ရမ္မာဝတီသူ ပတ္တမြားဒေတီ စောမဲကျီ

👸ရွှေစံမိုးမြင့်👸၏ ရခိုင် အကျိုးပြု သမိုင်းဝင်စာအုပ်များထဲမှ မျက်နှာဖုံးရှင်အဖြစ် 💁 ပထမဆုံးစာအုပ် 📚•••ပတ္တမြားဒေဝီ စောမဲကျီ••• လင်းလင်းရောင်ဝါ၊ သာသနာလျင် ကောဇာကြီးထ၊ ဓညသခင်၊ ရွှေနန်းရှင်၏ သက်တင်ညာထား၊ ပတ္တမြားဒေဝီ၊ စောမဲကျီလျှင်၊ သုံးခွင်ဘုန်းမော်၊ ဓါတ်မွေတော်ကို၊ ပင့်သော်ပြီးခါ၊ သာယာတင့်ဆန်း၊ ရှုမခန်းသည်၊ ရံဝန်းသီဒါ၊ ယမုံနာနှင့်၊ ညီညာဝိုင်းဝန်း၊ ဆင်တင်ကျွန်းဦး၊ ကမ်းနဖူး၌၊ ပြန့်ပြူးသာယာ၊ ကုန်းထိပ်မှာလျင်၊ သဒ္ဓါကြည်ဖြူ၊ တောင်းဆုယူ၍၊ ပြည်သူ အဝှန်း၊ စိတ်ရွှင်လန်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူဆီမီး ညီးညီး တည်း•••။ (စံကားတောင်ဘုရားတည်သမိုင်းမှ)
##{ရမ္မာဝတီသူ ပတ္တမြား ဒေဝီစောမဲကျီ}###

*** စောမဲကျီ၏ ဇာတိချက်ကြွေ မွေးရပ်မြေ *** ရမ်းဗြဲမြို့ အနောက်တောင်ဘက် ကန်ဒိုင်းနယ်ရှိ ရွာရင်းရွာတွင် ဦးဖြူသီး၊ ဒေါ်မဲတူ မိဘနှစ်ပါးမှ မြန်မာ သက္ကရာဇ် (၈၇၅) ခုနှစ်တွင် မမဲကျီ (ခေါ်) စောမဲကျီ ကို မွေးဖွား သန့်စင်ခဲ့ပါသည်။ ၁။ • •• တိုက်နယ်ကန်ဒိုင်း၊ သမိုင်းထင်ပေါ်၊ ရွာရင်းဂါမ၊ ဌာနတွင်ပျော်၊ မဲတူဖြူသီး၊ ဇနီးနှစ်ဖော်၊ အကြောင်းဘက်၊ ပေါင်းဖော်နေကြသော် ••• သမီးတစ်ယောက်၊ ဖွားမြင်၍လာ၊ စောမဲကျီဟု၊ တွင်ပြုဝေါဟာ၊ မိဘနှစ်ဦး၊ ကြည်နူးစိတ်မှာ၊ မှည့်ခေါ်ကြ၊ နာမအစဉ်လာ ••• ကိုယ်ရေအသား၊ နုထွားကြည်ကြည်၊ လှပအဆင်း၊ ပဝင်းပေသည်၊ ပါရမီထူး၊ ပွင့်ဖူးစုံညီ၊ တက်သစ်ဆန်း၊ ရွှင်လန်းစောမဲကျီ•••။

•••ဝိသေသများ၊ ထူးခြားလှစွာ၊ ကမ္ဘာမြေကြီ၊တုန်ဟီးလှုပ်ခါ၊မီးနေခန်းထဲ၊ မြွေကြီးဝင်ကာ၊ ကလေးအား၊ ရစ်ထားပေတာ။ ။
၂။ ***သီလမြဲတဲ့ မမဲကျီ*** မမဲကျီကား၊ ကြီးထွား၍လာ၊တနေ့တခြား၊သိကြားလိမ္မာ၊ငါးနှစ်ရွယ်ရောက်၊ဆံတောက်ချိန်ခါ၊ ဘ ပီတ ၊ သေရမမြဲပါ ခန္ဓာရ အနိစ္စ ဓမ္မတာ။ ဘခင် လွန်မြောက် ၊ ထို့နောက် ချိန်မှာ၊ မိခင်ကြီးနှင့် ယှဉ်လျှက်မကွာ "သပေါ့" ကိုရက်၊ ဈေးကွက်ကိုရှာ၊ လူ့ဘဝရုန်းရ၊ ပင်ပန်းစွာ၊ ပင်ပန်းပင်ငြား အားမလျှော့ပါ ဘာသာတရား လက်ကိုင်ထားကာ သရဏဂုံ တရားတည်ထားပေတာ အမြဲပတ် ခါးဝတ်ပုဆိုးပမာ•••။ ။
၃။***ငယ်ကချစ်တဲ့ ငယ်ကျွမ်းဆွေ*** ••• တဖန် ထို့နောက် ကြီးမြောက်၍လာ သက်ဆယ့်ရှစ်မြောက် ရောက်လတ်သောခါ ပဉ္စသီလ စောင့်ထပေတာ ပါပမျိုး ကြိုးစားရှောင်တာ ညိုချောမို့ ပိုးကြမောင်တို့မှာ၊ ••• လူပျိုအများ လှည့်သွားရောက်လာ မဲကျီမအား စကားကမ်းကာ ဘဝခရီး ပျော်မှီးဖို့ရာ တဖွဖွ ပြောကြ သူ့ထက်ငါ ၊ မမဲကျီကား ပါးနပ်လိမ္မာ ချိုသာစကား ရှောင်ရှားပြောခါ မှက်ချောင်းရွာမှ ဘဝဖူးစာ ကိုရွှေသီး တွယ်ပီး သူ့မေတ္တာ ၊ ဘယ်သူဖျက်ဖျက် မပျက် မောင်မယ်နှစ်ဖြာ။ ။ ဤသို့မပျက် နေ့ရက်များစွာ သွားလာယှဉ်တွဲ ထူးကဲသစ္စာ လက်ထပ်ရေး ဆွေးနွေးတိုင်ပင်ရှာ ။ ။ ကတိစကား ထားခဲ့ပြီးလျှင် မောင်မယ်နှစ်ဦး အထူးပျော်ရွှင်မမဲကျီကား တပါးနေ့တွင် တောထဲရောက် ထင်းခြောက်ခွေဖို့ဝင် ••••

၎။ ***စိန်တောက်ချောင်းမှ ပတ္တမြားရ*** ထင်းခွေရာမှ ပြန်ကြပေတာ စိန်တောက်ချောင်း(ခု-ဆတ်တဲချောင်း)ကမ်းပါး နားကြသောအခါ ၊ သစ်ပင်ရိပ်အောက် တထောက်နားကာ ချောက်ကမ်းပါးမှ မျှော်၍ကြည့်ရာ ဆွေဖော်တစ်သင်း ရေကိုဆင်းကာ ဟိုမွှေ ငါးသဲ့ နေကြတာ ၊ မဲကျီစိတ်ထဲ ထူးကဲဖန်လာ ပေးစမ်းဟဲ့ "" ယက်သဲ့"" တောင်းယူခါ သဲ့သည်ပ မုချမြန်မကြာ ၊ဝိသေသထူး အထူးဖြစ်မှာနွံနစ်ထဲမှ နီရဲလှစွာ {•••ကျောက်ပတ္တမြား•••} မောက်ကြွားပါလာ ယက်သဲ့ထဲ ထူးကဲဝင်ရောက်လာ၊ မဲကျီစိတ်ထဲ တလွဲထင်ကာ သဖန်းသီးဖြစ် ပစ်၍ချကာ အဖော်များ ကျသွားနေရာ ဝိုင်းရှာကြ မရထုးကဲစွာ၊ မဲကျီသဲ့တိုင်း ထိုအဝိုင်းပါလာ သုံးကြိမ်မြောက်ထ ကောက်၍ကြည့်ကာ မိဧလှပြောပြသည်မှာ နတ်ကြီးမ လှပါ့မဲကျီရာ ၊ ထိုအလုံးကြီး ယူသွားပြီးခါ မဲကျီမကား သိမ်းထား (ဘုရား)ကျောင်းမှာ အလင်းပျောက်လို့ အမှောင်ရောက်လာ အရောင်တောက် ထွန်းပေါက်မီးပမာ။ တစ်အိမ်လုံး သိမ်းကျုံးလင်းပေတာ။။ ၅။ ***မနောမယ ပတ္တမြား*** •••အချိန်ပြင်မှ သိပ္ပစုံစွာ ဗေဒအထူး(ဦး)မြတ်ကျော်ဦး ရောက်လာ ထို ထိုသည့်ကျောက် လှမ်းကောက်ကြည့်ခါ ""ပတ္တမြား""ပြောကြား လေတော့တာ၊ ဇာတာသက္ကရာဇ် တွက်စစ်ပြန်တာ ယခုရောက်သက် ဆယ့်ရှစ်နှစ်များ လွန်စွာလာဘ်ကြီး သမီးကညာ ကောလီစီး စုတ်ကြီးဝင်တော့မှာ နဝတြိဿ(၃၉နှစ်) ရောက်ထချိန်ခါ သတိတရား မြဲမြဲထားပါ ဘုရားဟောထ အနိစ္စပါ မှာကာထား ပြန်သွားအိမ်ဂေဟာ၊ ကျောက်ပတ္တမြား မောက်ကြွားအလျှံ ရွာတွင်းနယ်တွင်း သတင်းကျော်လွန် လူအများစု ရှုစားဖို့ရန် တဖွဲဖွဲ မစဲရောက်လာပြန် ၊ ရွာဦးကျောင်းဝင်း ဆောင်ကျဉ်းပီးကာ ကလပ်အထက် တင်လျက်ထားကာ ကြည့်သူများ စည်ကားနေတာ မဲကျီအားပေးထား လက်ဆောင်ပါ သဒ္ဓါတရား အပွားများနေကြတာ ။ ။•••၆။***ပတ္တမြားနှင့် မြို့စား*** •••နေမျိုးသူရိယ နာမထင်စွာ ရမ်းဗြဲမြို့စား သိကြားလေရာ ကျောက်ပတ္တမြား သိမ်းထားဖို့ရာ အိမ်အရောက် လှမ်းထောက်ချီတက်လာ၊ အဖိုအနဂ္ဃ ထိုက်လှဧကန် ဆင်းရဲသူများ သုံးစားမတန် ဤသို့စကား ပော့ကြားဝေဖန် ""တစ်ထောင်ပေး"" သိမ်းဆည်းယူသွားပြန် ၊ ရွှေကြုတ်အတွင်းထည့်သွင်းပြီးခါ ရမ်းဗြဲမြို့စား ယူသွားလေရာ ဥပစာတွင်း ကျော်နင်းမကွာ ကလပ်ထဲ ထူးကဲပြန်ရောက်လာ ၊မြို့ကို ပြန်ရောက် မိုးသောက်လေလျင် ကြုတ်အတွင်းထဲ ရှိမြဲအထင် မြို့စားကြီးကား စိတ်ထားပျော်ရွှင် လှေအမြန်စီး ခရီးရေကြောင်းနှင်၊ မြောက်ဦးပြည်ကြီး ရွှေထီးပြောင်ပြောင် ""ဘုန်းမီူနေလ ထွန်းပ ဂုဏ်ရောင် မင်းဗာကြီး"" ကား ခံစားနန်းဆောင် တိုင်းပြည်များ စိုထားဤလူ့ဘောင် ကောဇာကား (ရှစ် ကိုး ငါး ကိုဆောင်) ၊ မင်းကြီးထံမှောက် ဝင်ရောက်ပြီးခါ မျိုးသူရိယ ဆက်သလေရာညီလာခံတွင်း ရွှေကြုတ်အလှ ဖွင့်ဟရှုလေရာ ၊ ကျောက်ပတ္တမြား ပျောက်သွားမပါ တကယ်ထူးဆန်း ဖြစ်ခန်းကြုံလာ မတ်"ဝိမလ" တိကျသေချာ ငါမင်းအား လျောက်ထား ခုချိန်ခါ၊ "မတ်ဝမလ" တင်သပန်ဆင် ပိုင်ရှင်နှင့်တွဲ မခွဲယူလျှင် ""ပတ္တမြား""ရငြားအမှန်ပင်၊ ဤသို့စကား မင်းကြီးကြားရာ သဘောတော်တွေ့ မနောခွေ့ကာ စိန်လက်စွပ်ကွင်း ဆုနှင်းမကြာ နေ့ကောင်းရက် တွက်ချက်ခိုင်းလေတာ "" တော်ကောက်ရေး "" မနှေးစီစဉ်ပါ၊ မျိုးသူရိယ ပြန်သွားတဖန် တိုက်နယ်လူကြီး အသီးသီးထံ စာရွက်စာတမ်း ကမ်းလှမ်းစီမံ မင်းကိစ္စစေငှ ဆောင်ရွက်ရန်၊ •••
၇။***မမဲကျီနှင့် ကိန္ဒရီ ခြောင်းခြား*** ••• မမဲကျီအား မင်းတြားသိမ်းကာ ဒေဝီတပါး မြှောက်စားဖို့ရာ ၊ ထိုသတင်း ပျံ့သင်းထုံလာ ကိုရွှေသီး ပူမီးသောကဖြာ ၊ မမဲကျီလည်း စိတ်ထဲမပျော် လွတ်မြောက်ရေး ကြံတွေးခါမျှော်၊ ""လွမ်းတောင်ပေါ်တက်"" ချိန်ချက်နှစ်ဖော် ကြိုးဆွဲချ ၊ သေကြရအောင်နော်၊ ဖက်ကာတွဲ ငိုပွဲဝင်ကြသော်၊ ချစ်သူနှစ်ဦး ပူမီးဖြာဖြာ၊ ကြမ္မာရေစက်၊ မသက်မညှာ ဘဝဆက်ဆက် ဆုတောင်းပတ္တနာ ""(ဘုရားနက်)"" သက်သေထူလျက်ပါ၊ ကိုရွှေသီးက ပြောပြသည်မှာ မင်းတို့အရေး ထွက်ပြေးမသာ ၊ မဲကျီအလှ စိတ်ကကြည်သာ၊ မိဖုရားမြောက်စား လက်ခံပါ ၊ ""ဥပစ္ဆေဒက"" ကံကကြောက်မက်ဖွယ် ဘုန်းဘုန်းဘုရား ဟောကြားလေတယ် သတိကိုမြဲ ၊ စဉ်းစားပါလေ၊ ""ဝဋ်ဒုက္ခ""ခံရနောင်များဝယ်... ၊ဤသို့နားချ ပြောပြဝေဖန် လက်ထပ်ဖို့ရေး အားပေးတန်တန်၊ မျက်ရည်စီးကျ ၊ သောကပူပန်၊ ခွဲခွာကြ ဘဝပစ္စုပန်  ၊ ပြောသာပြောရ ၊ သောကဝေဒနာ မောင်ရွှေသီးအား ၊ ခံစားခက်တာ ရင်မှာညည်းတွား မကြားနိုင်ပါ ""အကြံကုန်...ဂဠုန်ဆားချက်"".""မျှော်တော်ဦး"" မှာ... သပေါ့ရက်မယ်"" ကွာ....၊ မြင်သူအများ သနားကြပြန် သောက ကူးစက်... ဝေဒနာခန္ဓာ သံဝေဂကျဖို့ ရှုစရာ... ၈။***မင်းဗာဘုရင်တော်ကောက်ဝင်*** •••ဗာဘုရင်ကြီး ခရီးနှင်လာ ကရဝိတ်ဖောင်ကြီး ခန့်ထည်းဝေဆာ၊ သေနာပတိ... မှူးကြီးမတ်ရာ ဗိုလ်ပါများ ""မင်းတက်လှေကား""မှာ ရမ္မာမြို့ တိုးစည်ကားတာ ၊ ရမ်းဗြဲ (ရန်ပြေ) မြို့ရောက် တထောက်နားလျက်ပြည်သူအများ ခစားဖုးမြင် နံနက်မိုးသောက် အလင်းရောက်တွင် ဝေါယဉ်စီး မင်းကြီးခရီးနှင်...။ ရမ္မာမြို့မှ ရွာရင်းထိပင် ရွှေလမ်း ငွေလမ်း သွယ်တန်းကာပင် ကြည်ရွှင်သန့်ရှင်း သဲခင်း ရာဇမတ်ဆက် အလံများဝင့်ကြွားလေထဲတွင်...၊ လုံမေအပေါင်း စုပေါင်း ညီညာ အောင်သပြေခက် ရွှင်လန်းလျက်ပါ ၊ ရှေ့ထွက်တပ်ပေါင်း သောင်းသောင်းဝေဆာ၊ ဝိုင်းကာပြီး မင်းကြီး ကြွလေတာ၊ ထိုခါတစ်သီး မှူးကြီးမတ်ရာ ဝတ်လဲတော်များ ယူသွားပြီးခါ မမဲကျီအား ဆက်ထားပြန်တာ ဒေဝီမြောက် ""တော်ကောက်""ကြရန်သာ၊ ...
၉။***ပတ္တမြားဒေဝီ စောမဲကျီဘွဲ့ အပ်နှင်းခြင်း***
***အောင်ဘိတ်သိက်***သွန်း... တင့်ဆန်းဝေဆာ ""စောမဲကျီ""ဟု ဘွဲ့ပြုနာမာ ရွှေဂဟေဆက် နှစ်သက်ဖူးစာ မင်းကြီးကား လွန်အားရလေတာ၊ ဘုရင်မင်းတြာူ သနားကြင်နာ ရံရွှေတော်များ ပေးသနားရာ "သုံးကျိတ်" ထဲ မိဧလှတို့ပါ ၊ ဘုညိုမ အနားသူမခွာ၊ မင်းမိဘုရားပြန်ကြွ သွားရာ ရံရွှေတော်များ ခစားလိုက်ပါ နယ်သူအပေါင်း သောင်းသောင်းညီကာ လိုက်ကာပို့ "မျှော်တော်ဦး "ကမ်းသို့ပါ၊ မိဖုရားတက် ဝေါယာဉ်ထက်မှာ ဇာပုဝါများ ခမ်းနားဝေဆာ၊ ဇာခြည်လှစ်ဟ ကြည့်ထ လေခါ ကိုရွှေသီး ယိုစီး မျက်ရည်ဖြာ နေဆယ်စင်း ပူပြင်းနွေကန္တာ၊ ရမ်းဗြဲ မြို့သို့ ရောက်သောခါ အောင်စေတီကမ်း စခန်းချကာ ၊ "လှေပြိုင်ပွဲနှင့် ကျင်ပွဲ စုံစွာ ခုနှစ်ရက် ဆက်လက် ကျင်းပတာ၊ ထိုမှတစ်သီး ခရီးဆက်ကာ ရန်ပြေချောင်းမှ ထွက်ကြပေတာ ပြည်သူများ လေးစားဂုဏ်ယူစွာ ၊ သက်တော် ရာကျော် ရှည်စေကြောင်း ဆုတောင်ူပတ္တနာ၊ အောင်စည်တီးအောင်စေတီကမ်းကခွာ၊ ဂုဏ်ရည်ထူးခြား ပတ္တမြားဒေဝီ "စောမဲကျီ" ဟု တွင်ပြုစေသည်၊ "ဝိမလမတ်"ကြီး မထူးတလီ သိစေကြောင်း ထပ်လောင်းကြေငြာပြီး နန်းတော်သွင်း အပ်နှင်း "မြောက်ညာ" မဟေသီ၊  👸 ပတ္တမြား ဒေဝီ 👑 စောမဲကျီ 👑

ရခိုင်ပြည်က ခေါင်းလောင်းကြီး

ရခိုင်ပြည်ကခေါင်းလောင်းကြီး
မှတ်ချက်
(များများShare ပေးကြားပါ)
ရခိုင်ပြည်နယ် ကျောက်တော် မဟာမှနိဘုရား ရင်ပြင်တော်မှ
ရှေဟောင်း ကြေခေါင်းလောင်းကြီးသည် လွန်ခဲ့သောနစ်အနည်ငယ်ခန်က ညသန်ခေါင်ယံ အချိန်ကမည်သူတစ်ဦး
တစ်ယောက် ယူသွားမှန်းမသိ ရုပ်တရက်ပျောက်ဆုံးသွားခဲ့ရာ ယခုအခါ  ရွှေတီဂုံ ဘုရားရင်ပြင်တော်၌ တွေ့မြင်နေကြရပြီဖြစ်သည်
၎င်း ကောင်းကြေးခေါင်းလောင်းကြီးသည် ရခိုင်ပြည်မဟာ မြတ်မှနိမှ
ခေါင်းလောင်းကြီးဖြစ်ကြောင်း အကရ္ခာ စာလုံးများဖြင့် ထိုးထွင်ထားကြောင်း သက်သေခံ အမှတ်သား ပါရှိပြီးဖြစ်သည်
သို့ဖြစ်ပါသားကြောင့် ရခိုင်တို့၏ ကြေးခေါင်းလောင်းကြီးအား
အမျိုးသားအက္ခဏာများ
ယဉ်ကျေးမူး အမွေနင်များ မပျောက်ဖျက်ရလေအောင် မူလပိုင်ရှင် ရခိုင်မဟာမြတ်မှနိ ရင်ပြင်တော်နင့် သက်ဆိုင်ရာ ရခိုင်ပြည်သူလူတုအား
ပြန်လည်ပေးအပ် သင့်ပါကြောင်မေးတ္တာရပ်ခံပါသည်
ရခိုင်တစ်မျိုးသားလုံးကိုစားပြုပါရေ

ဗမာနောက်လိုက် ALA- ALP

AA အပေါ်ထားတဲ့ ယုံကြည်ချက်မိမိမှာ အပြည့်ရှိတယ်……

မိမိ မရေးချင်သော အကြောင်းအရာထဲမှာ ဒါလေးပါတယ်လို့ ပြောလို့ရတယ်
-----------------------------------------------------

ရခိုင်လက်နက်ကိုင် အရှင်းရှင်း အမုန်းတရားတွေနှင့်
သွေးဝမ်းကွဲမှာကို မိမိလုံးဝ မလိုလားဖြစ်တယ်။ ဒါကြောင့် မိမိသိထားတဲ့ အကြောင်းအရာကို ချမရေးခဲပါဘူး။ ဒါပေမယ့် မိမိ မရေးရှင်းသောအကြောင်းကို ဒီနေ့ ရေးပြရလိမ်မည်။
   ဘဝတူတိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း AA မပေါ်မှာ ထားတဲ့ ယုံကြည်ချက်နှင့် ဘဝတူတိုင်းရင်းသားအားလုံး တန်းတူအခွင့်ရေးရရှိဖို့နှင့် ရခိုင့် ကံကြမ္မာကို ရခိုင်တို့သာလျှင် ပုံဖော်နိုင်မည်လို့ ယုံကြည်ချက်အပြည့်နှင့် တော်လှန်ရေးလမ်းမကြီးသို့ တက်ရောက်လာသော AA အပေါ်မှာ ဘဝတူတိုင်းရင်းသားတွေ ယုံမှား သံသယ မရှိဖို့ မိမိပြောချင်းတယ်။
            ယခု လက်ရှိ ပလက်ဝ နယ်မြေကို AA ဝင်
ရောက်နေထိုင်ခြင်းကို ဖယ်ရှားပေးရန်ALA-ALP
၁. ၂ .၂၀၁၇ ကြေငြာချက်တစ်စောင် ထုပ်ထားတာနှင့် ပတ်သတ်ပြီး မိမိသိရှိထားတဲ့ အကြောင်းကိုပြောရလိမ်မည်။ ALA- ALP ရခိုင်လက်နက်ကိုင်ဖြစ်သလို AA တပ်မတော်လေးရခိုင်လက်နက်ကိုင် အဖွဲ့ဆိုတာ လူတိုင်းသိထားပြီးသားဖြစ်တယ်။ ဒါပေမယ့် ALA အဖွဲ့ဟာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး NCA မှာပါဝင်ခဲပြီး အင်အား (၁၀၀ ) ခန့်နှင့် 2012 နှစ်ခု နှစ်ဆန်းပိုင်မှာ ရခိုင်ပြည်ထဲသို့ ဝင်ရောက်လာခြင်းဖြစ်တယ်။ NCA လက်မှတ် ရေးထိုးထားခြင်းမရှိစဉ်က ALAဟာ ပလက်ဝ ဒေသတွေမှာနေထိုင်တယ်ဆိုပေမဲ့ ပလက်ဝကို ရောက်ဖူးခြင်းမရှိပါဘူး။
    ဘင်္ဂလာဒေးရှ် နှင့် အိန္ဒိယနယ်စပ်ဖြစ်တဲ့ ပီချောင်းဖျား ကလက်ချေင်းဖျား နှင့် ကုလားတံမြစ်ဖျားဒေသတွေမှာပဲ နေတာဖြစ်တယ်။ ယခုAA ဝင်ရောက်နေတာကို ALA နေနဲ့လက်မခံနိုင်ကြောင်းပြောရအောင် AA ဟာ ALA- ALP လောက်သမိုင်းနောက်ခံ မဆိုးဘူးလို့ မိမိယုံကြည်တယ်။ ဘာဖြစ်လို့ ဒီလို့ ပြောနိုင်သလဲဆိုတော့ ၁၉၉၄ နှစ်ခု မိမိ ပလက်ဝဒေသမှာရှိနေဆဲပါ ပလက်ဝနယ်တစ်ခုလုံးကို ခြုံပြရမည်ဆိုပါက ကျောက်တော် နယ်စပ် ပီးချောင်းဖျား - မီးချောင်း နှမတာချောင်း- ပလက်ချောင်း - မီးလက်ချောင်း ဒါတွေက ပလက်ဝ အောက်ပိုင်းဖြစ်တယ် ပလက်ဝ အထက်ပိုင်း တောင်ပြို- တရွန်အိုင် ဒါက ပလက်ဝအထက်ပိုင်း နယ်စပ်ဒေသ အုတ်တလင်းချောင်း ကင်းသလက် - ကလက်ချောင်းဖျား မရိတ်ဝ- ကုလားတံမြစ်ဖျား ချင်းလက်ဝ- တွီတင်း ဒါတွေက နယ်စပ်ဒေသ။
      ALA အဓိက နေခဲ့တာ ပီးချောင်းဖျားနှင့် အုတ်တလင်းချောင်းဖျား ခမောင်းဝ ကင်းသလတ် ဒီဒေသနှင့် ကလက်ချောင်း ဒေသတစ်ခုလုံးဆိုလို့ရတယ် ကုလားတံမြစ်ဗျားမှာ အနည်းငယ်ရှိတယ် CNF - ALA သူတို့နှစ်ဖွဲ့ ၎င်းဖက်မှာအနည်းငယ်ရှိတယ်။

မိမိသိရှိရတဲ့ ပလက်ဝ အကြောင်းကို ပြောရမည်ဆိုလျှင် ပလက်ဝဟာ ချင်းလူမျိုးနည်းပါးပြီး ရခိုင်နှင့် ရခိုင်အမျိုးနွယ်စုဝင် ခမီးလူမျိုးတို့သာနေထိုင်ပြီး တောင်ယာ အလုပ်ကို အဓိက လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြု  တဲ့အလုပ်ဆိုလို့ရတယ်။ ဒီဒေသတွေမှာ မိမိ ကြုံခဲ့သမျှ ချပြမည်ဆိုပါက ALP ကြောင့် ၎င်းဒေသမှာ လုပ်ကိုင်စားသောက်နေကြတဲ့ ဒေသာခံ ရခိုင်နှင့် ခမီးတို့ အများကြီး ဒုက္ခရောက်ဖူးခဲ့တာရှိတယ်။ တစ်ရွာဝင် တစ်ရွာထွက်ပြီး ဆပ်ကျေးကောက်ခံတာတို့ ကျေးရွာ အုပ်ချုပ်ရေးမှုထံသို့ စာဖြင့်အကြောင်းကြားကောက်ခံတာတို့ရှိခဲဖူးပါတယ် မရှိပါဘူးလို့ မငြင်းလိုက်ပါနှင့် ALP
  ကုလားတံမြစ်ဖျား ချင်းလက်ဝနှင့် တွီတင်းကြားမှာ
တက်လာတဲ့ စက်လှည်မှန်သမျှ တောင်းခံနေတာရော
ငြင်းလို့ရမလား ALP.....?
ယခုအချိန်မှာ NCAလက်မှတ်ထိုးထားပါတယ်ဆိုပြီး စစ်အာဏာရှင်နောက်ကိုလိုက်၍ ALP ထံမှ ဖမ်းစီးထားတဲ့ စစ်တပ်ရဲ့ လက်နက်သိမ်းဆည်းမှုကို ပြည်လည်ရရှိဖို့နှင့် ဖမ်းစီးခံ ALP တပ်သားတချို့ပြန်လည်လွတ်မြောက်နိုင်ငံရေး အကြောင်းပြုကာ AA ဟာ ဘာဖြစ်တယ် ညာဖြစ် အဖြစ်ပုံချနေချင်တာလား ..?  
          ALA- ALP ရခိုင်ပြည်သူလူထုကိုဘယ်အဆင့်ထိ လုံခြုံမှုပေးနိုင်ခဲပြီလဲ …? မေးဖြစ်ရလိမ်မည်။ AA ကြောင့် တိုက်ပွဲဖြစ်တယ် ဒေသခံ ပြည်သူတွေ ဒုက္ခရောက်နေကြတယ် AA ဝင်ရောက်လာလို့ဖြစ်ရတာလို့ တစ်ဖက်သက် မရေးပါနဲ့ ။ တိုက်ပွဲကြောင့်
ဒုက္ခရောက်ခဲရတဲ့ ဒေသခံပြည်သူလူထု ၂၀၀- ၃၀၀ ဝန်းကျင်ကို စားဝတ်နေရေး ကျမ်းမာရေး AA မှ တာဝန်ယူဆောင်ရွက်ခဲရတာ ALP မသိချင်ယောင် ဆောင်နေတာလား….? ALP
အဘယ်ကြောင့် ဗမာစစ်တပ်နှင့် AA တိုက်ပွဲဖြစ်ရသလဲ .?
           အကြောင်းအရင်းကို အဓိက မြင်နိုင်ဖို့လိုတယ်။ ALA- ALP ရှိစဉ်အခါက တိုက်ပွဲမရှိပါဘူး
ပလက်ဝဒေသခံပြည်သူတွေ ဒုက္ခ မရောက်ခဲရဘူးလို့ပြောရေးလား…? ဗမာစစ်တပ်တက်လာရင် လမ်းရှာမရ ထွက်ပြေးသွားခဲတာကို ကျတော့ရော ထွက်ပြေးလို့ မလွပ်မြောက်လိုက်ရတဲ့ ကလက်ချောင်းဖျား ဆတင်ဝကျေးရွာ ကရာမားချောင်းထဲ မိနစ်ပိုင်းတိုက်ပွဲရှိခဲ့ဘူးပါတယ် မငြင်းလိုက်ပါနှင့် ALP…
   ယခုအချိန်မှာ ရခိုင်ပြည်လူထု တစ်ရပ်လုံး လိုလားနေတဲ့ တန်းတူ အခွင့်ရေး ရရှိနိုင်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ဗမာနောက်ပြီး ဗမာစစ်တပ်ပြောသမျှ လိုက်လုပ်နေဖို့ အချိန် မဟုကြောင်းဒီနေရာကတစ်ဆင့်ပြောလိုက်ပါစေ ALP ။
     ဘယ်အဖွဲ့စည်းကိုမှ မိမိ သွေးခွဲနေခြင်းမဟုတ်ပါဘူး ဗမာနောက်ကိုလိုက်နေဖို့အစား ရခိုင်ပြည်သူ တစ်ရပ်လုံးနှင့် အတူတစ်ကွ ရှိစေချင်လို့
နောက်ပြီး AA အပေါ်မှာ ယုံကြည်ထားတဲ့ ဘဝတူတိုင်းရင်းသားတွေ အထင်အမြင်မလွဲစေဖို့ ဒီနေရာကတစ်ဆင့် တင်ပြရခြင်းဖြစ်တယ်။
ဘယ်သူ့ အာပေါ်မှလည်းမဟုတ်ကြောင်း ဘယ်အဖွဲ့အစည်းစေခိုင်းချက်လည်းမဟုတ်ကြောင့် မိမိ သိရှိရတဲ့ အကြောင်းများသာဖြစ်တယ်။

စစ်ခွေးပစ် မုဆိုး

ဘင်္ဂလီလူဦးရေ

ဘင်္ဂလီလူဦးရေ

ရခိုင်မှာ ၁၃၀၀၀၀၀၊
ဆော်ဒီမှာ ၄၀၀၀၀၀၊
ဘင်္ဂလားဒေ့ရှ်မှာ ၅၀၀၀၀၀၊
ပါကစ္စတန်မှာ၂၀၀၀၀၀၊
ထိုင်းမှာ ၁၀၀၀၀၀၊
မလေးရှားမှာ ၄၂၀၀၀၊
အင်ဒိုနီးရှားမှာ ၁၁၉၄၁၊
နီပေါမှာ ၂၀၀၊
အိန္ဒိယမှာ ၃၆၀၀၀၊

အားလုံး၂၅၉၀၁၄၁ - ဦး ရှိတယ်လို့ ပြောရမှာပါ။ အမေရိက စတဲ့ တတိယနိုင်ငံရောက်သူတို့လူဦးရေလည်း အနည်းအကျဉ်း ရှိပါသေးတယ်။

ဒီနယ်မြေကျဉ်းကျဉ်းလေးထဲက ဒီလောက်လူဦးရေ ထွက်လာတာ အံ့သြစရာပဲ။ အစိမ်းနုရောင် မောင်တောနဲ့ ဘူးသီးတောင်မှာတောင် သူတို့ချည်းနေတာမှ မဟုတ်တာပဲ။ သူတို့အဆိုအရ ဒီမြို့နယ်(၂)မြို့နယ်မှာ သူတို့လူဦးရေက ၉၄.၆ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပေမဲ့ ဘူးသီးတောင်မှာဆိုရင် ရခိုင်တွေ အများကြီး ရှိပါသေးတယ်။  ဧရိယာစတုရန်းမိုင် (၁၅၀၀)လောက်တောင် ကောင်းကောင်းမကျယ်တဲ့ နယ်မြေကနေ အဲ့လောက် လူဦးရေထွက်အောင် ဘယ်လိုလုပ်ကြလဲမသိဘူး။

(မိမိအနေနဲ့ မြန်မာမွတ်စလင်များကို သီးသန့်ရှုမြင်ပါတယ်၊ မွန်ပြည်နယ်ရှိမွတ်စလင်များကို မွန်မွတ်စလင်လို့ ပြောရင်လည်း လက်ခံပါတယ်၊ ဒါပေမဲ့ မိမိကို ကလန့်လုပ်လေ့ရှိတဲ့ ဒီဘင်္ဂလီတွေကျတော့ တစ်မျိုးမြင်တာ အမှန်ပဲ။ နိုင်ငံသား လုံးဝမဖြစ်ရလို့ မပြောဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာကို ပေးသင့်ပါတယ်။ ဒါပေမဲ့ ဒီနယ်မြေနဲ့ သူတို့လူဦးရေကိုတော့ သံသယရှိတာ အမှန်ပါပဲ။ သူတို့ရေးတဲ့ သမိုင်းကို ဖတ်ကြည့်ရင် ရခိုင်တွေနဲ့ ပဋိပက္ခမဖြစ်ဘဲ ဘယ်နေမလဲ)

U Ravika ရေးသားသူ

ဗိုလ်မှူချုပ် မင်းထွန်း ( ခ) မင်းဇံဝေ ( ခ ) ဇော်ဇော်အောင်


နာမည်အရင်းမှာ မင်းဇံဝေဖြစ်သည်။ ၁၊ ၁၊ ၁၉၈၂ ခုနှစ်တွင်  ပညာတတ်အသိုင်းအ၀ိုင်းဖြစ်သည့် သမ၀ါယမဦးစီးဌာမှ ဦးကျော်သန်းနှင့် ဒေါ်သန်းသန်းအေးမိသားစုတို့မှ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်တွင် မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ နှစ်ယောက်အနက် အငယ်ဆုံးသားဖြစ်သည်။ ငယ်စဉ်ကတည်းပင် ပညာတော်ပြီး ဆယ်တန်းစာမေးပွဲကို ၁၉၉၉ ခုနှစ်တွင် ဂုဏ်ထူး ၅ ဘာသာဖြင့် ရခိုင်တစ်ပြည်နယ်လုံး ပထမဖြင့် အောင်မြင်ခဲ့သည်။ ဆယ်တန်းတွင် ထူးထူးချွန်ချွန်အောင်မြင်ခဲ့သည့်အတွက် ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်(၂)သို့ တက်ရောက်ခွင့်ရရှိခဲ့သည်။ သို့သော်လည်း ဆေးကျောင်းသားဘ၀ကို စွန့်လွှတ်ပြီး အင်္ဂလိပ်စာဘာသာရပ်ကို စနစ်တကျလေ့လာခဲ့သည်။ TOEFL ကို အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့ပြီး နိုင်ငံတကာတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိခဲ့သည်။

ငယ်စဉ်ကတည်းပင် လူမှုရေးစိတ်ရှိပြီး ဂျစ်ကန့်ကန့်ဖြင့် သူယုံကြည်ရာကို စွဲစွဲမြဲမြဲလုပ်တတ်သည်။ အချိန်ရှိတိုင်း စာဖတ်နေတတ်ပြီး နိုင်ငံတကာ စာပေများကို နှံ့စပ်သည်။ လူမှုရေးအသင်းအဖွဲ့များတွင် ပါဝင်ပြီး မင်းဇံဝေအပါအ၀င် လူငယ်များသည် စစ်အုပ်ချုပ်ရေး ယန္တရားကို ရွံ့မုန်းခဲ့သည်။ ထို့ကြောင့် စစ်ဖိနပ်အောက်မှ ရုန်းထွက်ဖို့အတွက် ကြိုးစားလာခဲ့သည်။ ထိုအချိန်တွင် ပြည်ပအဖွဲ့အစည်းတို့ဖြင့် ချိပ်ဆက်မိလာသည်။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်အစည်းအရုံး(AASYC )နှင့် ချိပ်ဆက်မိခဲ့သည်။

AASYC အဖွဲ့အစည်းကို ၁၉၉၅ ခုနှစ်တွင် ဦးခိုင်မြတ်ကျော်(ယခု နရဉ္စရာသတင်းဌာန) နှင့် ကိုကျော်ကျော်တို့မှ တည်ထောင်ခဲ့သည်။ လူငယ်များဖြင့် တည်ထောင်ခဲ့သည့်အတွက် ရခိုင်ပြည်ဆိုင်ရာ ဆန်ပြဿနာနေ့၊ ရခိုင်ပြည်အချုပ်အချာအာဏာကျဆုံးနေ့၊ ဆရာတော်ဦးဥတ္တမနေ့တို့ကို ဖော်ထုတ်နိုင်ခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ၂၀၀၁ ခုနှစ်တွင် ဦးကျော်ဟန် (ယခု ရက္ခိုင်တပ်မတော်) နှင့် ဦးဇော်မိုးအောင်တို့မှ တာဝန်ယူတည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် ဦးကျော်ဟန်တို့နှင့် ကိုမင်းဇံဝေအပါအ၀င် လူငယ်များသည် ချိပ်ဆက်မိပြီး ၂၀၀၅ ခုနှစ်တွင် AASYC ညီလာခံတွင် ကိုဝင်းအောင်(ယခု ရွှေဂစ်)နှင့် ကိုအောင်မင်းဦး(ဦးဘခင်)တို့နှင့်အတူ ညီလာခံတွင် မင်းဇံဝေမှာ ထိုင်း-မြန်မာနယ်စပ် တော်တွင်းတစ်နေရာတွင် ဇော်ဇော်အောင်နာမည်ကို ခံယူလျက် AASYC တွင် ဦးကျော်ဟန်နှင့်အတူ သမာပဓိနေရာကို ယူခဲ့သည်။

နောက်ပိုင်းတွင် ကျောင်းသားနှင့် လူငယ်အဖွဲ့အစည်းမှတဆင့် လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ကရင်အမျိုးသားတပ်မတော်(KNU)နယ်မြေတွင် ဖွဲ့အစည်းခဲ့သည်။ လက်နက်ကိုင်အဖွဲ့အစည်းနာမည်ကို ရခိုင်ပြည်တပ်မတော်( Arankan Amary)ဟု အမည်ပေးခဲ့သည်။ ထိုအချိန်တွင် မင်းဇံဝေ(ခ)ဇော်ဇော်အောင်မှာ ဗိုလ်မှူးချုပ်မင်းထွန်းနာမည်ကို ခံယူပြီး လက်နက်ကိုင်တော်လှန်ရေးကို ယနေ့အချိန်ထိ တိုက်ပွဲဝင်လျက်ရှိသည်။ ရခိုင်ပြည်တပ်မတော်( AA ) ကို တည်ထောင်ချိန်တွင် စစ်အစိုးရ၏ ဖိနှိပ်မှု ပြင်းထန်နေချိန်၊ လူ ၁၀ ယောက်ခန့်ကို တစ်နေရာတည်းတွင် စုစည်းစကားပြောနိုင်ဖို့ မလွယ်ကူးသည့်အချိန်တွင် ခက်ခက်ခဲခဲ တည်ထောင်ခဲ့ရသည်။ AASYC မှ ရခိုင်ပြည်အတွက် တန်ဖိုးမဖြတ်နိုင်သည့် မျိုးချစ်စိတ်ရှိသည့် လူငယ်မျိုးဆက်ပေါင်းမြောက်မြားစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။

၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် အစိုးရနှင့် ငြိမ်ချမ်းရေးလက်မှတ်ရေးထိုးနိုင်ရန်အတွက် ရခိုင်အမျိုးသားကောင်စီ (ANC )နှင့် တွဲဖက်လျက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လူထုနှင့်တွေ့ဆုံနိုင်ရန် ရောက်ရှိခဲ့သည်။ ယခုအခါ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်လျက်ရှိသည်။ ရခိုင်ပြည်တပ်မတော်ကို ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး ဦးထွန်းဇော်နှင့် တွဲဖက်ဦးဆောင်လျက် တော်လှန်ရေးလုပ်ငန်းများကို ယနေ့ထိဆောင်ရွက်လျက်ရှိသည်။ ကချင်ပြည်နယ်တွင် အခြေစိုက်သည့် ရက္ခိုင်တပ်မတော်(AA)နှင့် ကရင်ပြည်နယ်တွင် အခြေစိုက်သည့် ရခိုင်ပြည်တပ်မတော်(AA)မှာ မကြာခဏ နာမည်ရောထွေးမှုရှိပြီး ရက္ခိုင်တပ်တော်လောက် အင်အားမကောင်းသော်လည်း ရခိုင်ပြည်၊ ရခိုင်လူမျိုးအတွက် ကျရာနေရာမှ တာဝန်ထမ်းဆောင်လျက်ရှိသည်။

ယခုအခါ ဗိုလ်မှူးချုပ် မင်းထွန်းမှာ ဇနီးသည်နှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်လျက် တိုင်းပြည်နှင့်လူမျိုးအတွက် တိုက်ပွဲဝင်လျက်ရှိသည်။

ဝေဟင်အောင်
၃၊ ၂၊ ၂၀၁၇။

၂၀၁၇ ဖေဖော်ဝါရီ ၃

#၂၀၁၇ဖေဖော်ဝါရီ

မိမိလူမျိုးအခွင့်အရေးပြန်လည်ရရှိရေးနှင့်ရက္ခိတလမ်းစဉ်အကောင်အထည်ပေါ်ပေါက်ရေးအတွက်ဖြစ်ပွားနေသည့်တိုက်ပွဲဇုန်အတွင်းသို့သူမသည်သူမ၏နဂိုအလှနှင့်အတူ သွေးသံရဲရဲဖြင့်သတ္တိရှိရှိဝင်ရောက်လာခဲ့သည်။ သွေးထွက်နေသောနှုတ်ခမ်းကြားမှ အားတင်းပြုံးပြနှုတ်ဆက်ကာ “သာလီစွပါ” ဟုရိုးရာမပျက်နှုတ်ဆက်လိုက်သည်။ သူမသည်ဇန်နဝါရီ (၃၁) ကို အနားသတ်မျဉ်းပိတ်ထားနိုင်ခဲ့သော်လည်းလက်နက်ကြီးကျည်ဆံများက သူမနောက်မှထပ်ချပ်မကွာလိုက်ပါလာသေးသည်။

ပုံသေပစ်မှတ်ကျည်လမ်းကြောင်းများကိုရှောင်တိမ်းရင်းမရိုးနိုင်သောတိုက်ပွဲကြားမှသူမအဖို့ ယခုနှစ်သည် ထိုးစစ်ဒဏ်ကိုအလူးအလဲခံရဖွယ်ရှိနေသလို ပြန်လည်ခုခံတိုက်ခိုက်မှုအကြားတွင် အပျိုရည်ပျက်ကိန်းရှိနေသည်ကိုသူမကိုယ်တိုင်သာသိနေသည်။ သို့သော် သူမသည် ကျနော်တို့အားလုံးသူအတွက် ကံကောင်းခြင်းလက်ဆောင်ကို (Half-sided messenger bag)ဟတ်ဖ်ဆိုဒ်အိတ်ထဲတွင်ထည့်ပြီးအပါယူဆောင်လာနိုင်ခဲ့သည်။

ဇန်နဝါရီသည် “တိုက်ပွဲမရှိသည့်နေ့ရက်မရှိ”ဟူသောဂုဏ်ပုဒ်ဖြင့်ဆုတံဆိပ်အလီလီဆွတ်ခူးခဲ့ပြီဖြစ်သည်။ သူမအဖို့ ယခုနှစ်ကံကောင်းသည်မှာ ရက်ထပ်နှစ်ဖြစ်မနေသောကြောင့်ဖြစ်သည်။ ရက်ထပ်နှစ်မှာ တစ်ရက်တိုး ဖေဖော်ဝါရီ နှစ်ဆယ့်ကိုး။ တော်သေးသည်။ ယခုနှစ်သည် နှစ်ဆယ့်ရှစ်ရက်သာရှိနေခွင့်ရသောကြောင့် သူမအတွက်တိုက်ပွဲများမှာ နှစ်ဆယ့်ရှစ်ရက်သာရှိနိုင်သည်။

သူမ၏ပထမဆုံးအဝင်နေ့ရက်၌  ရက္ခိုင့်တပ်မတော်၏တပ်မှူး၊စစ်သည်စစ်မယ်များ၏စိတ်၊ခန္ဓာကျန်းမာရေးစစ်ဆေးမှုများက Best အဆင့်တွင်ရှိနေသည်။ ရဲဘော်အားလုံးသည် ရခိုင်နိုင်ငံနှင့် ရခိုင်လူမျိုးများအတွက်မဟာမိတ်များနှင့်အတူတာဝန်ထမ်းဆောင်ခွင့်ရရှိနေခြင်းကိုဂုဏ်ယူနေကြသလို ရက္ခိုင့်တပ်မတော် (Arakan Army) ၏သမိုင်းစာမျက်နှာများကိုတစ်ရက်ပြီးတစ်ရက်၊ တစ်ရွက်ပြီး တစ်ရွက်ရေးထိုးခွင့်ရရှိနေကြခြင်းကိုဝမ်းမြောက်ဂုဏ်ယူနေကြသည်။ ဆက်လက်၍ လည်းရေးထိုးနေကြအုံးမည်သာဖြစ်သည်။

အသစ်ရောက်ရှိလာမည့်ရဲဘော်သစ်များကို စောင့်ကြိုနေသလို တာဝန်ထမ်းဆောင်နေကြသော ရဲဘော်ရဲဖက်များအကြား စည်းလုံးညီညွတ်မှုစည်းနှောင်းအား ကိုသုံးလွန်းတင်ကြိုးအဖြစ်ကျစ်လျက် နှစ်သစ်မှတ်တိုင်များကို တစ်တိုင်ပြီးတစ်တိုင်စိုက်ထူနေသည်။ ဝမ်းခေါင်းလှရခိုင်အီးယောင်များမှ မွေးဖွားပေးလိုက်သူများနှင့်သူမအတူတွေ့ဆုံခွင့်ရခြင်း၊တာဝန်ထမ်းဆောင်ခွင့်ရခြင်းမှာ ရခိုင်လူမျိုးတို့၏ ပစ္စုပ္ပန်သမိုင်းဖြစ်သလို ရက္ခိတလမ်းစဉ်အကောင်အထည်ပေါ်ပေါက်ရန် မဝေးတော့ပြီဟု အချက်ပေးနေသလို။ ဒိုင်း…ဒိုင်း…ဒိုင်း။

မကြာမီကာလ၌ အေအေတိုက်ခိုက်ရေးစစ်သည်အင်အား "၁၀၀၀၀" (စာဖြင့်-တစ်သောင်း")ရှိနေလိမ့်မည်ဟူသော "အတွင်းရေး"ကို သူမအပါအဝင်သူမနှင့် အပေါင်းအပါများကကောင်းစွာသိနေသည်။ ဤကိစ္စအားအကောင်အထည်ဖော်ရန် နှင့်ပါဝင်ခွင့်ရရန်ရခိုင်လူမျိုးတိုင်းတွင် အခွင့်အရေးရှိနေမှန်းကိုလည်းသူမကောင်းစွာသိနေသည်။ ပူးပေါင်းပါဝင်ကြရန်ကိုလည်းသူမ၏သိစိတ်မှ တိုက်တွန်းနေသည်။

ရက္ခိုင့်တပ်မတော် စစ်သည်/စစ်မယ်များနှင့်သူမအကြားတွင်ပုံပြင်များစွာရှိခဲ့ပြီးဖြစ်သည်။ သူမနှင့်အတူတိုက်ပွဲများစွာတွေ့ကြုံခဲ့ပြီးဖြစ်သည်။ သူမ၏အေးချမ်းသည့်အရိပ်တွင်ကောင်းစွာအိပ်ပျော်နေကြသူများ၊သူမမွေးဖွားပေးလိုက်သည့် သူရဲကောင်း စစ်သည်တော်များ၊ သူမအပေါ်သစ္စာဖောက်သွားကြသူများ၊ များစွာ၊ များစွာ ပုံစံမတူသူများကို သူမအနေဖြင့်တွေ့ခဲ့ပြီးဖြစ်သည်။

ကျနော်တို့အဖို့အေအေကိုဖွေးဖွားပြီး သူမအားရှစ်ကြိမ် မြောက်တွေ့ခွင့်ရခြင်းဖြစ်သည်။ သတိထားမိသလောက် သူမသည်အပြောင်းအလဲမရှိသလောက်ပင်။ သူမအပြောင်းအလဲမရှိသလိုကျနော်တို့သည်လည်း အပြောင်းအလဲမရှိပေ။ ရက္ခိတလမ်းစဉ်အားအကောင်အထည်မပေါ်သရွေ့ရက္ခိတလမ်းစဉ်အကောင်အထည်ပေါ်အောင်တော်လှန်ရေးလမ်းကြောင်းပေါ်တွင်ကျနော်တို့သည်သူမနှင့်အတူရှိနေကြမည်ဖြစ်သည်။

အမြောက်သံ၊ဗုံးသံ၊တိုက်လေယာဉ်ပေါ်မှကျဲလိုက်သောဗုံးပေါက်ကွဲသံအကြားတွင် ရက္ခိုင့်တပ်မတော်ဘတ်တံဆိပ်ကိုဝတ်ဆင်ထားသည့်မြောက်ပိုင်းမဟာမိတ်ရဲဘော်များ၏တာဝန်တိုးမြှင့်ပွဲတွင်သူမသည်ကျနော်တို့နှင့်အတူရှိနေခဲ့သည်။ ထို့အပြင်စစ်မျက်နှာအစုံသို့ ကျူးကျော်တက်လာနေကြသော ရန်သူများကိုအမြစ်ပြုတ်ချေမှုန်းရန် ဆက်သွယ်ရေးမြောင်းထဲတွင်ကျနော်တို့သည်လည်းသူမနှင့်အတူအသင့်အနေအထားဖြင့် ပစ်မိန့်ကိုစောင့်ဆိုင်းနေသည်။

ရခိုင်လူမျိုး Dr.ညိုထွန်းအောင်
၂၀၁၇ ဖေဖော်ဝါရီလ (၃) ရက်

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...