အမ္းၿမိဳ႕နယ္မွ လက္နက္ႀကီးက်ည္ထိလူနာမ်ား စစ္ေဆးေရးဂိတ္မွ တားဆီးသျဖင့္ ေဆးကုသခြင့္မရပဲ ျပန္လွည့္လာရ
မ်ိဳးသီရိေက်ာ္ | DMG
ဧၿပီ ၁၃ ၊ အမ္း
ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္၊ ဒါးလက္အုပ္စု၊ အလယ္ကၽြန္းေက်း႐ြာတြင္ ယမန္ေန႔ ဧၿပီလ ၁၂ ရက္ ည ၈ နာရီ အခ်ိန္ခန္႔က လက္နက္ႀကီးက်ေရာက္ေပါက္ကြဲသျဖင့္ အရပ္သား ၁ ဦးေသဆံုးကာ ၃ ဦး ဒဏ္ရာရ႐ွိသြား ခဲ့ေၾကာင္း သိရသည္။
လက္နက္ႀကီးက်ေရာက္မႈေၾကာင့္ ေနအိမ္တြင္႐ွိေနသည့္ ေမာင္စိုးစိုး(ခ) စိုးငယ္ ၁၈ ႏွစ္မွာ ေပါက္ကြဲမႈ ျဖစ္ပြားသည့္ေနရာတြင္ ေသဆံုးသြားခဲ့သည္။
ထို႔ျပင္ ေနအိမ္အနီး ဗံုးခိုက်င္းတြင္ပုန္းခိုေနသည့္ ဦးသန္းေအာင္ ၅၂ ႏွစ္မွာ လည္ပင္း၌ျပင္းထန္ဒဏ္ရာရ႐ွိသြား ခဲ့ကာ ေဒၚတင္မာဝင္း ၄၀ ႏွစ္ႏွင့္ ေမာင္ျမင့္ျမတ္ ၁၁ ႏွစ္တို႔မွာလည္း ဒဏ္ရာရ႐ွိသြားခဲ့ေၾကာင္း သိရသည္။
ယင္းသို႔ ဒဏ္ရာရလူနာမ်ားကို အလယ္ကၽြန္းေက်း႐ြာမွ ၿဂိတ္ေခ်ာင္းေက်း႐ြာသို႔စက္ေလွျဖင့္ယူေဆာင္လာၿပီး အမ္းေဆး႐ံုသို႔သြားစဥ္ ဒါးလက္ေခ်ာင္း အသြားအလာမ်ားကို စစ္ေဆးေနသည့္ စစ္ေဆးေရးဂိတ္မွ တားဆီးသျဖင့္ လူနာမ်ားကိုသယ္ယူခြင့္မရဘဲ ျဖစ္ေနေၾကာင္း အမ္းၿမိဳ႕နယ္မွ ကူညီေဆာင္႐ြက္ေပးေနသူ ကုိမ်ိဳးလြင္က ေျပာသည္။
“လမ္းမွာ တပ္မေတာ္စစ္ေဆးေရးဂိတ္ ႐ွိတယ္။ အဲဒီစစ္ေဆးေရးဂိတ္က လူနာတင္မယ့္အဖြဲ႔ေတြကို တိုင္းမွဴးရဲ႕ ခြင့္ျပဳခ်က္၊ ျပည္နယ္အစိုးရရဲ႕ခြင့္ျပဳခ်က္ရမွာပဲ ခြင့္ျပဳႏိုင္မယ္ဆိုတဲ့အဆင့္ကို ေရာက္ေနတယ္”ဟု ၎က ဆိုသည္။
ကိုမ်ိဳးလြင္က “မေန႔ကည ၈ နာရီကတည္းက ျဖစ္ေနတဲ့ျပႆနာက ဒီအခ်ိန္ထိကို ေဆး႐ံုကိုမေရာက္ပဲ၊ ေဆးကုသခြင့္မရဘဲ အခက္အခဲျဖစ္ေနရတယ္”ဟု ေျပာသည္။
ထုိသို႔ လူနာမ်ားကို သြားခြင့္မေပးသျဖင့္ ၿဂိတ္ေခ်ာင္းေက်း႐ြာသို႔ လွည့္ျပန္ခဲ့ရသည္ဟုလည္း အမည္မေဖာ္လိုသည့္ ေက်း႐ြာသားတစ္ဦးက ေျပာသည္။
ယမန္ေန႔က ဒါးလက္ေခ်ာင္းဘယ္ဖက္ျခမ္း႐ွိ တပ္မေတာ္ဗ်ဴဟာကုန္းမွ လက္နက္ႀကီးပစ္ခတ္သံမ်ားကို ၾကားရေၾကာင္း ေဒသခံမ်ားကေျပာဆိုၾကသည္။
အလယ္ကၽြန္းေက်း႐ြာတြင္ လက္နက္ႀကီးက်ေရာက္မႈႏွင့္ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး အဖြဲ႔က ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းႏွင့္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးတို႔ကို ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းလက္ခံေျဖၾကားျခင္းမ႐ွိခဲ့ေပ။
{Unicode}
အမ်းမြို့နယ်မှ လက်နက်ကြီးကျည်ထိလူနာများ စစ်ဆေးရေးဂိတ်မှ တားဆီးသဖြင့် ဆေးကုသခွင့်မရပဲ ပြန်လှည့်လာရ
မျိုးသီရိကျော် | DMG
ဧပြီ ၁၃ ၊ အမ်း
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ အလယ်ကျွန်းကျေးရွာတွင် ယမန်နေ့ ဧပြီလ ၁၂ ရက် ည ၈ နာရီ အချိန်ခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အရပ်သား ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွား ခဲ့ကြောင်း သိရသည်။
လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်တွင်ရှိနေသည့် မောင်စိုးစိုး(ခ) စိုးငယ် ၁၈ နှစ်မှာ ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့သည်။
ထို့ပြင် နေအိမ်အနီး ဗုံးခိုကျင်းတွင်ပုန်းခိုနေသည့် ဦးသန်းအောင် ၅၂ နှစ်မှာ လည်ပင်း၌ပြင်းထန်ဒဏ်ရာရရှိသွား ခဲ့ကာ ဒေါ်တင်မာဝင်း ၄၀ နှစ်နှင့် မောင်မြင့်မြတ် ၁၁ နှစ်တို့မှာလည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
ယင်းသို့ ဒဏ်ရာရလူနာများကို အလယ်ကျွန်းကျေးရွာမှ ဂြိတ်ချောင်းကျေးရွာသို့စက်လှေဖြင့်ယူဆောင်လာပြီး အမ်းဆေးရုံသို့သွားစဉ် ဒါးလက်ချောင်း အသွားအလာများကို စစ်ဆေးနေသည့် စစ်ဆေးရေးဂိတ်မှ တားဆီးသဖြင့် လူနာများကိုသယ်ယူခွင့်မရဘဲ ဖြစ်နေကြောင်း အမ်းမြို့နယ်မှ ကူညီဆောင်ရွက်ပေးနေသူ ကိုမျိုးလွင်က ပြောသည်။
“လမ်းမှာ တပ်မတော်စစ်ဆေးရေးဂိတ် ရှိတယ်။ အဲဒီစစ်ဆေးရေးဂိတ်က လူနာတင်မယ့်အဖွဲ့တွေကို တိုင်းမှူးရဲ့ ခွင့်ပြုချက်၊ ပြည်နယ်အစိုးရရဲ့ခွင့်ပြုချက်ရမှာပဲ ခွင့်ပြုနိုင်မယ်ဆိုတဲ့အဆင့်ကို ရောက်နေတယ်”ဟု ၎င်းက ဆိုသည်။
ကိုမျိုးလွင်က “မနေ့ကည ၈ နာရီကတည်းက ဖြစ်နေတဲ့ပြဿနာက ဒီအချိန်ထိကို ဆေးရုံကိုမရောက်ပဲ၊ ဆေးကုသခွင့်မရဘဲ အခက်အခဲဖြစ်နေရတယ်”ဟု ပြောသည်။
ထိုသို့ လူနာများကို သွားခွင့်မပေးသဖြင့် ဂြိတ်ချောင်းကျေးရွာသို့ လှည့်ပြန်ခဲ့ရသည်ဟုလည်း အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။
ယမန်နေ့က ဒါးလက်ချောင်းဘယ်ဖက်ခြမ်းရှိ တပ်မတော်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်သံများကို ကြားရကြောင်း ဒေသခံများကပြောဆိုကြသည်။
အလယ်ကျွန်းကျေးရွာတွင် လက်နက်ကြီးကျရောက်မှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
Website link >>> https://bit.ly/3edSnkS
Subscribe to:
Post Comments (Atom)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
Buthidaung Township cattle aunt of the white standard grocery shops in the village and at about 5 pm on Tuesday, April 1, 4 home village goo...
-
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
စစ္ေကာင္စီမွ အၾကမ္းဖက္သင္တန္းေပးၿပီး လက္နက္တပ္ဆင္ေပးထားေသာ မူဆလင္အစြန္းေရာက္ လက္နက္ကိုင္အဖြဲ႕က ခမီလူမ်ိဳး အျပစ္မဲ့ျပည္သူ (၇) ဦးအား အေၾကာင...

No comments:
Post a Comment