ငြိမ်းချမ်းရေး အမြန်ရအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဒေါ်စုတိုက်တွန်း

အခုထိ ငြိမ်းချမ်းရေးမရသေးတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ ဇန်န၀ါရီလ (၁)ရက်နေ့က NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းမှာ တိုက်တွန်းလိုက်ပါတယ်။

အခုလို ငြိမ်းချမ်းရေးလုပ်ဆောင်ရမှာ လက်ရှိအစိုးရအနေနဲ့ တပ်မတော်နဲ့ ဆက်ဆံရေးတခုတည်းကိုပဲ ဦးစားမပေးပဲ တိုင်းရင်းသားတွေဘက်ကိုပါ ကြည့်သင့်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။အေပီသတင်းတပုဒ်ကို အခြေခံပြီး အပြည့်အစုံကို မအင်ကြင်းနိုင်က ဆက်ပြီး ပြောပြမှာပါ။

၂၀၁၇ခုနှစ် ဇန်န၀ါရီလ (၄)ရက်ဆိုရင် မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရခဲ့တာ ၆၉ နှစ်ရှိပြီဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာတော့ အခုထိ မငြိမ်းချမ်းနိုင်သေးပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခတွေ ရှိနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖြစ်စဉ် တနေ့ အောင်မြင်မယ်လို့ အခိုင်အမာယုံကြည်ကြောင်း ပြောကြားခဲ့ပေမဲ့ အချိန်အတိုင်းအတာ ကြာရှည်သွားမယ့်အပေါ်မှာ အားမရဖြစ်မိကြောင်း ပြောကြားခဲ့ပါတယ်။

ပင်လုံ လို အားလုံးပါဝင်နိုင်ရေး ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အချိန်စောနေသေးတယ်၊ အချိန်ပေးဖို့ လိုအပ်တယ်လို့ တချို့တွေက ပြောနေကြပေမဲ့ သူ့အနေနဲ့တော့ အချိန်ဟာ နောက်ကျလွန်းနေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“ကျွန်မတို့ ငြိမ်းချမ်းရေးလိုအပ်ခဲ့တာ လွတ်လပ်ရေး ရကတည်းကပါ။ လွတ်လပ်ရေး ရကတည်းက ဆိုတော့ အနှစ် ၇၀ လောက်ရှိနေပါပြီ။ အဲဒီတော့ ကျွန်မတို့ဟာ နောက်နှစ်ဆိုရင် အနှစ် ၇၀ ပြည့်တော့ မယ်။ ဒီနှစ်ဆိုရင် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ ၆၉၊ ၇၀ ဖြစ်တော့မယ် ကျွန်မ တို့ နိုင်ငံဟာ အခုချိန်အထိ မငြိမ်းချမ်းရေးလည်း မရသေးဘူး ဆိုတာက ဒါဟာ အချိန်တွေ လွန်လာပြီလို့ ကျွန်မတို့က ထင်ပါတယ်။

အချိန်တွေ လွန်လာလို့၊ ဒီနှစ်မှာလည်း ကျွန်မတို့ ငြိမ်းချမ်းရေးရဲ့ ပန်းတိုင်ကို တကယ့်ကို တည့်တည့်မတ်မတ် သွားနိုင်ပြီဆိုတဲ့ အခြေအနေတွေ ဖြစ်အောင်လို့ ၀ိုင်းဝန်းပြီးတော့ ကြိုးစား စေချင်ပါတယ်။ ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်တော့မယ်၊ တည့်တည့်ဖြောင့်ဖြောင့် လမ်းပေါ် ကို ရောက်နေပြီဆိုရင် ကျွန်မတို့ အားလုံးဝိုင်းပြီး အမြန်ဆုံးဖြစ်အောင် ကြိုးစားရမယ်။ တည့် တည့်မတ်မတ် လမ်းပေါ်ရောက်ဖို့က အကြီးဆုံးစိန်ခေါ်မှုပဲ ဖြစ်ပါတယ်။”

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တက်လာပြီးနောက် ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ချက်တွေ ပျက်ပြားခဲ့ရတယ်လို့ တိုင်းရင်းသားတွေဘက်က ပြောပါတယ်။ အထူးသဖြင့် အခုလို တပ်မတော်နဲ့ ဖြစ်နေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး အစိုးရဘက်က ဘာတခုမှ ဆောင်ရွက်ပေးမှုမရှိဘူးလို့ KIA ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မှူး ရောထောင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရတက်လာပြီး သူကိုယ်တိုင် နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်ဖြစ်လာပြီးကတည်းက အခြေအနေတွေဟာ အရင်ကထက် ပိုပြီး ဆိုးလာတာပါ။ လူတိုင်းက ငြိမ်းချမ်းရေးအကြောင်း ပြောနေကြတယ်။ ပြောမှာပေါ့။ တိုင်းပြည်တည်ငြိမ်ပြီး ငြိမ်းချမ်းဖို့ လူတိုင်း လိုချင်တာကိုး။ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ၂၁ရာစု ပင်လုံညီလာခံ ကျင်းပတဲ့ အချိန်ကစပြီး ကျနော်တို့ အပေါ် တိုက်ခိုက်မှုတွေဟာ ပိုပြီး ဆိုးလာပါတယ်။ ဒါကို အစိုးရဘက်က ဘာမှ လုပ်မပေးဘူး။”

တဖက်မှာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ လက်ရှိ NLD အစိုးရက တပ်မတော်နဲ့ ဆက်ဆံရေးကိုပဲ ဦးစားပေးနေတယ်လို့ ဝေဖန်ထောက်ပြမှုတွေရှိနေတာပါ။ အခုလို ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ လက်ရှိအစိုးရအနေနဲ့ တိုင်းရင်းသားတွေဘက်ကို ကြည့်ဖို့ လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်နေသူ ဒေါက်တာရန်မျိုးသိမ်းကပြောပါတယ်။

“မြန်မာ့ဒီမိုကရေစီရေးဖြစ်စဉ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အလွန်အရေးကြီးတယ်လို့ ကျနော် မြင်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အတွက် အစိုးရအနေနဲပ တိုင်းရင်းသားလူနည်းစုတွေကိုရော သူတို့ရဲ့ လက်နက်ကိုင်အဖွဲ့တွေအတွက်ပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ တပ်မတော်နဲ့ဆက်ဆံရေး တခုတည်းကိုပဲ ဦးစား မပေးသင့်ပါဘူး။”

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ရင် အရေးကြီးဆုံးက ယုံကြည်မှုတည်ဆောက်ဖို့နဲ့ ဖြောင့်မတ် ပွင့်လင်းဖို့ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ အခုချိန်ထိ ငြိမ်းချမ်းရေးမရနိုင်ခဲ့တဲ့ အကြောင်းရင်းကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မိန့်ခွန်းမှာ ထောက်ပြသွားပါတယ်။

“လောဘနဲ့ ဒေါသကို အောင်နိုင် နိုင်မယ်ဆိုလို့ရှိရင် ကျွန်မတို့ နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး မရှိစရာအကြောင်း ဘာမှမရှိပါဘူး။ အဓိက ဒီနှစ်ခုပါဘဲ။ လောဘ ကိုယ့်အတွက် ကိုယ်လိုချင်တဲ့ စိတ်၊ ဒေါသ ဟိုဘက်ကို မလိုလားတဲ့စိတ်၊ မုန်းတီးတဲ့စိတ်၊ ဟိုဘက်ကို ကျောချင်တဲ့စိတ် ဒီစိတ် နှစ်ခုကြောင့် ကျွန်မတို့ နိုင်ငံမှာ ငြိမ်းချမ်းရေး မရခဲ့တာ ဖြစ်ပါတယ်။ ဒီစိတ်နှစ်ခုသာ ပျောက်ကွယ် သွားမယ်ဆိုရင်၊ လုံးဝပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ အများကြီးလျော့ကျ သွားမယ်ဆိုရင် ကျွန်မတို့ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ အောင်မြင်မယ်ဆိုတာ ကျွန်မလုံးဝ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အရှည်တည်တံစေရေးအထိမ်းအမှတ်နဲ့ သံလွင်ပင်ကို စိုက်ပျိုးပြီး နှစ်သစ်မှာ လုပ်ငန်းစဉ်တွေအောင်မြင်ဖို့ ၂၀၁၇ ဇန်န၀ါရီလ ၁ ရက်နေ့မှာNRPC ငြိမ်းချမ်းရေး အဆောက်အအုံကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွား

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရွာ အနီးတွင် မိုင်းပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့

စံမောင်သန်း၊ ယိုးတရုတ်
နိရဉ္စရာ၊ ဒီဇင်ဘာ ၂

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ အနီးတွင် ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီခွဲကျော်က ပါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်ဟု သတင်းရှိသည်။

ပေါက်ကွဲသောနေရာသည် ယိုးတရုတ်ကျေးရွာ မြောက်ဘက် ကျေးရွာဆိုင်းဘုတ်၏ ကိုက် ၂၀၀ ခန့် အကွာ လမ်းဘယ် ညာ ၂ နေရာတွင် ဖြစ်ပွားခဲ့သည်ဟု မိုင်းရှင်းလင်းရေး လုပ်နေရာသို့ ရောက်ရှိနေသူ တစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ပြောကြားသည်။

ယင်းပေါက်ကွဲမှုဖြစ်ပွားချိန်သည် တပ်မတော်က လူကြီးတစ်ဦး ခရီးစဉ်နှင့် တိုင်ဆိုင်နေသည်ဟု ယိုးတရုတ် ကျေးရွာသားများက ပြောဆိုနေကြသည်။

မိုင်းရှင်းလင်းရေးလုပ်စဉ် အချင်းသုံးလက်မ အရှည် ၃ ပေခန့်ရှိ မိုင်းဟု ယူဆရသော အရာတစ်ခုကို တွေ့ရှိထားသည်ကို မြင်တွေ့ခဲ့ရသည်။

မိုင်းရှင်းလင်းရေး လုပ်နေသူထဲမှ တာဝန်ရှိသူတစ်ဦးကလည်း မိုင်းထောင်သောနေရာသည် သာမန်ကားလမ်းသာ ဖြစ်နေသဖြင် ထိရောက်မှုမရှိဟုဆိုသည်။

မိုင်းရှင်းလင်းရေးနှင့် လုံခြုံရေး ကိစ္စများကို တပ်မတော်က လျှို့ဝှက်လုပ်နေရ၍ နိရဉ္စရာက တစ်စုံတစ်ရာ မေးမြန်းခွင့် ဓါတ်ပုံရိုက်ယူခွင့် မရရှိခဲ့ပါ။

ယင်းမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မကြားသိရပါ။

တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာတွင် ရခိုင်ထီးနန်းကျဆုံးနေ့ အောက်မေ့ဖွယ် ဟောပြောပွဲ အခမ်းအနားကျင်းပ

တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာတွင် ရခိုင်ထီးနန်းကျဆုံးနေ့ အောက်မေ့ဖွယ် ဟောပြောပွဲ အခမ်းအနားကျင်းပ

နိရဉ္စရာ၊ ဇန်န၀ါရီ ၂

(၂၃၂) နှစ်မြောက် ရခိုင်ထီးနန်းကျဆုံးနေ့ အောက်မေ့ဖွယ် ဟောပြောပွဲ  အခမ်းအနား ဟောပြောပွဲတစ်ခုကို တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာတွင် ဒီဇင်ဘာ (၃၁) ရက်နေ့ညက ကျင်းပပြု လုပ်ခဲ့ကြောင်းသိရှိရသည်။

ယင်းအောက်မေ့ဖွယ်းဟောပြောပွဲ အခမ်းအနားတွင် ဆားပြင်ကျေးရွာနှင့် တောင်ကုတ်မြို့တွင်းမှ  ကျောင်းသား ကျောင်းသူကလေးငယ်လေးများမှ အမျိုးသားရေးကဗျာများကို ရွတ်ဖတ်ခဲ့ကြသည်။ 

စာရေးဆရာစန္ဒကူးထင် ပေါ်၊ သံတွဲမြို့မှ သမိုင်းသုတေသီစာရေးဆရာ၊ ဆရာတော် ငွေသဇင်(သံတွဲ)၊ နိရဉ္စရာဆောင်းပါးရှင် စာရေးဆ ရာ ရက္ခ၊ ကမာဆရာတော်နှစ်ပါးနှင့် ခရိုင်ဆရာတော်တို့မှ ရခိုင်ထီးနန်းကျဆုံးနေ့ အောက်မေ့ဖွယ် မကြောင်းများကို ဟောပြောခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါပွဲဖြစ် မြောက်ရေးကို တက်ကြွစီစဉ်ခဲ့ သူဆားပြင်ကျေးရွာ ကိုပြုံးချိုမှ အပိတ်နိဂုံး အမှာ စကားပြောကြားခဲ့ပြီး ဟောပြောပွဲအ ခန်းအနားကို ညဥ့် ၁၂ နာရီခန့်တွင် အဆုံးသတ်ခဲ့ကြောင်း သိရှိရသည်။

၎င်းအခမ်းအနားသို့ တောင်ကုတ်မြို့မှ ရခိုင်အမျိုးသားပါတီအပါအ၀င် ဆားပြင်ကျေးရွာနှင့် အနီးအနားမှ လူထုပရိတ်သတ် ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ။

ဓါတ်ပုံ - လူဆင့် (အရိပ်စစ်)

မင်းသားကြီးရွီဘန်း သီတန်းစာ

မင်းသားကြီးရွှီဘန်း သီတန်းစာရတု

မင်းသားအမှန်၊ ငါလျှင်ကြံကနိုင်ငံရပ်စည်၊ တိုင်းပြည်အတွက်ကိုယ့်အသက်ကို၊ ရက်ရက်စွန့်ခွာကုလားရွာ၌၊ ခန္ဓာရုပ်ဟောင်းဘ၀ပြောင်းလိမ့် ---။

ဖြစ်ကြောင်းသံသရာ၊ သတ္တ၀ါရို့မှန်စွာမချွတ်၊ သူမသတ်လည်းမလွတ်တခါ၊ သီအံ့ရာတည်း ---။

ကမ္ဘာတာရှည်၊ သူရို့သည်လည်းအတည်မစိုး၊ ငါမြီတိုးသော်အရိုးတခါ၊ တွန်လိမ့်ရာ၏ ---။

နောင်လာနောက်လူ၊ ရခိုင်သူရို့အယူမစောင်း၊ ငါ့လမ်းကြောင်းကိုကောင်းကောင်းလိုက်နာ၊ တိုင်းဓညာကိုတခါမုက္ချ၊ ငါရို့ရအံ့ ---။

လုံ့လရှိခံ၊ လိုလျှင်ကြံကနိဗ္ဗာန်မချွတ်၊ လက်ဝါးခတ်သည်စွဲမှတ်ဤစာသီတမ်းတည်း ---။ ။

(မင်းသားကြီးရွှီဘန်း)
မူရင်းရွီးသူအမည် Credit ပီးပါယင့်
ပုံနန့်လေး မသက်ဆိုင်ပါ ကဗျာ ရတုကိုသာ အဓိကထား၍ တင်ရခြင်းသာဖြစ်ပါသည်။

မြောက်ဦးမြို့နန်းတော်ကုန်း

မြောက်ဦးမြို့တော် နန်းတော်ကုန်းကို မင်းစောမွန်တည်ဆောက်ခသည်မှာကား မူလနဂိုရ်အားဖြင့် ကုက္ကားတောင်နှင့် တောင်ညိုတောင်နှစ်ခုကို တူးဖြိုညှိလျှက်တည်ခသော ကျောက်ဆောင်ကျောက်သားမြီခံမြီများဖြစ်သည်။ နန်းတော်ကုန်းပတ်လည် စတုရန်းပုံသဏ္ဍာန်ကို ကျောက်အုတ်များဖြင့်တံတိုင်းပြုကာ အမာခံလျှက် ကေဇာသက္ကရာဇ် (၇၉၂) ခု တော်သလင်းလဆန်း (၁) ရက် တလဂုင်္နီနိ၊ ခရစ်သက္ကရာဇ် (၁၄၃၀) ခုနှစ်တွင် မြောက်ဦးခေတ်ထီးနန်းကို စတင်တည်ထောင်သည်။
ပထမဆုံးမြောက်ဦးခေတ်ထီးနန်းတော်ကို မင်းစောမွန်မင်းများလက်ထက် အုတ်တံတိုင်းများဖြင့်သာ အောက်ခြီချလျှက် တည်ဆောက်ခခြင်းဖြစ်သည်။ မြောက်ဦးဒုတိယခေတ် မင်းဗာဘုရင်လက်ထက်ရောက်သောအခါ၌ကား ကျောက်အမာခံတံတိုင်းများဖြင့်ထပ်မံပြီးသော် ခိုင်ခံ့ကြီးကျယ်စွာတည်ဆောက်သည်။

သို့ဖြစ်ပါ၍ ရခိုင်မဟာရာဇဝင်တော်ကြီးလင်္ကာတွင် (စောမွန်ပျင်ပြု၊ မင်းဗာတည်ကေ၊ ရွှေမြောက်ဦး) ဟုလည်းကောင်း။ (မြောက်ဦးမည်သာ၊ မြို့အောင်ချာကို၊ တည်လှာပြုလစ်၊ သက္ကရာဇ်ကား၊ ဒွေးဖြစ်နဝါ၊ သတ္တသာတည်း) ဟူ၍လည်းကောင်း တွိရသည်။

နန်းတော်ကုန်း၏အဆင့်မှာ သုံးဆင့်ဖြစ်သည်။ ထိပ်ဆုံးအမြင့်မှ အောက်ဆုံးအဆင့်ထိပေပေါင်း (၅၀) မြင့်သည်။ တတိယအဆင့်၏ တောင်မှမြောက်သို့ ပေပေါင်း (၁၆၀၆) ပေဟိသည်။ အရှိမှအနောက်သို့ ပေပေါင်း (၁၇၄၀) ပေ ဟိသည်။ တံတိုင်းများအောက်ခြီတွင် ကျောက်သား (၇) ပေထုထည်ဟိသည်။ တံတိုင်းများ၏အထက်ပိုင်းထုထည်မှာ (၄) ပေဖြစ်သည်။ ပထမနှင့် ဒုတိယတံတိုင်းအကွာအဝီးမှာ ပေပေါင်း (၂၃၇) ပေ ရှည်သည်။ အပေါ်ဆုံးအထက် နန်းရင်ပြင်၏အကျယ်အဝန်းမှာ (၆၅၆) ပေကျယ်ဝန်းသည်။ အရှိဘက်အဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၂၃၃) ပေဟိသည်။ ၎င်းမှ တတိယအဆင့်တန်းခါးသို့ (၁၆၆) ပေဟိသည်။

အပေါ်ဆုံးအထက်နန်းရင်ပြင်၏ မြောက်မှတောင်သို့ အလျားပေပေါင်း (၆၇၉) ပေ ကျယ်သည်။ တောင်ဘက် တတိယအဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၁၃၈) ပေဟိသည်။ ၎င်းမှ ပထမအဆင့်တန်းခါးသို့ ပေပေါင်း (၄၅၀) ကွာဝီးသည်။ တန်းခါးများ၏ဝင်ပေါက်မှာ (၁၀) ပေစီကျယ်ဝန်းသည်။ တံခါးတဘက်တချက်စီ၏ တန်းခါးဘောင်များမှာ
(ဂ) ပေစီ ရှိသို့ထိုးထွက်လျှက် တည်ဟိသည်။ တံတိုင်းများထုထည်အထူမှာ (၇) ပေ (၆) လက်မစီဟိပြီး (၁၂) ပေစီ မြင့်သည်။ တန်းခါးများ၏အတွင်းဘက်နံရံများ၌ မြီကြီးသည် တပေခန့်အကွာ ကျောက်တုံးကြီးများနှင့် (၈) ပေအမြင့်ဟိသော ကျောက်တုံးကြီးတွင် (၅)လက်မဟိသော အပေါက်တပေါက်စီကို ထွင်းလုပ်ပြုပျင်တပ်ဆင်ထားသည်။

ထိုတန်းခါးပေါက်များကို ပိတ်ဖွင့်နိုင်ရန်အတွက် အရှင်တန်းခါးတပ်ဆင်ထားခြင်းဖြစ်သည်။ နန်းတော်၏အနောက်ဘက် ဒုတိယနှင့် တတိယတံတိုင်းအကြားတွင် ကျုံးများဟိသည်။ အရှိတောင်ဘက်တွင် ဗဟိုရ်စည်တော်ထားဟိသော စည်တော်ကိုအချိန်မှန်ယွန်းသော(ယွန်းထောင်) ခေါ် (ရွန်းတောင်) တည်ဟိသည်။ တောင်ဘက်တွင် (ဝယိုင်သာ) ခေါ် (ဥယျာဉ်တော်) ဟိသည်။

နန်းတော်၏အရှိဘက် ဒုတိယအဆင့်တွင် နန်းတွင်းသူနန်းတွင်းသားများသောက်သုံးကုန်သော သောက်ရီကန် (နန်းသားကန်) တည်ဟိသည်။ ယခုအခါ ထိုကန်ကို (နံသာကန်) ဟုခေါ်ဆိုသည်။ ယခုနန်းတော်ကုန်း၏အရှိဘက်ဆင်းလမ်း (နန်းကျောက်လှီကား) နှင့် အနောက်ဘက် နန်းကုန်းအဆင်းလှီကားရို့မှာ ဗြိတိသျှအင်္ဂလိပ်အုပ်ချုပ်စဉ်ကာလ (မြောက်ဦးနန်းတော်ကုန်းအားဖောက်ပြီးသော် ရှိနောက်တောက်လျှောက်ပိုင်းပြီး လမ်းလုပ်ရန်စီစဉ်ခသည်။ တမြို့လုံးကကန့်ကွက်ဆန္ဒပြသဖြင့် လမ်းမဖောက်လုပ်ဘဲရပ်တန့်ကာ ယခင်မင်းဆင်းလမ်းလှီကားကိုပတ်၍ အရှိအနောက်တဖြောင့်တည်း ကျောက်လှီကား (၂) ခုကို တပ်ဆင်ထားခခြင်းဖြစ်သည်။

ရခိုင်မင်းများလက်ထက် နန်းတော်ကုန်းသို့အဆင်းအတက်ကျောက်လှီကား အစစ်အမှန်နီရာများသည်ကား အနောက်ဘက်၌ ယခုပါတီယူနစ်ယုံးဟောင်းအရှိဘက် ကျောက်လှေကားဆင်းလမ်းတခု၊ ၎င်းနှင့် အရှိဘက်သို့တဖြောင့်တည်း နန်းသားကန်တော်ဘက်သို့ဆင်းလမ်း ကျောက်လှီကားတခုဖြစ်သည်။

ရှိမင်းများသည် ဤနန်းတော်ကုန်းသို့ အရပ်လေးမျက်နှာမှ ဆင်းတက်နိုင်စီရန်အတွက် အရပ်လေးမျက်နှာတွင် ကျောက်လှီကားတန်းခါးပေါက် (၄) ခုကို တွိမြင်ကတ်ရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရခိုင်မြို့တည် ဗိသုကာကျမ်း၌ဖော်ပြထားသည်မှာ-

(ခုနစ်ရာကိုးဆယ်၊ စွန်းဝယ်နှစ်ဖော်၊ လတော်သလင်း၊ လျှံဝင်းထွန်းညီး၊ ထွက်ပြီးနီတက်၊ ဆန်းတရက်၌၊ မြောက်ဦးမြို့သာ၊ တည်ခြင်းရာကား၊ တောင်ညိုကုက္ကား၊ နှစ်ပါးတူညီ၊ ဘုမ္မိနက်သန်၊ မြီကြန်သင့်ရာ၊ ယင်းသည်မှာလည်း၊ အကာအင်းသီး၊ ထားတုံပြီးမှ၊ တည်ထမြို့နန်း၊ ကန်စန်းကန်လဂ်၊ တထောင်ဘက်ကို၊ မပျက်ထိုရော်၊ ဆက်တက်သော်ကား၊ အရာထောင်သောင်း၊ ကျိန်းခန်းအောင်း၏) ဟူ၍ပင်လျှင် ပါဟိသည်။ ဤမြောက်ဦးမြို့နန်းတော်ကုန်းကို တံတိုင်းသုံးတန် ဝိုင်းကာရံလျှက် ထိုတံတိုင်းများအကြားတွင်လည်း ကျုံးတော်များထားဟိသည်။

မြို့တံတိုင်းများအထက်ဝယ်လည်း မြင်းစီးသူရဲဗိုလ်ပါများစီးနင်းလားလာလှုပ်လျှားနိုင်အောင် စီမံပြုလုပ်ထားသည်။ မြို့ကျောက်တန်းခါးများကိုလည်း ခိုင်လုံစွာဖြင့် ခမ်းနားကြီးကျယ်စွာ တည်ဆောက်စီမံထားခသည်။ ထို့ကြောင့် မြောက်ဦးမြို့တော်ကြီးသည် ထိုအချိန်ထိုအခါက အိမ်ခြီပေါင်းများစွာနှင့် ကြက်ပျံမကျစည်ကားခသည်။ သို့ဖြစ်ပါ၍ ခရစ်အေဒီ (၁၅) ရာစုမှ (၁၆) ရာစုထိကာလအတွင်း အလွန်ချမ်းသာကြွယ်ဝသော ကမ္ဘာ့အဆင့်မှီ သမိုင်းတွင်ထင်ရှားသော (The City Of MraukK Oo) မြို့ကြီးတမြို့ဖြစ်ပေတော့သည်။
……………………………………………………………

(ရှိဟောင်းရခိုင်ကျောက်စာများ- ဦးဦးသာထွန်း)
အောင်တံခွန် ၀ံသရက္ခိတမဂ္ဂင်း အတွဲ(၂) အမှတ် (၁) မှ ကူးယူဖော်ပြသည်။

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...