ဘူးသီးတောင်မြို့ စစ်ကောင်စီ ထိမ်းချုပ်မှုလက်အောက်တွင် ရှိနေအချိန်က ဘာတွေဖြစ်ခဲ့သလဲ.? ဘူးသီးတောင်မြို့ကို ဘယ်သူက ဘယ်အဖွဲ့ မီးရှို့ဖျက်ဆီးခဲ့သလဲ…?
ဘူးသီးတောင်မြို့ စစ်ကောင်စီ ထိမ်းချုပ်မှုလက်အောက်တွင် ရှိနေအချိန်က ဘာတွေဖြစ်ခဲ့သလဲ.?
ဘူးသီးတောင်မြို့ကို ဘယ်သူက ဘယ်အဖွဲ့ မီးရှို့ဖျက်ဆီးခဲ့သလဲ…?
၂ ဇွန်လ ၂၀၂၄
၁။ ၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက် နှင့် ၂၀ ရက်နေ့တွင် AA ကို အလိုမရှိကြောင်း စစ်ကောင်စီကို ထောက်ခံသည့် မွတ်ဆလင်များက ဘူးသီးတော်မြို့ပေါ်၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ( ပထမ အကြိမ် ဆန္ဒထုတ်ဖော်ခြင်း)
ဘူးသီးတောင်မြို့သည် စစ်ကောင်စီ ထိမ်းချုပ်မှုလက်အောက်တွင် ရှိနေဆဲဖြစ်သည်။
၂။ ၂၀၂၄ ခုနှစ် ဧပြီလ ၁၄ ရက်နှင့် ၁၅ ရက်တွင် ထပ်မံ၍ AA အလိုမရှိ / ဘူးသီးတောင်ကို ကာကွယ်ကြ စသည့် စာတန်းများကိုင်ဆောင်ကာ စစ်တပ်ကို ထောက်ခံသည့် မွတ်ဆလင်များက ဘူးသီးတောင်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ( ဒုတိယ အကြိမ် ဆန္ဒထုတ်ဖော်ခြင်း) နောက်တစ်နေ့ ဧပြီလ ၁၆ ရက်နေ့တွင် ဘူးသီးတောင်မြို့ရှိ ရက္ခိုင်နေအိမ် အများစု နှင့် မွတ်ဆလင်မဟုတ်သည့် ဒေသခံ ရက္ခိုင်မျိုးနွယ်စု နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခံ ထားရသည့် ဓါတ်ပုံနှင့် ရုပ်သံဖိုင်များ ထွက်ပေါ်လာခဲ့သည်။
ဘူးသီးတောင်မြို့ စစ်ကောင်စီ ထိမ်းချုပ်မှုလက်အောက်တွင် ရှိနေဆဲဖြစ်သည်။
၃။ ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပူးပေါင်း မွတ်ဆလင် လက်နက်ကိုင် ARSA -ARA- RSO - စစ်တပ်သင်တန်းပေး လက်နက် တပ်ဆင်ထားသော မွတ်ဆလင် လက်နက်ကိုင်များက မီးရှို့ဖျက်ဆီးထားသော ဘူးသီးတောင်မြို့ အေးစေတီဘုန်းကြီးကျောင်းအနီးက လမ်းတစ်လျှောက် မီးလောက်ဖျက်ဆီးနေသည့် ရုပ်သံ Video များထွက်ပေါ်လာခဲ့သည်။
ဘူးသီးတောင်မြို့သည် စစ်ကောင်စီ၏ လက်အောက်တွင် လုံလုံ ရှိနေသေးသည်။
၎။ ၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က ဘူးသီးတောင်မြို့က နယ်စည်းမခြားဆရာဝန်များအသင်း ( MSF ) ရုံးခန်း နှင့် ဆေးဝါးများ အကြမ်းဖက်မီးရှို့ခံလိုက်ရသည်ဟု ၂၀၂၄ ဧပြီလ ၁၇ ရက် ရက်စွဲဖြင့် MSF က တရားဝင် ထုတ်ပြန်ခဲ့သည်။ သို့သော် ဘယ်အဖွဲ့အစည်းက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ၎င်း တို့ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိမှာ စဉ်စားစရာတစ်ခု
ဘူးသီးတောင်မြို့သည် စစ်ကောင်စီ ထိမ်းချုပ်မှုလက်အောက်တွင် ရှိနေဆဲပင်ဖြစ်သည်။
၅။ ၂၀၂၄ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် ဘူးသီးတောင်မြို့ရှိ ရက္ခိုင်လူမျိုးနေအိမ်အများအပြားကို စစ်ကောင်စီနှင့် ARSA /ARA/ RSO စစ်သင်တန်းတက်ထားတဲ့ မွတ်ဆလင်လက်နက်ကိုင်အုပ်စု များက မီးရှို့ ဖျက်ဆီးခဲ့သည်ကို BBC နှင့် Western News တို့က ဖော်ပြခဲ့သည်။
ဒီအခ်ျိန်ထိ ဘူးသီးတောင်မြို့ကို စစ်ကောင်စီတပ်က ထိမ်းချုပ်ထားဆဲဖြစ်သည်။
၆။ ဘူးသီးတောင်မြို့ပေါ်က ပြည်သူအားလုံး ယာယီ မြို့ကို စွန့်ခွာကြရန် အာရက္ခတပ်တော်AA က သတိပေးထားကြောင်း ဘူးသီးတောင်မှ ပညာရေးဝန်ထမ်းတစ်ဦး ဝမ်းနည်းစွာဖြင့် ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ နေ့က ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။
ဘူးသီးတောင်မြို့သည် စစ်ကောင်စီ ထိမ်းချုပ်မှုလက်အောက်တွင် ရှိနေဆဲဖြစ်သည်။
၇။ ၂၀၂၄ ခုနှစ် ဧပြီ ၂၂ ရက်နေ့က စစ်ဘေးရှောင်မွတ်ဆလင်များကို စားနပ်ရိက္ခာ ထောက်ပံ့ပေးသည်ဟု ဘူးသီးတောင်မြို့ အမှတ် ၁ စာသင်ကျောင်း ကွင်းပြင်တွင် စစ်ကောင်စီက ဟန်ပြ မှတ်တမ်း ဓါတ်ပုံ ရိုက်အခန်းအနားကျင်းပခဲ့သည်။ ၎င်း အခန်းအနား ပွဲတွင် MSF အမှတ်တံဆိပ်ပါ အင်္ကျံဝတ်ထားသည့် မွတ်ဆလင်တစ်ဦးကိုလည်းတွေ့ရသည်။
ဧပြီလ ၂၃ ရက် နေ့စွဲဖြင့် ရက္ခိုင်နေအိမ် ထောင်ချီ မီးရှို့ ဖျက်ဆီးခဲ့ရသည့် ဓါတ်ပုံ တွေ ရုပ်သံတွေ များစွာ ထွက်ပေါ်လျက်ရှိနေပြီဖြစ်သည်။ ၈၀ % ဘူးသီးတောင်မြို့ကနေအိမ်တွေ ဖျက်ဆီးသွားပြီဟု သိရသည်။
(ဘူးသီးတောင်မြို့သည် စစ်ကောင်စီလက်အောက်၌ ရှိနေဆဲဖြစ်သည်။)
၈။ ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက် ဘူးသီးတောင်မြို့ရှိ ရက္ခိုင်နေအိမ် အများအပြားနှင့် မွတ်ဆလင်မဟုတ်တဲ့ နေအိမ်များကို အကြမ်းဖက်မီးရှို့ခံသည်ဟု အာရက္ခတပ်တော် AA မှ ထုတ်ပြန်ထားသည့် ရုပ်သံမှတ်တမ်းကို ရက္ခိုင်အခြေစိုက် Narinjara ကဖော်ပြထားသည်။
ဘူးသီးတောင်မြို့ကို စစ်ကောင်စီက ထိမ်းချုပ်ထားဆဲဖြစ်သည်။
၉။ ၂၀၂၄ ခုနှစ် မေလ ၄ ရက်နှင့် ၅ ရက်နေ့တွင်( တတိယ အကြိမ် )AA အလိုမရှိ / မွတ်ဆလင် ဒုက္ခသည်အသက်ကိုကယ်တင်ပေး စသဖြင့် စာတန်းများကိုင်ဆောင်ကာ ဆန္ဒပြတဲ့ အဲ့ဒီနေ့မှာပဲ ထပ်မံ၍ ဘူးသီးတောင်က နေအိမ် ၁၅၀၀ လောက် အကြမ်းဖျက်မီးရှို့ခံရသည်။
( ဘူးသီးတောင်မြို့သည် စစ်ကောင်ထိမ်းချုပ်မှု လက်အောက်တွင် ရှိနေဆဲဖြစ်သည်။ )
၁၀။ ၂၀၂၄ ခုနှစ် မေလ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ်မှာ ရှိတဲ့ စစ်ကောင်စီ၏ တပ်ရင်း တပ်ဖွဲ့ ဌာနချုပ် တပ်စခန်းအားလုံးကို သိမ်းပိုက်ထိမ်းချုပ်လိုက်ပြီးနောက် ၂၀၂၄ မေလ ၁၇ နေ့ ညမှာ ဘူးသီးတောင်မြို့ပေါ်ရှိ မွတ်ဆလင် နေအိမ်များကို AA က မီးရှို့ခဲ့သည်ဟု စွပ်စွဲကာ ဖြစ်စဉ် ဖြစ်ရပ်နှင့် လွဲမှားနေတဲ့ ဓါတ်ပုံဖြင့် သတင်းအတုများကို RFA - DVB - BBCတို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဝေဆာဆာ ဖော်ပြခဲ့သည်။
အဲ့ဒီ ဧပြီလ ၁၇ ရက် ည မှာ စစ်ကောင်စီ လေကြောင်းကနေ Y-12 လေယာဉ်ဖြင့် ပေါင် ၁၀၀၀ ဗုံးသီးများ ဘူးသီးတောင်မြို့ကို ကြဲချခဲ့သည်ဟုလည်းသိရသည် နောက်ပြီး ညသန်ခေါင်ယံ ၂ နာရီအချိန်ထိ ဂျက်ဖိုက်တာတွေနှင့် လာရောက်ပစ်ခတ်ခဲ့သည်ဟုလည်း ကြားသိရသည်။
#lay_wadi_media #စစ်ကောင်စီ #Buthidaung #Rakhine #ရခိုင် #ARSA #ARA #RSO
Comments
Post a Comment