ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရွာ အနီးတွင် မိုင်းပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့
စံမောင်သန်း၊ ယိုးတရုတ်
နိရဉ္စရာ၊ ဒီဇင်ဘာ ၂
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ အနီးတွင် ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီခွဲကျော်က ပါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်ဟု သတင်းရှိသည်။
ပေါက်ကွဲသောနေရာသည် ယိုးတရုတ်ကျေးရွာ မြောက်ဘက် ကျေးရွာဆိုင်းဘုတ်၏ ကိုက် ၂၀၀ ခန့် အကွာ လမ်းဘယ် ညာ ၂ နေရာတွင် ဖြစ်ပွားခဲ့သည်ဟု မိုင်းရှင်းလင်းရေး လုပ်နေရာသို့ ရောက်ရှိနေသူ တစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ပြောကြားသည်။
ယင်းပေါက်ကွဲမှုဖြစ်ပွားချိန်သည် တပ်မတော်က လူကြီးတစ်ဦး ခရီးစဉ်နှင့် တိုင်ဆိုင်နေသည်ဟု ယိုးတရုတ် ကျေးရွာသားများက ပြောဆိုနေကြသည်။
မိုင်းရှင်းလင်းရေးလုပ်စဉ် အချင်းသုံးလက်မ အရှည် ၃ ပေခန့်ရှိ မိုင်းဟု ယူဆရသော အရာတစ်ခုကို တွေ့ရှိထားသည်ကို မြင်တွေ့ခဲ့ရသည်။
မိုင်းရှင်းလင်းရေး လုပ်နေသူထဲမှ တာဝန်ရှိသူတစ်ဦးကလည်း မိုင်းထောင်သောနေရာသည် သာမန်ကားလမ်းသာ ဖြစ်နေသဖြင် ထိရောက်မှုမရှိဟုဆိုသည်။
မိုင်းရှင်းလင်းရေးနှင့် လုံခြုံရေး ကိစ္စများကို တပ်မတော်က လျှို့ဝှက်လုပ်နေရ၍ နိရဉ္စရာက တစ်စုံတစ်ရာ မေးမြန်းခွင့် ဓါတ်ပုံရိုက်ယူခွင့် မရရှိခဲ့ပါ။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မကြားသိရပါ။
No comments:
Post a Comment