အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ



အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ











၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်

အာရက္ခတပ်တော်သည် သံတွဲမြို့နယ်အတွင်းမှ ဖက်ဆစ်စစ်ကောင်စီ၏ လက်ကျန်စခန်းကြီးတစ်ခုဖြစ်သော ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (တနည်းအားဖြင့်) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းနှင့်  ၎င်းပတ်ဝန်းကျင်မှ အဆင့်ဆင့်ခုခံကြသော ရန်သူ့စစ်ကြောင်းများအား အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မောင်ရွှေလေးရွာ နှင့် ကွင်းဝိုင်းရွာအကြား၌တည်ရှိသော ဤရေတပ်စခန်းအား တစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့၊ ညနေ (၆) နာရီအချိန်တွင်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်(တပ်မတော်-ရေ) စခန်းနှင့် ၎င်းပတ်ဝန်းကျင်များ၌ စစ်ကောင်စီသည် အဆင့်ဆင့်သော ခုခံစစ်ကို လေကြောင်း၊ ရေကြောင်းပစ်ကူအများအပြားဖြင့် ခုခံခဲ့သော်လည်း အာရက္ခတပ်တော်၏ ရဲရင့်ပြောင်မြောက်ပြီး ဗျူဟာမြောက်ထိုးစစ်အောက်တွင် တစ်လအတွင်း အဆိုပါစခန်းအား လက်လွှတ်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

ဤပင်မရေတပ်စခန်း CNDSD နှင့် ၎င်းပတ်ဝန်းကျင်၌ ရန်သူ စုစုပေါင်းအင်အား ၁၂၀၀ ကျော်ရှိခဲ့သည်။ ဤရေတပ်စခန်း နေရာသည် စစ်ရှုံး၍ နေရာစုံမှ ထွက်ပြေးလွတ်မြောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လောလောလတ်လတ် စစ်သင်တန်းဆင်းလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြားသောနေရာများမှ စစ်ကူအမြောက်အမြားတို့ဖြင့် အင်အားဖြည့်တင်းထားသော နေရာလည်းဖြစ်သည်။ စစ်ကောင်စီသည် ဤစခန်းမကျစေရေးအတွက် ပင်လယ်ပြင် နှင့် စခန်းအတွင်းမှ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးပြီး ခုခံကာကွယ်ခဲ့သော စခန်းကြီးတစ်ခုဖြစ်သည်။

ဤ ရေတပ်စခန်းအား မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် (၄၀၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်။ ရန်သူသည် ၎င်းတို့၏ ဒဏ်ရာရ၊ ကျဆုံးသော သူများကို စစ်သင်္ဘောများဖြင့် သယ်ဆောင်ပြီး စစ်တွေ နှင့် ဧရာဝတီတိုင်းဖက်သို့ အကြိမ်ကြိမ်သယ်ယူရွှေ့ပြောင်းသွားနိုင်ခဲ့သည်။ ရန်သူ့အလောင်းများအား မိမိတို့မှ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်သည်။

ဤ ဖက်ဆစ် စစ်ကောင်စီ၏ ရေတပ်စခန်း ထိုးစစ်အတွင်း ထူးချွန်ပြောင်မြောက်သော အာရက္ခစစ်သည်တော်များ၊ ထိုးစစ်၏ ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ၊ အာရက္ခဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများအား လေးနက်စွာ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

စစ်ရှုံးစစ်ကောင်စီသည် စခန်းများစွန့်လွှတ်ကျရှုံးသည့်အခါတိုင်း၌ ပြုလုပ်လေ့ရှိသည့်အတိုင်း အရပ်သားပြည်သူလူထုများရှိရာသို့ လက်နက်ကြီး၊ လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့၊ နံနက် (၁၀) နာရီ (၄၇) မိနစ်အချိန်တွင် စစ်တွေမြို့ရှိ ဖက်ဆစ် စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သော စစ်တွေ၊ အမှတ် (၁၂) ရဲတပ်ရင်း အတွင်းမှလည်းကောင်း၊ နံနက် (၁၀) နာရီ (၅၇) မိနစ်တွင် စစ်တွေ၊ ပွိုင့်ရေတပ်စခန်းမှ လည်းကောင်း စစ်ကောင်စီသည် ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရပ်ရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ ဤပစ်ခတ်တိုက်ခိုက်မှုအတွင်း အပြစ်မဲ့အရပ်သားပြည်သူ လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်းသိရှိရသည်။

မောင်တောမြို့သိမ်းတိုက်ပွဲသည်လည်း ယခင်ရက်များနည်းတူ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

နောက်ဆက်တွဲ တိုက်ပွဲသတင်းများထပ်မံရရှိပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွဲ့နေ့သည့် အာရက္ခတပ်တော် AA ၏ တိုက်ပွဲမှတ်တမ်း ရုပ်သံ


 မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွဲ့နေ့သည့် အာရက္ခတပ်တော် AA ၏ တိုက်ပွဲမှတ်တမ်း ရုပ်သံ


၃၀သြဂုတ် ၂၀၂၄


မောင်တောမြို့သိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်းအချို့နှင့် တိုက်ပွဲအတွင်းဖမ်းဆီးရမိသော ARSA၊ RSO၊ ARA အကြမ်းဖက် မူဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ ဖက်ဆစ်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့မှ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင် အကြမ်းဖက် လက်နက်ကိုင်များ


ရုပ်သံ မှတ်တမ်း -AA Info Desk


#lay_wadi_media #Maungdaw #Rakhine #စစ်ကောင်စီ #RSO #ARSA #ARA #စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်

ULA / AA စိန်ခေါ်မှုနှင့် ထိုးနှက်ချက်တွေ







 စိန်ခေါ်မှုနှင့် ထိုးနှက်ချက်တွေ မြင့်မားလာနေတဲ့ ရက္ခိုင့်စစ်မြေပြင် - တစ်ဘက်မှာလည်း ရိုးသားရန်လိုအပ်သလို မိမိလူမျိုးအပေါ် ဘယ်လောက်ထိ ချစ်မြတ်နိုးသလဲ… အပြောထက် အလုပ်နဲ့ သက်သေထူရန် လိုအပ်သည်…?


ညီညီ - လေးဝတီ ၂၅ သြဂုတ် ၂၀၂၄


(၂ )

 မိမိလူမျိုးအပေါ်ဘယ်လောက် တန်ဖိုးတတ်သလဲ …?


🔴  မောင်တောမြို့က ပြည်သူတွေကို စစ်ကောင်စီ နှင့် ပူးပေါင်း နေတဲ့ RSO / ARA အကြမ်းဖက်အဖွဲ့တွေ  ထွက်သွားခွင့်မပေးဘူး ပိုက်ဆံ သိန်းချီပေးနိုင်မှ ထွက်သွားခွင့်ပြုတယ်။ မြို့ပေါ်မှ မွတ်ဆလင် လူငယ်တွေကို စစ်ကောင်စီအတွက် တပ်သားစုဆောင်းပေးတယ်။ စစ်ကောင်စီတပ်ထဲ မဝင်ချင်ရင် သိန်း၃၀ ကနေ ၆၀ အထိ RSOက တောင်းယူနေတာရှိတယ် နောက်တစ်ခုက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ  မွတ်ဆလင်တွေကို ဖမ်းဆီးပြီး စစ်ကောင်စီလက်ထဲကိုအပ်ပေးတယ်။


စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေတဲ့ ဒီမွတ်ဆလင် လက်နက်ကိုင်ဟာ မောင်တောမြို့ပေါ်ပြည်သူတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာ ငွေညစ်တာ

ဘာသာရေးအပေါ် အစွန်းရောက်နေတာ ဗုဒ္ဓဘာသာဝင် ဆိုရင် ဈေးမဝယ်ရတာ ဈေးမရောင်းရတာ မြို့ထဲကို လျှောက်သွားခွင့်မရတာ လျှောက်သွားရင် သေနတ်နဲ့ လိုက်ပစ်ခတ်တာတွေ နေ့စဉ် တွေ့နေ ကြားနေရတယ်။ လူ့အခွင့်ရေးခေါင်းစဉ်တတ်ပြီး မွတ်ဆလင် အရေးလှုပ်ရှားတက်ကြွသူတွေ မွတ်ဆလင်အမည်ခံအဖွဲ့အစည်းနှင့် ကြံရာပါ UN အပါအဝင် ဒီအကြမ်းဖက်လုပ်ရပ်အပေါ် ကန့်ကွက်ပြောဆိုတာ မတွေ့ရဘူး။ 


နောက်တစ်ချက်က မောင်တောမြို့အနီးပတ်ဝန်းကျင်က ပြည်သူတွေ အထူးသဖြင့် မွတ်ဆလင်တွေကို မြို့ပေါ်ကို စစ်ရှောင်ခိုင်းတယ်။ အရပ်သားရှိတဲ့ နေရာမှာ တိုက်ပွဲဖော်လို့လည်းမရဘူး တိုက်လို့လည်းမရဘူး ဘယ်အဖွဲ့ပဲ တိုက်တိုက်ဒါက(  Committing a war crime against humanity )လူသားမ်ျိုးနွယ်အပေါ်စစ်ရာဇဝဋ်ကျူးလွန်ခြင်းရောက်တယ်ဆိုတဲ့။ ပုံစုံမျိုးနှင့် ပြည်ပကနေပြီး မွတ်ဆလင်အရေးဦးဆောင်လှုပ်ရှားနေတဲ့ အုပ်စုတွေ ပြောဆိုနေတာတွေ့ရတယ်။ အရပ်သားရှိတဲ့ နေရာကို တိုက်ခိုက်လို့မရတဲ့အတွက် မြို့ကနေ စစ်ရှောင်ရန် AA သတိပေးထုတ်ပြန်ခဲ့တယ်။


မြန်မာနိုင်ငံတစ်ဝန်း တော်လှန်းရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း  ၇၀ ကျော်ထိ ရှိတယ်။ အဲ့ဒီအထဲမှ AA က ဘူးသီးတောင် - မောင်တော တစ်ခုတည်းကို ဦးတည်တိုက်ခိုက်နေတာမဟုတ်ပဲ ရှေ့မှာလည်း ရက္ခိုင်မြောက်ပိုင်းက မြို့တွေကိုသိမ်းပိုက်ခဲ့တာတွေ့မြင်ကြရပါမည်။စစ်ပွဲဖြစ်လာရင် စစ်ပွဲဇုန်နှင့် လွတ်ရာ လွတ်ကြောင်းစစ်ရှောင်နေကြရတာလည်း မြန်မာနိုင်ငံတစ်ဝန်း၌ သန်းနှင့်ချီတဲ့ ပြည်သူတွေ ရှိနေပါတယ်။ 


မောင်တောမြို့က ပြည်သူတွေ ကိုထွက်ခွာရန် AA မှ သတိပေးထုတ်ပြန်ချက်ကို လူ့အခွင့်ရေး ဒုဝန်ကြီးဦးအောင်ကျော်မိုးက မောင်တောပြည်သူတွေ စစ်ရှောင်ရမည့် လမ်းညွှန်ချက်တွေပါရှိရမည်လို့ AA အပေါ်တစ်သက် ဝေဖန်မေးခွန်းထုတ်ပြောဆိုတာလည်းတွေ့ရတယ်။ ဒီနေရာမှာ AA ဘက်က ဒီလမ်းကြောင်းကနေ ဒီနေရာလာခဲ့ပါ ဒီမှာနေရာထိုင်ခင်း ပြင်ဆင်ထားပါတယ်လို့ တိတိကျကျ လမ်းညွန်ချက်တွေ ဖော်ပြထားရင် စစ်ကောင်စီ လေကြောင်းကနေ လာရောက်ဗုံးမကြဲပါဘူးလို့လည်း အာမခံလို့မရဘူး နောက်တစ်ခု AA သည် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တယ် တရားဝင်အစိုးရတစ်ရပ် မဟုတ်သည့်အတွက် အရာအားလုံးကို အပြည့်အဝကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်းမရှိသေးဘူးဆိုတာ လက်ခံရပါမည်။


ရွှေဇား ကျေးရွာအုပ်စုကလွဲ၍ မောင်တောမြောက်ပိုင်းတစ်ခုလုံးက AA ထိမ်းချုပ်မှုအောက်ကို ဇွန်လကုန် ဇူလိုင်လထဲ ရောက်သွားပြီး အဲ့ဒီဘက်မှာ စစ်ရှောင်ရမည့်နေရာတွေ အများကြီးရှိတယ် မောင်တောမြို့က ဒီမွတ်ဆလင်ပြည်သူတွေကို ဘယ်လို့စစ်ရှောင်ရမလဲ မြေပြင်မှာရှိနေတဲ့ ULA အုပ်ချုပ်ရေးထဲမှာ ရဲအရာရှိမွတ်ဆလင်တွေအများကြီးရှိတယ်။ ဘယ်လိုဆက်သွယ်ပြီး ဒီပြည်သူတွေကို ဘယ်လိုကယ်တင်ရမလဲ ? ဆိုတာ အဓိက လုပ်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တယ် ဒီလို ပူးပေါင်းဆောက်ရွက်တာလဲ မတွေ့ရဘူး ။ ဘူးသီးတောင်နှင့် မောင်တောကို Safe zone- No-fly zone သီးသန့် မွတ်ဆလင်ဒေသအဖြစ်ရရှိရေး နိုင်ငံတကာကို တောင်းဆိုကြိုးပမ်းနေတာကိုပဲတွေ့နေရတယ်။


သြဂုတ်လ ၅ ရက်နေ့ညမှာ မောင်တောမြို့က မွတ်ဆလင်တွေ အမျိုးသမီး နှင့် ကလေးအပါအဝင် လူဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ရသည်ကိုလည်း စိတ်မကောင်းစွာ တွေ့မြင်ခဲ့ရတယ်။ ဒီသေဆုံးနေတဲ့ မြင်ကွင်းကို အုပ်စု ( ၂ ) စု ခွဲကြည့်လိုက်ရင် နံပါတ် ၁ ခြံစည်းရိုးအနီးသေဆုံးတဲ့  လူ၂၀ ကျော်ဝန်းကျင်အုပ်စုမှာ လက်နက်ငယ်ဖြင့် အနီးကပ်ပစ်ခတ်ခံရတဲ့လူတွေ နောက်ပြီး မြေမြိုပ်မိုင်းနင်းပြီး ခြေတောက်ပြတ်ထွက်သွားတဲ့ လူတွေကိုတွေ့ရတယ်။ နံပါတ် ၂ စက်လှေနစ်မြုပ်၍ သေဆုံးသွားတဲ့ လူတွေ စက်လှေမှောက်ပြီ နစ်မြုပ်သွားအထဲမှာ လူရာချီရှိနိုင်တယ်လို့ ခန့်မှန်းရတယ်။ ဒီနေရာကို ဓါတ်ပုံ- ရုပ်သံ တွေရိုက်ပြီး AA  က ဒရုန်း၅၀ လောက်နဲ့ ဗုံးကြဲခဲ့လို့ သေဆုံးရတာပါ စစ်ကောင်စီက ဒရုန်းမသုံးဘူး ARSA မှာ လက်နက်ကောင်းမရှိဘူး စသဖြင့် စစ်တပ်နှင့် ARSA ကိုကာကွယ်ပြီး  ပြည်ပသတင်းမီဒီယာတွေမှာ မွတ်ဆလင်ရေးလှုပ်ရှားတက်ကြွသူတွေ AA အပေါ် ဝါဒဖြန့် စွပ်စွဲပြောဆိုပြန်တယ်။  


   အပြောထက် အလုပ်နှင့် သက်သေထူရန်လို့အပ်သည်


ရက္ခိုင်ဒေသတွင် ဆယ်စု နှစ်ပေါင်းများစွာ အတူယှိုင်တွဲ နေထိုင်လာကြတဲ့ ရခိုင် နှင့် မွတ်ဆလင်လူမျိုးတွေ အတူယှိုင်တွဲနေထိုင်ရေး နှင့် သဟဇာတဖြစ်ရေးအတွက် ဘယ်လို ရှေ့ဆက်မလဲ ဒီဒေသကို ဘယ်လောက်ထိတန်ဖိုးထားတတ်လဲ ဆိုတာ လုပ်ရပ်အပေါ်မှာပဲ ပိုပြီးအက္ခရာကျပါတယ်။

မွတ်ဆလင်လူမျိုးတွေ ပျောက်ကွယ်သွားမှ ငါတို့ရခိုင်လူမျိုးငြိမ်းငြိမ်းချမ်းချမ်းနေလို့ရမည်ဆိုတဲ့ အမြင်တွေ ရခိုင်လူမ်ျိုးတွေ ပျောက်ကွယ်သွားမှ ငါတို့ မွတ်ဆလင်ကောင်းကောင်းနေလို့ရမည် ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်တွေကို နှစ်ဘက်အသိုင်းအဝိုင်းက ပြုပြင်ရပါမည် မဲ့ပစ်ရပါမည်။


တစ်နောက်တစ်ခုက အလွန်အရေးကြီးတဲ့ အခေါ်အဝေါ်တွေ ( ဘင်္ဂါလီ- ရိုဟင်ဂျာ )  ဘင်္ဂါလီလား ရိုဟင်ဂျာလားဆိုတာ သမိုင်းကြောင်းအရ သက်ဆိုင်နေတဲ့အတွက် ဒီနေရာမှာ( စာရေးသူအနေနဲ့ ဘယ်ဟာက မှန်တယ်လို့ ) ပြောဖို့ခက်ပါတယ်။ အစိုးရအဆက်ဆက် နိုင်ငံသားဖြစ်ခွင့် အသိမှတ်မပြုခံရတဲ့ မွတ်ဆလင်တွေ အနေနဲ့ ( ရခိုင်တစ်ကျပ် - ရိုဟင်ဂျာတစ်ကျပ် ) တောင်းဆိုနေတာထက် လက်တွေ့ကျကျ လုပ်ဆောင်ရမှာက ဒီဒေသက ရခိုင်လူမျိုးတွေနဲ့ သဟဇာတဖြစ်ဖို့ရန်က ပထမ ဦးစားပေးလုပ်ဆောင်သင့်တယ်လို့မြင်တယ်။ မဖြစ်မနေ လုပ်ဆောင်ရပါမည် ဒီလို လက်တွေ့ကျပြီး တစ်ဆင့်ရှင်းစီသွားမှ သာလျင်ပိုပြီးချော့မွေ့ပါမည်။


ဒီဒေသ လွတ်မြောက်တိုးတက်ချင်ရင် ဒီဒေသမှာ နေထိုင်တဲ့ လူမျိုးဘာသာမရွေး လူတိုင်းကိုယ်စီ အပြောမဟုတ်ပဲ လက်တွေ့ကျကျ စိတ်ရှည်သေးခံ အနစ်နာခံမှုတွေနှင့် အနာဂတ်ရည်ရှည်ကိုတွဲပြီး ပူးပေါင်းဆောင်ရွက်ဖို့က အင်မတန် အရေးကြီးပါတယ်။


ပြီးပါပြီ - ညီညီ ……


( လိုအပ်ချက်တွေ မှားယွင်းနေတာတွေ များစွာရှိနိုင်တယ် စာရေးသူမှာ ဒီထက်ကျယ်ပြန့်တဲ့ အတွေးအမြင်နည်းပါးမှုသာဖြစ်ပါတယ် )


#lay_wadi_media #စစ်ကောင်စီ #Maungdaw #Buthidaung #Rakhine #မွတ်ဆလင်

စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်အဖွဲ့က ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင်းမဲ့ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခံရသည့်အတွက် အရေးယူ ဆောက်ရွက်သွားမည်ဟု AA ပြောဆိုသည်။




 

စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်အဖွဲ့က  ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင်းမဲ့ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခံရသည့်အတွက် အရေးယူ ဆောက်ရွက်သွားမည်ဟု AA ပြောဆိုသည်။


၂၂ ဇူလိုင် ၂၀၂၄


ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင် နေထိုင်ကြသော ခမီလူမျိုး  ၇ ဦးကို စစ်တပ်ကအကြမ်းဖက်သင်တန်းပေးထားသော အစွန်းရောက် မွတ်ဆလင် လက်နက်ကိုင်များက သတ်ဖြတ်ခဲ့ကြောင်းသိရသည်။


တောတောင်ကို မှီခိုပြီး ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့  ဒေသခံအပြစ်မဲ့ ပြည်သူ ၇ ဦးသည်။ မျှစ်သွားချိုးရန် နေအိမ်မှ  ဇူလိုင်လ ၁၈ ရက် နံနက် ၁၁ နာရီကျော် အချိန်တွင် ထွက်သွားကြသည်ဟုသိရသည်။


အဆိုပါ ၇ ဦးသည် တစ်ရက်ကြာမြင့်သည်အထိ ၎င်းတို့၏ နေအိမ်များအသီးသီးသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသောကြောင့်  ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ၎င်းတို့၏ မိသားစုဝင်များမှ အာရက္ခတပ်တော်အား အကြောင်းကြားပြီး အာရက္ခတပ်တော်AA မှ  ဂန္ဓာရီရွာသားများနှင့် စုပေါင်းပြီး ၎င်းတို့သွားရောက်နိုင်မည့်နေရာများနှင့် အနီးအနားကျေးရွာများကို လိုက်လံရှာဖွေခဲ့ကြပါပြီး ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင် လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒဏ်ရာများဖြင့် ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ခံထားရသော ဦးဦးလှထွန်း၊ ဦးကျော်လှ နှင့် ဦးမောင်ထွန်းတို့ ၃ ဦး၏ ရုပ်အလောင်းကို  ဇူလိုင်လ ၁၉ ရက် မွန်းတည့် ၁၂နာရီ အချိန်ခန့်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ယမန်နေ့ ဇူလိုင် ၂၁ ရက်တွင် AA မှ ထုတ်ပြန်ထားသည်။


ကျန်ရှိသော အခြားသော ၄ ဦး ဖြစ်တဲ့ ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦး နှင့် ဦးကြာထွန်းဦး တို့ကိုလည်း   ဇူလိုင်လ  ၂၀ရက် နေ့လယ် ၁နာရီအချိန် ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီး၌ ဓါးဒဏ်ရာများနှင့် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ပြီးကြောင်း AA ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။


အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြသောသူများအား အာရက္ခတပ်တော် AA မှ အမြန်ဆုံးရှာဖွေဖော်ထုတ်ပြီး အရေးယူသွားမည်ဖြစ်၍ ထို့အပြင် အာရက္ခဒေသနေပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် နှင့် လုံခြုံရေးတို့အား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော ဖက်ဆစ်စစ်ကောင်စီနှင့် အကြမ်းဖက်လက်နက်ကိုင် မူဆလင်များအား ထိုက်သင့်သော တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်သွားမည်ဟုသိရသည်။


ဘူးသီးတောင်နှင့် မောင်တော ဒေသတွင် ဖက်ဆစ်စစ်ကောင်စီသည် မူဆလင်များအား အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးခြင်းများကို ဆက်တိုက် ပြုလုပ်ပေးသည့် နောက်ပိုင်းတွင် အရပ်သားပြည်သူတို့အား အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်း၊ အရပ်သားပြည်သူများသွားလာသည့်လမ်းများ၌ မိုင်းထောင်ခြင်း၊ ရပ်ရွာအချို့ကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူပိုင်အိမ်များအား ဖောက်ထွင်းလုယက်ခြင်းများ၊ ခြိမ်းခြောက်စာများကပ်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်လာသောကြောင့် အရပ်သားပြည်သူများအနေဖြင့်အထူးဂရုပြုသွားလာကြရန် နှင့် သတိဖြင့်နေထိုင်ကြရန်AA က သတိပေး ပြောဆိုထားသည်။


#lay_wadi_media #စစ်ကောင်စီ #ArakanArmy #Rakhine #Maungdaw #Buthidaung


အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်များမှ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင်းမဲ့ ရက်ရက်စက်စက် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်




 ဖက်ဆစ်စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်များမှ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင်းမဲ့ ရက်ရက်စက်စက် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်


၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်


ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင် နေထိုင်ကြသော ခမီလူမျိုး (၇) ဦးတို့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၁) နာရီအချိန်တွင် မျှစ်သွားချိုးရန် ထွက်သွားကြသည်။ အဆိုပါ (၇) ယောက်အုပ်စုသည် (၂၄) နာရီ (သို့မဟုတ်) တစ်ရက်ကြာမြင့်သည်အထိ ၎င်းတို့၏ နေအိမ်များအသီးသီးသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသောကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ၎င်းတို့၏ မိသားစုဝင်များမှ အာရက္ခတပ်တော်အား သတင်းပို့လာသဖြင့် မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဂန္ဓာရီရွာသားများစုပေါင်းပြီး ၎င်းတို့သွားရောက်နိုင်မည့်နေရာများနှင့် အနီးအနားကျေးရွာများကို လိုက်လံရှာဖွေခဲ့ကြပါသည်။


ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင် လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒဏ်ရာများဖြင့် ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ခံထားရသော ဦးဦးလှထွန်း၊ ဦးကျော်လှ နှင့် ဦးမောင်ထွန်းတို့ (၃) ဦး၏ ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ မွန်းတည့် (၁၂) နာရီ အချိန်ခန့်တွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။


ထို့အတူ အခြားသော (၄) ယောက် ဖြစ်ကြသော ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦး နှင့် ဦးကြာထွန်းဦး တို့ကိုလည်း  ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်၊ နေ့လယ် (၁) နာရီအချိန် ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီး၌ ဓါးဒဏ်ရာများနှင့် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။


ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင်နေထိုင်ကြသော ၎င်းအပြစ်မဲ့ပြည်သူ ခမီလူမျိုး (၇) ဦးတို့မှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြသူများဖြစ်ပြီး ဝမ်းရေးအတွက် ဟင်းရှာသွားကြစဉ်အတွင်း ဖက်ဆစ်စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်များ၏ ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းပြည်သူ (၇) ဦး၏ ရုပ်အလောင်းများအား မိမိတို့ အာရက္ခတပ်တော်မှ ရွာသူရွာသားများနှင့်ပူးပေါင်းကာ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ပြီး လိုအပ်သော အကူအညီများကိုလည်း ဆက်လက်ပေးအပ်ခဲ့ပါသည်။ ဤကဲ့သို့ အကြမ်းဖက်ခံရ၍ သေဆုံးသွားခဲ့ရသော  ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ အပြစ်မဲ့ပြည်သူ (၇) ဦး၏ မိသားစုများနှင့်ထပ်တူ မိမိတို့မှ ဝမ်းနည်းရပါသည်။


ဘူးသီးတောင်နှင့် မောင်တော ဒေသတွင် ဖက်ဆစ်စစ်ကောင်စီသည် မူဆလင်များအား အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးခြင်းများကို ဆက်တိုက် ပြုလုပ်ပေးသည့် နောက်ပိုင်းတွင် အရပ်သားပြည်သူတို့အား အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်း၊ အရပ်သားပြည်သူများသွားလာသည့်လမ်းများ၌ မိုင်းထောင်ခြင်း၊ ရပ်ရွာအချို့ကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူပိုင်အိမ်များအား ဖောက်ထွင်းလုယက်ခြင်းများ၊ ခြိမ်းခြောက်စာများကပ်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်လာသောကြောင့် အရပ်သားပြည်သူများအနေဖြင့် ဟင်းရှာဖွေခြင်း၊ သွားလာခြင်း၊ နေထိုင်ခြင်းများကို အထူးဂရုပြုသွားလာကြရန် နှင့် သတိဖြင့်နေထိုင်ကြရန်သတိပေးလိုက်ပါသည်။


ဤအကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြသောသူများအား အာရက္ခတပ်တော်မှ အမြန်ဆုံးရှာဖွေဖော်ထုတ်ပြီး အရေးယူသွားမည်ဖြစ်သည်။ ထို့အပြင် အာရက္ခဒေသနေပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် နှင့် လုံခြုံရေးတို့အား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော ဖက်ဆစ်စစ်ကောင်စီနှင့် အကြမ်းဖက်လက်နက်ကိုင် မူဆလင်များအား ထိုက်သင့်သော တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်သွားမည်ဖြစ်သည်။



အာရက္ခတပ်တော်

မောင်တောမြို့အဝင်က စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ရင်း နခခ ၅ ကို အာရက္ခတပ်တော် AA မှ စတင်ထိုးစစ်ဆင်နေ

 မောင်တောမြို့အဝင်က စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ရင်း နခခ ၅ ကို အာရက္ခတပ်တော် AA မှ စတင်ထိုးစစ်ဆင်နေ


၇ ဇွန်လ ၂၀၂၄




ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ရင်းကြီးတစ်ခုဖြစ်သည့် နခခ ၅ ကိုအာရက္ခတပ်တော်မှ ယနေ့ ညပိုင်းအချိန်က စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်။


မောင်တောမြို့နယ်တောင်းပိုင်းက စစ်ကောင်စီ၏ နယ်ခြားစောင့်တပ် နခခ ၆ အင်းဒင်နှင့် နခခ ၉ မြင်းလွှတ်ကို ယနေ့ ဇွန်လ ၇ ရက်တွင်အာရက္ခတပ်တော်AA မှ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဘူးသီးတောင်နှင့် မောင်တောမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးဘေးတွင် အခြေစိုက်ထားသည့် မောင်တောမြို့အဝင် မြို့သူကြီး နခခ ၅ တပ်ရင်းကို ယနေ့ ညနေပိုင်းက AA မှ ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိသည်။


မြို့သူကြီးတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ရင်း နခခ ၅ တွင် ဘူးသီးတောင်မှ ထွက်ပြေးလွတ်မြောက်နေသော  စကခ မှူးကိုယ်တိုင်ယင်း နခခ ၅ တွင်စစ်ရေးအရ စီမံကွပ်ကဲနေသည်ဟုသိရှိရသည်။


အာရက္ခတပ်တော်AA မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး နှစ်ဖက်ပစ်ခတ်နေတဲ့ လက်နက်ကြီး လက်ငယ် အသံတွေ ဒရုန်းဗုံးချသံတွေကို မောင်တောမြို့က ကြားနေရသည်ဟု မောင်တောဒေသခံတွေကပြောဆိုသည်။


စစ်ရှုံးနေတဲ့ စစ်ကောင်စီသည် မောင်တောမြို့အနီးပတ်ဝန်းကျင်၌ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့်  ၂ ရက်ဆက် လာရောက်ဗုံးကြဲနေသည်ဟုလည်း ဒေသခံတွေပြောဆိုချက်အရသိရသည်။


 ရက္ခိုင်ဒေသအတွင်း  စစ်ကောင်စီ လက်အောက်၌ ကျန်ရှိနေသေးတဲ့ မောင်တော/ စစ်တွေ/ အမ်း/ ကျောက်ဖြူ/  တောင်ကုတ် / သံတွဲ/  မာန်အောင် /ဂွ  စသည့် မြို့နယ်က စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့ ဌာနချုပ် အားလုံးကို တစ်ခုမကျန်တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူများအနေနဲ့ တိုက်ပွဲကြား ကြားညပ်မသွားရအောင် ကြိုတင်ရှောင်ရှားရန် အာရက္ခတပ်တော်မှ သတိပေးထုတ်ပြန်ထားသည်။ အာရက္ခတပ်တော်AAသည် ရက္ခိုင်ပြည် တစ်ခုလုံး လွတ်မြောက်သည်အထိ တိုက်ပွဲဝင်သွားမည်ဟုလည်း ပြောဆိုထားသည်။


ဓါတ်ပုံ - စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ရင်း နခခ ၅


#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #Maungdaw #နခခ၅ #Rakhine #ရခိုင်

သံတွဲ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမြန်ရေယာဉ်ငယ် ( Speed Boat တစ်စီးအား )အာရက္ခတပ်တော်AA မှ တိုက်ခိုက်နစ်မြုပ်

 သံတွဲ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမြန်ရေယာဉ်ငယ် ( Speed Boat တစ်စီးအား )အာရက္ခတပ်တော်AA မှ တိုက်ခိုက်နစ်မြုပ်


၂၀၂၄ ခုနှစ် ၊ ဇွန်လ ပထမပတ် အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ

ကို AA မှ ထုတ်ပြန်

၂၀၂၄ ခုနှစ်၊ ဇွန်လ (၇) ရက်



အာရက္ခဒေသအတွင်းတိုက်ပွဲများသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ပထမပတ်အတွင်း၌ မောင်တော၊ သံတွဲနှင့် အမ်း မြို့နယ်များအတွင်း အဓိကဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။ အခြား တစ်ဖက်တွင် စစ်ကောင်စီအကြမ်းဖက်သင်တန်းဆင်း မူဆလင်များ၊ ARSA၊ ARA နှင့် RSO မူဆလင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များနှင့် မိမိတို့သည် ဘင်္ဂလာနယ်စပ်တစ်လျှောက်၌ ရံဖန်ရံခါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ 


အာရက္ခဒေသအတွင်း၌ စစ်စခန်းများ မြောက်မြားစွာမကျန်တော့သည့် စစ်ကောင်စီသည် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကိုသာ အဓိကပြုလုပ်ခြင်း၊ ရက္ခိုင်-မူဆလင် လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိပြုလုပ်လျက်ရှိသည်။ ထို့အပြင် အရပ်သားပြည်သူလူထုများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အရပ်သားပြည်သူလူထုများ သွားလာသည့်လမ်းများတွင် မိုင်းထောင်ခြင်းများကို ယခင်ထက် ပိုမိုလုပ်ဆောင်လျက်ရှိသည်။ 


ဘူးသီးတောင်မြို့ရှိ ရန်သူစစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်ပြီးသည့်အချိန်တွင် ဘူးသီးတောင်နှင့် နယ်မြေချင်းကပ်လျက်ရှိသော မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ အချို့ကို ဇွန်လ (၂) ရက်နေ့မှစတင်၍ အာရက္ခတပ်တော်သည် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိရာ- 


(၁) “တာဝါတိုင်စခန်း” အား ဇွန်လ (၂) ရက်၊ ညနေ (၅) နာရီအချိန်တွင်လည်းကောင်း၊ 


(၂) “ကျောက်ပန္ဒူစခန်း” အား ဇွန်လ (၃) ရက်၊ နံနက် (၅) နာရီ (၄၀) မိနစ်တွင်လည်းကောင်း၊ 


(၃) “ခွဆုံပြင်စခန်း” ကို ဇွန်လ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၅) မိနစ်အချိန်တွင်လည်းကောင်း၊ 


(၄) “မြင်းလွှတ်စခန်း” ကို ဇွန်လ (၄) ရက်နေ့၊ နံနက် (၇) နာရီ (၃၀) မိနစ်အချိန်တွင်လည်းကောင်း 


(၅) “အင်းဒင်စခန်း” (သို့မဟုတ်) “နခခ (၆) စခန်း” အား ဇွန်လ (၆) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် လည်းကောင်း၊


(၆) “နခခ (၉) စခန်း” အား ဇွန်လ (၇) ရက်နေ့၊ နေ့လယ် (၃) နာရီအချိန်တွင်လည်းကောင်း အသီးသီး အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။ 


စစ်ကောင်စီ၏ ဘူးသီးတောင်၊ မောင်တောရှိစခန်းများမှ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိမိတို့မှ လိုက်လံရှင်းလင်းလျက်ရှိသကဲ့သို့ စစ်ကောင်စီ၏ အခြားသော လက်ကျန်စခန်းများဖြစ်သော “နခခ(၄)” ၊ “မောရဝတီ” ၊ “အလယ်သံကျော်” ၊ “နားခေါင်းတိုစခန်း” များ အပါအဝင် တခြားလက်ကျန်စခန်းများကိုလည်း မိမိတို့မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စောစီးစွာလက်နက်ချအညံ့ခံ ပါက အသက်အန္တရာယ်ကင်းဝေးမည်ဖြစ်သည်။


အာရက္ခတပ်တော်မှ ဘူးသီးတောင်မြို့အား မသိမ်းပိုက်မီ ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်နေ့၊ မွန်းတည့် (၁၂)  နာရီကတည်းကပင် စစ်ကောင်စီသည် မောင်တောမြို့အတွင်းသို့ ဝင်ရောက်နိုင်သည့် ကုန်းလမ်းများကို ပိတ်ဆို့ထားသကဲ့သို့ အချို့သောတံတားများကိုလည်း ဖျက်ဆီးထားပြီးဖြစ်သည်။ မေလ (၆) ရက်နေ့တွင် "လဘော်ဇားတံတား” ၊ မေလ (၇) ရက်နေ့တွင် "ကံကျမြောက်ရွာတံတား” ၊ မေလ (၈) ရက်နေ့၌ "(၃) မိုင် တံတား” ၊ “သံတံတား"နှင့် "ရွာသစ်ကေတံတား" တို့အား မိုင်းခွဲဖျက်ဆီးထားခဲ့ပြီးဖြစ်သည်။


မောင်တော၏ အထက်ဖော်ပြပါနေရာများအပြင် အခြားနေရာများ၌လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွား လျက်ရှိပြီး ၎င်းတိုက်ပွဲများအထဲမှ ဇွန်လ (၃) ရက်နေ့၊ နေ့လယ် (၁) နာရီခန့်အချိန်တွင် မောင်တောမြို့၊ မြောက်ပိုင်း၊ သာယာကုန်းရွာမြောက်ဘက် မီတာ (၂၀၀) ခန့်အကွာတွင် စစ်ကောင်စီ၏ မောင်တောမြို့၊ (၄) မိုင်၊ နခခ (၂) မှ စစ်ကြောင်းတစ်ခုနှင့် အာရက္ခတပ်တော်တို့သည် တစ်နာရီခန့်ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ရန်သူသည် အထိနာပြီး နောက်ဆုတ်သွားခဲ့သော်လည်း ဇွန်လ (၄) ရက်၊ နံနက် (၈) နာရီ အချိန်တွင် အဆိုပါဆုတ်ခွာသွားသော ရန်သူများနှင့် ညနေ (၃) နာရီခန့်အချိန်အထိ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ သာယာကုန်းရွာပတ်ဝန်းကျင်မှ ရွာသား (၅) ဦးကိုလည်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 


တိုက်ပွဲကာလအစ ဇွန်လ (၄) ရက်၊ ညနေ (၄) နာရီခန့်တွင် စစ်ကောင်စီတပ်၏ နခခ (၂) စစ်ကြောင်းသည် သာယာကုန်းရွာမှ ဦးမောင်လှသန်း၊ ဦးထွန်းနုစိန်၊ ဦးလှထွန်းနှင့် မကျည်းကုန်းရွာမှ ဦးဒူးရီနှင့် ဦးလှသိန်း တို့အား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ အဖမ်းဆီးခံရသူများထဲမှ ဦးမောင်လှသန်း တစ်ဦးမှလွဲ၍ ကျန် (၄) ဦးမှာ လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရှိရသည်။


ထို့အတူ ဇွန်လ (၇) ရက်၊ ယနေ့တွင်လည်း သာယာကုန်းရွာပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန် နေခဲ့သည်။ မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၂၀၀) ခန့်အကွာရှိ တောင်ကုန်းနှင့် မြောက်ဘက်မီတာ (၂၀၀) ခန့်အကွာရှိ တောင်ကုန်းနှစ်ကုန်းရှိ စစ်ကောင်စီ၏ စစ်စခန်းနှစ်ခု ကိုလည်း ဇွန်လ (၇) ရက်၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ နခခ (၂) ၏ ကာကင်းစခန်းနှစ်ခုဖြစ်သော ဤစခန်းနှစ်ခုအား လွန်ခဲ့သောနှစ်ရက်ကတည်းကပင် ဝိုင်းရံပိတ်ဆို့ထားပြီး ယနေ့တွင် အပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မောင်တောမြို့ဘက်ရှိ သီဟိုဠ်ခြံ နှင့် နခခ (၂) ဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။ ဤတိုက်ပွဲအတွင်းမှ ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။


သံတွဲမြို့နယ်၊ ဒေါ်ပွဲခုံကျေးရွာ၏ အနောက်မြောက်ဘက် (၃) ကီလိုမီတာအကွာအဝေး နှင့် ဂေါ့တ် (Gawt) တောင်တန်းအနီးတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂/၃)  ရက်နေ့များ၌ တိုက်ပွဲများ အသီးသီးဖြစ်ပွားခဲ့သည်။ ရန်သူသည် ပင်လယ်ပြင်မှ စစ်သင်္ဘော (၃) စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်များဖြင့် ၎င်းနေရာအား အသည်းအသန်ခုခံနေခဲ့သော်လည်း အာရက္ခတပ်တော်မှ သတ္တိ၊ ဗျူဟာမြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် ရန်သူ့ဘက်မှ အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ကစဥ့်ကလျား ထွက်ပြေးလျက်ရှိသည်။ သံတွဲ၊ ဂေါ့ ပတ်ဝန်းကျင်တိုက်ပွဲများအတွင်း ရန်သူ၏ Speed Boat တစ်စီးအား မိမိတို့မှ နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်။ 


ရန်သူအလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကိုလည်း ကမ်းခြေတစ်လျှောက် လိုက်လံရှင်းလင်းလျက်ရှိသည်။ ဤတိုက်ပွဲဖြစ်ပွားနေသောနေရာများသည် သံတွဲ၊ ငပလီ (မဇင်) လေယာဉ်ကွင်း၏ အနောက် မြောက်ဘက် (၂.၆) ကီလိုမီတာနှင့် (၆.၅) ကီလိုမီတာခန့်သာ ကွာဝေးသည်။


ထို့အပြင် အမ်းမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီ၏ တောဟိန်းတောင်စခန်းအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေးအတွက် မိမိတို့မှ ကြိုးပမ်းလျက်ရှိသောကြောင့် တောဟိန်းတောင်ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်။ 


ထို့ကြောင့် ဇွန်လ၊ ပထမအပတ်သည် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မိမိတို့ အာရက္ခစစ်သည်များ၏ တစ်ပတ်တာ ထိုးစစ်အတွင်း မျက်မြင်နှင့် ဖမ်းဆီးရမိထားသောသုံ့ပန်းများအဆိုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသည့် အရေအတွက်မှာ (၄၀၀) အထက်ရှိခဲ့သည်။ အဆိုပါ သေဆုံးသူများထဲတွင် တိုက်ပွဲအတွင်းမှ ထွက်ပြေး၍ ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများ ပါဝင်ခဲ့သည်။  အမ်း၊ သံတွဲဘက် တိုက်ပွဲများအတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ဦးထက်မနည်း သေဆုံးခဲ့သည်။ 


လက်နက်ခဲယမ်းအမြောက်အမြားနှင့်အတူ စစ်ကောင်စီသုံ့ပန်းအမြောက်အမြားကို ဖမ်းဆီးရမိခဲ့သည်။ ဤ တစ်ပတ်တာ ထိုးစစ်များအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြသော စစ်သည်တော်များကို အာရက္ခတပ်တော်၊ စစ်ရုံးချုပ်မှ လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။



အာရက္ခတပ်တော်


ဓါတ်ပုံ /AA Info Desk

#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #Rakhine #Maungdaw #နခခ၉ #ရခိုင် #သံတွဲ

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...