Posts

   ()   

Image
တစ်ကမ္ဘာလုံး ကိုရိုနာကူးစက်ရောဂါအား ရင်ဆိုင်နေကြရသည့်အချိန်၊ မြန်မာတစ်နိုင်ငံလုံး၌ ကိုရိုနာကူးစက်ရောဂါ (၁၁၇) ဦးတွေ့ရှိပြီးသည့်အချိန်၌ပင် မြန်မာ့တပ်မတော်သည် ရက္ခိုင့်တပ်တော်အပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို အရှိန်လျှော့ချခြင်းမရှိသေးသည့်အပြင် ကိုရိုနာအကျပ်အတည်းအား အခွင့်ကောင်းယူပြီး စစ်ရာဇဝတ်နယ်ချဲ့အကြမ်းဖက်မြန်မာ့တပ်မတော်သည် ရခိုင်၊ ပလက်ဝဒေသအနှံ့ အရှိန်အဟုန်ပြင်းစွာဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ဧပြီလဆန်းမှစ၍ ယနေ့အထိ မြန်မာ့တပ်မတော်၏ ထိုးစစ်၊ လေကြောင်း နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့တိုင်းနီးပါးရှိခဲ့သည်။ သင်္ကြန်ကာလအတွင်း၊ ကိုရိုနာအကျပ်အတည်းများကိုဂရုမစိုက်ဘဲ မြန်မာ့တပ်မတော်သည် ထိုးစစ်ကိုဆက်လက်မြှင့်တင်လာသောကြောင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသော မိမိတို့ရက္ခိုင့်တပ်တော်အနေဖြင့် မလွဲမရှောင်သာခုခံကာကွယ်စစ်များမှ ဟန်ချက်ညီတုံ့ပြန်စစ်များကိုဆင်နွှဲခဲ့ရသည်။ ထို့ကြောင့် ဧပြီလ၊ တတိယအပတ်မှစပြီး တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၀) ရက် နေ့၌ မြန်မာ့တပ်မတော်သည် ပလက်ဝ နှင့် မင်းပြားရှိ မိမိတို့ရက္ခိုင့်တပ်တော်၊ တပ်စခန်းရှိရာနေရာနှစ်ခုအား အင်အားအလုံး...

သူပုန်

Image
သူပုန်း ======== ရခိုင်ပြည်နံရိုးတချောင်းနန့် ကျွန်အမှောင်ညတိကိုတူးဆွဖို့ AK—47တလက်ထမ်းမထားကေတောင် ငါရို့စွာသူပုန်းတိဖြစ်တေ သူပုန်းတိလို့ကင်းပွန်းတပ်ပါရဇီ လေးဖက်လေးတန်ရန်သူတိဝိုင်း ရောဂါအပြည့်နန့် အမောဖောက်နိန်ရေ "အဖပြည်​"အတွက် ငါရို့လက်ချေတစ်ချောင် ကမ်းပီးလားကတ်မေ... သူပုန်းဆိုစွာ ငါရို့အဘိဓာန်မှာ သူရဲကောင်းလို့ရာခံယူထားရေ လွတ်မြောက်ဖို့အတွက်သူပုန်းလုပ်စွာ ရခိုင်ပြည်အနာဂတ်အတွက်ဂုအချိန်မှာ မင်းလေးသူပုန်း ငါလေးသူပုန်း တမျိုးသားလုံးလည်းသူပုန်းလုပ်ကတ်ရဖို့ဗျာလ်​... တခုတောဟိရေ မြို့ပြပြည်ရွာကို မက်မောခင်တွယ်နိန်သရွိ လွတ်လပ်တေလူမျိုးတခုကို ဇာခါလေ့သင့်ရလီဖို့မဟုတ် တော်လှန်ရေးဆိုစွာ တောအထွက် မြို့အဝင်ရာမဟုတ်လား... မိုး​ကောင်းတုန်း​တော ရွာထားကတ်​ မင်းရို့တီ.....?

Rakhine Province Arakan Army the latest to seek some form of autonomy 

Image
Another Conflict Wracks Myanmar’s Rakhine Province Arakan Army the latest to seek some form of autonomy Apr 15, 2020 By: Michele Penna In Rakhine, Myanmar’s westernmost province, the folly of war has not quite stopped as the Covid-19 virus continues its march across a country singularly unprepared for it. An increasingly bold Arakan Army (AA), which is seeking some form of autonomy from the Burmese government, is clashing with the country’s central military in a province already dogged by a separate ethnic conflict with the Muslim Rohingya, hundreds of thousands of whom have been driven out of the country to Bangladesh. The latest in long series of skirmishes took place on April 6, when seven civilians lost their lives and nine were injured as fighting erupted in southern Chin State, bordering Rakhine and also affected by conflict. Among the victims was a three-year-old boy killed in airstrikes. The Arakan Army is a relatively new ethnic armed organization. Created in 2009, for muc...

ရခိုင်တွင် ဆရာတော်တစ်ပါးစစ်တပ်က ရိုက်နှက်၍ဆေးကုသခံနေရ

Image
ရခိုင်တွင် ဆရာတော်တစ်ပါး ရိုက် နှက်ခံရ၍ ဆေးကုသမှုခံယူနေရ သတင်းအဖွဲ့ | DMG ဧပြီ ၁၈ ၊ ပုဏ္ဏားကျွန်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မြောက်ဦးမြို့သို့ကြွရောက်သည့် ဆရာတော်တစ်ပါးအား စစ်တွေမြို့နယ် ပါဒလိတ် အခြေစိုက်တပ်စခန်းမှ ခေါ်ယူရိုက်နှက်ခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။ ဧပြီလ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က စစ်တွေမှ မြောက်ဦးသို့ပြေးဆွဲနေသည့် ဟိုက်ဂျစ်ကားအမျိုး အစားဖြင့် ဆရာတော်၊ ကားဆရာနှင့် ခရီးသည် စုစုပေါင်း ၇ ဦးတို့ စစ်တွေမှ မြောက်ဦးသို့ ထွက်ခွာလာရာတွင် ယင်းသို့စစ်ဆေးခံရပြီး ရိုက်နှက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေရသည့် ဆရာတော်က မိန့်သည်။ ထိုသို့ရိုက်နှက်ခံခဲ့ရသည့် ဆရာတော်မှာ မြောက်ဦးမြို့ လက်ဆည်ကန်အနီး မင်္ဂလာရာမကျောင်းတိုက်မှ အရှင်တေဇဝံသဖြစ်ပြီး သက်တော် ၈၁ နှစ်၊ ဝါတော် ၁၁ ဝါဖြစ်ကြောင်း သိရသည်။ “စစ်တွေမြို့က မြောက်ဦးမြို့ကိုအပြန် ကျောက်တန်းဂိတ်မှာတခါ စစ်တယ်။ နောက်ပြီး ပါဒလိပ်စစ်တပ်စခန်းဂိတ် တစ်ခုအရောက်မှာ ကားကိုစစ်တပ်ဝင်းထဲဝင်ခိုင်းပြီး ဆင်းခိုင်းတယ်။ ဘယ်ကလဲ ဘယ်ကိုသွားမှာလဲမေးပြီး ဆရာတော်ဖုန်းဆက်မလို့လုပ်တော့ ဖုန်းကိုယူပြီးရိုက်ခွဲလိုက်တယ်”ဟု ...

        ()   | DMG    

Image
ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးရွာထဲကျသဖြင့် ကလေးများအပါအဝင် အရပ်သား ၈ ဦးသေ၊ ၁၃ ဦးဒဏ်ရာရ ဇောင်း(ပုဏ္ဏားကျွန်း) ၊ ကျော်သူဌေး | DMG ဧပြီ ၁၃ ၊ ပုဏ္ဏားကျွန်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာတွင် ယနေ့ ဧပြီလ ၁၃ ရက် နံနက် ၈ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အရပ်သား ၈ ဦးသေဆုံးကာ ၁၃ ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိသွား ခဲ့ကြောင်း သိရသည်။ ကျောက်ဆိပ်ကျေးရွာနှင့် ၃ မိုင်ခန့်အကွာရှိ ပုဏ္ဏားကျွန်းအခြေစိုက် (၅၅၀)တပ်ရင်းမှ ယနေ့နံနက်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ကျောက်ဆိပ်ကျေးရွာအတွင်း လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲကာ ကျေးရွာကားလမ်းမပေါ်ရှိနေသူများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များမှပြောသည်။ “သူတို့က ကားလမ်းကိုသွားမယ်ဆိုပြီးတော့ အိမ်ကထွက်သွားတာပါ။ သူတို့ထွက်သွားတာနဲ့ လက်နက်ကြီး ကျပါတယ်။ ကျွန်မတို့သွားကြည့်တာနဲ့အကုန်လုံး လဲနေကြပြီ။ ကျွန်မသားလေးလည်း ပါသွားပါတယ်။ ဦးခေါင်းတွေ၊ ရင်ဘတ်တွေမှာ အကုန်လုံး ပြိုပျက်သွားပါတယ် ”ဟု ဒဏ်ရာရရှိတစ်ဦး၏မိခင် ဒေါ်မစိန်သန်းက ပြောသည်။ လက်နက်ကြီးကျရောက်မှုကြောင့် မောင်ထက်မြတ်ဦး ၁၁ နှစ်၊ မသန်းသန်းစိုး ၂၄ နှစ်၊ မောင်နီထွန်း ၂၅ နှစ...

အမ်းမြို့နယ်မှ လက်နက်ကြီးကျည်ထိလူနာများ စစ်ဆေးရေးဂိတ်မှ တားဆီးသဖြင့် ဆေးကုသခွင့်မရပဲ ပြန်လှည့်လာရ  

Image
အမ်းမြို့နယ်မှ လက်နက်ကြီးကျည်ထိလူနာများ စစ်ဆေးရေးဂိတ်မှ တားဆီးသဖြင့် ဆေးကုသခွင့်မရပဲ ပြန်လှည့်လာရ မျိုးသီရိကျော် | DMG ဧပြီ ၁၃ ၊ အမ်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ အလယ်ကျွန်းကျေးရွာတွင် ယမန်နေ့ ဧပြီလ ၁၂ ရက် ည ၈ နာရီ အချိန်ခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အရပ်သား ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွား ခဲ့ကြောင်း သိရသည်။ လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်တွင်ရှိနေသည့် မောင်စိုးစိုး(ခ) စိုးငယ် ၁၈ နှစ်မှာ ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့သည်။ ထို့ပြင် နေအိမ်အနီး ဗုံးခိုကျင်းတွင်ပုန်းခိုနေသည့် ဦးသန်းအောင် ၅၂ နှစ်မှာ လည်ပင်း၌ပြင်းထန်ဒဏ်ရာရရှိသွား ခဲ့ကာ ဒေါ်တင်မာဝင်း ၄၀ နှစ်နှင့် မောင်မြင့်မြတ် ၁၁ နှစ်တို့မှာလည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။ ယင်းသို့ ဒဏ်ရာရလူနာများကို အလယ်ကျွန်းကျေးရွာမှ ဂြိတ်ချောင်းကျေးရွာသို့စက်လှေဖြင့်ယူဆောင်လာပြီး အမ်းဆေးရုံသို့သွားစဉ် ဒါးလက်ချောင်း အသွားအလာများကို စစ်ဆေးနေသည့် စစ်ဆေးရေးဂိတ်မှ တားဆီးသဖြင့် လူနာများကိုသယ်ယူခွင့်မရဘဲ ဖြစ်နေကြောင်း အမ်းမြို့နယ်မှ ကူညီဆောင်ရွက်ပေးနေသူ ကိုမျိုးလွင်က ပြောသည်။ “လမ်းမှာ တပ်မတော်စစ်ဆေးရေးဂိတ် ရှ...

ပုဏ္ဏားကျွန်းမြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ၄ ဦးထက်မနည်း သေဆုံး

Image
ပုဏ္ဏားကျွန်းမြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ၄ ဦးထက်မနည်း သေဆုံး ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအတွင်းသို့ ယနေ့၊ ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောကြောင့် ၄ ဦးထက်မနည်း သေဆုံးသွားသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်က DMG ကို ပြောသည်။ “ အခု ကျွန်တော် အဲဒီရွာကို ရောက်နေတယ်။ လောလောဆယ်တော့ ၄ ယောက်သေဆုံးနေတာကို တွေ့ရတယ်။ တိုက်ပွဲဖြစ်တာတွေ၊ဘာတွေလည်း မရှိဘူး။ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေသလို ဖြစ်နေတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ဆိုသည်။ (သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်) ပုဏ္ဏားကျွန်းမြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ၄ ဦးထက်မနည်း သေဆုံး ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအတွင်းသို့ ယနေ့၊ ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောကြောင့် ၄ ဦးထက်မနည်း သေဆုံးသွားသည်ဟုသိရသည်။ တိုက်ပွဲဖြစ်တာတွေ၊ဘာတွေလည်း မရှိဘဲ ဗမာ့စစ်ဝါဒီအကြမ်းဖက်အုပ်စုတွေရဲ့အကြောင်းမဲ့သက်သက် ပစ်ခတ်တာလို့ သိရပါတယ်။ အပြစ်မဲ့ပြည်သူတွေအပေါ် လူမျိုးရေးအမုန်းတရ...