ရမ္မာဝတီသူ ပတ္တမြားဒေတီ စောမဲကျီ
👸ရွှေစံမိုးမြင့်👸၏ ရခိုင် အကျိုးပြု သမိုင်းဝင်စာအုပ်များထဲမှ မျက်နှာဖုံးရှင်အဖြစ် 💁 ပထမဆုံးစာအုပ် 📚•••ပတ္တမြားဒေဝီ စောမဲကျီ••• လင်းလင်းရောင်ဝါ၊ သာသနာလျင် ကောဇာကြီးထ၊ ဓညသခင်၊ ရွှေနန်းရှင်၏ သက်တင်ညာထား၊ ပတ္တမြားဒေဝီ၊ စောမဲကျီလျှင်၊ သုံးခွင်ဘုန်းမော်၊ ဓါတ်မွေတော်ကို၊ ပင့်သော်ပြီးခါ၊ သာယာတင့်ဆန်း၊ ရှုမခန်းသည်၊ ရံဝန်းသီဒါ၊ ယမုံနာနှင့်၊ ညီညာဝိုင်းဝန်း၊ ဆင်တင်ကျွန်းဦး၊ ကမ်းနဖူး၌၊ ပြန့်ပြူးသာယာ၊ ကုန်းထိပ်မှာလျင်၊ သဒ္ဓါကြည်ဖြူ၊ တောင်းဆုယူ၍၊ ပြည်သူ အဝှန်း၊ စိတ်ရွှင်လန်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူဆီမီး ညီးညီး တည်း•••။ (စံကားတောင်ဘုရားတည်သမိုင်းမှ)
##{ရမ္မာဝတီသူ ပတ္တမြား ဒေဝီစောမဲကျီ}###
*** စောမဲကျီ၏ ဇာတိချက်ကြွေ မွေးရပ်မြေ *** ရမ်းဗြဲမြို့ အနောက်တောင်ဘက် ကန်ဒိုင်းနယ်ရှိ ရွာရင်းရွာတွင် ဦးဖြူသီး၊ ဒေါ်မဲတူ မိဘနှစ်ပါးမှ မြန်မာ သက္ကရာဇ် (၈၇၅) ခုနှစ်တွင် မမဲကျီ (ခေါ်) စောမဲကျီ ကို မွေးဖွား သန့်စင်ခဲ့ပါသည်။ ၁။ • •• တိုက်နယ်ကန်ဒိုင်း၊ သမိုင်းထင်ပေါ်၊ ရွာရင်းဂါမ၊ ဌာနတွင်ပျော်၊ မဲတူဖြူသီး၊ ဇနီးနှစ်ဖော်၊ အကြောင်းဘက်၊ ပေါင်းဖော်နေကြသော် ••• သမီးတစ်ယောက်၊ ဖွားမြင်၍လာ၊ စောမဲကျီဟု၊ တွင်ပြုဝေါဟာ၊ မိဘနှစ်ဦး၊ ကြည်နူးစိတ်မှာ၊ မှည့်ခေါ်ကြ၊ နာမအစဉ်လာ ••• ကိုယ်ရေအသား၊ နုထွားကြည်ကြည်၊ လှပအဆင်း၊ ပဝင်းပေသည်၊ ပါရမီထူး၊ ပွင့်ဖူးစုံညီ၊ တက်သစ်ဆန်း၊ ရွှင်လန်းစောမဲကျီ•••။
•••ဝိသေသများ၊ ထူးခြားလှစွာ၊ ကမ္ဘာမြေကြီ၊တုန်ဟီးလှုပ်ခါ၊မီးနေခန်းထဲ၊ မြွေကြီးဝင်ကာ၊ ကလေးအား၊ ရစ်ထားပေတာ။ ။
၂။ ***သီလမြဲတဲ့ မမဲကျီ*** မမဲကျီကား၊ ကြီးထွား၍လာ၊တနေ့တခြား၊သိကြားလိမ္မာ၊ငါးနှစ်ရွယ်ရောက်၊ဆံတောက်ချိန်ခါ၊ ဘ ပီတ ၊ သေရမမြဲပါ ခန္ဓာရ အနိစ္စ ဓမ္မတာ။ ဘခင် လွန်မြောက် ၊ ထို့နောက် ချိန်မှာ၊ မိခင်ကြီးနှင့် ယှဉ်လျှက်မကွာ "သပေါ့" ကိုရက်၊ ဈေးကွက်ကိုရှာ၊ လူ့ဘဝရုန်းရ၊ ပင်ပန်းစွာ၊ ပင်ပန်းပင်ငြား အားမလျှော့ပါ ဘာသာတရား လက်ကိုင်ထားကာ သရဏဂုံ တရားတည်ထားပေတာ အမြဲပတ် ခါးဝတ်ပုဆိုးပမာ•••။ ။
၃။***ငယ်ကချစ်တဲ့ ငယ်ကျွမ်းဆွေ*** ••• တဖန် ထို့နောက် ကြီးမြောက်၍လာ သက်ဆယ့်ရှစ်မြောက် ရောက်လတ်သောခါ ပဉ္စသီလ စောင့်ထပေတာ ပါပမျိုး ကြိုးစားရှောင်တာ ညိုချောမို့ ပိုးကြမောင်တို့မှာ၊ ••• လူပျိုအများ လှည့်သွားရောက်လာ မဲကျီမအား စကားကမ်းကာ ဘဝခရီး ပျော်မှီးဖို့ရာ တဖွဖွ ပြောကြ သူ့ထက်ငါ ၊ မမဲကျီကား ပါးနပ်လိမ္မာ ချိုသာစကား ရှောင်ရှားပြောခါ မှက်ချောင်းရွာမှ ဘဝဖူးစာ ကိုရွှေသီး တွယ်ပီး သူ့မေတ္တာ ၊ ဘယ်သူဖျက်ဖျက် မပျက် မောင်မယ်နှစ်ဖြာ။ ။ ဤသို့မပျက် နေ့ရက်များစွာ သွားလာယှဉ်တွဲ ထူးကဲသစ္စာ လက်ထပ်ရေး ဆွေးနွေးတိုင်ပင်ရှာ ။ ။ ကတိစကား ထားခဲ့ပြီးလျှင် မောင်မယ်နှစ်ဦး အထူးပျော်ရွှင်မမဲကျီကား တပါးနေ့တွင် တောထဲရောက် ထင်းခြောက်ခွေဖို့ဝင် ••••
၎။ ***စိန်တောက်ချောင်းမှ ပတ္တမြားရ*** ထင်းခွေရာမှ ပြန်ကြပေတာ စိန်တောက်ချောင်း(ခု-ဆတ်တဲချောင်း)ကမ်းပါး နားကြသောအခါ ၊ သစ်ပင်ရိပ်အောက် တထောက်နားကာ ချောက်ကမ်းပါးမှ မျှော်၍ကြည့်ရာ ဆွေဖော်တစ်သင်း ရေကိုဆင်းကာ ဟိုမွှေ ငါးသဲ့ နေကြတာ ၊ မဲကျီစိတ်ထဲ ထူးကဲဖန်လာ ပေးစမ်းဟဲ့ "" ယက်သဲ့"" တောင်းယူခါ သဲ့သည်ပ မုချမြန်မကြာ ၊ဝိသေသထူး အထူးဖြစ်မှာနွံနစ်ထဲမှ နီရဲလှစွာ {•••ကျောက်ပတ္တမြား•••} မောက်ကြွားပါလာ ယက်သဲ့ထဲ ထူးကဲဝင်ရောက်လာ၊ မဲကျီစိတ်ထဲ တလွဲထင်ကာ သဖန်းသီးဖြစ် ပစ်၍ချကာ အဖော်များ ကျသွားနေရာ ဝိုင်းရှာကြ မရထုးကဲစွာ၊ မဲကျီသဲ့တိုင်း ထိုအဝိုင်းပါလာ သုံးကြိမ်မြောက်ထ ကောက်၍ကြည့်ကာ မိဧလှပြောပြသည်မှာ နတ်ကြီးမ လှပါ့မဲကျီရာ ၊ ထိုအလုံးကြီး ယူသွားပြီးခါ မဲကျီမကား သိမ်းထား (ဘုရား)ကျောင်းမှာ အလင်းပျောက်လို့ အမှောင်ရောက်လာ အရောင်တောက် ထွန်းပေါက်မီးပမာ။ တစ်အိမ်လုံး သိမ်းကျုံးလင်းပေတာ။။ ၅။ ***မနောမယ ပတ္တမြား*** •••အချိန်ပြင်မှ သိပ္ပစုံစွာ ဗေဒအထူး(ဦး)မြတ်ကျော်ဦး ရောက်လာ ထို ထိုသည့်ကျောက် လှမ်းကောက်ကြည့်ခါ ""ပတ္တမြား""ပြောကြား လေတော့တာ၊ ဇာတာသက္ကရာဇ် တွက်စစ်ပြန်တာ ယခုရောက်သက် ဆယ့်ရှစ်နှစ်များ လွန်စွာလာဘ်ကြီး သမီးကညာ ကောလီစီး စုတ်ကြီးဝင်တော့မှာ နဝတြိဿ(၃၉နှစ်) ရောက်ထချိန်ခါ သတိတရား မြဲမြဲထားပါ ဘုရားဟောထ အနိစ္စပါ မှာကာထား ပြန်သွားအိမ်ဂေဟာ၊ ကျောက်ပတ္တမြား မောက်ကြွားအလျှံ ရွာတွင်းနယ်တွင်း သတင်းကျော်လွန် လူအများစု ရှုစားဖို့ရန် တဖွဲဖွဲ မစဲရောက်လာပြန် ၊ ရွာဦးကျောင်းဝင်း ဆောင်ကျဉ်းပီးကာ ကလပ်အထက် တင်လျက်ထားကာ ကြည့်သူများ စည်ကားနေတာ မဲကျီအားပေးထား လက်ဆောင်ပါ သဒ္ဓါတရား အပွားများနေကြတာ ။ ။•••၆။***ပတ္တမြားနှင့် မြို့စား*** •••နေမျိုးသူရိယ နာမထင်စွာ ရမ်းဗြဲမြို့စား သိကြားလေရာ ကျောက်ပတ္တမြား သိမ်းထားဖို့ရာ အိမ်အရောက် လှမ်းထောက်ချီတက်လာ၊ အဖိုအနဂ္ဃ ထိုက်လှဧကန် ဆင်းရဲသူများ သုံးစားမတန် ဤသို့စကား ပော့ကြားဝေဖန် ""တစ်ထောင်ပေး"" သိမ်းဆည်းယူသွားပြန် ၊ ရွှေကြုတ်အတွင်းထည့်သွင်းပြီးခါ ရမ်းဗြဲမြို့စား ယူသွားလေရာ ဥပစာတွင်း ကျော်နင်းမကွာ ကလပ်ထဲ ထူးကဲပြန်ရောက်လာ ၊မြို့ကို ပြန်ရောက် မိုးသောက်လေလျင် ကြုတ်အတွင်းထဲ ရှိမြဲအထင် မြို့စားကြီးကား စိတ်ထားပျော်ရွှင် လှေအမြန်စီး ခရီးရေကြောင်းနှင်၊ မြောက်ဦးပြည်ကြီး ရွှေထီးပြောင်ပြောင် ""ဘုန်းမီူနေလ ထွန်းပ ဂုဏ်ရောင် မင်းဗာကြီး"" ကား ခံစားနန်းဆောင် တိုင်းပြည်များ စိုထားဤလူ့ဘောင် ကောဇာကား (ရှစ် ကိုး ငါး ကိုဆောင်) ၊ မင်းကြီးထံမှောက် ဝင်ရောက်ပြီးခါ မျိုးသူရိယ ဆက်သလေရာညီလာခံတွင်း ရွှေကြုတ်အလှ ဖွင့်ဟရှုလေရာ ၊ ကျောက်ပတ္တမြား ပျောက်သွားမပါ တကယ်ထူးဆန်း ဖြစ်ခန်းကြုံလာ မတ်"ဝိမလ" တိကျသေချာ ငါမင်းအား လျောက်ထား ခုချိန်ခါ၊ "မတ်ဝမလ" တင်သပန်ဆင် ပိုင်ရှင်နှင့်တွဲ မခွဲယူလျှင် ""ပတ္တမြား""ရငြားအမှန်ပင်၊ ဤသို့စကား မင်းကြီးကြားရာ သဘောတော်တွေ့ မနောခွေ့ကာ စိန်လက်စွပ်ကွင်း ဆုနှင်းမကြာ နေ့ကောင်းရက် တွက်ချက်ခိုင်းလေတာ "" တော်ကောက်ရေး "" မနှေးစီစဉ်ပါ၊ မျိုးသူရိယ ပြန်သွားတဖန် တိုက်နယ်လူကြီး အသီးသီးထံ စာရွက်စာတမ်း ကမ်းလှမ်းစီမံ မင်းကိစ္စစေငှ ဆောင်ရွက်ရန်၊ •••
၇။***မမဲကျီနှင့် ကိန္ဒရီ ခြောင်းခြား*** ••• မမဲကျီအား မင်းတြားသိမ်းကာ ဒေဝီတပါး မြှောက်စားဖို့ရာ ၊ ထိုသတင်း ပျံ့သင်းထုံလာ ကိုရွှေသီး ပူမီးသောကဖြာ ၊ မမဲကျီလည်း စိတ်ထဲမပျော် လွတ်မြောက်ရေး ကြံတွေးခါမျှော်၊ ""လွမ်းတောင်ပေါ်တက်"" ချိန်ချက်နှစ်ဖော် ကြိုးဆွဲချ ၊ သေကြရအောင်နော်၊ ဖက်ကာတွဲ ငိုပွဲဝင်ကြသော်၊ ချစ်သူနှစ်ဦး ပူမီးဖြာဖြာ၊ ကြမ္မာရေစက်၊ မသက်မညှာ ဘဝဆက်ဆက် ဆုတောင်းပတ္တနာ ""(ဘုရားနက်)"" သက်သေထူလျက်ပါ၊ ကိုရွှေသီးက ပြောပြသည်မှာ မင်းတို့အရေး ထွက်ပြေးမသာ ၊ မဲကျီအလှ စိတ်ကကြည်သာ၊ မိဖုရားမြောက်စား လက်ခံပါ ၊ ""ဥပစ္ဆေဒက"" ကံကကြောက်မက်ဖွယ် ဘုန်းဘုန်းဘုရား ဟောကြားလေတယ် သတိကိုမြဲ ၊ စဉ်းစားပါလေ၊ ""ဝဋ်ဒုက္ခ""ခံရနောင်များဝယ်... ၊ဤသို့နားချ ပြောပြဝေဖန် လက်ထပ်ဖို့ရေး အားပေးတန်တန်၊ မျက်ရည်စီးကျ ၊ သောကပူပန်၊ ခွဲခွာကြ ဘဝပစ္စုပန် ၊ ပြောသာပြောရ ၊ သောကဝေဒနာ မောင်ရွှေသီးအား ၊ ခံစားခက်တာ ရင်မှာညည်းတွား မကြားနိုင်ပါ ""အကြံကုန်...ဂဠုန်ဆားချက်"".""မျှော်တော်ဦး"" မှာ... သပေါ့ရက်မယ်"" ကွာ....၊ မြင်သူအများ သနားကြပြန် သောက ကူးစက်... ဝေဒနာခန္ဓာ သံဝေဂကျဖို့ ရှုစရာ... ၈။***မင်းဗာဘုရင်တော်ကောက်ဝင်*** •••ဗာဘုရင်ကြီး ခရီးနှင်လာ ကရဝိတ်ဖောင်ကြီး ခန့်ထည်းဝေဆာ၊ သေနာပတိ... မှူးကြီးမတ်ရာ ဗိုလ်ပါများ ""မင်းတက်လှေကား""မှာ ရမ္မာမြို့ တိုးစည်ကားတာ ၊ ရမ်းဗြဲ (ရန်ပြေ) မြို့ရောက် တထောက်နားလျက်ပြည်သူအများ ခစားဖုးမြင် နံနက်မိုးသောက် အလင်းရောက်တွင် ဝေါယဉ်စီး မင်းကြီးခရီးနှင်...။ ရမ္မာမြို့မှ ရွာရင်းထိပင် ရွှေလမ်း ငွေလမ်း သွယ်တန်းကာပင် ကြည်ရွှင်သန့်ရှင်း သဲခင်း ရာဇမတ်ဆက် အလံများဝင့်ကြွားလေထဲတွင်...၊ လုံမေအပေါင်း စုပေါင်း ညီညာ အောင်သပြေခက် ရွှင်လန်းလျက်ပါ ၊ ရှေ့ထွက်တပ်ပေါင်း သောင်းသောင်းဝေဆာ၊ ဝိုင်းကာပြီး မင်းကြီး ကြွလေတာ၊ ထိုခါတစ်သီး မှူးကြီးမတ်ရာ ဝတ်လဲတော်များ ယူသွားပြီးခါ မမဲကျီအား ဆက်ထားပြန်တာ ဒေဝီမြောက် ""တော်ကောက်""ကြရန်သာ၊ ...
၉။***ပတ္တမြားဒေဝီ စောမဲကျီဘွဲ့ အပ်နှင်းခြင်း***
***အောင်ဘိတ်သိက်***သွန်း... တင့်ဆန်းဝေဆာ ""စောမဲကျီ""ဟု ဘွဲ့ပြုနာမာ ရွှေဂဟေဆက် နှစ်သက်ဖူးစာ မင်းကြီးကား လွန်အားရလေတာ၊ ဘုရင်မင်းတြာူ သနားကြင်နာ ရံရွှေတော်များ ပေးသနားရာ "သုံးကျိတ်" ထဲ မိဧလှတို့ပါ ၊ ဘုညိုမ အနားသူမခွာ၊ မင်းမိဘုရားပြန်ကြွ သွားရာ ရံရွှေတော်များ ခစားလိုက်ပါ နယ်သူအပေါင်း သောင်းသောင်းညီကာ လိုက်ကာပို့ "မျှော်တော်ဦး "ကမ်းသို့ပါ၊ မိဖုရားတက် ဝေါယာဉ်ထက်မှာ ဇာပုဝါများ ခမ်းနားဝေဆာ၊ ဇာခြည်လှစ်ဟ ကြည့်ထ လေခါ ကိုရွှေသီး ယိုစီး မျက်ရည်ဖြာ နေဆယ်စင်း ပူပြင်းနွေကန္တာ၊ ရမ်းဗြဲ မြို့သို့ ရောက်သောခါ အောင်စေတီကမ်း စခန်းချကာ ၊ "လှေပြိုင်ပွဲနှင့် ကျင်ပွဲ စုံစွာ ခုနှစ်ရက် ဆက်လက် ကျင်းပတာ၊ ထိုမှတစ်သီး ခရီးဆက်ကာ ရန်ပြေချောင်းမှ ထွက်ကြပေတာ ပြည်သူများ လေးစားဂုဏ်ယူစွာ ၊ သက်တော် ရာကျော် ရှည်စေကြောင်း ဆုတောင်ူပတ္တနာ၊ အောင်စည်တီးအောင်စေတီကမ်းကခွာ၊ ဂုဏ်ရည်ထူးခြား ပတ္တမြားဒေဝီ "စောမဲကျီ" ဟု တွင်ပြုစေသည်၊ "ဝိမလမတ်"ကြီး မထူးတလီ သိစေကြောင်း ထပ်လောင်းကြေငြာပြီး နန်းတော်သွင်း အပ်နှင်း "မြောက်ညာ" မဟေသီ၊ 👸 ပတ္တမြား ဒေဝီ 👑 စောမဲကျီ 👑
Comments
Post a Comment