မောင်တောမြို့အဝင်က စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ရင်း နခခ ၅ ကို အာရက္ခတပ်တော် AA မှ စတင်ထိုးစစ်ဆင်နေ
မောင်တောမြို့အဝင်က စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ရင်း နခခ ၅ ကို အာရက္ခတပ်တော် AA မှ စတင်ထိုးစစ်ဆင်နေ
၇ ဇွန်လ ၂၀၂၄
ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ရင်းကြီးတစ်ခုဖြစ်သည့် နခခ ၅ ကိုအာရက္ခတပ်တော်မှ ယနေ့ ညပိုင်းအချိန်က စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
မောင်တောမြို့နယ်တောင်းပိုင်းက စစ်ကောင်စီ၏ နယ်ခြားစောင့်တပ် နခခ ၆ အင်းဒင်နှင့် နခခ ၉ မြင်းလွှတ်ကို ယနေ့ ဇွန်လ ၇ ရက်တွင်အာရက္ခတပ်တော်AA မှ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဘူးသီးတောင်နှင့် မောင်တောမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးဘေးတွင် အခြေစိုက်ထားသည့် မောင်တောမြို့အဝင် မြို့သူကြီး နခခ ၅ တပ်ရင်းကို ယနေ့ ညနေပိုင်းက AA မှ ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိသည်။
မြို့သူကြီးတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ရင်း နခခ ၅ တွင် ဘူးသီးတောင်မှ ထွက်ပြေးလွတ်မြောက်နေသော စကခ မှူးကိုယ်တိုင်ယင်း နခခ ၅ တွင်စစ်ရေးအရ စီမံကွပ်ကဲနေသည်ဟုသိရှိရသည်။
အာရက္ခတပ်တော်AA မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး နှစ်ဖက်ပစ်ခတ်နေတဲ့ လက်နက်ကြီး လက်ငယ် အသံတွေ ဒရုန်းဗုံးချသံတွေကို မောင်တောမြို့က ကြားနေရသည်ဟု မောင်တောဒေသခံတွေကပြောဆိုသည်။
စစ်ရှုံးနေတဲ့ စစ်ကောင်စီသည် မောင်တောမြို့အနီးပတ်ဝန်းကျင်၌ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ၂ ရက်ဆက် လာရောက်ဗုံးကြဲနေသည်ဟုလည်း ဒေသခံတွေပြောဆိုချက်အရသိရသည်။
ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီ လက်အောက်၌ ကျန်ရှိနေသေးတဲ့ မောင်တော/ စစ်တွေ/ အမ်း/ ကျောက်ဖြူ/ တောင်ကုတ် / သံတွဲ/ မာန်အောင် /ဂွ စသည့် မြို့နယ်က စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့ ဌာနချုပ် အားလုံးကို တစ်ခုမကျန်တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူများအနေနဲ့ တိုက်ပွဲကြား ကြားညပ်မသွားရအောင် ကြိုတင်ရှောင်ရှားရန် အာရက္ခတပ်တော်မှ သတိပေးထုတ်ပြန်ထားသည်။ အာရက္ခတပ်တော်AAသည် ရက္ခိုင်ပြည် တစ်ခုလုံး လွတ်မြောက်သည်အထိ တိုက်ပွဲဝင်သွားမည်ဟုလည်း ပြောဆိုထားသည်။
ဓါတ်ပုံ - စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ရင်း နခခ ၅
#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #Maungdaw #နခခ၅ #Rakhine #ရခိုင်
Comments
Post a Comment