အာရက္ခဒေသအတွင်း မြို့သိမ်းတိုက်ပွဲများထဲမှ တောင်ကုတ် မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ချက်
အမ်း - နပခ သို့ စစ်ကူလာတဲ့ အင်အား ထောက်ချီရှိတဲ့ စစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်၍ ရာနှင့်ချီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး နပခ သို့မရောက်နိုင်ပဲ လမ်းခုလတ်တွင် ကစဉ်ကလျား ထွက်ပြေးနေရ
KIA တိုက်ခိုက်မှုကြောင့် တရုတ်ဘက်ကို အသက်လု ထွက်ပြေးသွားတဲ့ ကန်ပိုက်တီမြို့က စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို ပြန်လည် လွှဲပြောင်းပေး
အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ
အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်
အာရက္ခတပ်တော်သည် သံတွဲမြို့နယ်အတွင်းမှ ဖက်ဆစ်စစ်ကောင်စီ၏ လက်ကျန်စခန်းကြီးတစ်ခုဖြစ်သော ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (တနည်းအားဖြင့်) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းနှင့် ၎င်းပတ်ဝန်းကျင်မှ အဆင့်ဆင့်ခုခံကြသော ရန်သူ့စစ်ကြောင်းများအား အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မောင်ရွှေလေးရွာ နှင့် ကွင်းဝိုင်းရွာအကြား၌တည်ရှိသော ဤရေတပ်စခန်းအား တစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့၊ ညနေ (၆) နာရီအချိန်တွင်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်(တပ်မတော်-ရေ) စခန်းနှင့် ၎င်းပတ်ဝန်းကျင်များ၌ စစ်ကောင်စီသည် အဆင့်ဆင့်သော ခုခံစစ်ကို လေကြောင်း၊ ရေကြောင်းပစ်ကူအများအပြားဖြင့် ခုခံခဲ့သော်လည်း အာရက္ခတပ်တော်၏ ရဲရင့်ပြောင်မြောက်ပြီး ဗျူဟာမြောက်ထိုးစစ်အောက်တွင် တစ်လအတွင်း အဆိုပါစခန်းအား လက်လွှတ်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
ဤပင်မရေတပ်စခန်း CNDSD နှင့် ၎င်းပတ်ဝန်းကျင်၌ ရန်သူ စုစုပေါင်းအင်အား ၁၂၀၀ ကျော်ရှိခဲ့သည်။ ဤရေတပ်စခန်း နေရာသည် စစ်ရှုံး၍ နေရာစုံမှ ထွက်ပြေးလွတ်မြောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လောလောလတ်လတ် စစ်သင်တန်းဆင်းလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြားသောနေရာများမှ စစ်ကူအမြောက်အမြားတို့ဖြင့် အင်အားဖြည့်တင်းထားသော နေရာလည်းဖြစ်သည်။ စစ်ကောင်စီသည် ဤစခန်းမကျစေရေးအတွက် ပင်လယ်ပြင် နှင့် စခန်းအတွင်းမှ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးပြီး ခုခံကာကွယ်ခဲ့သော စခန်းကြီးတစ်ခုဖြစ်သည်။
ဤ ရေတပ်စခန်းအား မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် (၄၀၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်။ ရန်သူသည် ၎င်းတို့၏ ဒဏ်ရာရ၊ ကျဆုံးသော သူများကို စစ်သင်္ဘောများဖြင့် သယ်ဆောင်ပြီး စစ်တွေ နှင့် ဧရာဝတီတိုင်းဖက်သို့ အကြိမ်ကြိမ်သယ်ယူရွှေ့ပြောင်းသွားနိုင်ခဲ့သည်။ ရန်သူ့အလောင်းများအား မိမိတို့မှ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်သည်။
ဤ ဖက်ဆစ် စစ်ကောင်စီ၏ ရေတပ်စခန်း ထိုးစစ်အတွင်း ထူးချွန်ပြောင်မြောက်သော အာရက္ခစစ်သည်တော်များ၊ ထိုးစစ်၏ ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ၊ အာရက္ခဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများအား လေးနက်စွာ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
စစ်ရှုံးစစ်ကောင်စီသည် စခန်းများစွန့်လွှတ်ကျရှုံးသည့်အခါတိုင်း၌ ပြုလုပ်လေ့ရှိသည့်အတိုင်း အရပ်သားပြည်သူလူထုများရှိရာသို့ လက်နက်ကြီး၊ လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့၊ နံနက် (၁၀) နာရီ (၄၇) မိနစ်အချိန်တွင် စစ်တွေမြို့ရှိ ဖက်ဆစ် စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သော စစ်တွေ၊ အမှတ် (၁၂) ရဲတပ်ရင်း အတွင်းမှလည်းကောင်း၊ နံနက် (၁၀) နာရီ (၅၇) မိနစ်တွင် စစ်တွေ၊ ပွိုင့်ရေတပ်စခန်းမှ လည်းကောင်း စစ်ကောင်စီသည် ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရပ်ရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ ဤပစ်ခတ်တိုက်ခိုက်မှုအတွင်း အပြစ်မဲ့အရပ်သားပြည်သူ လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်းသိရှိရသည်။
မောင်တောမြို့သိမ်းတိုက်ပွဲသည်လည်း ယခင်ရက်များနည်းတူ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
နောက်ဆက်တွဲ တိုက်ပွဲသတင်းများထပ်မံရရှိပါက ဆက်လက်တင်ပေးသွားပါမည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွဲ့နေ့သည့် အာရက္ခတပ်တော် AA ၏ တိုက်ပွဲမှတ်တမ်း ရုပ်သံ
မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွဲ့နေ့သည့် အာရက္ခတပ်တော် AA ၏ တိုက်ပွဲမှတ်တမ်း ရုပ်သံ
၃၀သြဂုတ် ၂၀၂၄
မောင်တောမြို့သိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်းအချို့နှင့် တိုက်ပွဲအတွင်းဖမ်းဆီးရမိသော ARSA၊ RSO၊ ARA အကြမ်းဖက် မူဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ ဖက်ဆစ်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့မှ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင် အကြမ်းဖက် လက်နက်ကိုင်များ
ရုပ်သံ မှတ်တမ်း -AA Info Desk
#lay_wadi_media #Maungdaw #Rakhine #စစ်ကောင်စီ #RSO #ARSA #ARA #စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်
ULA / AA စိန်ခေါ်မှုနှင့် ထိုးနှက်ချက်တွေ
စိန်ခေါ်မှုနှင့် ထိုးနှက်ချက်တွေ မြင့်မားလာနေတဲ့ ရက္ခိုင့်စစ်မြေပြင် - တစ်ဘက်မှာလည်း ရိုးသားရန်လိုအပ်သလို မိမိလူမျိုးအပေါ် ဘယ်လောက်ထိ ချစ်မြတ်နိုးသလဲ… အပြောထက် အလုပ်နဲ့ သက်သေထူရန် လိုအပ်သည်…?
ညီညီ - လေးဝတီ ၂၅ သြဂုတ် ၂၀၂၄
(၂ )
မိမိလူမျိုးအပေါ်ဘယ်လောက် တန်ဖိုးတတ်သလဲ …?
🔴 မောင်တောမြို့က ပြည်သူတွေကို စစ်ကောင်စီ နှင့် ပူးပေါင်း နေတဲ့ RSO / ARA အကြမ်းဖက်အဖွဲ့တွေ ထွက်သွားခွင့်မပေးဘူး ပိုက်ဆံ သိန်းချီပေးနိုင်မှ ထွက်သွားခွင့်ပြုတယ်။ မြို့ပေါ်မှ မွတ်ဆလင် လူငယ်တွေကို စစ်ကောင်စီအတွက် တပ်သားစုဆောင်းပေးတယ်။ စစ်ကောင်စီတပ်ထဲ မဝင်ချင်ရင် သိန်း၃၀ ကနေ ၆၀ အထိ RSOက တောင်းယူနေတာရှိတယ် နောက်တစ်ခုက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ မွတ်ဆလင်တွေကို ဖမ်းဆီးပြီး စစ်ကောင်စီလက်ထဲကိုအပ်ပေးတယ်။
စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေတဲ့ ဒီမွတ်ဆလင် လက်နက်ကိုင်ဟာ မောင်တောမြို့ပေါ်ပြည်သူတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာ ငွေညစ်တာ
ဘာသာရေးအပေါ် အစွန်းရောက်နေတာ ဗုဒ္ဓဘာသာဝင် ဆိုရင် ဈေးမဝယ်ရတာ ဈေးမရောင်းရတာ မြို့ထဲကို လျှောက်သွားခွင့်မရတာ လျှောက်သွားရင် သေနတ်နဲ့ လိုက်ပစ်ခတ်တာတွေ နေ့စဉ် တွေ့နေ ကြားနေရတယ်။ လူ့အခွင့်ရေးခေါင်းစဉ်တတ်ပြီး မွတ်ဆလင် အရေးလှုပ်ရှားတက်ကြွသူတွေ မွတ်ဆလင်အမည်ခံအဖွဲ့အစည်းနှင့် ကြံရာပါ UN အပါအဝင် ဒီအကြမ်းဖက်လုပ်ရပ်အပေါ် ကန့်ကွက်ပြောဆိုတာ မတွေ့ရဘူး။
နောက်တစ်ချက်က မောင်တောမြို့အနီးပတ်ဝန်းကျင်က ပြည်သူတွေ အထူးသဖြင့် မွတ်ဆလင်တွေကို မြို့ပေါ်ကို စစ်ရှောင်ခိုင်းတယ်။ အရပ်သားရှိတဲ့ နေရာမှာ တိုက်ပွဲဖော်လို့လည်းမရဘူး တိုက်လို့လည်းမရဘူး ဘယ်အဖွဲ့ပဲ တိုက်တိုက်ဒါက( Committing a war crime against humanity )လူသားမ်ျိုးနွယ်အပေါ်စစ်ရာဇဝဋ်ကျူးလွန်ခြင်းရောက်တယ်ဆိုတဲ့။ ပုံစုံမျိုးနှင့် ပြည်ပကနေပြီး မွတ်ဆလင်အရေးဦးဆောင်လှုပ်ရှားနေတဲ့ အုပ်စုတွေ ပြောဆိုနေတာတွေ့ရတယ်။ အရပ်သားရှိတဲ့ နေရာကို တိုက်ခိုက်လို့မရတဲ့အတွက် မြို့ကနေ စစ်ရှောင်ရန် AA သတိပေးထုတ်ပြန်ခဲ့တယ်။
မြန်မာနိုင်ငံတစ်ဝန်း တော်လှန်းရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၇၀ ကျော်ထိ ရှိတယ်။ အဲ့ဒီအထဲမှ AA က ဘူးသီးတောင် - မောင်တော တစ်ခုတည်းကို ဦးတည်တိုက်ခိုက်နေတာမဟုတ်ပဲ ရှေ့မှာလည်း ရက္ခိုင်မြောက်ပိုင်းက မြို့တွေကိုသိမ်းပိုက်ခဲ့တာတွေ့မြင်ကြရပါမည်။စစ်ပွဲဖြစ်လာရင် စစ်ပွဲဇုန်နှင့် လွတ်ရာ လွတ်ကြောင်းစစ်ရှောင်နေကြရတာလည်း မြန်မာနိုင်ငံတစ်ဝန်း၌ သန်းနှင့်ချီတဲ့ ပြည်သူတွေ ရှိနေပါတယ်။
မောင်တောမြို့က ပြည်သူတွေ ကိုထွက်ခွာရန် AA မှ သတိပေးထုတ်ပြန်ချက်ကို လူ့အခွင့်ရေး ဒုဝန်ကြီးဦးအောင်ကျော်မိုးက မောင်တောပြည်သူတွေ စစ်ရှောင်ရမည့် လမ်းညွှန်ချက်တွေပါရှိရမည်လို့ AA အပေါ်တစ်သက် ဝေဖန်မေးခွန်းထုတ်ပြောဆိုတာလည်းတွေ့ရတယ်။ ဒီနေရာမှာ AA ဘက်က ဒီလမ်းကြောင်းကနေ ဒီနေရာလာခဲ့ပါ ဒီမှာနေရာထိုင်ခင်း ပြင်ဆင်ထားပါတယ်လို့ တိတိကျကျ လမ်းညွန်ချက်တွေ ဖော်ပြထားရင် စစ်ကောင်စီ လေကြောင်းကနေ လာရောက်ဗုံးမကြဲပါဘူးလို့လည်း အာမခံလို့မရဘူး နောက်တစ်ခု AA သည် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တယ် တရားဝင်အစိုးရတစ်ရပ် မဟုတ်သည့်အတွက် အရာအားလုံးကို အပြည့်အဝကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်းမရှိသေးဘူးဆိုတာ လက်ခံရပါမည်။
ရွှေဇား ကျေးရွာအုပ်စုကလွဲ၍ မောင်တောမြောက်ပိုင်းတစ်ခုလုံးက AA ထိမ်းချုပ်မှုအောက်ကို ဇွန်လကုန် ဇူလိုင်လထဲ ရောက်သွားပြီး အဲ့ဒီဘက်မှာ စစ်ရှောင်ရမည့်နေရာတွေ အများကြီးရှိတယ် မောင်တောမြို့က ဒီမွတ်ဆလင်ပြည်သူတွေကို ဘယ်လို့စစ်ရှောင်ရမလဲ မြေပြင်မှာရှိနေတဲ့ ULA အုပ်ချုပ်ရေးထဲမှာ ရဲအရာရှိမွတ်ဆလင်တွေအများကြီးရှိတယ်။ ဘယ်လိုဆက်သွယ်ပြီး ဒီပြည်သူတွေကို ဘယ်လိုကယ်တင်ရမလဲ ? ဆိုတာ အဓိက လုပ်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တယ် ဒီလို ပူးပေါင်းဆောက်ရွက်တာလဲ မတွေ့ရဘူး ။ ဘူးသီးတောင်နှင့် မောင်တောကို Safe zone- No-fly zone သီးသန့် မွတ်ဆလင်ဒေသအဖြစ်ရရှိရေး နိုင်ငံတကာကို တောင်းဆိုကြိုးပမ်းနေတာကိုပဲတွေ့နေရတယ်။
သြဂုတ်လ ၅ ရက်နေ့ညမှာ မောင်တောမြို့က မွတ်ဆလင်တွေ အမျိုးသမီး နှင့် ကလေးအပါအဝင် လူဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ရသည်ကိုလည်း စိတ်မကောင်းစွာ တွေ့မြင်ခဲ့ရတယ်။ ဒီသေဆုံးနေတဲ့ မြင်ကွင်းကို အုပ်စု ( ၂ ) စု ခွဲကြည့်လိုက်ရင် နံပါတ် ၁ ခြံစည်းရိုးအနီးသေဆုံးတဲ့ လူ၂၀ ကျော်ဝန်းကျင်အုပ်စုမှာ လက်နက်ငယ်ဖြင့် အနီးကပ်ပစ်ခတ်ခံရတဲ့လူတွေ နောက်ပြီး မြေမြိုပ်မိုင်းနင်းပြီး ခြေတောက်ပြတ်ထွက်သွားတဲ့ လူတွေကိုတွေ့ရတယ်။ နံပါတ် ၂ စက်လှေနစ်မြုပ်၍ သေဆုံးသွားတဲ့ လူတွေ စက်လှေမှောက်ပြီ နစ်မြုပ်သွားအထဲမှာ လူရာချီရှိနိုင်တယ်လို့ ခန့်မှန်းရတယ်။ ဒီနေရာကို ဓါတ်ပုံ- ရုပ်သံ တွေရိုက်ပြီး AA က ဒရုန်း၅၀ လောက်နဲ့ ဗုံးကြဲခဲ့လို့ သေဆုံးရတာပါ စစ်ကောင်စီက ဒရုန်းမသုံးဘူး ARSA မှာ လက်နက်ကောင်းမရှိဘူး စသဖြင့် စစ်တပ်နှင့် ARSA ကိုကာကွယ်ပြီး ပြည်ပသတင်းမီဒီယာတွေမှာ မွတ်ဆလင်ရေးလှုပ်ရှားတက်ကြွသူတွေ AA အပေါ် ဝါဒဖြန့် စွပ်စွဲပြောဆိုပြန်တယ်။
အပြောထက် အလုပ်နှင့် သက်သေထူရန်လို့အပ်သည်
ရက္ခိုင်ဒေသတွင် ဆယ်စု နှစ်ပေါင်းများစွာ အတူယှိုင်တွဲ နေထိုင်လာကြတဲ့ ရခိုင် နှင့် မွတ်ဆလင်လူမျိုးတွေ အတူယှိုင်တွဲနေထိုင်ရေး နှင့် သဟဇာတဖြစ်ရေးအတွက် ဘယ်လို ရှေ့ဆက်မလဲ ဒီဒေသကို ဘယ်လောက်ထိတန်ဖိုးထားတတ်လဲ ဆိုတာ လုပ်ရပ်အပေါ်မှာပဲ ပိုပြီးအက္ခရာကျပါတယ်။
မွတ်ဆလင်လူမျိုးတွေ ပျောက်ကွယ်သွားမှ ငါတို့ရခိုင်လူမျိုးငြိမ်းငြိမ်းချမ်းချမ်းနေလို့ရမည်ဆိုတဲ့ အမြင်တွေ ရခိုင်လူမ်ျိုးတွေ ပျောက်ကွယ်သွားမှ ငါတို့ မွတ်ဆလင်ကောင်းကောင်းနေလို့ရမည် ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်တွေကို နှစ်ဘက်အသိုင်းအဝိုင်းက ပြုပြင်ရပါမည် မဲ့ပစ်ရပါမည်။
တစ်နောက်တစ်ခုက အလွန်အရေးကြီးတဲ့ အခေါ်အဝေါ်တွေ ( ဘင်္ဂါလီ- ရိုဟင်ဂျာ ) ဘင်္ဂါလီလား ရိုဟင်ဂျာလားဆိုတာ သမိုင်းကြောင်းအရ သက်ဆိုင်နေတဲ့အတွက် ဒီနေရာမှာ( စာရေးသူအနေနဲ့ ဘယ်ဟာက မှန်တယ်လို့ ) ပြောဖို့ခက်ပါတယ်။ အစိုးရအဆက်ဆက် နိုင်ငံသားဖြစ်ခွင့် အသိမှတ်မပြုခံရတဲ့ မွတ်ဆလင်တွေ အနေနဲ့ ( ရခိုင်တစ်ကျပ် - ရိုဟင်ဂျာတစ်ကျပ် ) တောင်းဆိုနေတာထက် လက်တွေ့ကျကျ လုပ်ဆောင်ရမှာက ဒီဒေသက ရခိုင်လူမျိုးတွေနဲ့ သဟဇာတဖြစ်ဖို့ရန်က ပထမ ဦးစားပေးလုပ်ဆောင်သင့်တယ်လို့မြင်တယ်။ မဖြစ်မနေ လုပ်ဆောင်ရပါမည် ဒီလို လက်တွေ့ကျပြီး တစ်ဆင့်ရှင်းစီသွားမှ သာလျင်ပိုပြီးချော့မွေ့ပါမည်။
ဒီဒေသ လွတ်မြောက်တိုးတက်ချင်ရင် ဒီဒေသမှာ နေထိုင်တဲ့ လူမျိုးဘာသာမရွေး လူတိုင်းကိုယ်စီ အပြောမဟုတ်ပဲ လက်တွေ့ကျကျ စိတ်ရှည်သေးခံ အနစ်နာခံမှုတွေနှင့် အနာဂတ်ရည်ရှည်ကိုတွဲပြီး ပူးပေါင်းဆောင်ရွက်ဖို့က အင်မတန် အရေးကြီးပါတယ်။
ပြီးပါပြီ - ညီညီ ……
( လိုအပ်ချက်တွေ မှားယွင်းနေတာတွေ များစွာရှိနိုင်တယ် စာရေးသူမှာ ဒီထက်ကျယ်ပြန့်တဲ့ အတွေးအမြင်နည်းပါးမှုသာဖြစ်ပါတယ် )
#lay_wadi_media #စစ်ကောင်စီ #Maungdaw #Buthidaung #Rakhine #မွတ်ဆလင်
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
Buthidaung Township cattle aunt of the white standard grocery shops in the village and at about 5 pm on Tuesday, April 1, 4 home village goo...
-
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်အဖွဲ့က ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင...











