တရုတ်နိုင်ငံကိုသွားပြီး မြန်မာမိန်းကလေးတွေ အလုပ်လုပ်ချင်ပါလား ဒါလေးကို အရင်ဖတ်

ချစ်လှစွာသောမမတို့  နှမတို့
ဒါတွေသိရဲ့လား
*******************

တရုတ်ပြည်မှာ အလုပ်သွားလုပ်
မယ်ဆိုရင်- - -
၁။စစ်မှန်သောဗီဇာပါရဲ့လား
၂။သင်အားကိုးလောက်တဲ့မိတ်
   ဆွေရှိရဲ့လား။
၃။သူတို့စကား ကို နားလည်ရဲ့
    လား။
၎။ကိုယ်လုပ်နိုင်တဲ့အလုပ်ဟုတ်
   ရဲ့လား။
၅။တနေ့ လုပ်ချိန်ဆယ်နာရီလုပ်
   နိုင်ရဲ့လား။
၆။သင်ထမင်းစားတိုင်းဝက်ဆီနဲ့
   ချက်ထားတဲ့ဟင်းကိုစားနိုင်ရဲ့
   လား။
၇။အအေးလွန် အပူလွန် ဒဏ်ကို
   ခံနိုင်ရဲ့လား။
၈။သူတို့ဖမ်းချင်လျှင် သင်ကိုင်
   ဆောင်ထားတဲ့ နေထိုင်ခွင့်စာ
   အုပ်ကို ဆုပ်ဖြဲပြီးဖမ်းပါလိမ့်
   မယ်။
၉။တရုတ်ပြည်မှာ  မိန်းမဈေးကြီး
   တဲ့အတွက်   သင့်ကိုဈေးပေါပေါနဲ့ဝယ်
   ပြီး တိတ်တိတ်ပုန်း
   မယားအဖြစ် သုံးနှစ်သို့မဟုတ်
   ငါးနှစ်  ပြုလုပ်စေပါလိမ့်မယ်။
၁၀။သင့်ကိုသူတို့စိတ်တိုင်းကျအ
     အသုံးချပြီးပြီ ဆိုရင်တော့
     လျှော့ဈေးနဲ့ တဆင့်ရောင်း
     ချပါလိမ့်မယ်။
***ခွေးသားပေါက်လုပ်ငန်း***
တကယ်လို့သင်သာ ခွေးသား
ပေါက်လုပ်ငန်းကိုရောက်သွားခဲ့
မယ်ဆိုရင်။
ရောက်ရောက်ခြင်း သင်ပျော်ရွှင်
သွားအောင်ပြုလုပ်ပေးမှာပါ။
ငါ့မိဘမွေးချင်းတောင် ဒီလောက်
မကောင်းနိုင်ဘူးလို့  အထင်
ရောက်စေမှာပါ။
*ကျနော်တို့  ချစီးမဲ့  ကတ္တီပါ ဖိနပ်*
လေးကို တိုက်ချွတ်သလိုမျိုးပေါ့။
အစားကောင်းအသောက်
ကောင်းတွေကျွေးမယ်။
ရောက်စမှာတော့ သင့်အလုပ်က
ရေချိုးမယ် စားမယ်သောက်မယ်
အလှပြင်မယ်ပေါ့ဗျာ။
*သင်သာရုပ်လှသူ  လုံးကြီး
ပေါက်လှ တောင့်တောင့် ဖြောင့်
ဖြောင့်ကြီး ဖြစ်နေမယ်ဆိုရင်
တော့ သူတို့အကြိုက်ပေါ့။
သင်ရွှင်ရွှင်လန်းလန်းရှိတဲ့နေ့မှာ
လုပ်ငန်းစရပါတော့မယ် (အပြု
သဘောနဲ့ရေးမှာဖြစ်လို့နည်းနည်းတော့ကြမ်းပါမယ်)
အလုပ်စမဲ့နေ့မှာသင်သာ သူတို့
သဘောကျမဲ့ ရုပ်မျိုးဖြစ်မယ်ဆို
ရင် သူဌေးကိုယ်တိုင်ကသင်နဲ့
အတူတခုခု သောက်ချင်သောက်
မယ် သင့်ကိုချစ်လို့ ခင်လို့ အရေးပေးတဲ့ ပုံစံမျိုးပါ။
သင်သူဌေးနဲ့ အတူရှိနေလို့သင်
ဂုဏ်ယူနေတဲ့အချိန်မှာ စံနစ်တ
ကျ စီမံ အကွက်ချထားတဲ့ သူဌေးရဲ့  တိုက်ကွက်တွေက
စိပ်သည်ထက်စိပ်လာတော့မှာပါ
သင်စားလိုက် သောက်လိုက်
တိုင်း မ ဟိုမုန်းဆေးတွေက သင့်ခန္တာသွေးထဲမှာ  ပျံ့နှံ့နေပါ
လိမ့်မယ် မိနစ်ပိုင်းအတွင်းမှာပဲ
*သင်* ဆိုတဲ့ မိန်းမပျိုလေးဟာ
မြှုံးချက်ဝင်ငါး ပိုက်မိသားနှယ်
မလူးသာမလွန့်သာနဲ့ တရုတ်ဆို
တဲ့ သူကောင့်သားရဲ့ အချစ်တု
ရင်ခွင်မှာ သူပြုသမျှ နုရပါတော့
မယ်။သင်ကတော့ ဆေးအရှိန်နဲ့
တက်ကြွပြီး တသက်
လုံးပေါင်းရတော့မဲ့ ချစ်လင်
တယောက်လို အပြုံးမပျက် ခရီး
ဆက်နေမိမှာပါ။
*သင်တမှေးတရေးရလို့*
နိုးထလာပြီဆိုမှ အပျိုစင်ဆိုတဲ့
သင့်ဘဝ  ပြန်မရတော့ပါလား
ဆိုတဲ့အသိ နဲ့ ငါမချစ်သော လောဘတဏှာရူး ကြောင့် ငါ့ဘ
ဝ ပျက်ရပါပေါ့လားလို့ မျက်ရည်
ကျလို့ သင့်ဘဝရဲ့ နိဒါန်းကို စတင်ရပါတော့မယ်။
*အဲဒီနေ့ကစပြီး*
သင့်ကိုသူဌေးကသဘောကျခဲ့
မယ်ဆိုရင်တောင် သူ သင့်ရဲ့သံဝါသကို လိုချင်မှ လာချင်တဲ့ အချိန် လာပါလိမ့်မယ်။ တယောက်
ယောက်ကိုအကူအညီတောင်းဖို့
ဝေး ဆက်သွယ်ဖို့  ဖုန်းလေးတောင် ပေးမကိုင်တာ
သူတို့နည်းဗျူဟာပါ။
ထွက်ပြေးဖို့ ကြိုးစားမယ်ဆိုရင်
တော့လုံခြုံရေး cctv  တွေက
အသံပေးစံနစ်တွေကြောင့် သင်
ဘာလုပ်တယ်ဆိုတာ  သူတို့သိ
နေမှာပါ။ ဇွတ်လုပ်ရင် အနှိပ်
စက်ခံရဖို့ရှိပါတယ်။
*ဒီလိုနဲ့  မထူးဇာတ်ကို ခင်းရင်း*
သင့်မှာ သူနဲ့ရတဲ့  ကိုယ်ဝန်ကို
လွယ်လိုက်ရပြီဆိုရင်တော့  သူ
တို့အတွက် လာဘ်ကြီးရတော့မှာ
မို့အကျေနပ်ကြီး  ကျေနပ်နေကြ
မှာပါ။
အဲလိုချိန်မှာ သင်ဝါသနာပါတဲ့
အားကစားတခုခုကိုတောင် လုပ်
စေမှာမဟုတ်ပါဘူး။
သင့်ကိုယ်ဝန်မရင့်ခင် သူ့အလို
ကျ အပျော်တော်ဆက်ရမှာဖြစ်ပြီး
ကိုယ်ဝန်ရင့်လာရင်တော့ သက်
သာအနေအထားနဲ့ ကလေးမွေး
ဖို့ သူ့မိန့်ခွန်းတွေကိုနာခံမှတ်
သားရပါလိမ့်မယ်။
*နေ့စေ့လို့ မွေးပြီဆိုရင်တော့
အမေရေ ဘယ်လောက်တတ
ဖေးမမဲ့သူမရှိ သင့်ပါးစပ်ထဲကို
အဝတ်စထည့်လို့  သင်တယောက်ထဲ  ညှစ်အား
ပေးပါလေတော့  တကယ်လို့
မိန်းကလေးမွေးမယ်ဆိုရင် စွန့်
ပစ်မှာဖြစ်ပြီး ယောက်ျားလေး
မွေးမယ်ဆိုရင်  တနေ
ရာမှာမွေးကြမှာပါ။ ဒါကလည်း
ကလေးကိုချစ်လို့မဟုတ်ပါဘူး
သုံးနှစ်သားလောက်ဆိုဈေး
ကောင်းကောင်းနဲ့ရောင်းစားဖို့ပါ။
ကိုယ်မွေးတဲ့ကလေးကိုမှနို့တိုက်
မွေးမြူခွင့်မရရှာလေသောမိခင်
တယောက်ဖြစ်တဲ့ * သင်* ကတော့ နင့်ကလေးအဖတ်မတင်ရှာဘူး
ဆိုတဲ့ မုသားကိုယုံသည်ဖြစ်စေ
မယုံသည်ဖြစ်စေ ကြားရပါလိမ့်
မယ်။
သင်ကတော့ ကိုယ်ဝန်ရကတဲက
မိခင်စိတ်  မေတ္တာ  အဟုန်နဲ့
သားတည်းဟူသောချစ်ခြင်းတွေ
ပေါင်းစပ်ပြီး  ကောင်းမြတ်တဲ့
နို့ချိုတွေ တိုက်ကျွေးဖို့အသင့်
ဖြစ်နေပြီပေါ့ မရှိတော့တဲ့သင့်ရဲ့
သားကိုသတိယနေချိန်မှာ  သင့်
ကိုကြင်နာရောင် ဆောင်ထားတဲ့
မြန်မာသို့မဟုတ်  မြန်မာစကား
ကောင်းကောင်းပြောနိုင်သူ အ
မျိုးသမီးတယောက်က  ညီမလေးရယ်  မင်းကိုငါသနား
လိုက်ထာကွယ်  မင်းနို့တွေတင်း
နေလိုက်ထာ  ဒီတိုင်းဆိုမလွယ်
ဘူး  ညှစ်ချလို့လည်းရမှာမဟုတ်ဖူး
ဒီလိုလုပ်ပါလား  မင်းနို့တွေတင်း
တာလျော့သွားအောင်  ငါမွေးထားတဲ့ခွေးလေး  နှစ်ကောင်  သူ့တို့မှာ  အမေမရှိ
ရှာတော့ဘူး  သနားပါတယ်
တိုက်လိုက်ပါကွယ်  အဲဒီလိုစ
ပြီး နေ့စဉ်နို့တိုက်ရင်း  သင်ဟာ
လူကမွေးတဲ့  ခွေးအမေလုံးလုံး
ဖြစ်ရပါတော့မယ်။
*သင်ကတော့တဖက်မှာခွေးသားပေါက် အမြောက်အများနဲ့
စီးပွားရှာနေတဲ့သူတို့လုပ်ရပ်ကို
မြင်ခွင့်ရမှာ  မဟုတ်ပါဘူး။
*ဒါပေမဲ့ရောင်းမထွက်တဲ့ခွေးလေးတွေကိုတော့  ဒီလိုပဲ နို့တိုက်
နေရဦးမှာပါ။
သူတို့လုပ်ရပ်ကိုရိပ်မိတော့လည်း
သင့်မှာပြောရေးဆိုခွင့်မရှိပါဘူး။
*ဒီလိုနဲ့  သင်နို့မထွက်တော့ဘူး
ဆိုရင် လုပ်ငန်းကို  တစ်ကပြန်စ
ရပါမယ်။
သူတို့ကိုအပျော်တော်ဆက်ရင်း
သင်  နို့ထွက်အောင်လုပ်ဆောင်
ရပေဦးမယ်။
ဘယ်လောက်ကြာကြာလည်း
ဆိုတော့ သင်နို့စားနွားမကြီးလို
အသုံးတဲ့နေသရွေ့လေ။
သင်နို့ထွက်မကောင်းတော့ဘူး
ဆိုရင်တော့ သင့်ကိုဒီအလုပ်မခိုင်းတော့ပါဘူး
သင်မျက်ချောင်မကျအောင်
ဂရုစိုက်မယ် ဒီထက်သက်သာတဲ့
အလုပ်ပြောင်းပေးမယ်လို့ပြောပြီး  လူပွဲစားတွေက  လာကြည့်
ကြပါလိမ့်မယ်။
တခါတခါ  ကားနဲ့လိုက်ပြချင်ပြ
ရမယ်။သူတို့အရောင်းအဝယ်ဖြစ်
ထာနဲ့  သင်မပျော်တဲ့  ခွေးအိမ်ကနေ  လွတ်ပါလေပြီ။
*ဘဝသစ်လေးပေါ့*
မယားသေတဲ့လူလား
လူပျိုကြီးလား
မယားကွာလား
သင့်မှာစောဒကတက်ခွင့် မရှိပါ
ဘူး။
ဖြတ်သွားဖြတ်လာရဲတွေ  ကို
ကြောက်တတ်အောင်  ပြောဆို
ထားပါလိမ့်မယ်။
ဒီလိုနဲ့  သူမကြိုက်တဲ့နေ့ နွားများ
လိုလက်ပြောင်းကြပါဦးမယ်။
သင်အသက်ကြီးလို့ အသုံးမတဲ့
တော့တဲ့အချိန်ကျတော့  လမ်းပေါ် မှာအမှတ်တမဲ့  ရဲဖမ်း
ခံရအောင်ဂွင်ဆင်ပါလိမ့်မယ်။
*အဲလို  ရဲဖမ်းခံရရင် သင်ဝမ်း
သာပါလေတော့  တရုတ်ရဲက
သင့်ကို  တရားမဝင်  နေထိုင်သူ
အဖြစ် သတ်မှတ်  အချုပ်ခန
ချပြီး  မြန်မာနယ်စပ်ကို  ပို့ပေးပါ
လိမ့်မယ်။
ဒီချိန်မှာနိုင်ငံခြားက ပြန်လာတဲ့
သင့်ကိုလူမှု  ကယ်ဆယ်ရေး
(မူဆယ်)ကကူညီပြီး  အခမဲ့စံနစ်နဲ့  မိဘရပ်ထံပြန်ပို့
ပေးကြတော့မှာပါ။
သင်ကတော့မြန်မာတွေရဲ့ မေတ္တာကို ဒီချိန်မှာ ပိုမိုသိလာ
ပါလိမ့်မယ်။
နိုင်ငံခြားကပြန်လာတဲ့  သင့်ဆီ
ကိုဆွေမျိုးတွေ လာတွေ့တဲ့အ
ချိန်မှာ  သင့်ရဲ့ ပြစရာကတော့
ခွေးလေးတွေကိုနို့တိုက်စဉ်က
ကုတ်ရာခြစ်ရာ  ထင်ခဲ့တဲ့ သင့်ရင်ဘတ်က လက်
သည်းရာတွေပါပဲ။

ဒီအဖြစ်အပျက်တွေ  အမှန်ရှိခဲ့
ပါတယ်ဆိုတာ  ရှမ်းပြည်နယ်တနေရာ က  ခွေးအမေ
အရိုးစေတီလေးကသက်သေ
ပေါ့ဗျာ။

မြန်မာ့  လူငယ်တွေ ဆင်ချင်နိုင်ကြပါစေ

မူဆယ်  မဂ္ဂဇင်း မှ မှီငြမ်းပါသည်
မူလစာရေးသူကိုမမှတ်မိတာ
တောင်းပန်ပါသည်။

အညတြ   ယောချစ်သူ
#ခွဒဒ်.

ALP ဥက္ကဌ ခိုင်ရဲခိုင်


ALP ဥက္ကဌ ခိုင်ရဲခိုင်ကို ရခိုင်ပြည်နယ်၊  ပုဏ္ဏားကျွန်းမြို့နယ်၊ ဆားငံကန်ကျေးရွာမှာ ဦးဒုံးကုလားနှင့် ဒေါ်မလှစိန်တို့မှ မွေးဖွားခဲ့သည်။ နာမည်အရင်းမှာ ဦးကောင်းစံဦးဖြစ်သည်။ ၁၉၄၀ ခုနှစ် မေလ ၁၄ တွင် မွေးဖွားခဲ့သည်။ မွေးချင်း ညီအစ်ကို မောင်နှမ (၈)ယောက်အနက် သားကြီးသြရသဖြစ်သည်။ ငယ်စဉ်က ဆားငံကန်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဆရာတော်ကြီးထံတွင် ကိုရင် စန္ဒသာရအမည်ဖြင့် ကိုယ်ရင် ၀တ်ဆင်ပြီး ပညာသင်ယူခဲ့သည်။ လေးမြို့ချောင်းထဲရှိ င/ပဂွကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းဆရာတော်ထံတွင် ကိုရင်ဘ၀ဖြင့် ပညာသင်ယူခဲ့သည်။  ကိုယ်ရင်ကြီးဘ၀ဖြင့် အကြီးတန်းထိ အောင်မြင်ခဲ့ပြီး လူ့ဘ၀ဖြင့် ဆယ်တန်းပညာကို သင်ယူခဲ့သည်။ ဆယ်တန်းပညာကို သင်ယူနေစဉ်တွင် ခိုင်မိုးလင်းတို့နှင့် တွေ့ဆုံပြီး ဖိနှိပ်အုပ်ချုပ်မှုတို့ကို တွန်းလှန်ဖို့ ဖြစ်လာခဲ့သည်။

ခန္ဓာကိုယ်ပေါ့ပေါ့ပါးဖြင့် လူခန့်တစ်ဦးဖြစ်သည်။ နောက်ပိုင်းတွင် ရန်ကုန်မြို့သို့ တက်လာပြီး သမိုင်းရှိ အနောက်အုတ်ကျောင်းတွင် လူ့ဘ၀ဖြင့် နေထိုင်ခဲ့ပြီး ပညာသင်ယူခဲ့သည်။ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အုတ်ကျင်းအမှတ် (၁၅)ရပ်ကွက်၊ သိပ္ပမဉ္ဇူ ရခိုင်ဘုန်းတော်ကြီးကျောင်းတွင် မျိုးချစ်လူငယ်များနှင့် ရဟန်းငယ်တစ်စုမှ ၁၉၆၇ ခု ဧပြီလ (၉)ရက်နေ့တွင် လျို့ဝှက်စွာဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကို ဖွဲ့စည်းရာတွင်  ခိုင်မိုးလင်းတို့နှ့င့်အတူ ပါဝင်ခဲ့သည်။  စစ်အစိုးရကို တော်လှန်ဖို့ ကြိုးစားရင်း စစ်တွေမြို့၊ တန်းခိုးကျောင်းမှ အနောက်တိုင်းစစ်ဌာချုပ်ကို သိမ်းဖို့အတွက် ကြိုးစားရာတွင် အဖမ်းခံရသည်။ စစ်တွေမြို့ထောင်တွင် ၃ နှစ် ကျခဲ့သည်။

ရန်ကုန်မြို့တွင် နေထိုင်ချိန်တွင် ညီအစ်ကို နှစ်ဦးတို့သည့် အနောက်အုတ်ကျောင်းတွင် ဂုန်ချော်စက်ရုံအလုပ်ပြီး ရသမျှ ပိုက်ဆံဖြင့် အိမ်ရာဝယ်ပြီး ထိုအိမ်မှာပင် တော်လှန်ရေးအတွက် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြသည်။  နောက်ပိုင်းတွင် ညီအစ်ကိုနှစ်ဦး လမ်းခွဲကြသည်။ ထို့နောက်မှ စတင်ပြီး ခိုင်ရဲခိုင်မှာ အိမ်မှ လုံးဝ ထွက်ခဲ့သည်။ နောက်ပိုင်းတွင် မိဘထံမှ ရရှိခဲ့သည့် အမွေးကိုတောင် စွန့်လွှတ်ပြီး တော်လှန်ရေးအတွက်သာ အသုံးချခဲ့သည်။

၁၉၇၄ ခုနှစ်တွင် ထောင်က လွှတ်မြောက်လာပြီးနောက်နောက် ခိုင်မိုးလင်းတို့ ရှိရာ KNU ဌာနသို့ ထွက်ခွါလာပြီး လူ ၇၀ ဦးတို့ဖြင့် စစ်သင်တန်းတက်ရောက်ခဲ့သည်။ ALP ပါတီကို ဒုတိယအကြိမ်ဖွဲ့စည်းရာတွင် ဥက္ကဌအဖြစ် ခိုင်မိုးလင်းမှ တာဝန်ယူခဲ့ပြီး ခိုင်ရဲခိုင်မှာ ဗဟိုကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကရင်ပြည်နယ်တွင် ၂ နှစ်ခန့် စစ်သင်တန်းတက်ခြင်း၊ စစ်ပွဲများတွင် ပါဝင်ဆင်နွဲပြီးနောက် ၁၉၇၆ ခုနှစ်တွင် ကရင်ပြည်နယ်မှ ရခိုင်ပြည်ထိ ခရီးရှည်ချီးတက်ခဲ့သည့် `မိုးလင်းရာဇာ´စစ်ကြောင်းတွင် ပါဝင်ခဲ့သည်။ လမ်းတစ်လျောက်ချီတက်ရာတွင် နောက်ဆုံး ကလေးမြို့တွင် ဦးနေ၀င်းအစိုးရထံတွင် ဒုတိယအကြိမ်း ဖမ်းဆီခံခဲ့ရသည်။ ကလေးမြို့၊ ခလရ(၈၉)မှ ပုဒ်မ ၁၂၂၊ ၁၊ ၂ တို့ဖြင့် စွဲချက်တင်ကာ သေဒဏ်ချမှတ်ပြီး မန္တလေးအကျဉ်းထောင်သို့ ပို့ခဲ့သည်။ ၁၉၈၀ ခုနှစ်ပြည့် သံဃာ့အဖွဲ့အစည်းတစ်ခုတည်းအဖြစ် ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် အသက်ဘေးမှ သီသီကလေး လွှတ်မြောက်ခဲ့ရသည်။ ထောင်မှ လွတ်မြောက်လာချိန်တွင်လည်း တော်လှန်ရေးအတွက် တစ်စိုက်မတ်မတ်လုပ်ဆောင်ခဲ့သည်။

၁၉၈၁ ခုနှစ်တွင် တတိယအကြိမ် KNU နယ်မြေမှာပင် ALP ကို ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်တို့နှင့်တွဲဖက်ကာ ဖွဲ့စည်းခဲ့သည်။ ယနေ့အချိန်ထိ ALP ပါတီတွင် ဥက္ကဌနေရာကို တာဝန်ထမ်းဆောင်လျက်ရှိသည်။ ရခိုင်ပြည်၏ လက်နက်ကိုင်တော်လှန်ရေးကို မပြတ်တမ်း အသက်နှင့် ခန္ဓာရှိသမျှ ပေးဆပ်နေခဲ့သည့် သက်တော်ရှည်တော်လှန်ရေးသမားတစ်ဦးဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ALP ပါတီသည် အစိုးရနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီး စစ်တွေမြို့တွင် ပြည်သူများနှင့် ထိတွေ့ခဲ့သည်။ သို့ရာတွင် ယနေ့အချိန်ထိ ဥက္ကဌ ခိုင်ရဲခိုင်မှာ ရခိုင်ပြည်သို့ ပြန်လာမဘဲ ပြည်သူကို ကတိပေးခဲ့သည့်အတိုင်း လွတ်လပ်ရေးရမှ ပြန်လာမည်ဟု ပြောခဲ့ဖူးသည်။

ယခုအခါ အိန္ဒိယ-ရခိုင်နယ်စပ် ALP ဗဟိုဌာနချုပ်ရှိရာတွင် နေထိုင်လျက် တစ်ကိုယ်တည်း လူပျိုကြီးဘ၀ဖြင့် ရခိုင်ပြည်လက်နက်ကိုင်တော်လှန်ရေးကို တစိုက်မတ်မတ်ကိုင်စွဲကာ တော်လှန် တိုက်ပွဲဝင်လျက်ရှိသည်။

ညီအစ်ကိုမောင်နှမများမှာ - ဦးမောင်လုံး၊ မောင်နီ၊ မောင်ရဲဂျာ၊ မကြီး၊ ခြာဒေါင်၊ သိန်းနု၊ အေးကြည်

ဝေဟင်အောင်
၁၀၊ ၁၊ ၂၀၁၇။

(ကျွန်တော်လက်ရှိ ရေးသားနေသည့် `ရခိုင်တို့၏ နိုင်ငံရေး´စာအုပ်တွင် ဖော်ပြပေးနိုင်ရန်အတွက် သက်ရှိထင်ရှား ရခိုင့်ခေါင်းဆောင်များကို ဖော်ပြရာတွင် အသုံးပြုနိုင်ဖို့ ရေးသားထားခြင်းဖြစ်သည်။ များမကြာမှီ စာအုပ်အဖြစ် ထွက်ရှိလာပါမည်။)

( ၈ ) ကြိမ်မြောက် ရက္ခိုင့်တပ်မတော်နေ့

" ARAKAN ARMY ရဲ့ ၈ နှစ်​​မြောက်​ ​တော်​လှန်​​ရေး
နေ့ အခမ်းအနား ကျင်းပ ပုံ"

AA ရဲ့ ၈ နှစ်​​မြောက်​ ​တော်​လှန်​​ရေး ​နေ့ကို မ​နေ့က
KIO ​ဒေသ လိုင်​ဇာနှင့်​ သိပ်​မ​ဝေး​သော မလိုင်​ခက်​ မှာ ညီ​နောင်​ရခိုင်​Araran Army တို့ရဲ့ ၈ နှစ်​​မြောက်​ ​တော်​လှန်​​ရေး ပွဲကို ပြုလုပ်​ခဲ့ပါတယ်​။
AA ​တော်​လှန်​​ရေး ​နေ့ မိန့်​ခွန်းကို AAစစ်​ဦးစီးချုပ်​ ​ပြောကြားပြီး
တော်​လှန်​​ရေး ညီ​နောင်​ အဖွဲ့အစည်း များက ​ပေးပို့ လိုက်​​သော
AA ​တော်​လှန်​​ရေး ​နေ့ ဂုဏ်​ပြု လွှာကို VCS Dr. ညိုထွန်း​မောင်​က​နေ
ဖတ်​ကြား​ခဲ့ပါတယ်​။

" ရခိုင့်​ အမျိုးသား ​တွေ ကိုယ့်​နိင်​ငံ ​ရေး ​အောင်​မြင်​ ​အောင်
တော်​လှန်​​ရေး လုပ်​ခဲ့ရပါတယ်​" ဟု AA စစ်​ဦးစီးချုပ်​က​နေ
မိန့်​ခွန်းမှာ ထည့်​သွင်း​ပြောကြား ခဲ့ပါတယ်​။

တော်​လှန်​​ရေး ​သက်​တမ်း ၈ နှစ်​အတွင်း လုပ်​​ဆောင်​ခဲ့သမျှကို
ရခိုင်​ ပြည်​သူတို့ကို ဖတ်​ပြချင်း ပြုလုပ်​ခဲ့ပြီး
" မိမိတပ်​မှာ လိုအပ်​တာကို ​ထောက်​ပြ, အားရတာကို ​အား​ပေးရန်​နှင့်
တော်​လှန်​​ရေး လုပ်​​ဆောင်​မှုကို ရခိုင်​ပြည်​သူအ​ပေါင်းနှင့်​ ဆက်​လက်​၍ လက်​တွဲ ကာ လုပ်​​​ဆောင်​သွားမည်​" ဟုလဲ ​ပြောကြားခဲ့ပါသည်​။

ယ​နေ့ April 11 ​နေ့တွင်​ ​တော်​လှန်​​ရေး ​နေ့ကို ဂုဏ်​ပြု
သော ပွဲများနှင့်​ ယှဉ်​ ပြိုင်​ ကစားပွဲများ ပြုလုပ်​သွားမည်​ ဖြစ်​​ကြောင်း
သိရပါတယ်​ ။

မ​နေ့က ၈ နှစ်​​မြောက်​ ​AA ​တော်​လှ​န်​​ရေး ​နေ့မှာ အ​ဝေးက
ရခိုင့်​ ရပ်​မိရပ်​ဖ လူကြီး များ ၃၀၀ ​ကျော်​ တက်​​ရောက်​ခဲ့ပါတယ်​။

ရခိုင့်​ အမျိုးသား ​တော်​လှန်​​ရေး တပ်​မ​တော်​ Arankan Army ကို
၂၀၀၉ ခုနှစ်​ ဧပြီလ ၁၀ ရက်​​နေ့ တွင်​ဖွင့်​လှစ်​ခဲ့​သော​ကြောင့်
နှစ်​စဉ်​နှစ်တိုင်း ထို​နေ့တွင်​ ​တော်​လှန်​​ရေး အခမ်းအနား ပြုလုပ်
ကျင်းပ ခဲ့​ကြောင်းလဲသိရပါတယ်​။

၈ နှစ်​​မြောက်​ AA ​တော်​လှန်​​ရေး မှသည်​ ​နောင်​နှစ်​​ပေါင်း ရာချီ​အောင်
ရခိုင့်​ အကျိုးကို သယ်​ပိုး ​နိင်​ပါ​စေ။  

San Aung Myo
( kachin Media war)

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...