင်စီတပ်အနေနဲ့အမြန်ဆုံးလက်နက်ချ အညံ့ခံရန် AA မှထပ်မံသတိပေး
လက်နက်ချ အညံ့မခံသည့် ရခိုင်ဒေသမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အနေနဲ့ လက်နက်ချ အညံ့ခံရန် လက်နက်ချအညံ့မခံသောတပ်စခန်းများ တစ်ခုမကျန်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု အာရက္ခတပ်တော်AA မှ ထပ်မံ့သတိပေး
၁၃ ဧပြီ ၂၀၂၄
အာရက္ခတပ်တော် AA သည် ပြောရင် ပြောထားသလို လုပ်ဆောင်တတ်ပြီး စစ်မြေပြင်တွင်လည်း လက်တွေ့ကျကျလုပ်ဆောင်လျက်ရှိသည်။ တစ်နေ့မှမနားပဲ စစ်ကောင်စီ၏ တပ်စခန်း ဗျူဟာစခန်းများကို ဗျူဟာမြောက်ထိုးစစ်ဆင်တိုက်လျက်ရှိနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေနဲ့ ယခင်ထုတ်ပြန်ထားသည့်အတိုင်း လက်နက်ချ အညံ့မခံသော တပ်စခန်းတိုင်းကို တစ်ခုမကျန် တိုက်ခိုက်သွားမည်ဟု AA မှပြောဆိုသည်။
ကြိမ်ချောင်းဗျူဟာစခန်းကဲ့သို့လက်နက်ချအညံ့မခံသည့်စစ်ကောင်စီ၏
နပခ /အမ်းမြို့အခြေစိုက်ဌာနချုပ် ဘူးသီးတောင် စကခ -၁၅ ဌာနချုပ်
တောင်ကုတ်အခြေစိုက် စကခ -၅ အပါအတွင်လက်ကျန်တပ်စခန်း တစ်ခုမကျန် ထိုးစစ်ဆင်ခိုက်သွားမှာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့အမြန်ဆုံး လက်နက်အညံ့ခံရန် AA မှ ထပ်မံသတိပေးလိုက်သည်။
အာရက္ခတပ်တော်သည် ဘူးသီးတောင်/မောင်တော/ အမ်း မြို့နယ်များ၌ တိုက်ပွဲဖြစ်ပွားနေလျက်ရှိနေပြီး စစ်ကောင်စီတပ်သည်လည်း ၎င်းတို့၏ စခန်းမကျဆုံးရအရေး နည်းမျိုးစုံဖြင့်ခုခံနေသော်လည်း ၂၀၂၃ နိုင်ဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့သည့် တစ်ကျော့ပြန်တိုက်ပွဲအတွင်း AAမှ မြောက်ဦးခရိုင်တစ်ခုလုံးနှင့် မြို့နယ် ၉ ခု အပါအဝင် စစ်ကောင်စီ၏ စခန်း /တပ်ရင်း /ရှေ့တန်းဌာနချုပ် ဗျူဟာစခန်းကုန်းနှင့် နယ်ခြားစောင့်စခန်းအပါဝင် စခန်းပေါင်း ၂၀၀ ကျော်ကို သိမ်းပိုက်ရယူထားနိုင်ခဲ့သည်။
ဓါတ်ပုံ / AA Info Desk
#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #ရခိုင် #Arakan #Rakhine #အာရက္ခတပ်တော်
Comments
Post a Comment