(ကမ္ဘာအကြောင်း)
ကမ္ဘာ့တိုက်​ကြီးများအ​ကြောင်းကို ဖတ်နိုင်ဖို့တစ်နေရာထဲ စုစည်းပေးလိုက်ပါတယ်​။ ပုံများကိုထောက်၍ အသေးစိတ်ဖတ်နိုင်ပါတယ်။ အေးဆေးဆေးဖတ်ဖို့နဲ့ ပြန်ရှာဖို့ အဆင်ပြေအောင် Share လုပ်ပြီး သိမ်းထားနိုင်​ပါတယ်​။ Credit - Original Uploaders YOBBO Knowledge
(ကမ္ဘာအကြောင်း) ^^^^^^^^^^^^ (ကမ္ဘာ့တိုက်ကြီးများ) ၁။ အာရှတိုက် (အကြီးဆုံး) ၁၇၂၁၂၀၀၀ စ/မိုင်။ ၂။ အာဖရိကတိုက် စ/မိုင် (၁၁) သန်းကျော်။ ၃။ မြောက်အမေရိကတိုက် စ/မိုင် (၉) သန်းကျော်။ ၄။ တောင်အမေရိကတိုက် စ/မိုင် (၈) သန်းကျော်။ ၅။ ဥရောပတိုက် စ/မိုင် (၃) သန်း (၈) သိန်းကျော်။ ၆။ ဩစတြေးလျတိုက်(အငယ်ဆုံးတိုက်) စ/မိုင် (၃) သန်း (၁)သိန်းကျော်။ ၇။ အန္တာတိကတိုက်။ ======================================= (ကမ္ဘာ့သမုဒ္ဒရာကြီးများ) ၁။ ပစိဖိတ်သမုဒ္ဒရာ(အကြီးဆုံး)။ ၂။ အတ္တလန္တိတ်သမုဒ္ဒရာ။ ၃။ အိန္ဒယသမုဒ္ဒရာ။ ၄။ အာတိတ်သမုဒ္ဒရာ။ ======================================= (နေစင်္ကြာဝဠာအတွင်းရှိဂြိုလ်ကြီးများ) ၁။ ဗဒ္ဓဟူးဂြိုလ် (Mercury)။ ၂။ သောကြာဂြိုလ် (Venus)။ ၃။ ကမ္ဘာဂြိုလ် (Earth)။ ၄။ ကြာသပတေးဂြိုလ် (Jupiter)။ ၅။ အဂါင်္ဂြိုလ် (Mars)။ ၆။ စနေဂြိုလ် (Satun)။ ၇။ ယူရေးနတ်ဂြိုလ် (Uranus)။ ၈။ နပ်ပကျွန်းဂြိုလ် (Neptuns) _____________________________________________ ကမ္ဘာ့အရှေ့ခြမ်းနှင့် အနှောက်ခြမ်းကို ပိုင်းခြားထားသောမျဉ်း>(ဂရင်းနစ်မျဉ်း) ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းကို ပိုင်းခြားထားသောမျဉ်း>(အီကွေတာမျဉ်း) ကမ္ဘာ့စံတော်ချိန်(၂)မျိုးမှာ ၁။ ဒေသစံတော်ချိန်။ ၂။ ဂရင်းနစ်စံတော်ချိန်။ ကမ္ဘာ့သက်တမ်း>(၄၅၅၀)နှစ်သန်းပေါင်း။ ကမ္ဘာ့၏ အလေးချိန် (တန် သန်းပေါင်း)>(၆၀၀)။ ကမ္ဘာ့အကြီးဆုံး ရေတံခွန် -{နိုင်ရာဂါရာ}>(ကနေဒါ)။ ကမ္ဘာ့အကျယ်ဆုံး ရေတံခွန် -(ခွန်)>(အင်ဒိုချိုင်းနား ကျွန်းစွယ်)။ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် -(အိန်ဂျယ်)>(ဗင်နီဇွဲလား)။ ကမ္ဘာ့အကြီးဆုံး ရေခဲမြစ်- (ဘီယက်မိုး) >(ကနေဒါ)။ ကမ္ဘာ့အကြီးဆုံး ကျွန်းစု-(အင်ဒိုနီးရှားကျွန်းစု)> {အင်ဒိုနီးရှား}။ (ကမ္ဘာ့လူဦးရေ- သန်း(၇၀၀၀)ကျော်) ကမ္ဘာ့ပေါ်ရှိ နိုင်ငံပေါင်း-(၁၉၇) နိုင်ငံ။ ကမ္ဘာ့ ကုန် မြေ အကျယ်အဝန်း-စတုရန်းမိုင်ပေါင်း> (၅၇၅၀၆၀၀၀)။ ကမ္ဘာ့ ရေပြင် အကျယ်အဝန်း-စတုရန်းမိုင်ပေါင်း> (၁၃၉၄၃၄၀၀၀)။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Credit:NMT-(RTD) ,နေမင်းထွန်း(ရသေ့တောင်) YOBBO Knowledge
အာရှတိုက် __________________
အာရှတိုက်သည် ကမ္ဘာပေါ်ရှိတိုက်ကြီး ( ၇ )တိုက်ထဲတွင်အကြီးဆုံးတိုက်ဖြစ်သည် ။ ခန့် မှန်းခြေဧရိယာစတုရန်းမိုင် ၁၇.၁၄ သန်း ခန့်  ကျယ်ဝန်းပြီး ကမ္ဘာ့ကုန်းမြေအာလုံး၏ ၃၀% ခန့်  တည်ရှိသည် ။ အနောက်ဖက်တွင်ဥရောပတိုက်နှင့်ဆက်စပ်နေပြီး အကြမ်းအားဖြင့် Ural တောင်တန်း နှင့်ပိုင်းခြား ထားသည် ။ အရှေ့ ဖက်တွင် ဘာရိမ်းရေလက်ကြားသည် အာရှတိုက် နှင့် မြောက်အမေရိကတိုက်အား ပိုင်းခြားထားသော်လဲ အနီးဆုံးအပိုင်းမှာ ၅၁ မိုင်သာ ကွာဝေးပြီးထိလုနီးတည်ရှိသည် ။ မြောက်ဖက်ဒေသတွင်ရုရှားနိင်ငံ၏ ဆိုက်ဘေးရီးယား သစ်တောကြီးတည်ရှိသည် ။ တောင်ဖက် မလေးရှား နှင့် အင်ဒိုးနီးရှားကျွန်ဆွယ် ဒေသများတွင် အပူပိုင်းအမြဲစိမ်းသစ်တောများ ဖုံးလွှမ်း နေဆဲဖြစ်သည် ။ ကမ္ဘာ့ဒုတိယ အကြီးဆုံး Gobi ကန္တာရသည် တရုတ်နိင်ငံတွင်တည်ရှိသည် ။ ကမ္ဘာ့အရှည်ဆုံးမြစ်ကြီး ၁၀ - မြစ် ထဲတွင် ၇ - မြစ် မှာ အာရှတိုက်တွင်တည်ရှိသည် ။ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက် တောင်သည် နီပေါနိင်ငံတွင်တည်ရှိသည် ။ ကမ္ဘာ့မြေမျက်နှာပြင်အနိမ့်ဆုံး Dead Sea သည် အရှေ့ အလယ်ပိုင်းဒေသတွင်တည်ရှိသည် ။ ကမ္ဘာပေါ်ကအနက်ဆုံးရေချိုရေကန် Lake Baikal သည် ရုရှားနိင်ငံတောင်ပိုင်းတွင်ရှိပြီးတချို့ နေရာများသည် အနက်ဆုံး ( ၅၃ရ၁ - ပေ ) ထိရှိသည် ။ အာရှတိုက်တွင်အလွန်ပူပြင်းခြောက်သွေ့ သည့် ဒေသများရှိသကဲ့သို့ အလွန်အေးသည့်ဒေသများနှင့် အမြဲစွတ်စိုနေသည့်ဒေသများလဲများစွာရှိသည် ။ ( ယဉ်ကျေးမှုစတင်ရာဒေသ) ================ ရှေးဟောင်း သမိုင်းပညာရှင်များ၏ မှတ်တမ်းများအရ အစ္စရေး နှင့်ဂျော်ဒန် နိင်ငံဒေသ အနီး အနောက်ဖက်ကမ်း အနီးရှိ Jericho မြို့ သည် ရှေးနှစ်ပေါင်း ၈၀၀၀ - အချိန်မှ စတင်တည်ရှိခဲ့သည့် ကမ္ဘာ့ရှေးအကျဆုံးမြို့ ဖြစ်သည် ။ လွန်ခဲ့သည့် နှစ် ၁၀၀၀၀ - အချိန်က အရှေ့ အလယ်ပိုင်းဒေသ တွင်ရှိခဲ့သည့် “ မက်ဆိုပိုတေးမီးယား” ဒေသသည် ကမ္ဘာ့ရှေးအကျဆုံးယဉ်ကျေးမှု စတင်ခဲ့ရာ ဒေသဖြစ်သည် ။ ထို့ အတူ တရုတ် နှင့် အိန္ဒိယ လူမျိုးများသည်လဲ ရှေးအကျဆုံး ယဉ်ကျေးမှုစတင်ခဲ့သည့် လူမျိုးများဖြစ်သည် ။ . . ........................... ( ဘာသာရေးစတင်ရာဒေသ) =============== ယနေ့ ကမ္ဘာပေါ်မှ အကြီးဆုံးဘာသာကြီး ၅ - ခု သည် အာရှတိုက်မှစတင်ခဲ့သည် ။ အရှေ့ အလယ်ပိုင်းဒေသမှ ဂျူးဘာသာ ၊ ခရစ်ယန် နှင့် အစ္စလမ်ဘာသာကိုစတင်ခဲ့ပြီး အိန္ဒိယဒေသမှ ဟိန္ဒူ ဘာသာ နှင့် ဗုဒွဘာသာကိုစတင်ခဲ့သည် ။ ထိုဘာသာရေးများကြောင့်ပင်လျှင် အာရှတိုက်ရှိလူ့ အဖွဲ့ အစည်းများထဲတွင် တခါတရံ ပဋိပက္ခပြသနာများဖြစ်ပွားနေဆဲဖြစ်သည်။ ( လူဦးရေ) .....,....................... အာရှတိုက်တွင်လူဦးရေ ၄ - ဘီလီယံကျော် နေထိုင်ကြပြီး လူဦးရေတိုးပွားနှံန်း ကလဲ များပြားလျှက် ရှိသည် ။ ကမ္ဘာပေါ်ရှိလူဦးရေ ၅ -ဦးလျှင် ၃ - ဦးမှာ အာရှတိုက်ရှိနိင်ငံ ၄၈ - နိင်ငံတွင်နေထိုင်ကြသည် ။ တရုတ် နှင့် အိန္ဒိယနိင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး နှင့် ဒုတိယ အများဆုံး နိင်ငံများဖြစ်ကြသည် ။ အာရှတိုက်တလွှားရှိလူများပြောဆို သုံးစွဲနေကြသည့် ဘာသာစကားပေါင်း ၁၀၀၀ ကျော်ရှိ နေဆဲဖြစ်သည် ။ အာရှတိုက်ရှိလူအများစုသည် လျှပ်စစ်မီး နှင့် ရေးကောင်းရေသန့် မရှိ ဘဲ အလွန်ဆင်းရဲသည့် အခြေအနေတွင် နေထိုင်နေရဆဲဖြစ်သည် ။ သို့ သော်အာရှတိုက်တွင် အလွန်ချမ်းသာသည့် လူများလဲ များစွာရှိသည် ။ ကိုးရီးယား ၊ ဂျပန် နိင်ငံများသည် အာရှတိုက်မှ ချမ်းသာသည့် ကမ္ဘာထိပ်တန်းစက်မှု နိင်ငံများ ဖြစ်သည် ။ ထို့ ကြောင့် ဆင်းရဲမှု ၊ ချမ်းသာမှု ၊ ရှေးကျမှု ၊ ခေတ်မှီမှု ၊ မတူကွဲပြားတဲ့ယဉ်ကျေးမှုများ နှင့် ရောယှက် နေသည့် အာရှတိုက်သည် ကမ္ဘာ့တိုက်ကြီး များထဲတွင် အထူးခြားဆုံးတိုက်ဖြစ်သည် ။ Credit: ( အကယ်ဒမီ) YOBBO Knowledge
 ဥရောပတိုက် _____________________
 ဥရောပတိုက်သည် ကမ္ဘာ့တိုက်ကြီး ၇ - တိုက် ထဲတွင် ဩစတြေးလျတိုက်ပြီးလျှင်ဒုတိယ အငယ်ဆုံး တိုက်ဖြစ်သည် ။ ဥရောပတိုက်တွင်ကျွန်းကြီးများစွာရှိကာ ဗြိတိသျှကျွန်း ၊ အိုင်ယာလန်ကျွန်း ၊ အိုက်စလန်ကျွန်း နှင့် မြေထဲပင်လယ်ဒေသရှိ Sardinia, Corsica, Sicily, Crete ကျွန်းများပါဝင်သည် ။ ဥရောပတိုက်တွင်ကျွန်းဆွယ်ဒေသများစွာရှိသည် ။ ဂရိ ၊ အီတလီနိင်ငံများသည်ကျွန်းဆွယ်နိင်ငံများဖြစ်သည် ။ စပိန် နှင့် ပေါ်တူဂီ နှစ်နိင်ငံတည်ရှိသည့်ကျွန်းဆွယ်ကို Iberia ကျွန်းဆွယ်ဟုခေါ်သည် ။ မြောက်ဖက်ရှိဒိန်းမတ်နိင်ငံသည် Jutland ကျွန်းဆွယ်ကို၎င်း ၊ ဆွီဒင် နှင့် နော်ဝေ နိင်ငံသည် Scandinavian ကျွန်းဆွယ်ဒေသကို၎င်း ပိုင်ဆိုင်ကြသည် ။ ဥရောပတိုက်နှင့်အာရှတိုက်ကို Ural တောင်တန်းမှ ပိုင်းခြားထားသည် ။ Ural တောင်တန်းသည် ရုရှနိင်ငံကိုဖြတ်ကျော်သွားပြီး ရုရှား၏ အရှေ့ ဖက်အပိုင်းသည် အာရှ ၊ အနောက်ဖက် အပိုင်းမှာ ဥရောပဒေသဖြစ်သည် ။ ဥရောပတိုက်၏ကျော်ကြားသည့် Alps တောင်တန်းသည် ဆွေဇလန် ၊ ပြင်သစ် ၊ အီတလီ ၊ Austria နိင်ငံများကို ဖြတ်ကျော်သွားပြီး ထိုတောင်တန်း၏ Matterhorn တောင်ထိပ်သည်ကမ္ဘာ ကျော် တောင်ထိပ် တခု ဖြစ်သည် ။ ဥရောပ အနောက်မြောက်ဒေသတွင် တောင်တန်းများ ၊ တောင်ကုန်းများ စွာတည်ရှိသည် ။ နော်ဝေကမ်းခြေဒေသတွင် ရေခဲတောင်များစွာရှိကာ ၊ glaciers များစွာလဲဖုံးလွှမ်းနေဆဲဖြစ်သည် ။ ဥရောပတိုက်သည် အမေရိကန်ပြည်ထောင်စု အရွယ်အစားမျှသာရှိသော်လဲ လူဦးရေသန်း ၈၀၀ - ခန့်  နေထိုင်ကြသည် ။ ဥရောပတိုက်တွင်နိင်ငံပေါင်း ၄၀ - ကျော်ပါဝင်ပြီး ဘာသာစကားပေါင်း ၆၀ - ကျော်ကိုပြောဆို ကြသည် ။ ဥရောပတိုက်တွင်ကြီးကျယ်ခန်းနားသည့်မြို့ ကြီး ဒါဇင်ပေါင်းများစွာရှိသည် ။ လန်ဒန်မြို့  ၊ ပဲရစ်မြို့ များသည်ရှေးခေတ်အချိန်မှ စတင်တည်ရှိခဲ့သည့်မြို့ များဖြစ်သည် ။ ဂရိမှအေသင်မြို့  ၊ ဂျာမဏီမှ ဘာလင်မြို့ ၊ ဟန်ဂေရီမှ ဘူဒါဘတ်မြို့ ၊ စပိန်မှ မက်ဒရစ်မြို့ ၊ ရုရှားမှမော်စကိုမြို့  ၊ ချက်နိင်ငံမှ Prague မြို့  ၊ အီတလီမှ Rome မြို့  နှင့် သြစတြီးယားမှ ဗီယင်နာမြို့  များသည် ဥရောပတိုက်မှထင်ရှားကျော်ကြားသည့်မြို့ များဖြစ်ကြသည် ။ . . . ခန်းနားတဲ့ယဉ်ကျေးမှု *************** ဥေ၇ာပတိုက်၏ယဉ်ကျေးမှုသည်မြေထဲပင်လယ် ဒေသမှစတင်ခဲ့သည် ။ လွန်ခဲ့သည့် နှစ် ၂၅၀၀ - ကျော်အချိန်မှစ၍ ဂရိကျွန်းဆွယ်ဒေသများပေါ်တွင် ရှေးခေတ်ဂရိ ယဉ်ကျေးမှုစတင်ခဲ့သည် ။ နောက်ပိုင်းတွင်သူတို့ ၏ သြဇာအာဏာများသည် ရောမအင်ပါယာ အဖြစ်ပြောင်းလဲလာခဲ့သည် ။ ရောမအင်ပါယာသည် ယနေ့ အီတလီနိင်ငံရောမမြို့ တွင် အခြေစိုက်ပြီး မြောက်ဖက်ဗြိတိသျှဒေသမှသည် ယနေ့ အီရတ်နိင်ငံအထိကျယ်ပြန့် ခဲ့သည် ။ ဂရိ နှင့် ရောမခေတ်သည်ခေတ်သစ်ဥရောပအတွက် အခြေခံအုပ်မြစ်ဖြစ်သည် ။ ဂရိများသည်သင်္ချာပညာ ၊ အတွေးအခေါ် နှင့် ဒီမိုကရေစီကိုစတင်ခဲ့ကြသည် ။ ရောမန်များ၏ ဥပဒေ ၊ အုပ်ချုပ်ရေး နယ်ပါယ်တွင် ထူးချွန်ကြပြီး ကြီးကျယ်ခန်းနားသည့် လမ်းတံတားများ ၊ တူးမြောင်းများ ၊ ရဲတိုက်ကြီးများ ၊ နန်းတော်ကြီးများကို တည်ဆောက်ခဲ့ကြသည် ။ ရော်မန်များ၏ လက်ရာများကိုယနေ့ အချိန်အထိ ဥရောပဒေသ အနှံ့ တွင်မြင်တွေ့ နိင်ဆဲဖြစ်သည် ။ (ခရစ်ယန်ဘာသာထွန်းကားလာခြင်း) ************************** ခရစ်ယန်ဘာသာသည် အရှေ့ အလယ်ပိုင်းဒေသမှ စတင်ခဲ့ပြီး ရောမခေတ်တွင်ဥရောပသို့ ပြန့် နှံ့  သွားခဲ့သည် ။ ရာစုနှစ်ပေါင်းများစွာကြာ ဥရောပ အနောက်ဖက်မှ လူများသည် ရိုမန်ကက်သလစ် ဘာသာဝင် များ ဖြစ်ကြသည် ။ အရှေ့ ဥရောပဒေသမှသူများသည် Orthodox ခရစ်ယန်ကို ကိုးကွယ်ကြပြီး သူတို့ ၏အဓိက ဘုရားကျောင်းသည် Constantinople ( ယနေ့ တူရကီနိင်ငံ အစ္စတန်ဘူမြို့ အနီး ) ဒေသတွင်ရှိခဲ့သည် ။ နောက်ပိုင်းတွင်ရိုမန်ကက်သလစ်ဘာသာမှ ပရိုတက်စတစ် ဘာသာခွဲထွက်ပြီး ထိုဒေသရှိ လူဦးရေတ၀က်ခန့် မှာ ပရိုတက်စတစ်ဘာသာဝင်များ ဖြစ်လာခဲ့ကြသည် ။ ဥရောပဒေသတွင်တခြား ဂျူးဘာသာ ၊ အစ္စလမ် နှင့် ဗုဒွ ဘာသာကိုးကွယ်သူများလဲ အနည်းငယ်ရှိကြသည် ။ . (ဥရောပဒေသ ဖြတ်သန်းခဲ့သည့်သမိုင်း) *************************** အေဒီ ၄၇၆ - ခန့် အချိန်တွင်ရောမအင်ပါယာပြိုလ်ကွဲ လာပြီးနောက်ဥရောပဒေသ သည်အလယ်ခေတ်သို့ ရောက်ရှိလာခဲ့သည် ။ ရောမအင်ပါယာပြိုလ်ကွဲမှု နှင့်အတူ ဘုရင့်နိင်ငံငယ် များစွာပေါ်လာခဲ့ပြီး ၊ ထိုနိင်ငံငယ်များသည်လဲ ရော်မန် ဥပဒေအတိုင်းအုပ်ချုပ်ခဲ့ကြသည် ။ ဘုရင့်နိင်ငံငယ်များအကြား ကုန်သွယ်မှုအခွင့်အရေး ပိုမိုရရှိအောင်ကြိုးစားရင်း စစ်ပွဲဆက်များစွာဖြစ်ပွားကာ အနိင်ရဘုရင်များသည်သြဇာပါဝါကြီးမားလာခဲ့သည် ။ ကြီးမားသည့်စစ်တပ်များ ၊ ရေတပ်များထူထောင် နိင်ပြီးနောက် အေဒီ ၁၄၀၀ - ခန့် အချိန်တွင် ဥရောပဒေသ၌ စပိန် နှင့်ပေါ်တူဂီတို့ သည် အင်အားအကြီးဆုံးဖြစ်လာခဲ့သည် ။ စပိန် နှင့်ပေါ်တူဂီတို့ သည်ကမ္ဘာတလွှားရွက်လွှင့် သွားလာပြီး အာရှ ၊ အာဖရိက နှင့် အမေရိက ဒေသများတွင် ပထမဆုံးအင်ပါယာထူထောင်ခဲ့ကြသည် ။ နောက်ပိုင်းတွင် ဗြိတိန် ၊ ပြင်သစ် ၊ ဒါတ်ခ်ျ တို့ မှလဲ ကမ္ဘာတလွှား အင်ပါယာကို အပြိုင်အဆိုင် ထူထောင်လာခဲ့ကြသည် ။ ဥရောပတိုက်သားများ၏နယ်မြေချဲ့ ထွင်မှု နှင့်အတူ ရိုမန်ကက်သလစ် ခရစ်ယန်ဘာသာသည်လဲ ကမ္ဘာတလွှားသို့ ပြန့် နှံ့ သွားခဲ့သည် ။ ဥရောပတိုက်သားများသည်ချမ်းသာကြွယ်ဝလာမှု နှင့်အတူကြီးကျယ်ခန်းနားသည့်အနုပညာများ ၊ ပိသုကာပညာများ ၊ သိပွံပညာများကိုတည်ထွင် လာနိင်ခဲ့သည် ။ အေဒီ ၁၇၀၀ - ၁၈၀၀ အချိန်များတွင်စက်များကို အသုံးပြုကာ ကုန်ပစ္စည်းများကို ပိုမိုထုတ်လုပ်လာနိင်သည့် စက်ရုံများကိုတည်ထောင်လာနိင်ခဲ့သည် ။ ၄င်းကိုစက်မှုတော်လှန်ရေးဟုခေါ်ပြီး ဥရောပဒေသ သည် ပို၍ချမ်းသာကာ ပို၍ သြဇာကြီးမားလာခဲ့သည် ။ ၁၉၁၄ - ခုနှစ်တွင် ဥေ၇ာပနိင်ငံများသည် ကိုလိုနီနယ်မြေအငြင်းပွားမှု နှင့်အတူ ပထမ ကမ္ဘာစစ်ဖြစ်ပွားလာခဲ့သည် ။ ၁၉၁၇ - ခုနှစ်တွင် ဥရောပ မှ ရုရှားနိင်ငံတွင် ကွန်မြူနစ်စနစ်ကြီးစိုးလာပြီး ဆိုဗီယက်ယူနီယံ အမည်ရှိ ရုရှား အင်ပါယာကြီးထွန်းကားလာခဲ့သည် ။ ၁၉၃၆ - ခုနှစ်တွင် အင်အားကြီးထွားလာသည့် ဂျာမန် နာဇီများသည် စစ်ပွဲများဖန်တီးရာမှ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားလာပြန်သည် ။ ဒုတိယကမ္ဘာစစ်တွင်ဂျာမန်များစစ်ရှုံးမှု နှင့်အတူ ဆိုဗီယက်ယူနီယံ၏သြဇာသည် ဥရောပတွင် ကြီးမားလာခဲ့ကာ အရှေ့ ဥရောပဒေသရှိနိင်ငံ အများအပြားသည် ဆိုဗီယက်အုပ်စုဝင် ကွန်မြူနစ်နိင်ငံဖြစ်လာခဲ့သည်။ ၁၉၈၀ - ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုလ်ကွဲမှု နှင့်အတူ ဥရောပအရှေ့ ဖက်ဒေသမှ နိင်ငံအများအပြားသည် လွတ်လပ်သည့် နိင်ငံဖြစ်လာခဲ့သည် ။ (ယနေ့ ဥရောပ) *********** ဆိုဗီယက်ပြည်ထောင်စုပြိုလ်ကွဲမှု နှင့်အတူ ကွန်မြူနစ်စနစ်ကျင့်သုံးခဲ့သည့် အရှေ့ ဥရောပ နိင်ငံ အများအပြား သည်လဲဒီမိုကရေစီနိင်ငံဖြစ်လာခဲ့သည် ။ ၂၀ -ရာစုအချိန်တွင်ဥရောပနိင်ငံကြီးများသည် ကမ္ဘာတလွှားရှိ သူတို့ ၏ကိုလိုနီနယ်မြေများကို စွန့်  လွှတ်ခဲ့ရသည် ။ သို့ သော် ဥရောပဒေသ သည် ရှေးယခင် အချိန်ကကဲ့သို့ ပင် အနုပညာနယ်ပါယ် ၊ သိပွံပညာရပ်ဆိုင်ရာနယ်ပါယ် နှင့် စက်မှု ပညာရပ်နယ်များတွင်လဲ ကမ္ဘာ့ရှေ့ ဆောင်ဒေသ အဖြစ်ရပ် ရပ်တည်ကာ ချမ်းသာကြွယ်ဝသည့် ဒေသအဖြစ် ရှိနေဆဲဖြစ်သည် ။ Credit: အကယ်ဒမီ YOBBO Knowledge မြောက်အမေရိကတိုက် ______________________
မြောက်အမေရိကတိုက် ______________________
 မြောက်အမေရိက တိုက်သည် ကမ္ဘာ့တိုက်ကြီး ၇- တိုက်ထဲတွင် အာရှ ၊ အာဖရိက တိုက်ပြီးလျှင် တတိယအကြီးဆုံး တိုက်ဖြစ်သည် ။ ကနေဒါ ၊ အမေ၇ိက နှင့်မက္ကဆီကိုနိင်ငံများသည် မြောက်အမေရိကတိုက်တွင် ပိုင်းခြားတည်ရှိသည် ။ ကမ္ဘာ့အကြီးဆုံးကျွန်း Greenland ၊ အမေရိက တိုက် အလယ်ပိုင်း နှင့် ကာရေဗီယံဒေသမှတချို့  ကျွန်းများ ကိုလဲ မြောက်အမေရိက တိုက်၏ အစိတ်အပိုင်းဟု သတ်မှတ်လေ့ရှိကြသည် ။ America အမည်သည်အီတလီလူမျိုးရေကြောင်း ခရီးသွား Amerigo Vespucci ၏ အမည်မှဆင်းသက်လာခဲ့ခြင်း ဖြစ်သည် ။ သူသည် အေဒီ ၁၄၉၀ - ခုနှစ်အချိန်က တောင်အမေရိက တိုက်သို့ စတင်ရောက်ရှိခဲ့ပြီး မြောက်အမေရိက ဒေသ သို့ လဲ ရောက်ရှိခဲ့သူဖြစ်သည် ။ နောက်ပိုင်းမြေပုံရေးဆွဲသူများသည် ပထမဆုံးတောင်အမေရိကတိုက်ကို ရေးဆွဲပြီးနောက် Vespucci ကိုဂုဏ်ပြုသည့် အနေဖြင့် South America ဟု အမည်ပေးခဲ့ကြသည် ။ မရှေးမနှောင်းမှာပင် မြောက်ဖက်ဒေသသည်လဲ North America ဖြစ်လာခဲ့သည် ။ (ရာသီဥတု) ------------------------ မြောက်အမေရိကဒေသတွင်ရာသီဥတုပုံစံ မျိုးစုံကိုတွေ့ ရှိနိင်သည် ။ မြောက်ဖက်အကျဆုံးဒေသများတွင်ရေခဲချပ်များ ဖုံးလွှမ်းနေသည် ။ မြောက်အမေရိကတိုက်အလယ်ပိုင်း နှင့် ကာရေဗီယံဒေသသည် အပူပိုင်း သမမျှတသည့် ရာသီဥတုရှိသည် ။ အနောက်မြောက်ဖက်ဒေသသည်မိုးများစွာ ရွာသွန်းသည့်ဒေသဖြစ်သည် ။ အမေရိကန် အနောက်ဖက် နှင့် မက္ကဆီကို မြာက်ဖက်ဒေသများတွင်ခြောက်သွေ့ သည့် ကုန်းမြေနှင့် ကန္တာရများမှ ဧရိယာများစွာ ဖုံးလွှမ်းလျှက်ရှိသည် ။ (အရှေ့ ဖက်ဒေသ) ---------------------- မြောက်အမေရိကတိုက် အရှေ့ ဖက်ကမ်းခြေ ဒေသ သည်ရှည်လျှားသည့်မြေပြန့်  လွင်ပြင် ဒေသဖြစ်သည် ။ Appalachians အမည်ရ တောင်တန်းသည် ထိုမြေပြန့် လွင်ပြင်ဒေသတွင် အမေရိကန် နိင်ငံ Alabama ဒေသမှသည် ကနေဒါနိင်ငံ Québec ဒေသ အထိ သွယ်တန်းလျှက်ရှိသည် ။ အရှေ့ မြောက်ဖက် ကနေဒါ နှင့် အမေရိကဒေသတွင် သစ်တောထူထပ်သည့် တောတောင်များစွာရှိကာ မြစ်များစွာလဲဖြတ်သန်းစီးဆင်းလျှက်ရှိသည် ။ (အနောက်ဖက်ဒေသ) -------------------- ရော့ကီးတောင်တန်းသည်မြောက်အမေရိက တိုက် အနောက်ဖက်တွင် မက္ကဆီကိုဒေသမှ သည် အလာစကာဒေသအထိသွယ်တန်းလျှက်ရှိသည် ။ အနောက်ဖက်ကမ်းရိုးတမ်းဒေသတွင် တောင်တန်းများစွာရှိပြီး ဤဒေသ၏ ထင်ရှားသည့် ဆားငံရေကန်မှာ Great Salt Lake ဖြစ်သည် ။ ဤဒေသရှိမြစ်များစွာသည်ပစ္စဖိတ်သုမုဒ္ဒရာထဲသို့  စီးဝင်သည် ။ (အလယ်ပိုင်းဒေသ) ------------------------ အနောက်ဖက်ရော့ကီးတောင်တန်း နှင့် အရှေ့ ဖက် Appalachians တောင်တန်းကြား ဒေသသည်မြေပြန့် လွင်ပြင်ဖြစ်ပြီး Great Plains ဟုခေါ်ဆိုကြသည် ။ ထိုနေရာအများစုသည်သစ်ပင်ကြီးများကင်းမဲ့သည့် မြက်ခင်းလွင်ပြင်ဖြစ်သည် ။ ယနေ့ အချိန်တွင်ထိုနေရာသည် ဂျုံစပါးစိုက်ပျိုးရာ အဓိကဒေသဖြစ်သည် ။ (မြောက်ပိုင်းဒေသ) ----------------------- မြောက်အမေရိကတိုက်မြောက်ဖက် နှင့် အရှေ့ မြောက်ဒေသကို Canadian Shield ဟု ခေါ်သည် ။ ကနေဒါ နိင်ငံ၏ဧရိယာအများစုသည် Canadian Shield ဒေသဖြစ်သည် ။ ကြီးမားသည့်ကျောက်တုံးချပ်များ ၊ ရေခဲလွင်ပြင် ဒေသဖြစ်ကာ ရာသီဥတုဆိုးဝါးပြီး စိုက်ပျိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲရာဒေသဖြစ်သဖြင့် လူနေထိုင်မှုနဲပါးသည် ။ (ရေအရင်းအမြစ်) --------------------- မြောက်အမေရိက ဒေသသည် ရေ အရင်းအမြစ် အများအပြားရှိရာဒေသဖြစ်သည် ။ မြစ်ကြီးများစွာရှိပြီး Missouri မြစ်မှာ မြောက်အမေရိက တိုက်၏အရှည်ဆုံးမြစ်ဖြစ်သည် ။ မစ္စစပီမြစ်မှာ အရေးပါဆုံးမြစ်ဖြစ်ပြီး အခြားထင်ရှားသည့်မြစ်များမှာ Colorado, Columbia, Yukon, Mackenzie, Fraser, နှင့် St. Lawrence မြစ်များ ဖြစ်ကြသည် ။ မြောက်အမေရိကတိုက် အလယ်ပိုင်း အပေါ်ဖက်တွင် ရေချို ရေကန်ကြီး ၅ -ကန်ပေါင်းစပ်တည်ရှိပြီး ၄င်းကို Great Lakes ဟုခေါ်သည် ။ မြောက်အမေရိကဒေသတွင်ပင်လယ်ကွေ့  ၃ - ခုတည်ရှိသည် ။ ယင်းတို့ မှာ တောင်ဖက်ရှိ မက္ကဆီကိုပင်လယ်ကွေ့  ၊ အနောက်မြောက်ဖက်ရှိ အလစကာပင်လယ် ကွေ့  ၊ မြောက်ဖက်ဒေသရှိ Hudson ပင်လယ်ကွေ့ တို့  ဖြစ်သည်။ ( ပြောင်းရွေ့ နေထိုင်သူများ၏ဒေသ) -------------------------------- ဤဒေသတွင်လွန်ခဲ့သည့် နှစ်ထောင်ချီမှ စတင်နေထိုင်ခဲကြသည့် ဒေသခံ အမေရိကန် လူမျိုးများကို Native Americans များဟုခေါ်သည် ။ ၁၄၉၂ - ခုနှစ်နောက်ပိုင်းဥရောပတိုက်သားများ စတင်ရောက်ရှိချိန်မှစ၍ ဒေသခံလူမျိုးများ နယ်မြေ တဖြည်းဖြည်းဆုံးရှုံးခဲ့ရသည် ။ သို့ သော်တချို့ ဒေသတွင်ဒေသခံလူမျိုးများ၏ ယဉ်ကျေးမှုတည်ရှိနေဆဲဖြစ်သည် ။ မြောက်ပိုင်း ရေခဲဒေသမှ အက်စကီမို ခေါ် Inuit လူမျိုးများ ၊ မက္ကဆီကိုတောင်ဖက်ဒေသမှ မာယာလူမျိုးများသည် ယနေ့ အချိန်ထိ သူတို့ ၏ ဒေသတွင် နေထိုင်နေကြဆဲဖြစ်သည် ။ ယနေ့ အချိန်တွင်မြောက်အမေရိကတိုက်၌ လူသန်း ၅၈၀ - ခန့် နေထိုင်နေကြပြီး အများစုမှာ ကမ္ဘာ့နေရာစုံမှဖြစ်သည်။ မက္ကဆီကိုမြို့  ၊ နယူးယောက်မြို့ နှင့် လော့စ်အင်ဂျလီမြို့ များသည်ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးမြို့  များထဲတွင်ပါဝင်သည် ။ မြောက်အမေရိကဒေသဖွံ့ ဖြိုးတိုးတက်လာသည်နှင့် အမျှ ကမ္ဘာတလွှားမှ လူများအခြေချရန်ရောက်ရှိ လာခဲ့ကြသည် ။ ကနေဒါ ဒေသတွင် ဗြိတိသျှ နှင့်ပြင်သစ်လူမျိုး အများဆုံးအခြေချရန်ရောက်ရှိခဲ့ပြီး ၊ အမေရိကဒေသတွင် ဗြိတိသျှ အနွယ်သည်လူဦးရေ၏ ၃ ပုံ ၁ ပုံ ရှိသည်ဟုဆိုသည် ။ ထို့ အတူမက္ကဆီကိုဒေသမှလူများသည်ဒေသခံ လူမျိုးများ နှင့် ဥရောပတိုက်သားစပိန်လူမျိုးများ မှ ဆင်းသက်လာသူအများစုဖြစ်ကြသည် ။ Credit:အကယ်ဒမီ YOBBO Knowledge
 တောင်အမေရိကတိုက် ________________________
 ကမ္ဘာ့တိုက်ကြီး ရ- တိုက်ထဲတွင် အာရှ ၊ အာဖရိက နှင့် မြောက်အမေရိကပြီးလျှင် စတုထ္ထ အကြီးဆုံးတိုက်ဖြစ်သည် ။ ဧရိယာစတုရန်းမိုင် ၆၈၈၀ရ၀၀ ကျယ်ဝန်းပြီး လူဦးေ၇ထူထပ်သည့်မြို့ များစွာ ၊ ခေတ်သစ်အဆောက်အဦးများစွာ နှင့် ယဉ်ကျေးမှုပေါင်းများစွာရှိသော်လည်း လူနေထိုင်ခြင်းမရှိသေးသည့် နေရာများစွာ ကျန်ရှိသေးသည့်ဒေသဖြစ်သည် ။ ကမ္ဘာ့အကြီးဆုံးတောင်တန်းများထဲတွင် ပါဝင်သည့် အင်ဒီး တောင်တန်းသည် တောက်အမေ၇ိကတိုက် တခုလုံးနီးနီး အနောက်ဖက်ဒေသတွင်တောင်မြောက် သွယ်တန်းနေသည် ။ ဘိုလီးဗီးယားနိင်ငံ၏ တချို့ မြို့ များသည် ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ - ၁၂၀၀၀ ကျော်သည့် အင်ဒီးတောင်တန်း၏အမြင့်ပိုင်းတောင်ထိပ်များရှိရာ Altiplano ဒေသတွင်တည်ရှိသည် ။ ဤဒေသတွင် ကမ္ဘာ့အမြင့်ဆုံး ကူးသန်း သွားလာနိုင်သော Lake Titicaca အမည်ရှိ ရေကန်ကြီးသည်ပင်လယ်ရေမျက်နှာပြင်အထက် ၁၂၅၀၀ - ပေ အမြင့်တွင်တည်ရှိသည် ။ ရှေးတချိန်က ကမ္ဘာ့သမိုင်းတွင်ထင်ရှားသည့် Inca အင်ပါယာ သည်ဤဒေသတွင်တည်ရှိခဲ့သည် ။ တောင်အမေရိကတိုက်၏အရှည်ဆုံးမြစ်ဖြစ်သည့် အမေဇုံမြစ်သည်ပီရူးနိင်ငံ အင်ဒီးတောင်တန်းမှ မြစ်ဖျားခံကာ ဘရာဇီးနိင်ငံတွင်အများဆုံး ဖြတ်ကျော်ပြီး အတ္တလန်တိတ်သမုဒ္ဒရာထဲသို့ စီးဝင်သည် ။ ကမ္ဘာ့အကြီးဆုံးအမြဲစိမ်းအမေဇုံမိုးသစ်တောသည် စတုရန်းမိုင် ၁.၄ သန်း ခန့် ကျယ်ဝန်းပြီး ထိုအထဲတွင် လူသူမသိသေးသည့်အပင်မျိုးစိတ်ပေါင်းများစွာနှင့် ကုန်းနေ ၊ ရေနေ သတ္တ၀ါများစွာရှင်သန်ကျက်စား လျှက်ရှိသည် ။ ဗင်နီဇွဲလားနိင်ငံရှိ Angel Falls ရေတံခွန်သည် အမြင့်ပေ ၃၂၁၂ - ပေ အမြင့်မှစီးဆင်းနေသည့် ကမ္ဘာ့ အမြင့်ဆုံး အဆက်မပြတ်စီးဆင်းနေသည့် ရေတံခွန်ဖြစ်သည် ။ Iguaçu Falls ရေတံခွန်သည် ဘရာဇီးနိင်ငံ နှင့် အာဂျင်တီးနားနိင်ငံ နယ်စပ်တွင်တည်ရှိပြီး တောင်အမေရိကတိုက်၏ထူးခြားသည့် သဘာဝ အလှတခုဖြစ်သည်။ အာဂျင်တီးနားနိင်ငံအလယ်ပိုင်းရှိ Pampas အမည်ရမြက်ခင်းလွင်ပြင်သည် တောင်အမေရိကတိုက်၏ ထင်ရှားသည့်နေရာ တခုဖြစ်သည် ။ ၁၈ -ရာစုနောက်ပိုင်းမှစ၍ ထိုနေရာတွင် ကျက်စားသည့် နွားရိုင်းများကို ဖမ်းဆီးသည့် gauchos ခေါ် Cowboys များပေါ်လာခဲ့သည် ။ Gauchos များသည်တောင်အမေရိကဒေသ၏ လူစွမ်းကောင်းများ အမှတ်သင်္ကေတဖြစ်သောကြောင့် cattle on the pampas ဟုတင်စားခေါ်ဝေါ်ကြသည် ။ တောင်အမေရိကတိုက်တွင် ကန္တာရ ၃ - ခုတည်ရှိသည် ။ ၄င်းတို့ မှာ တောင်အမေရိကတောင်ဖက် ၊ အာဂျင်တီးနားနိင်ငံတွင်တည်ရှိကမ္ဘာပေါ် တွင် တတိယ အကြီးဆုံး Patagonia ကန္တာရ ၊ ပီရူးနိင်ငံအနောက်ဖက်ကမ်းရှိ Sechura ကန္တာရ ၊ ချီလီနိင်ငံမြောက်ဖက်ရှိ Atacama တို့ ဖြစ်သည် ။ တောင်အမေရိကတွင်နေထိုင်သည့်လူဦးရေမှာ သန်း ၄၀၀ ကျော်သာရှိပြီးကမ္ဘာ့လူဦးရေ၏ ၆ % ခန် သာနေထိုင်ကြကာ ထိုလူဦးရေ၏ ထက်ဝက်ခန့် မှာ ဘရာဇီး နိင်ငံတွင်နေထိုင်ကြသည် ။ ဤဒေသမှ ဒေသခံများ၏ အဓိက အင်ပါယာမှာ Inca အင်ပါယာဖြစ်ခဲ့ပြီးသူတို့ ၏အမြင့်ဆုံး အချိန်သည် အေဒီ ၁၅ - ရာစုခေတ်အချိန်မှဖြစ်သည် ။ ၁၆ -ရာစုအစတွင်စပိန်များရောက်လာပြီးနောက် Inca အင်ပါယာခေတ် ပျောက်ကွယ်ခဲ့ရသည် ။ တောင်အမေရိကနိင်ငံတွင်နေထိုင်ကြသူများသည် ခြားနားသည့်သမိုင်းနောက်ခံများစွာမှ ဆင်းသက်လာကြသူများဖြစ်သည် ။ အဓိက လူမျိုးအုပ်စု ၃ - စုရှိခဲ့ကာ ဒေသခံလူမျိုးများ ၊ စပိန်နှင့်ပေါ်တူဂီဒေသမှဥရောပတိုက်သားများ ၊ အာဖရိကတိုက်မှခေါ်ဆောင်လာခဲ့သည့်လူမဲကျွန်များမှ ရောနှောဆင်းသက်လာသူအများစုဖြစ်သည် ။ တောင်အမေရိကတိုက်တွင်နိင်ငံ ၁၁ -နိင်ငံ နှင့် ပြင်သစ်ကိုလိုနီနယ်တခုပါဝင်သည် ။ နိင်ငံ ၁၂ - နိင်ငံမှာ အာဂျင်တီးနား ၊ ဘိုလီဗီးယား ၊ ဘရာဇီး ၊ ချီလီ ၊ ကိုလံဗီယာ ၊ အီကွေဒိုး ၊ Guyana ၊ ပါရာဂွေး ၊ ပီရူး ၊ Suriname ၊ ဥရုဂွေး နှင့် ဗင်နီဇွဲလားနိင်ငံတို့ ဖြစ်သည် ။ ဘရာဇီးနိင်ငံသည်တောင်အမေရိကတိုက်တွင် အကြီးဆုံးနိင်ငံဖြစ်ပြီး ၊ ကမ္ဘာ့တောင်ဖက်အကျဆုံးမြို့ မှာ အာဂျင်တီးနားနိင်ငံရှိ Ushuaia မြို့ ဖြစ်သည် ။ တောင်အမေရိက ၉ -နိင်ငံတွင်စပိန်ဘာသာစကားကို ပြောဆိုကြပြီး ၊ ဘရာဇီးနိင်ငံတွင် ပေါ်တူဂီ ဘာသာစကား ၊ Guyana နိင်ငံတွင်အင်္ဂလိပ်ဘာသာစကား ၊ Suriname နိင်ငံတွင် ဒါတ်ခ်ျဘာသာစကား ၊ ပြင်သစ်ကိုလိုနီဒေသတွင်ပြင်သစ်ဘာသာစကားကို အဓိကပြောဆိုကြသည် ။ သို့ သော် သန်းချီသည့်လူများမှာလဲ ဒေသခံ ဘာသာစကားများဖြစ်သည့် Quechua နှင့် Aymara ဘာသာစကားကိုပြောဆိုနေကြဆဲဟုဆိုသည် ။ Credit:(အကယ်ဒမီ) YOBBO Knowledge
  သြစတြေးလျတိုက် ____________________\
  လူသားမျိုးနွယ်အစ အာဖရိကမှဟု ပညာရှင်များမှ ယုံကြည်ကြသည် ။ အာဖရိက တိုက်သည် အာရှတိုက်ပြီးလျှင် ဒုတိယ အကြီးဆုံးတိုက်ဖြစ်သည် ။ ကမ္ဘာ့အကြီးဆုံးကန္တာရဖြစ်သည့် ဆာဟာရ သဲကန္တာရသည် အာဖရိကမြောက်ဖက် ဒေသတွင်တည်ရှိသည် ။ တောင်ဖက်ပိုင်းဒေသအား အရှေ့ အာဖရိက ၊ အနောက်အာဖရိက ၊ အာဖရိကအလယ်ပိုင်း နှင့် အာဖရိကတောင်ပိုင်းဟု ခွဲခြားပြောဆိုကြသည် ။ အလယ်ပိုင်းဒေသသည်မိုးရေချိန်လက္မအနည်းငယ် ရရှိသည့်ဒေသဖြစ်သည် ။ တောင်ဖက်ပိုင်းဒေသသည် အီကွေတာရပ်ဝန်း ဒေသဖြစ်ပြီး မိုးသစ်တော နှင့် Savannas ခေါ်သည့် အပူပိုင်းမြက်ခင်းလွင်ပြင်များကိုတွေ့ ရှိနိင်သည် ။ အာဖရိကတိုက်၏ အရှေ့ ဖက်ဒေသသည် ပြတ်ရွှေ့ ကြောများ ၊ တောင်ကုန်း ၊ တောင်တန်းဒေသ ဖြစ်ပြီး မိုင် ၃၀၀၀ - ကျော်ရှည်လျှားကာ အာရှတိုက်၏ ဆီးရီးယားဒေသမှ အာဖရိကအရှေ့  တောင်ပိုင်း မိုဇမ်ဘစ်နိင်ငံအထိရှည်လျှားသည် ။ ကမ္ဘာ့အရှည်ဆုံးမြစ်ဖြစ်သည့် နိင်းမြစ်သည် အာဖရိကဒေသ ကိုဖြတ်သန်း ကာမြေထဲပင်လယ် ထဲသို့  စီးဆင်းသည် ။ အာဖရိကတိုက်တောင်ဖက်ရှိ Good Hope အငူသည် ထင်ရှားကျော်ကြားပြီးအိန္ဒိယ သမုဒ္ဒရာ နှင့် အတ္တလန်တိတ်သမုဒ္ဒရာတွေ့ ဆုံသည့်နေရာဖြစ်သည် ။ အာဖရိကဒေသတွင် မြင်းကျား ၊ သစ်ကုလားအုပ် ၊ ခြင်္သေ့ ၊ ကျားသစ် စသည့်တောရိုင်းတရိစ္ဆာန်များ စွာ ကျက်စားနေထိုင်ကြပြီး အာဖရိကအလယ်ပိုင်းရှိ မိုးသစ်တောများတွင် ဂေါ်ဇီလာမျောက်များ နှင့် ကျေးငှက်တရိစ္ဘာန်မျိုးစိတ်များစွာ ကိုတွေ့ ရှိနိင်သည် ။ အာဖရိကဒေသတွင်လူမျိုးပေါင်းများစွာရှိကာ ဘာသာစကားပေါင်း ၂၀၀၀ - ကျော်ကို ပြောဆို နေကြဆဲဖြစ်သည် ။ ယနေ့ အချိန်တွင်နိင်ငံပေါင်း ၅၃ - နိင်ငံ ၌ လူဦးရေ သန်း ၈၀၀ - ကျော်နေထိုင်ကြကာ လူအများစုသည် ကျေးလက်ဒေသမှဖြစ်သည် ။ သို့ သော် အာဖရိကဒေသတွင်မြို့ ကြီးများစွာရှိပြီး ထိုအထဲတွင် အီဂျစ်မှ Cairo ၊ မော်ရကိုမှ Casablanca ၊ နိင်ဂျီးရီးယားမှ Lagos ၊ တောင်အာဖရိကမှ Cape Town မြို့ များပါဝင်သည် ။ အာဖရိက အနောက်ဖက်ပိုင်းတွင် အာဖရိကထွက်ကုန် များကို တင်ပို့ ရောင်းချရာဆိပ်ကမ်းများစွာရှိသည် ။ ယနေ့ အချိန်တွင်အာဖရိကဒေသ၌ သဘာဝတောရိုင်း များစွာရှိနေသေးသော်လည်း ဆင်းရဲငတ်မွတ်မှုပြသနာ ၊ ဒေသတွင်းစစ်ပွဲပြသနာ နှင့်ရောဂါဘယထူပြောမှု ပြသနာများကြောင့် အာဖရိကလူမျိုးသန်းချီ နှစ်စဉ်သေဆုံးနေဆဲဖြစ်သည် ။ ( သမိုင်း) ----------------------- ကမ္ဘာ့ခေတ်ဦးယဉ်ကျေးမှုထွန်းကားခဲ့ရာ ရှေးခေတ်အီဂျစ်လူမျိုးများသည် နိင်းမြစ်ကြောင်း တလျှောက် လွန်ခဲ့သည့် နှစ် ၅၀၀၀ - ခန့် အချိန်မှ စတင်ပေါ်ပေါက်ခဲ့ပြီး ထိုဒေသမှကြီးမားသည့် ပစ်ရမစ်များကို ယနေ့ အချိန်အထိမြင်တွေ့ နိင်သည် ။ အာဖရိကမြောက်ဖက်ဒေသများသည် ရောမခေတ် ၊ အာရပ်မူဆလင်ခေတ် များအချိန်က ယဉ်ကျေးမှု လွှမ်းမိုးရာဒေသဖြစ်ခဲ့သည် ။ အေဒီ ၁၅၀၀ မှ ၁၈၀၀ အချိန်အတွင်း အာဖရိကလူမျိုးသန်းပေါင်းများစွာသည် တောင် နှင့်မြောက်အမေရိကဒေသသို့ ကျွန်အဖြစ် အလုပ်လုပ်ကိုင်ရန်ရောက်ရှိခဲ့ကြသည် ။ အာဖရိကဒေသသည် ရေနံ ၊ ရွှေ နှင့် စိန်များစွာ ထွက်ရှိရာဒေသဖြစ်သဖြင့် ဥရောပမှ ဗြိတိသျှ ၊ ပြင်သစ် နှင့် ဂျာမန်များမှ အပြိုင်အဆိုင် နယ်မြေများသိမ်းယူခဲ့ကြသည် ။ ၁၉ - ရာစုနောက်ပိုင်းမှစ၍ အာဖရိကဒေသ အားလုံးကို ဥရောပနိင်ငံများမှပိုင်ဆိုင်ခဲ့ကြသည် ။ ပထမကမ္ဘာစစ်အပြီးတွင်အာဖရိကဒေသအများ အပြားသည်ဗြိတိလျှ အပိုင်ဖြစ်လာခဲ့သည် ။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၅၀- ၆၀ အချိန်မှစ၍ အာဖရိကနိင်ငံအများအပြားသည် လွတ်လပ်သည့်နိင်ငံများဖြစ်လာခဲ့သည် ။ ယနေ့ အချိန်တွင်အာဖရိကတိုက်၌ နိင်ငံစုစုပေါင်း ၅၃ - နိင်ငံရှိပြီး ကုန်းတွင်း နိင်ငံ ၄၇ - နိင်ငံနှင့် ကျန် ၆ - နိင်ငံမှာ အာဖရိကတိုက် ပါတ်ဝန်းကျင်ရှိကျွန်းနိင်ငံဖြစ်သည် ။ Credit:အကယ်ဒမီ YOBBO Knowledge
သစတြေးလျတိုက် ____________________\
သြစတြေးလျ နိင်ငံသည်ပစ္စိဖိတ်သမုဒ္ဒရာတောင်ပိုင်းနှင့်အိန္ဒိယ သမုဒ္ဒရာကြားတွင်တည်ရှိသည် ။ ကမ္ဘာ့တိုက်ကြီး ၇ - တိုက်တွင်အသေးဆုံးတိုက်နိင်ငံဖြစ်ပြီး ကျွန်းကြီးတကျွန်းနှင့်တူကာမြို့ တော်မှာ Canberra ဖြစ်သည် ။ တောင်ဖက်ရှိ Tasmania ကျွန်းမှာသြစတြေးလျ၏ အစိတ် အပိုင်းတခုဖြစ်ပြီးသည် ။ ထိုကျွန်းသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာအချိန်က သြစတြေးလျနှင့်တဆက်တစပ်တည်းရှိခဲ့သော်လည်းသမုဒ္ဒရာ ရေပြင်မြင့်တက်မှုကြောင့်တဆက်တစပ်တည်းကုန်းမြေများ ရေထဲသို့ ကျရောက်ခဲ့သည်ဟုဆိုသည် ။ သြစတြေးလျသည် ဒေသတွင်းနေထိုင်ကျက်စားသည့် သားပိုက်ကောင်များ ၊Koala စသည့်ထူးခြားသောတရိစ္ဆာများ ကြောင့်လည်းကျော်ကြားသည် ။ သြစတြေးလျဒေသသည်ကမ္ဘာပေါ်တွင်ကုန်းမြေအညီညာဆုံး ဒေသလဲဖြစ်သည် ။ နိင်ငံ၏အရှေ့ ဖက်အခြမ်းတွင်သာတောင်များကိုမြင်တွေ့ နိင်ပြီး ကမ်းခြေဒေသများတွင်သစ်တောအနည်းငယ်တွေ့ ရှိနိင်သည် ။ အတွင်းပိုင်းညီညာသည့်ကုန်းမြေဒေသများကို“ The outback ” ဟုခေါ်ကာပူပြင်းခြောက်သွေ့ ပြီးလူနေနည်းပါးသည့် ဒေသဖြစ် သည် ။ ထို“ The outback ” ဒေသထဲရှိ အမျိုးသားဥယာဉ်ထဲတွင် ထူးရှားတဲ့ Geological ပုံရိပ် နှစ်ခု ရှိသည် ။ ၄င်းတို့ မှာကမ္ဘာပေါ်ရှိအကြီးဆုံးသောကျောက်တလုံးနှင့်အုပ်စု အလိုက်တည်ရှိနေသည့်အလုံးပုံကျောက်တုံးများဖြစ်သည် ။ သြစတြေးလျ၏ အခြားထင်ရှားသည့်ဒေသတခုမှာကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းများတည်ရှိရာ Great Barrier Reef ဖြစ်ပြီး နိင်ငံ၏ အရှေ့ မြောက်ကမ်းခြေဒေသတွင်တည်ရှိသည် ။ သြစတြေးလျ လူမျိုးအများစုမှာ ကမ်းခြေဒေသရှိမြို့ ကြီးများတွင် နေထိုင်ကြပြီး Sydney မြို့ မှာ အကြီးဆုံးနှင့်ရှေးအကျဆုံးမြို့ ဖြစ် သည် ။ သြစတြေးလျ တိုက်၏ဒေသခံလူမျိုးများမှာ Aborigines လူမျိုးများဖြစ်ပြီးသူတို့ ၏ရှေးခေတ်ဂူနံရံပန်းချီကားများ ၊ဂီတများမှာထင်ရှားသည် ။ အေဒီ ၁၇၈၈ တွင်ဗြိတိသျှလူမျိုး နယ်မြေချဲ့ ထွင်သူများရောက်ရှိ လာပြီးနောက်ပိုင်းကိုလိုနီနယ်မြေအများအပြားပေါ် ပေါက်လာ ခဲ့သည် ။ အေဒီ ၁၉၀၁ - ခုနှစ်တွင် ထိုကိုလိုနီနယ်မြေများကို ပူးပေါင်းပြီး နောက်သြစတြေးလျ သည်လွတ်လပ်သည့်နိင်ငံဖြစ်လာခဲ့သည် ။ ယနေ့ အချိန်တွင်သြစတြေးလျ လူမျိုးအများစု၏ ဘိုးဘေးဘီဘင် များမှာဗြိတိသျှလူမျိုးများဖြစ်သည် ။ သြစတြေးလျနိင်ငံသည် ဗြိတိသျှနှင့်နီးကပ်သည့် ဆက်ဆံမှုရှိ သည့်နိင်ငံဖြစ်ကာ နိင်ငံ၏ Official name မှာ Commonwealth of Australia ဖြစ်သည် ။ Credit: (အကယ်ဒမီ) YOBBO Knowledge
အန္တာတိကတိုက် _________________
အန္တာတိကတိုက်၏တောင်ဝင်ရိုးစွန်းဒေသသည် ကမ္ဘာပေါ်တွင်အအေးဆုံး၊ရေအခဲဆုံး၊လေအပြင်းဆုံး ဒေသဖြစ်သည် ။ အအေးဆုံးမှာ သြဂုတ်လဖြစ်ပြီး လေထုအပူချိန် (–၈၈° C ) ထိရှိကာ နွေရာသီတွင် (- ၃၀°C ) ရှိသည် ။ ကြီးမားသည့်ရေခဲတုံးများသည်လွန်ခဲ့သည့်နှစ်သန်း ပေါင်းများစွာကတည်းကတည်ရှိပြီးကမ္ဘာ့ရေခဲထု၏ ၉၀ % သည်ဤ ဒေသတွင်တည်ရှိသည် ။ အားလုံးသောသမုဒ္ဒရာရေစီးကြောင်းများသည် အန္တာတိကတိုက်ကိုနာရီလက်တံအတိုင်းလှည့်ပြီး အတ္တလန်တိတ် ၊ ပစ္စိဖိတ် နှင့်အိန္ဒိယသမုဒ္ဒရာများကို နာရီလက်တံပြောင်းပြန်လှည့်သည် ။ ကမ္ဘာကြီးပူနွေးလာမှုကြောင့်ဒီဒေသမှရေခဲတုံးများ အရေပျော်ခဲ့လျှင်ကမ္ဘာကြီး၏ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ဒေသတော်တော်များများသည် လဲရေအောက်သို့ ရောက်သွားပေလိမ့်မည် ။ ၁၉- ရာစုအချိန်ထိ ဒီဒေသသည် နှင်းမုန်တိုင်း ၊ အလွန်အေးခဲတဲ့ရေခဲတုံးတွေကြောင့်လူသူမရောက် သည့်နေရာဖြစ်သည် ။ ၁၉၁၁ တွင် တောင်ဝင်ရိုးစွမ်းသို့ လူသားများစတင် ရောက်ရှိခဲ့ကြသည် ။ နောက်ပိုင်း အာဂျင်တီးနား ၊ သြစတြေလျှ ၊ အင်္ဂလန်၊ ချီလီ ၊ ပြင်သစ် ၊ နယူးဇီလန် ၊ နော်ဝေ စတဲ့နိင်ငံများမှ နယ်မြေချဲ့ ထွင်ရယူရန်ကြိုးစားခဲ့ကြသည် ။ သို့ သော်လဲအမေရိကန် ၊ရုရှား အပါအ၀င်တခြားနိုင်ငံ များမှအသိအမှတ်မပြုပေ။ ၁၉၅၉ ခု ဒီဇင်ဘာ ၁ ရက် တွင် Antarctic Treaty စာချုပ်ချုပ်ဆို၍ဤ ဒေသတွင် ငြိမ်းချမ်းတဲ့သိပွံပညာ လေ့လာမှုများသာပြုလုပ်ရန် အပြည်ပြည်ဆိုင်ရာ သဘောတူညီခဲ့ကြသည် ။ Credit:အကယ်ဒမီ YOBBO Knowledge
⭐#__(4)​#_​ #.⭐
⭐#ခေတ်__(4)​#_ခေတ်​၏ #ဝတ်ဆင်မူအကျဉ်းချုပ်.⭐ ========================= ⭐ဓညဝတီခေတ်.⭐ =BC-3325 မှ AD-227 အထိ မာရယုမင်းဆက်မှ သူရိယမင်းဆက်အထိ နှစ်ပေါင်း(3651)နှစ်.. မင်းဆက်ပေါင်းတစ်ရာကျော် အုပ်ချုပ်ခဲ့သည်... ⭐ဝေသာလီခေတ်.⭐ =AD-327 မှ AD-818 အထိ မဟာစန္ဒရားမင်း လက်ထက်မှ သူရိယစန္ဒရားမင်း၏သားတော် ငတုံရာဇာမင်း အထိ နှစ်ပေါင်း(491)နှစ် အုပ်ချုပ်ခဲ့ပါသည်... ⭐လေးမြို့ခေတ်/လောင်းကြက်ခေတ်.⭐ =AD-818 မှ AD-1416 အထိ စန္ဒကူးမင်း၏ သားတော်(ခေတ္တသင်မင်း)လက်ထက် မင်းစောမွန် မင်းဆက် 61 ဆက် နှစ်ပေါင်း 588 နှစ် အုပ်ချုပ်ခဲ့သည်... ⭐မြောက်ဦးခေတ်.⭐ =AD-1430 မှ AD-1748 အထိ ဘုရင်မင်းစောမွန်လက်ထက်မှ မဟာသမ္မတရာဇာ လက်ထက်အထိအုပ်ချုပ်ခဲ့သည်... လေးစားရပါသောအာရက္ခနွယ်ဖွား ရခိုင်သူ/သား အမျိုးရို့... ဒေ ဝတ်ဆင်မူတိကိုကြည့်ခြင်းအားဖြင့် ကျွန်တော်ရို့ရခိုင်သားရို့၏ အတိတ်သမိုင်း ခမ်းနားကြီးကျယ်ပုံ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားခရေ ရက္ခတော်ဝင်ရို့ဆိုစွာကို ထင်ဟပ်ပြသနိန်ပါရေ... ကိုယ့်ထီးကိုယ့်နန်းနန့် စံမြန်းလာဂတ်ရေ ရခိုင်သမိုင်းမြင့်မားလှပါရေ.. သမိုင်းဆိုစွာ ပြုပြင်ဖန်တီးလို့မရ ပြောင်းလဲပစ်လို့မရရေပိုင် မိန့်ဖျောက်လို့လေ့ မရပါ... တိမ်မြုတ်နိန်ကေဖော်ထုတ်ရဖို့ ပျက်စီးနိန်ကေ ပြုပြင်ရဖို့စွာ ရခိုင်သားတိုင်း၏ တာဝန်ဖြိုက်ပါ၏... မိမိရို့၏စာပီ စကား ရိုးရာဂီတယဉ်ကျေးမူ အမွီအနှစ်ချေတိကို လက်ဆင့်ကမ်း ထိန်းသိမ်းလို့ ဖော်ထုတ်ရဖို့စွာကို အမျိုးသားရီးတာဝန်အဖြစ် မှတ်ယူထားကတ်ရပါဖို့... ဒေခေတ်လေးခေတ်၏ ဝတ်စားဆင်ယင်မူကို ရခိုင်အမျိုးတိကို ဗဟုသုတ ရစီဖို့နန့် ကိုယ်ရို့၏သမိုင်း အစိုင်လာတိကို သိရအောင်အတွက် စေတနာနန့် တင်ပြရခြင်းပါ... အသိတရားနန့် ဗဟုသုတ မျှဝီပီးရေဆန္ဒပါ..အမှားဟိခကေလေ့ နားလည်ခွင့်လွတ်ပီးစီချင်ပါရေ ရခိုင်သူ/သားရို့... အားလုံးသူကိုဖတ်စီချင်ရေအတွက်နန့် share လုပ်ပီးဖို့ တောင်းဆိုပါရေ... ခေတ်လေးခေတ်ဝတ်စားဆင်ယင်မူ့နန့် ပတ်သက်လို့ ပြည့်စုံအောင်အတွက် ရက္ခပူရကြေးမုံကျမ်းမှ ကောက်နုတ်လေ့လာထားခြင်း ဖြိုက်ပါရေ အားလုံးကိုကျေးဇူးတင်ပါရေ Kyi Wong Twan
ဗမာတပ်​မှ ရက္ခိုင်​လူမျိုးများအ​ပေါ်၌ ကျူးလွန်​​သောပြစ်​မှုများ 👆👆👆👆👆👆👆👆👆👆👆👆👆
ဆယ်တန်းကျောင်းသား တစ်ဦးအား စစ်တပ်မှ သေနတ်ဖြင့်ထောက် လက်သီးနှင့်ထိုးကာ ကားပေါ် တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ လူငယ်အား ကျောက်တော် ဆေးရုံကြီးတွင်ဆေးကုသမှုခံယူမည် ဟုသိရ မောရမြီကျော်လှမြင့်(22/2/2019) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်တော်သာရပ် ကွက် ပိတောက်လမ်းတွင် နေထိုင်သူ ဦးရွှေစိန်ဦး၏ သား မောင်ဇော်နိုင်ဋ္ဌေးသည် ၂၁/၂/၂၀၁၉ နေ့ ညနေ ၄:၀၀ နာရီကျော်ခန့်အချိန် မိုးကောင်ကင်ဆီဆိုင်က ဆိုင်ကယ် ဆီဖြည့်အပြန် ၃၇၅ တပ်ရင်းဂိတ်အရောက်မှာ စစ်တပ် ကားက သူ့ရှေ့မှပိတ်ရပ်၍ ကားပေါ်မှဆင်းကာ သူ့ဦး ခေါင်းကို သေနတ်ဖြင့်ထောက်ပြီး လက်သီးဖြင့်ထိုးကာ လူနှင့်ဆိုင်ကယ်ပါ ကားပေါ်တွင်တင်၍ ကန်စောက် ၅၃၉ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိ ရပါသည်။ အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ လူငယ်မှာ သူ့ အိပ်ထဲတွင်ပါလာသော ဆယ်တန်းဖြေဆိုခွင့်ဖေါင်ကဒ် ကို ကားပေါ်ရောက်ရှိစဉ် ထုတ်ပြသော်လည်း ပြန်လွှတ် ပေးခြင်းမရှိဘဲ ကားပေါ်တွင် သူနှင့်အတူအရပ်သားလူ ငယ် ၃ ဦး ဆိုင်ကယ် ၂ စီး သူပါအဝင် စုစုပေါင်း လူငယ် ၄ ဦး ဆိုင်ကယ် ၃ စီးတို့ ပါလာကာ ၅၃၉ တပ်ရင်းအ ရောက်တွင် အရာရှိဟုထင်ရသူအား ဖေါင်ကဒ်ထုတ် ပြသောအခါ လွှတ်ပေးခဲ့သော်လည်း အတူပါလာသော လူငယ် ၃ ဦးနှင့် ဆိုင်ကယ် ၂ စီးမှာ မလွှတ်ဘဲ တပ်ရင်း တွင် ကျန်ရှိခဲ့သည်ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးရွှေစိန်ဦးမှ ပြောပြ၍ သိရပါသည်။ ယခုအခါ လွတ်မြောက်လာသော ဆယ်တန်းကျောင်း သား မောင်ဇော်ဋ္ဌေးမှာ ယောင်ယမ်းကြောက်လန့်ကာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေသဖြင့် ကျောက်တော် ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူသွားမည်ဖြစ် ကြောင်း သိရပါသည်။
Human Rights Crisis 
#Human Rights Crisis How bad Burmese military Army in Arakan State western Burma or Myanmar. Sittwe 20-2-2019 18-olds girl who named Miss Ree Ree Soe was already Killed by Burmese military Army in cause of shotting into the many houses in Minphu Village Ratheadawn township, Arakan State western Burma Myamar and many of the houses were broken, 3 bodies was sat up fire near by Mran Aung Pran village. And they Burmese Military took money, gold and other properties from the villagers. Some villagers were arrested, tortured, beaten, kicked and wounded by Burmese army forces in Arakan State rightnow. The vedeo was following below: #Breakingnews Mrauk U 21-2-2019 21-olds twin, young brothers, who named THAN PAING and THAN NAING was already Killed by Burmese military Army in the forest near by Nar Late Village, while they are looking after the cows in Mrauk U township, Arakan State western Burma Myamar . And they Burmese Military took two cows. Some villagers were arrested, tortured, beaten, kicked and wounded by Burmese army forces in Arakan State rightnow. Save Arakanese people in Burma or Myanmar. ရက္ခိုင်​ပြည်​ မြောက်​ဦးမြို့နယ်​၊ နားလိပ်​​ကျေးရွာမှ အမွှာညီအစ်​ကို သန်းနိုင် နှင့် သန်းပိုင်​ဆို​တဲ့ မြိုတိုင်းရင်းသားညီအစ်​ကို နှစ်​​ယောက်​ နွား​ကျောင်းနိန်​စဉ်​ ဗမာ စစ်​တပ်​၏လုပ်​ကြံသတ်​ဖြတ်​ခြင်းကို ခံလိုက်​ရသည်​ ၄င်းဗမာစစ်​တပ်​သည်​ နွားနှစ်​​ကောင်​ကိုလည်း လုယက်​ယူဆောင်​သွားခဲ့ပြီး လမ်းမှာ​တွေ့သမျှရွာသားများကိုလည်း ရိုက်​ပုတ်​ ကန်​​ကျောက်​ ညှင်းဆဲခဲ့သည်​ဟုသိရသည်​။ #UN #UNHR #ICRC #INGOS #Icc #UNHR #IHR #ICRC #INGOS
မြန်မာမတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသော ကျောက်တော်မြို့နယ် အရပ်သား ၅ ဦးကို မီးရှို့သတ်ဖြတ်ထားခဲ့သည်
တပ်မတော်မှဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ရွာသားငါးဦးအလောင်းအား မီးရှို့ခံထားလျက်တွေ့ရှိ ၁၉-၂-၂၀၁၉ နေ့က ရက္ခိုင့်တပ်မတော် နှင့် မြန်မာ့တပ်မတော်တို့ကြား ဖြစ်ပါွးခဲ့သော စစ်ပွဲတွင် ရွာသားငါးဦးကို မြန်မာ့တပ်မတော်(တပ်မ- ၂၂)မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ အဆိုပါရွာသားငါးဦးသည် (၃) ရက်ခန့်ကြာမြှင့်ခဲ့သော်လည်း ရွာသို့ပြန်မရောက်ပဲ ပျောက်ဆုံးနေသောကြောင့် ရွာသားများက လိုက်လံရှာဖွေခဲ့ကြရာ ယနေ့(၂၁-၂-၂၀၁၉) တွင် အလောင်းငါးလောင်းကို စုပုံပြီး မီးရှို့ထားသည့် နေရာကို တောစပ်တနေရာ၌ ရှာဖွေတွေ့ရှိခဲ့ကြသည်။ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရသောရွာသားများမှာ--- (၁) ဦးထွန်းလှရွှေ၊အသက်(၆၅) နှစ်၊ရန်အောင်ပြင်ကျေးရွာ (၂)ဦးအေးသိန်း၊အသက်(၃၄) နှစ်၊ကျားနင်းကန်ကျေးရွာ (၃)မောင်မျိုးမင်းဇော်၊အသက်(၂၃) နှစ်၊ကျားနင်းကန်ကျေးရွာ (၄)ဦးမောင်စိန်ဝင်း၊အသက်(၃၂)နှစ်၊ကျားနင်းကန်ကျေးရွာ (၅)မောင်ရွှေစိုး၊အသက်(၂၉)နှစ်၊ သာစည်ကျေးရွာ တို့ဖြစ်ကြပါသည်။ 
  း
ရခိုင်နယ်နိမိတ် တစ်ရွေ့ရွေ့ ဆုံးရှုံးလာခြင်
း ~~~~~~~~~~~~~~~~~~~~~~ ရှေးအခါက ရခိုင်ပြည်သည် ဘုရင်များ အုပ်ချုပ်ခဲ့သော တိုင်းနိုင်ငံတစ်ခု ဖြစ်လေသည်။ အိန္ဒိယနိုင်ငံ ကပိလ၀တ်ပြည့်ရှင် ဘုရင်၏သားတော် မာရယုမင်းက တသီးတခြားရှိနေသော ရခိုင်ပြည်ကို စတင်ထူထောင်ခဲ့သည်။ ထို့ကြောင့် ရှေးဦးကာလ သမိုင်းမတင်မီ ရခိုင်ပြည်မြေပုံ၌ ဒွါရာဝတီ၊ ဝေသာလီ မြို့တော်များက ဖြစ်ထွန်းလျက် ရှိနေခဲ့ကြသော်လည်း မာရယုမင်းနန်းတက်သော ဘီစီ - ၃၃၂၅ ကိုမှ ရခိုင်သမိုင်းအစဟု ဖော်ပြကြသည်။ မာရယုမင်း တည်ထောင်ခဲ့သော မင်းဆက်သည် သရီချောင်းဖျားကို အခြေခံလျက် မြို့တော်တည်ဆောက်ကာ နှစ်ပေါင်း တစ်ထောင့်ရှစ်ရာကျော် တိုင်းပြည်နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ ထိုမှ ကံရာဇာကြီးမင်းဆက်၊ ယင်းမှ စန္ဒသူရိယမင်းဆက် စသည်ဖြင့် ဓည၀တီခေတ်ကြီး တစ်ခုလုံးသည် နှစ်ပေါင်း (၃၄၀၀) ကျော်ကြာ တည်တံ့ခဲ့သည်။ ဓည၀တီခေတ်ကုန်လျှင် ဝေသာလီခေတ်သို့ ရောက်လာသည်။ ဝေသာလီခေတ် ပြီးမှ လေးမြို့ခေတ်သို့ ဆက်သည်။ လေးမြို့ခေတ်နောက်၌ မြောက်ဦးခေတ် ဆက်ခံသည်။ ဤသို့ဖြင့် ရှေးခေတ် ရခိုင်ပြည်၌ ဘုရင်အပါး(၂၀၀) ကျော်တို့သည် စဉ်ဆက်မပြတ်သော နှစ်ပေါင်း (၅၀၀၀) ကျော်ကာလကို စိုးမိုး အုပ်ချုပ်ထားနိုင်ခဲ့ကြသည်။ ဤတွင် ရခိုင်လူမျိုး ရခိုင်ပြည် မြေပထ၀ီအနေအထား နယ်နမိတ်သည် ယခုအခါကထက် ရှေးယခင်က များစွာ ကျယ်ပြန့်လေသည်။ ၀ါးကျောင်းဆရာ လူထွက် ပဏ္ဍိတ်၏ ရှည်မြင့်မူလ၊ ပထမက၊ ရဋ္ဌသမိုင်း၊ ဤသည်တိုင်း ကား၊ ကျယ်ဝိုင်းနယ်ဆက် ဥတေနလင်္ကာ နိဂုံးမှ ဖော်ပြချက်အရ ရှေးက ရခိုင်ပြည်၏ နယ်နိမိတ် အပိုင်းအခြားသည် အနောက်ဘက်ကို ဒါဂါမြစ်တစ်လျှောက်၊ အရှေ့ဘက်ကို ဧရာဝတီမြစ် တကျ င၀န်ထိပ်မြောင်၊ တောင်ဘက်ကို ပုသိမ်မော်တင်စွန်းအငူ၊ မြောက်ဘက်ကို အာသံ ချင်းတွင်း အထိ ကျယ်ပြန့်ခဲ့လေသည်။ တစ်ခါ လေးမြို့ခေတ်ဘုရင် မင်းထီးလက်ထက်က ရခိုင်ပြည်၏ အနောက်ဘက်နယ်နိမိတ်ကို ထင်ရှားစေရန် (ရခိုင်သာစွလေလင်္ကာ၌) ရေးဖွဲ့ထားသည်ကို တွေ့ရသည်။ ထိုမင်းလက်ထက် ရာဇာသင်္ကြန် အမတ်ကြီးသည် အနောက်ဘက်သို့ စစ်ချီရာတွင် ဗြဟ္မပုတ္တရမြစ်အထိ ကျယ်ပြန့်စွာ ရှိနေခဲ့သည်။ အထူးသဖြင့် ရခိုင်တို့၏ အနောက်ဘက် နယ်နိမိတ်သည် အုပ်ချုပ်ရေး၌ လွန်စွာ အရေးပါရှိခဲ့သည်။ ထိုဒေသ၌ ဘင်္ဂါ(၁၂) မြို့ သတ်မှတ်လျက် ဘုရင်ခံတစ်ပါး ခန့်အပ်ထားကာ အုပ်ချုပ်ခဲ့ကြသည်။ ထိုဘင်္ဂါ(၁၂) မြို့သည် ရခိုင်ပြည် အုပ်ချုပ်မှုတိုင်းကြီး (၁၂) တိုင်းထဲတွင် နာဂသျှတ္တတိုင်း၊ မဟိံသကတိုင်း၊ ဖလံတိုင်း၊ ဘိုမင်းတိုင်း စသည် တို့သည် ထိုအရပ်ဒေသ၀င်များ ဖြစ်ကြပေသည်။ လေးမြို့ခေတ် နောက်ဆုံးမင်းဖြစ်သော မင်းစောမွန်သည် လောင်းကြက်မြို့၌ နန်းစိုက်နေခဲ့သည်။ ထိုစဉ် မင်းကျင့်တရားကင်းမဲ့၍ လောင်းကြက်ထီးနန်းသည် ယိမ်းယိုင်ခဲ့ရသည်။ ဘင်္ဂါ (၁၂) ရပ် အုပ်ချုပ်ရေးယန္တရားသည် ရပ်တန့်ခဲ့ရသည်။ ဤသို့ဖြင့် ဘင်္ဂါ (၁၂) မြို့ အနောက်ဘက်ဒေသ အခွင့်အာဏာသည် မင်းစောမွန် ပြန်လည်နန်းရပြီး မြောက်ဦးမြို့သို့ ရွေ့ပြောင်းတည်ထောင်ချိန်ထိ ကျဆင်းနေခဲ့သည်။ ထိုသို့ ကျဆင်းနေခြင်းကို ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းရာ၌ ဘစောဖြူမင်းသည် ခရစ် နှစ် ၁၄၅၉ ခုနှစ်တွင် စစ်တတောင်းမြို့ကို ပြန်လည်တိုက်ခိုက် သိမ်းယူနိုင်ခဲ့သည်။ သို့သော်လည်း ပထမမြောက်ဦးခေတ် တစ်လျှောက်၌ ဘင်္ဂါ (၁၂) မြို့ကို အာဏာစိုးမိုးခြင်းမရှိဘဲ နယ်နိမိတ်အားဖြင့် ဆုံးရှုံးလျက်ရှိနေခဲ့သည်။ ထိုနောက်မှ မင်းဗာဘုရင်က ဒုတိယ မြောက်ဦးမင်းဆက်ကို တည်ထောင်၍ နန်းစံနေချိန် ခရစ် ၁၅၃၂ ခု နှစ်တွင် ဘင်္ဂါ (၁၂) မြို့ နယ်မြေအားလုံးကို တိုက်ခိုက်သိမ်းယူလိုက်သည့် အချိန်မှစ၍ ရခိုင်ပြည်၏ နယ်နိမိတ်သည် ရှေးယခင်အတိုင်း ဖြစ်လာခဲ့သည်။ သို့သော် နှစ်ပေါင်း(၁၃၄) နှစ် ကြာညောင်း၍ တတိယမြောက်ဦးခေတ် (၃) ဆက်မြောက် စန္ဒသုဓမ္မရာဇာမင်း လက်ထက်၌ မဂိုနှင့် ရခိုင် စစ်ပွဲကြီးဖြစ်ပွားခဲ့ရာ ဘင်္ဂါ (၁၂) မြို့သည် ခရစ်နှစ် (၁၆၆၆) ခုနှစ်တွင် နယ်နိမိတ် ဆုံးခဲ့ရသည်မှာ ယနေ့အထိ ဖြစ်နေခဲ့သည်။ ယင်း၏ နယ်မြေဒေသသည် ယခုအခါ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သိမ်းယူထားလျက် ရှိနေသည်။ တတိယမြောက်ဦးခေတ် ဘုရင်များ ဆက်လက်နန်းစံ၍ ခရစ်နှစ် (၁၇၈၄) သို့ ရောက်ရှိသည့်အခါ ရခိုင်မင်း ခေါင်းဆောင်အချင်းချင်း သွေးကွဲအာဏာလုမှုကြောင့် မြောက်ဦးထီးနန်းသည် အမရပူရဘုရင် ဗဒုံမင်း ထံ အသိမ်းခံခဲ့ရသည်။ ထိုစဉ်မှစ၍ နှစ်ပေါင်း (၄၀) တိုင်တိုင် မြန်မာမင်းက ရခိုင်ပြည်ကို သိမ်းယူအုပ်ချုပ်သည်။ ရခိုင်ပြည်၌ မြန်မာအုပ်ချုပ်မှုကို မခံလိုကြသော စစ်ပွဲအကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။ ယင်းအခြေအနေတွင် အိန္ဒိယနိုင်ငံကို အုပ်ချုပ်လျက်ရှိနေသော အင်္ဂလိပ်နယ်ချဲ့တို့က စစ်မက်ပြုပြီး ခရစ် ၁၈၂၄ ခုနှစ်တွင် စစ်ပွဲဖြစ်ပွားကာ အင်္ဂလိပ် - မြန်မာစစ်ပွဲတွင် အင်္ဂလိပ်တို့က အနိုင်ရရှိခဲ့သည်။ စစ်နိုင်သော အင်္ဂလိပ်တို့သည် ရခိုင်ပြည်တစ်ခုလုံးကို သိမ်းယူကာ ရန္တပိုစာချုပ်အရ စစ်ပြေငြိမ်းခဲ့ကြသည်။ ထိုအချိန်မှ ရခိုင်တို့သည် မြန်မာကျွန်သပေါက်ဘ၀မှ လွတ်မြောက်ပြီး အင်္ဂလိပ်ကျွန်သပေါက်ဘ၀သို့ ဆင်းသက်ခဲ့ရသည်။ အင်္ဂလိပ်တို့က ရခိုင်ပြည်၏ နယ်နိမိတ်ကိစ္စကို စာချုပ်၌ ဤသို့ဖော်ပြခဲ့သည်။ “နောက်တစ်ဖန် ပြည်ကြီးနှစ်ပြည် အပိုင်းအခြားကို ငြင်းခုံရန် အကြောင်းမရှိရအောင် အင်္ဂလိပ်မင်းသည် တိုက်၍ အောင်ခဲ့သော ရခိုင်၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ တည်းဟူသော ရခိုင်ပြည်ကြီးကို အစဉ်ယူ၍ မြန်မာရှင်ဘုရင်က အစိုးမပိုင်ရ။ ရိုးမဖိုးခေါင်တောင်တန်း၊ မော်တင်စွန်းစေတီကြီးအထိ စပ်ကြား အပိုင်းအခြားဖြစ်စေ၊ နောက်မှ အပိုင်းအခြား ငြင်းခုန်ရန်ရှိလျှင် အင်္ဂလိပ်မင်း-မြန်မာမင်းက ခန့်ပေးသော သူတို့ထက် နယ်နိမိတ်အတိုင်း မှန်ကန်အောင် စီရင်ခန့်ပေးသူတို့လည်း အရာရှိ မှူးမတ်ကောင်းဖြစ်စေရမည်” ဤသို့လျှင် ရခိုင်ပြည်ကို အင်္ဂလိပ်တို့က သိမ်းယူခဲ့ပြီးနောက် ရခိုင်ပြည်ကို (၁) ပလက်ဝနယ် အပါအ၀င် စစ်တွေခရိုင်၊ (၂) ကျောက်ဖြူခရိုင်၊ (၃) သံတွဲခရိုင်ဟူ၍ ခရိုင်သုံးခု ခွဲခြားကာ ဦးစွာအုပ်ချုပ်သည်။ ထိုစဉ်က သံတွဲခရိုင်ထဲတွင် ပုသိမ်မော်တင်စွန်းရှိ မဟာစေတီကြီးအထိ နယ်နိမိတ်ပါဝင်ခဲ့သည်။ အေဒီ ( ၁၈၉၃ ) ခုနှစ်တွင် အင်္ဂလိပ်တို့က သံတွဲခရိုင်ကို ကျောက်ချွန်မှ ပိုင်းဖြတ်ပြီး ကျောက်ချွန်ချောင်းမှ မော်တင်စွန်းအထိရှိသော ရခိုင်ဒေသကို ပုသိမ်ခရိုင်အဖြစ်သို့ ပေါင်းထည့်ပေးလိုက်သည်။ ထိုအချိန်မှစ၍ ရခိုင်ပြည်၏ နယ်နိမိတ်သည် နတ်မြစ်မ၀မှ ဂွချောင်း မြစ်တောင်ဘက် ကျောက်ချွန်ချောင်း အထိသာ ရှိခဲ့သည်။ ရခိုင်နယ်နိမိတ် ဆုံးရှုံးလာရခြင်း နောက်တစ်ခုမှာ ပလက်ဝမြို့နယ် ကိစ္စဖြစ်သည်။ ပလက်ဝနယ်မြေသည် ရခိုင်မင်းအဆက်ဆက် အုပ်စိုးခဲ့ရာ အရပ်ဖြစ်သည်။ အင်္ဂလိပ်တို့က ရခိုင်ကို သိမ်းယူပြီးနောက် ပလက်ဝသည် စစ်တွေခရိုင်ထဲ၌ ရှိနေခဲ့သည်။ သို့ရာတွင် ခရစ် (၁၆၆၅) ခုနှစ်တွင် အင်္ဂလိပ်တို့က အုပ်ချုပ်ရေး လွယ်ကူစေရန် အကြောင်းပြလျက် ရခိုင်တောင်ကုန်းဒေသကို စစ်တွေခရိုင်ထဲမှ သီးခြားခွဲထုတ်လိုက်ပြီး ၀န်ထောက်တစ်ဦးအား အုပ်ချုပ်စေသည်။ ခရစ်နှစ်(၁၉၃၅)ခု မြန်မာနိုင်ငံဥပဒေအရ ပလက်ဝဒေသကို တောင်တန်းအုပ်ချုပ်ရေး၌ ထည့်သွင်းထားသည်။ သို့သော် တရားအမှုကြီးများ စီရင်ခွင့်ကို စစ်တွေမြို့စက်ရှင်တရားသူ ကြီးထံ၌ အပ်နှင်းထားသည်။ ခရစ် (၁၉၄၈) ခု ချင်းဝိသေသတိုင်း အက်ဥပဒေနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရခိုင်တောင်တန်းဒေသများကို ချင်းဝိဒေသတိုင်းအထဲ၌ ထည့်သွင်းလိုက်သည့်အတွက် ပလက်ဝနယ်လည်း ရခိုင်ပြည် နယ်နိမိတ်ထဲမှ ပျောက်ကွယ်သွားရခြင်းဖြစ်သည်။ အချုပ်အားဖြင့် ရခိုင်လူမျိုးတို့သည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ့်တိုင်းကိုယ့်ပြည်နှင့် နေလာခဲ့သူများ ဖြစ်ကြသည်။ နယ်မြေရှိသည်။ နယ်နိမိတ်ရှိသည်။ ဘာသာစကား သီးခြားရှိသည်။ ယဉ်ကျေးမှုရှိသည်။ စာပေရှိသည်။ ပထမအကြိမ် ရခိုင်အနောက်ဘက် ဘင်္ဂါ (၁၂) ရပ် ဆုံးရှုံးရခြင်းသည် ရခိုင်ဘုရင် စန္ဒသုဓမ္မရာဇာမင်း လက်ထက်မှ စခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ ဒုတိယ ပုသိမ်မော်တင်စွန်း ရေမြေဆုံးရှုံးရခြင်းသည် အင်္ဂလိပ်လက်ထက်က ဆောင်ရွက်ချက်ဖြစ်သည်။ တတိယ ပလက်ဝနယ် ဆုံးရှုံးရခြင်းသည် (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဆုံးရှုံးရခြင်းဖြစ်သည်။ ရခိုင်ပြည်၏ နယ်နိမိတ်သည် ရှေးယခင်ကဲ့သို့ မဟုတ်ဘဲ တရွေ့ရွေ့ ဆုံးရှုံးလျက်ရှိနေသည်ကို သမိုင်းအမြင်တစ်ရပ် အနေဖြင့် တင်ပြရခြင်းဖြစ်ပေသည်။ မင်းပြား မင်းသိန်းဇံ B.A (History) ============= Development Media Group Website Link >>> https://goo.gl/rLb7QT
   
ရခိုင်လူမျိုးတစ်ဦးစီရသင့်သော ရခိုင့်သယံဇာဝင်ငွေကို ရခိုင်လူမျိုးတိုင်းသိစေရန်
===================== #ရခိုင့်ရွှေသဘာဝဓာတ်ငွေမှတစ်နှစ်၏ ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်းတစ်ထောင့်ရှစ်ရာ ၁၈၀၀ ရရှိတယ်လို့သိရပါသည်။ ဤငွေပမာဏသည် ဆယ်စုနှစ်အတွင်း စင်ကာပူကိုကျော်တက်ပြီး ချမ်းသာနိုင်စွမ်းရှိသည့်ရခိုင်သယံဇာတအကြောင်းကို ရခိုင်လူမျိုးတိုင်းသိသင့်ပါသည်။ ဒေါ်လာသန်းတစ်ထောင့်ရှစ်ရာ1800 သည် ကိန်းဂဏန်သင်္ချာဖြင့်ဖော်ပြလျှင် ဂဏန်းအရေအတွက်ပေါင်းဆယ်လုံးရှိပါသည် 180,000,000,0 ယနေ့ဒေါ်လာဈေးနုန်းဖြင့်ဖော်ပြရလျှင် မြန်မာကျပ်ငွေကုဋေတစ်သိန်းရှစ်သောင်းဖြစ်ပေသည်။ ကိန်းဂဏန်းအရေအတွက်မှာ ၁၃လုံးဖြစ်သည် 180,000,000,000,0 တစ်နှစ်ဝင်ငွေပမာဏပင်ဖြစ်ပေသည်။ တစ်လဝင်ငွေမှာ ဒေါ်လာသန်းပေါင်း 150 ရှိပါသည်။ ကိန်းဂဏန်းအရေအတွက်မာ ကိုးလုံးရှိသည် 150,000,000 တစ်ရက်ဝင်ငွေမှာ ဒေါ်လာငါးသန်းရှိပါသည်။ ကိန်းဂဏန်းအားဖြင့် ခုနှစ်လုံးရှိပါသည် 500,000,0 သန်း ရခိုင်လူမျိုးတစ်ဦးသည် အလုပ်မလုပ်ပဲ တစ်နိုက်လျှင်မြန်မာကျပ်ငွေ ခြောက်သိန်းရရှိမည်ဖြစ်သည်။မိသားစုတစ်စုတွင်လူငါးဦးရှိလျှင် တစ်နှစ်တွင် သိန်း ၃၀ ရရှိမည်ဖြစ်သည်။ ကျနော်တို့မိသားစုမှာခြောက်ယောက်ဖြစ်သည့်အတွက် တစ်နှစ်လျှင်မြန်မာကျပ်ငွေ ၃၆သိန်းရရှိမည်ဖြစ်သည်။ ရခိုင်လူမျိုးများသည် အလုပ်မလုပ်ပဲထိုင်းစားနေနိုင်သည်ကို ရခိုင်လူမျိုးများ သတိပြုသင့်ပါသည်။ တစ်နှစ်လျှင်ခြောက်သိန်း..၊ တစ်လတွင် ငါးသောင်း...၊ တစ်ရက်မှာ ၁၆၆၆.၆ ရရှိမည်ဖြစ်သည်။ ဤမျှများပြားသောငွေကို ရခိုင်လူမျိုးများတစ်ပြားတစ်ကျပ်မျှမခံစားရပဲ ရခိုင်လူမျိုးများအဘယ်ကြောင့်ဆင်းရဲရပါသလဲ အိပ်ရာမဝင်မည် သုံးမိနစ်ခန့်စဉ်းစားကြည့်ပါ။ စင်ကာပူထက်ချမ်းသာနိုင်သည့်ကို ကျနော်ချပြပါမည်။ 2017မတိုင်မီကာလ အင်္ဂလိပ်သက္ကရာဇ်​ 2000 ခုနစ်မှယနေ့အထိ ရခိုင်သယံဇာတဝင်ငွေ မည်မျှရရှိပြီးပြီထင်ပါသလဲ အရင်မေးခွန်းထုက်ပါရစေ...။ ဒေါ်လာသန်းခြောက်သောင်းခြောက်ရာ 606,000,000,00 ရရှိပြီးဖြစ်သည်။ မြန်မာကျပ်ငွေဖြင့်ဖော်ပြလျှင် အမည်မှည့်ခေါ်ဆိုရန်မရှိအောင်များပြားလှ၍ ကိန်းဂဏန်းသာဖော်ပြပေးလိုက်ပါသည် 606,000,000,000,000 ကိန်းဂဏန်းအရေအတွက်မှာ ၁၅လုံးတိတိရှိပါသည်။ ဂဏန်းပေါင်းစက်၌ မဆန့်အောင်းများပြားသည့်ငွေကြေးပမာဏ ဖြစ်သည်ကိုသိထားရန်လိုအပ်ပါသည်။ ဤငွေပမာဏသည် ရခိုင်တစ်ဦးလျှင် အမေရိကန်ဒေါ်လာဘီလီယမ် 2.02 ဘီလီယမ် ရရှိမည်ဖြစ်သည်။ မြန်မာကျပ်ငွေဖြင့်ဖော်ပြလျှင် ကျပ်ဘီလီယမ်နှစ်ရာနှစ်ဘီလီယမ်စီရရှိမည်ဖြစ်သည် 202,000,000,00 ဤငွေပမာဖြင့် သင်သူဌေကြီး၊ သူကြွယ်ကြီးတစ်ဦးလုပ်နိုင်သည့်ကိုသိထားရန်လည်းလိုအပ်သည်။ ဇိမ်ခံကား ရခိုင်လူမျိုးသုံးသန်းလုံးစီနိုင်သည်။တိုက်အိမ်ဖြင့် လူတိုင်းနေနိုင်သည်ငွေပမာဖြစ်သည်။ ဆယ်စုနှစ်တစ်ခုကျော်အကြားဝင်ငွေကို တွက်ချက်ခြင်းဖြင့်ရခိုင်လူမျိုးများမဆင်းသင့်တန်ပဲ ဆင်းရဲနေရသည်ကို သတိပြုမိလိမ်မည်ဟုယုံကြည်ပါသည်။ ဒေါ်လာနှစ်ဒသမဝသူညနှစ်ဘီလီယမ်မာ လူတစ်ဦးရရှိမည့်ငွေပမာဏဖြစ်ပါသည်။ သင်တို့အိမ်တွင် မိသားစုငါးဦးရှိလျှင် ဒေါ်လာဘီလီယမ်တစ်ထောင့်တစ်ဆယ် 1010 တိတိရရှိမည်ဖြစ်သည်။ ဆယ်စုနှစ်အတွင်းစင်ကာပူထက်ချမ်းသာနိုင်သည့် သက်သီအထောက်ထားပင်ဖြစ်သည်။ ရခိုင်ပြည်သည် ရခိုင်လူမျိုးများလက်ဖြင့်ပြုပျိုးထောင်ရမည်ဆိုပါက 2050 အတွင်း အာဆီယမ်ဆယ်နိုင်ငံတွင်အချမ်းသာဆုံးနိုင်ငံဖြစ်လာမည်ဖြစ်သည်။ ရခိုင်ပြည်၏ဝင်ငွေပမာမှာ ဤထက်များပြားပါသေးသည်။ လောင်ရိပ်မိသောအပင်သည် မည်သည့်အခါမျှ ဖွံ့ဖြိုးထွားကျိုင်းမည်မဟုတ်.. ရခိုင်လူမျိုးများ ဘာလုပ်သင့်ပါသလဲ... လောင်ရိပ်မကျအောင်လုပ်ရမည်.. မည်သို့လုပ်မည်နည်း... လောင်ရိပ်ပြုနေသောအပင်သည် မိမိတို့အတွက်အကျိုးမပြုသည့်အတွက် တန်ဖိုးမဲ့သောအပင်ကို ဦးစွာပထမ ခုတ်ထွင်ရှင်းလင်းပစ်ရမည်ပင်ဖြစ်သည်... ရခိုင်ပင်လယ်ကမ်းရိုးတန်းတွင် ရေနံလုပ်ကွက်တစ်ဆယ်ကျော်ရှိပါသည်။ တရုတ်၊ ကိုရီးယား၊ အိန္ဒိယနဲ့တခြားနိုင်ငံများလည်းပါဝင်ကြသည်။ 2012က မြန်မာအစိုးရ၏ညံ့ဖျင်းမှု့ကြောင့် ရခိုင်ကမ်းရိုးတန်းမှပိုင်သော ရေနံတွင်းအား ကုလသမဂ္ဂက ခုံရုံးဆုံးဖြတ်ချက်အရ ဘင်္ဂလာဒေရှ်ကိုပေးလိုက်ရသည်။ သို့သော်ရခိုင်ပြည်ကား ယနေ့အထိတစ်စုံတစ်ခုမျှပြောင်းလဲတိုးတက်လာခြင်းမျိုးမတွေ့ရသေးချေ။ပြည်ပကို ထွက်ခွာအလုပ်လုပ်ကိုင်လားသူများသာ တစ်နေ့ထက်တစ်နေပိုမိုများပြားလာသည်ကိုသာတွေ့မြင်နေရပါသည်။ ရခိုင်လူမျိုးများ ဘာတွေလုပ်သင့်သလဲ။ အခုဘာတွေလုပ်နေကြပါလဲ။ ဘာတွေကို ပြန်ပြုပြင်ရမလဲ။ တန်းတူညီမျှမှုမရှိလျှင် ဒီမိုကရေစီဆိုသည်အနစ်သာရရှိမည်မဟုတ်။ ရခိုင်အာဏာ ရခိုင်လက်ထဲမရှိသောကြောင့်ဆိုလျှင်ပိုမှန်မည်၊ အမှန်ကန်ဆုံးသောအဖြေဖြစ်မည်။ ခင်များတို့၊ ကျနော်တို့၏မျက်စိထဲတွင် ဒေါ်လာသန်း 1800ဟာ ကိန်းဂဏန်းအရေအတွက်အနည်းသာမြင်ကြပါလိမ့်မယ်ဖြစ်သည်။ နစ်နာဆုံးရှုံးနေသောရခိုင်လူမျိုးတို့၏အခွင့်အရေးကို ရခိုင်များသိရှိစေရန်ရည်ရွယ်ပြီး တွက်ချက်ကြည့်မိ၍ ရခိုင်တစ်မျိုးသာလုံးသိစေရန်ရေးသားမျှဝေတင်ပြလိုက်ပါသည်။ ဤနေရာ၌ ဖြည့်စွပ်ပြီးပြောလိုသည်မှာ မုန်တိုင်းဘေး၊ သဘာဝဘေးဆိုးဒဏ်သင့်ရင် ရခိုင်လူမျိုးသည် မဖြစ်စလောက်သော သိန်း၁၀၀၊ ၂၀၀၀တို့ဖြင့် သန်းပေါင်းများစွာသော၊ ကုဋေပေါင်းမြောက်များစွာသော ငွေပမာဏများကို ဆုံး ရှုံးခံနေရသည်ကိုသတိပြုကြရန် ပြောကြားလို့ပါသည်။ ရခိုင်လူမျိုးတိုင်းတစ်ယေါက်ချင်း သိအောင် Shareပီးကတ်​ပါ။
တိုက်ပွဲသတင်း
အကြမ်းဖက်ဝါဒ ကြီးစိုးလာနေသည့် ဘဂ်လားဒေ့ရှ်
အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းအတွင်းက ARAS - RSO စသည့် မွတ်ဆလင် အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်းများ...