(ကမ္ဘာအကြောင်း)

ကမ္ဘာ့တိုက်​ကြီးများအ​ကြောင်းကို ဖတ်နိုင်ဖို့တစ်နေရာထဲ စုစည်းပေးလိုက်ပါတယ်​။ ပုံများကိုထောက်၍ အသေးစိတ်ဖတ်နိုင်ပါတယ်။ အေးဆေးဆေးဖတ်ဖို့နဲ့ ပြန်ရှာဖို့ အဆင်ပြေအောင် Share လုပ်ပြီး သိမ်းထားနိုင်​ပါတယ်​။ Credit - Original Uploaders YOBBO Knowledge




(ကမ္ဘာအကြောင်း) ^^^^^^^^^^^^ (ကမ္ဘာ့တိုက်ကြီးများ) ၁။ အာရှတိုက် (အကြီးဆုံး) ၁၇၂၁၂၀၀၀ စ/မိုင်။ ၂။ အာဖရိကတိုက် စ/မိုင် (၁၁) သန်းကျော်။ ၃။ မြောက်အမေရိကတိုက် စ/မိုင် (၉) သန်းကျော်။ ၄။ တောင်အမေရိကတိုက် စ/မိုင် (၈) သန်းကျော်။ ၅။ ဥရောပတိုက် စ/မိုင် (၃) သန်း (၈) သိန်းကျော်။ ၆။ ဩစတြေးလျတိုက်(အငယ်ဆုံးတိုက်) စ/မိုင် (၃) သန်း (၁)သိန်းကျော်။ ၇။ အန္တာတိကတိုက်။ ======================================= (ကမ္ဘာ့သမုဒ္ဒရာကြီးများ) ၁။ ပစိဖိတ်သမုဒ္ဒရာ(အကြီးဆုံး)။ ၂။ အတ္တလန္တိတ်သမုဒ္ဒရာ။ ၃။ အိန္ဒယသမုဒ္ဒရာ။ ၄။ အာတိတ်သမုဒ္ဒရာ။ ======================================= (နေစင်္ကြာဝဠာအတွင်းရှိဂြိုလ်ကြီးများ) ၁။ ဗဒ္ဓဟူးဂြိုလ် (Mercury)။ ၂။ သောကြာဂြိုလ် (Venus)။ ၃။ ကမ္ဘာဂြိုလ် (Earth)။ ၄။ ကြာသပတေးဂြိုလ် (Jupiter)။ ၅။ အဂါင်္ဂြိုလ် (Mars)။ ၆။ စနေဂြိုလ် (Satun)။ ၇။ ယူရေးနတ်ဂြိုလ် (Uranus)။ ၈။ နပ်ပကျွန်းဂြိုလ် (Neptuns) _____________________________________________ ကမ္ဘာ့အရှေ့ခြမ်းနှင့် အနှောက်ခြမ်းကို ပိုင်းခြားထားသောမျဉ်း>(ဂရင်းနစ်မျဉ်း) ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းကို ပိုင်းခြားထားသောမျဉ်း>(အီကွေတာမျဉ်း) ကမ္ဘာ့စံတော်ချိန်(၂)မျိုးမှာ ၁။ ဒေသစံတော်ချိန်။ ၂။ ဂရင်းနစ်စံတော်ချိန်။ ကမ္ဘာ့သက်တမ်း>(၄၅၅၀)နှစ်သန်းပေါင်း။ ကမ္ဘာ့၏ အလေးချိန် (တန် သန်းပေါင်း)>(၆၀၀)။ ကမ္ဘာ့အကြီးဆုံး ရေတံခွန် -{နိုင်ရာဂါရာ}>(ကနေဒါ)။ ကမ္ဘာ့အကျယ်ဆုံး ရေတံခွန် -(ခွန်)>(အင်ဒိုချိုင်းနား ကျွန်းစွယ်)။ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် -(အိန်ဂျယ်)>(ဗင်နီဇွဲလား)။ ကမ္ဘာ့အကြီးဆုံး ရေခဲမြစ်- (ဘီယက်မိုး) >(ကနေဒါ)။ ကမ္ဘာ့အကြီးဆုံး ကျွန်းစု-(အင်ဒိုနီးရှားကျွန်းစု)> {အင်ဒိုနီးရှား}။ (ကမ္ဘာ့လူဦးရေ- သန်း(၇၀၀၀)ကျော်) ကမ္ဘာ့ပေါ်ရှိ နိုင်ငံပေါင်း-(၁၉၇) နိုင်ငံ။ ကမ္ဘာ့ ကုန် မြေ အကျယ်အဝန်း-စတုရန်းမိုင်ပေါင်း> (၅၇၅၀၆၀၀၀)။ ကမ္ဘာ့ ရေပြင် အကျယ်အဝန်း-စတုရန်းမိုင်ပေါင်း> (၁၃၉၄၃၄၀၀၀)။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Credit:NMT-(RTD) ,နေမင်းထွန်း(ရသေ့တောင်) YOBBO Knowledge

အာရှတိုက် __________________





အာရှတိုက်သည် ကမ္ဘာပေါ်ရှိတိုက်ကြီး ( ၇ )တိုက်ထဲတွင်အကြီးဆုံးတိုက်ဖြစ်သည် ။ ခန့် မှန်းခြေဧရိယာစတုရန်းမိုင် ၁၇.၁၄ သန်း ခန့်  ကျယ်ဝန်းပြီး ကမ္ဘာ့ကုန်းမြေအာလုံး၏ ၃၀% ခန့်  တည်ရှိသည် ။ အနောက်ဖက်တွင်ဥရောပတိုက်နှင့်ဆက်စပ်နေပြီး အကြမ်းအားဖြင့် Ural တောင်တန်း နှင့်ပိုင်းခြား ထားသည် ။ အရှေ့ ဖက်တွင် ဘာရိမ်းရေလက်ကြားသည် အာရှတိုက် နှင့် မြောက်အမေရိကတိုက်အား ပိုင်းခြားထားသော်လဲ အနီးဆုံးအပိုင်းမှာ ၅၁ မိုင်သာ ကွာဝေးပြီးထိလုနီးတည်ရှိသည် ။ မြောက်ဖက်ဒေသတွင်ရုရှားနိင်ငံ၏ ဆိုက်ဘေးရီးယား သစ်တောကြီးတည်ရှိသည် ။ တောင်ဖက် မလေးရှား နှင့် အင်ဒိုးနီးရှားကျွန်ဆွယ် ဒေသများတွင် အပူပိုင်းအမြဲစိမ်းသစ်တောများ ဖုံးလွှမ်း နေဆဲဖြစ်သည် ။ ကမ္ဘာ့ဒုတိယ အကြီးဆုံး Gobi ကန္တာရသည် တရုတ်နိင်ငံတွင်တည်ရှိသည် ။ ကမ္ဘာ့အရှည်ဆုံးမြစ်ကြီး ၁၀ - မြစ် ထဲတွင် ၇ - မြစ် မှာ အာရှတိုက်တွင်တည်ရှိသည် ။ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက် တောင်သည် နီပေါနိင်ငံတွင်တည်ရှိသည် ။ ကမ္ဘာ့မြေမျက်နှာပြင်အနိမ့်ဆုံး Dead Sea သည် အရှေ့ အလယ်ပိုင်းဒေသတွင်တည်ရှိသည် ။ ကမ္ဘာပေါ်ကအနက်ဆုံးရေချိုရေကန် Lake Baikal သည် ရုရှားနိင်ငံတောင်ပိုင်းတွင်ရှိပြီးတချို့ နေရာများသည် အနက်ဆုံး ( ၅၃ရ၁ - ပေ ) ထိရှိသည် ။ အာရှတိုက်တွင်အလွန်ပူပြင်းခြောက်သွေ့ သည့် ဒေသများရှိသကဲ့သို့ အလွန်အေးသည့်ဒေသများနှင့် အမြဲစွတ်စိုနေသည့်ဒေသများလဲများစွာရှိသည် ။ ( ယဉ်ကျေးမှုစတင်ရာဒေသ) ================ ရှေးဟောင်း သမိုင်းပညာရှင်များ၏ မှတ်တမ်းများအရ အစ္စရေး နှင့်ဂျော်ဒန် နိင်ငံဒေသ အနီး အနောက်ဖက်ကမ်း အနီးရှိ Jericho မြို့ သည် ရှေးနှစ်ပေါင်း ၈၀၀၀ - အချိန်မှ စတင်တည်ရှိခဲ့သည့် ကမ္ဘာ့ရှေးအကျဆုံးမြို့ ဖြစ်သည် ။ လွန်ခဲ့သည့် နှစ် ၁၀၀၀၀ - အချိန်က အရှေ့ အလယ်ပိုင်းဒေသ တွင်ရှိခဲ့သည့် “ မက်ဆိုပိုတေးမီးယား” ဒေသသည် ကမ္ဘာ့ရှေးအကျဆုံးယဉ်ကျေးမှု စတင်ခဲ့ရာ ဒေသဖြစ်သည် ။ ထို့ အတူ တရုတ် နှင့် အိန္ဒိယ လူမျိုးများသည်လဲ ရှေးအကျဆုံး ယဉ်ကျေးမှုစတင်ခဲ့သည့် လူမျိုးများဖြစ်သည် ။ . . ........................... ( ဘာသာရေးစတင်ရာဒေသ) =============== ယနေ့ ကမ္ဘာပေါ်မှ အကြီးဆုံးဘာသာကြီး ၅ - ခု သည် အာရှတိုက်မှစတင်ခဲ့သည် ။ အရှေ့ အလယ်ပိုင်းဒေသမှ ဂျူးဘာသာ ၊ ခရစ်ယန် နှင့် အစ္စလမ်ဘာသာကိုစတင်ခဲ့ပြီး အိန္ဒိယဒေသမှ ဟိန္ဒူ ဘာသာ နှင့် ဗုဒွဘာသာကိုစတင်ခဲ့သည် ။ ထိုဘာသာရေးများကြောင့်ပင်လျှင် အာရှတိုက်ရှိလူ့ အဖွဲ့ အစည်းများထဲတွင် တခါတရံ ပဋိပက္ခပြသနာများဖြစ်ပွားနေဆဲဖြစ်သည်။ ( လူဦးရေ) .....,....................... အာရှတိုက်တွင်လူဦးရေ ၄ - ဘီလီယံကျော် နေထိုင်ကြပြီး လူဦးရေတိုးပွားနှံန်း ကလဲ များပြားလျှက် ရှိသည် ။ ကမ္ဘာပေါ်ရှိလူဦးရေ ၅ -ဦးလျှင် ၃ - ဦးမှာ အာရှတိုက်ရှိနိင်ငံ ၄၈ - နိင်ငံတွင်နေထိုင်ကြသည် ။ တရုတ် နှင့် အိန္ဒိယနိင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး နှင့် ဒုတိယ အများဆုံး နိင်ငံများဖြစ်ကြသည် ။ အာရှတိုက်တလွှားရှိလူများပြောဆို သုံးစွဲနေကြသည့် ဘာသာစကားပေါင်း ၁၀၀၀ ကျော်ရှိ နေဆဲဖြစ်သည် ။ အာရှတိုက်ရှိလူအများစုသည် လျှပ်စစ်မီး နှင့် ရေးကောင်းရေသန့် မရှိ ဘဲ အလွန်ဆင်းရဲသည့် အခြေအနေတွင် နေထိုင်နေရဆဲဖြစ်သည် ။ သို့ သော်အာရှတိုက်တွင် အလွန်ချမ်းသာသည့် လူများလဲ များစွာရှိသည် ။ ကိုးရီးယား ၊ ဂျပန် နိင်ငံများသည် အာရှတိုက်မှ ချမ်းသာသည့် ကမ္ဘာထိပ်တန်းစက်မှု နိင်ငံများ ဖြစ်သည် ။ ထို့ ကြောင့် ဆင်းရဲမှု ၊ ချမ်းသာမှု ၊ ရှေးကျမှု ၊ ခေတ်မှီမှု ၊ မတူကွဲပြားတဲ့ယဉ်ကျေးမှုများ နှင့် ရောယှက် နေသည့် အာရှတိုက်သည် ကမ္ဘာ့တိုက်ကြီး များထဲတွင် အထူးခြားဆုံးတိုက်ဖြစ်သည် ။ Credit: ( အကယ်ဒမီ) YOBBO Knowledge


 ဥရောပတိုက် _____________________



 ဥရောပတိုက်သည် ကမ္ဘာ့တိုက်ကြီး ၇ - တိုက် ထဲတွင် ဩစတြေးလျတိုက်ပြီးလျှင်ဒုတိယ အငယ်ဆုံး တိုက်ဖြစ်သည် ။ ဥရောပတိုက်တွင်ကျွန်းကြီးများစွာရှိကာ ဗြိတိသျှကျွန်း ၊ အိုင်ယာလန်ကျွန်း ၊ အိုက်စလန်ကျွန်း နှင့် မြေထဲပင်လယ်ဒေသရှိ Sardinia, Corsica, Sicily, Crete ကျွန်းများပါဝင်သည် ။ ဥရောပတိုက်တွင်ကျွန်းဆွယ်ဒေသများစွာရှိသည် ။ ဂရိ ၊ အီတလီနိင်ငံများသည်ကျွန်းဆွယ်နိင်ငံများဖြစ်သည် ။ စပိန် နှင့် ပေါ်တူဂီ နှစ်နိင်ငံတည်ရှိသည့်ကျွန်းဆွယ်ကို Iberia ကျွန်းဆွယ်ဟုခေါ်သည် ။ မြောက်ဖက်ရှိဒိန်းမတ်နိင်ငံသည် Jutland ကျွန်းဆွယ်ကို၎င်း ၊ ဆွီဒင် နှင့် နော်ဝေ နိင်ငံသည် Scandinavian ကျွန်းဆွယ်ဒေသကို၎င်း ပိုင်ဆိုင်ကြသည် ။ ဥရောပတိုက်နှင့်အာရှတိုက်ကို Ural တောင်တန်းမှ ပိုင်းခြားထားသည် ။ Ural တောင်တန်းသည် ရုရှနိင်ငံကိုဖြတ်ကျော်သွားပြီး ရုရှား၏ အရှေ့ ဖက်အပိုင်းသည် အာရှ ၊ အနောက်ဖက် အပိုင်းမှာ ဥရောပဒေသဖြစ်သည် ။ ဥရောပတိုက်၏ကျော်ကြားသည့် Alps တောင်တန်းသည် ဆွေဇလန် ၊ ပြင်သစ် ၊ အီတလီ ၊ Austria နိင်ငံများကို ဖြတ်ကျော်သွားပြီး ထိုတောင်တန်း၏ Matterhorn တောင်ထိပ်သည်ကမ္ဘာ ကျော် တောင်ထိပ် တခု ဖြစ်သည် ။ ဥရောပ အနောက်မြောက်ဒေသတွင် တောင်တန်းများ ၊ တောင်ကုန်းများ စွာတည်ရှိသည် ။ နော်ဝေကမ်းခြေဒေသတွင် ရေခဲတောင်များစွာရှိကာ ၊ glaciers များစွာလဲဖုံးလွှမ်းနေဆဲဖြစ်သည် ။ ဥရောပတိုက်သည် အမေရိကန်ပြည်ထောင်စု အရွယ်အစားမျှသာရှိသော်လဲ လူဦးရေသန်း ၈၀၀ - ခန့်  နေထိုင်ကြသည် ။ ဥရောပတိုက်တွင်နိင်ငံပေါင်း ၄၀ - ကျော်ပါဝင်ပြီး ဘာသာစကားပေါင်း ၆၀ - ကျော်ကိုပြောဆို ကြသည် ။ ဥရောပတိုက်တွင်ကြီးကျယ်ခန်းနားသည့်မြို့ ကြီး ဒါဇင်ပေါင်းများစွာရှိသည် ။ လန်ဒန်မြို့  ၊ ပဲရစ်မြို့ များသည်ရှေးခေတ်အချိန်မှ စတင်တည်ရှိခဲ့သည့်မြို့ များဖြစ်သည် ။ ဂရိမှအေသင်မြို့  ၊ ဂျာမဏီမှ ဘာလင်မြို့ ၊ ဟန်ဂေရီမှ ဘူဒါဘတ်မြို့ ၊ စပိန်မှ မက်ဒရစ်မြို့ ၊ ရုရှားမှမော်စကိုမြို့  ၊ ချက်နိင်ငံမှ Prague မြို့  ၊ အီတလီမှ Rome မြို့  နှင့် သြစတြီးယားမှ ဗီယင်နာမြို့  များသည် ဥရောပတိုက်မှထင်ရှားကျော်ကြားသည့်မြို့ များဖြစ်ကြသည် ။ . . . ခန်းနားတဲ့ယဉ်ကျေးမှု *************** ဥေ၇ာပတိုက်၏ယဉ်ကျေးမှုသည်မြေထဲပင်လယ် ဒေသမှစတင်ခဲ့သည် ။ လွန်ခဲ့သည့် နှစ် ၂၅၀၀ - ကျော်အချိန်မှစ၍ ဂရိကျွန်းဆွယ်ဒေသများပေါ်တွင် ရှေးခေတ်ဂရိ ယဉ်ကျေးမှုစတင်ခဲ့သည် ။ နောက်ပိုင်းတွင်သူတို့ ၏ သြဇာအာဏာများသည် ရောမအင်ပါယာ အဖြစ်ပြောင်းလဲလာခဲ့သည် ။ ရောမအင်ပါယာသည် ယနေ့ အီတလီနိင်ငံရောမမြို့ တွင် အခြေစိုက်ပြီး မြောက်ဖက်ဗြိတိသျှဒေသမှသည် ယနေ့ အီရတ်နိင်ငံအထိကျယ်ပြန့် ခဲ့သည် ။ ဂရိ နှင့် ရောမခေတ်သည်ခေတ်သစ်ဥရောပအတွက် အခြေခံအုပ်မြစ်ဖြစ်သည် ။ ဂရိများသည်သင်္ချာပညာ ၊ အတွေးအခေါ် နှင့် ဒီမိုကရေစီကိုစတင်ခဲ့ကြသည် ။ ရောမန်များ၏ ဥပဒေ ၊ အုပ်ချုပ်ရေး နယ်ပါယ်တွင် ထူးချွန်ကြပြီး ကြီးကျယ်ခန်းနားသည့် လမ်းတံတားများ ၊ တူးမြောင်းများ ၊ ရဲတိုက်ကြီးများ ၊ နန်းတော်ကြီးများကို တည်ဆောက်ခဲ့ကြသည် ။ ရော်မန်များ၏ လက်ရာများကိုယနေ့ အချိန်အထိ ဥရောပဒေသ အနှံ့ တွင်မြင်တွေ့ နိင်ဆဲဖြစ်သည် ။ (ခရစ်ယန်ဘာသာထွန်းကားလာခြင်း) ************************** ခရစ်ယန်ဘာသာသည် အရှေ့ အလယ်ပိုင်းဒေသမှ စတင်ခဲ့ပြီး ရောမခေတ်တွင်ဥရောပသို့ ပြန့် နှံ့  သွားခဲ့သည် ။ ရာစုနှစ်ပေါင်းများစွာကြာ ဥရောပ အနောက်ဖက်မှ လူများသည် ရိုမန်ကက်သလစ် ဘာသာဝင် များ ဖြစ်ကြသည် ။ အရှေ့ ဥရောပဒေသမှသူများသည် Orthodox ခရစ်ယန်ကို ကိုးကွယ်ကြပြီး သူတို့ ၏အဓိက ဘုရားကျောင်းသည် Constantinople ( ယနေ့ တူရကီနိင်ငံ အစ္စတန်ဘူမြို့ အနီး ) ဒေသတွင်ရှိခဲ့သည် ။ နောက်ပိုင်းတွင်ရိုမန်ကက်သလစ်ဘာသာမှ ပရိုတက်စတစ် ဘာသာခွဲထွက်ပြီး ထိုဒေသရှိ လူဦးရေတ၀က်ခန့် မှာ ပရိုတက်စတစ်ဘာသာဝင်များ ဖြစ်လာခဲ့ကြသည် ။ ဥရောပဒေသတွင်တခြား ဂျူးဘာသာ ၊ အစ္စလမ် နှင့် ဗုဒွ ဘာသာကိုးကွယ်သူများလဲ အနည်းငယ်ရှိကြသည် ။ . (ဥရောပဒေသ ဖြတ်သန်းခဲ့သည့်သမိုင်း) *************************** အေဒီ ၄၇၆ - ခန့် အချိန်တွင်ရောမအင်ပါယာပြိုလ်ကွဲ လာပြီးနောက်ဥရောပဒေသ သည်အလယ်ခေတ်သို့ ရောက်ရှိလာခဲ့သည် ။ ရောမအင်ပါယာပြိုလ်ကွဲမှု နှင့်အတူ ဘုရင့်နိင်ငံငယ် များစွာပေါ်လာခဲ့ပြီး ၊ ထိုနိင်ငံငယ်များသည်လဲ ရော်မန် ဥပဒေအတိုင်းအုပ်ချုပ်ခဲ့ကြသည် ။ ဘုရင့်နိင်ငံငယ်များအကြား ကုန်သွယ်မှုအခွင့်အရေး ပိုမိုရရှိအောင်ကြိုးစားရင်း စစ်ပွဲဆက်များစွာဖြစ်ပွားကာ အနိင်ရဘုရင်များသည်သြဇာပါဝါကြီးမားလာခဲ့သည် ။ ကြီးမားသည့်စစ်တပ်များ ၊ ရေတပ်များထူထောင် နိင်ပြီးနောက် အေဒီ ၁၄၀၀ - ခန့် အချိန်တွင် ဥရောပဒေသ၌ စပိန် နှင့်ပေါ်တူဂီတို့ သည် အင်အားအကြီးဆုံးဖြစ်လာခဲ့သည် ။ စပိန် နှင့်ပေါ်တူဂီတို့ သည်ကမ္ဘာတလွှားရွက်လွှင့် သွားလာပြီး အာရှ ၊ အာဖရိက နှင့် အမေရိက ဒေသများတွင် ပထမဆုံးအင်ပါယာထူထောင်ခဲ့ကြသည် ။ နောက်ပိုင်းတွင် ဗြိတိန် ၊ ပြင်သစ် ၊ ဒါတ်ခ်ျ တို့ မှလဲ ကမ္ဘာတလွှား အင်ပါယာကို အပြိုင်အဆိုင် ထူထောင်လာခဲ့ကြသည် ။ ဥရောပတိုက်သားများ၏နယ်မြေချဲ့ ထွင်မှု နှင့်အတူ ရိုမန်ကက်သလစ် ခရစ်ယန်ဘာသာသည်လဲ ကမ္ဘာတလွှားသို့ ပြန့် နှံ့ သွားခဲ့သည် ။ ဥရောပတိုက်သားများသည်ချမ်းသာကြွယ်ဝလာမှု နှင့်အတူကြီးကျယ်ခန်းနားသည့်အနုပညာများ ၊ ပိသုကာပညာများ ၊ သိပွံပညာများကိုတည်ထွင် လာနိင်ခဲ့သည် ။ အေဒီ ၁၇၀၀ - ၁၈၀၀ အချိန်များတွင်စက်များကို အသုံးပြုကာ ကုန်ပစ္စည်းများကို ပိုမိုထုတ်လုပ်လာနိင်သည့် စက်ရုံများကိုတည်ထောင်လာနိင်ခဲ့သည် ။ ၄င်းကိုစက်မှုတော်လှန်ရေးဟုခေါ်ပြီး ဥရောပဒေသ သည် ပို၍ချမ်းသာကာ ပို၍ သြဇာကြီးမားလာခဲ့သည် ။ ၁၉၁၄ - ခုနှစ်တွင် ဥေ၇ာပနိင်ငံများသည် ကိုလိုနီနယ်မြေအငြင်းပွားမှု နှင့်အတူ ပထမ ကမ္ဘာစစ်ဖြစ်ပွားလာခဲ့သည် ။ ၁၉၁၇ - ခုနှစ်တွင် ဥရောပ မှ ရုရှားနိင်ငံတွင် ကွန်မြူနစ်စနစ်ကြီးစိုးလာပြီး ဆိုဗီယက်ယူနီယံ အမည်ရှိ ရုရှား အင်ပါယာကြီးထွန်းကားလာခဲ့သည် ။ ၁၉၃၆ - ခုနှစ်တွင် အင်အားကြီးထွားလာသည့် ဂျာမန် နာဇီများသည် စစ်ပွဲများဖန်တီးရာမှ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားလာပြန်သည် ။ ဒုတိယကမ္ဘာစစ်တွင်ဂျာမန်များစစ်ရှုံးမှု နှင့်အတူ ဆိုဗီယက်ယူနီယံ၏သြဇာသည် ဥရောပတွင် ကြီးမားလာခဲ့ကာ အရှေ့ ဥရောပဒေသရှိနိင်ငံ အများအပြားသည် ဆိုဗီယက်အုပ်စုဝင် ကွန်မြူနစ်နိင်ငံဖြစ်လာခဲ့သည်။ ၁၉၈၀ - ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုလ်ကွဲမှု နှင့်အတူ ဥရောပအရှေ့ ဖက်ဒေသမှ နိင်ငံအများအပြားသည် လွတ်လပ်သည့် နိင်ငံဖြစ်လာခဲ့သည် ။ (ယနေ့ ဥရောပ) *********** ဆိုဗီယက်ပြည်ထောင်စုပြိုလ်ကွဲမှု နှင့်အတူ ကွန်မြူနစ်စနစ်ကျင့်သုံးခဲ့သည့် အရှေ့ ဥရောပ နိင်ငံ အများအပြား သည်လဲဒီမိုကရေစီနိင်ငံဖြစ်လာခဲ့သည် ။ ၂၀ -ရာစုအချိန်တွင်ဥရောပနိင်ငံကြီးများသည် ကမ္ဘာတလွှားရှိ သူတို့ ၏ကိုလိုနီနယ်မြေများကို စွန့်  လွှတ်ခဲ့ရသည် ။ သို့ သော် ဥရောပဒေသ သည် ရှေးယခင် အချိန်ကကဲ့သို့ ပင် အနုပညာနယ်ပါယ် ၊ သိပွံပညာရပ်ဆိုင်ရာနယ်ပါယ် နှင့် စက်မှု ပညာရပ်နယ်များတွင်လဲ ကမ္ဘာ့ရှေ့ ဆောင်ဒေသ အဖြစ်ရပ် ရပ်တည်ကာ ချမ်းသာကြွယ်ဝသည့် ဒေသအဖြစ် ရှိနေဆဲဖြစ်သည် ။ Credit: အကယ်ဒမီ YOBBO Knowledge မြောက်အမေရိကတိုက် ______________________



မြောက်အမေရိကတိုက် ______________________





 မြောက်အမေရိက တိုက်သည် ကမ္ဘာ့တိုက်ကြီး ၇- တိုက်ထဲတွင် အာရှ ၊ အာဖရိက တိုက်ပြီးလျှင် တတိယအကြီးဆုံး တိုက်ဖြစ်သည် ။ ကနေဒါ ၊ အမေ၇ိက နှင့်မက္ကဆီကိုနိင်ငံများသည် မြောက်အမေရိကတိုက်တွင် ပိုင်းခြားတည်ရှိသည် ။ ကမ္ဘာ့အကြီးဆုံးကျွန်း Greenland ၊ အမေရိက တိုက် အလယ်ပိုင်း နှင့် ကာရေဗီယံဒေသမှတချို့  ကျွန်းများ ကိုလဲ မြောက်အမေရိက တိုက်၏ အစိတ်အပိုင်းဟု သတ်မှတ်လေ့ရှိကြသည် ။ America အမည်သည်အီတလီလူမျိုးရေကြောင်း ခရီးသွား Amerigo Vespucci ၏ အမည်မှဆင်းသက်လာခဲ့ခြင်း ဖြစ်သည် ။ သူသည် အေဒီ ၁၄၉၀ - ခုနှစ်အချိန်က တောင်အမေရိက တိုက်သို့ စတင်ရောက်ရှိခဲ့ပြီး မြောက်အမေရိက ဒေသ သို့ လဲ ရောက်ရှိခဲ့သူဖြစ်သည် ။ နောက်ပိုင်းမြေပုံရေးဆွဲသူများသည် ပထမဆုံးတောင်အမေရိကတိုက်ကို ရေးဆွဲပြီးနောက် Vespucci ကိုဂုဏ်ပြုသည့် အနေဖြင့် South America ဟု အမည်ပေးခဲ့ကြသည် ။ မရှေးမနှောင်းမှာပင် မြောက်ဖက်ဒေသသည်လဲ North America ဖြစ်လာခဲ့သည် ။ (ရာသီဥတု) ------------------------ မြောက်အမေရိကဒေသတွင်ရာသီဥတုပုံစံ မျိုးစုံကိုတွေ့ ရှိနိင်သည် ။ မြောက်ဖက်အကျဆုံးဒေသများတွင်ရေခဲချပ်များ ဖုံးလွှမ်းနေသည် ။ မြောက်အမေရိကတိုက်အလယ်ပိုင်း နှင့် ကာရေဗီယံဒေသသည် အပူပိုင်း သမမျှတသည့် ရာသီဥတုရှိသည် ။ အနောက်မြောက်ဖက်ဒေသသည်မိုးများစွာ ရွာသွန်းသည့်ဒေသဖြစ်သည် ။ အမေရိကန် အနောက်ဖက် နှင့် မက္ကဆီကို မြာက်ဖက်ဒေသများတွင်ခြောက်သွေ့ သည့် ကုန်းမြေနှင့် ကန္တာရများမှ ဧရိယာများစွာ ဖုံးလွှမ်းလျှက်ရှိသည် ။ (အရှေ့ ဖက်ဒေသ) ---------------------- မြောက်အမေရိကတိုက် အရှေ့ ဖက်ကမ်းခြေ ဒေသ သည်ရှည်လျှားသည့်မြေပြန့်  လွင်ပြင် ဒေသဖြစ်သည် ။ Appalachians အမည်ရ တောင်တန်းသည် ထိုမြေပြန့် လွင်ပြင်ဒေသတွင် အမေရိကန် နိင်ငံ Alabama ဒေသမှသည် ကနေဒါနိင်ငံ Québec ဒေသ အထိ သွယ်တန်းလျှက်ရှိသည် ။ အရှေ့ မြောက်ဖက် ကနေဒါ နှင့် အမေရိကဒေသတွင် သစ်တောထူထပ်သည့် တောတောင်များစွာရှိကာ မြစ်များစွာလဲဖြတ်သန်းစီးဆင်းလျှက်ရှိသည် ။ (အနောက်ဖက်ဒေသ) -------------------- ရော့ကီးတောင်တန်းသည်မြောက်အမေရိက တိုက် အနောက်ဖက်တွင် မက္ကဆီကိုဒေသမှ သည် အလာစကာဒေသအထိသွယ်တန်းလျှက်ရှိသည် ။ အနောက်ဖက်ကမ်းရိုးတမ်းဒေသတွင် တောင်တန်းများစွာရှိပြီး ဤဒေသ၏ ထင်ရှားသည့် ဆားငံရေကန်မှာ Great Salt Lake ဖြစ်သည် ။ ဤဒေသရှိမြစ်များစွာသည်ပစ္စဖိတ်သုမုဒ္ဒရာထဲသို့  စီးဝင်သည် ။ (အလယ်ပိုင်းဒေသ) ------------------------ အနောက်ဖက်ရော့ကီးတောင်တန်း နှင့် အရှေ့ ဖက် Appalachians တောင်တန်းကြား ဒေသသည်မြေပြန့် လွင်ပြင်ဖြစ်ပြီး Great Plains ဟုခေါ်ဆိုကြသည် ။ ထိုနေရာအများစုသည်သစ်ပင်ကြီးများကင်းမဲ့သည့် မြက်ခင်းလွင်ပြင်ဖြစ်သည် ။ ယနေ့ အချိန်တွင်ထိုနေရာသည် ဂျုံစပါးစိုက်ပျိုးရာ အဓိကဒေသဖြစ်သည် ။ (မြောက်ပိုင်းဒေသ) ----------------------- မြောက်အမေရိကတိုက်မြောက်ဖက် နှင့် အရှေ့ မြောက်ဒေသကို Canadian Shield ဟု ခေါ်သည် ။ ကနေဒါ နိင်ငံ၏ဧရိယာအများစုသည် Canadian Shield ဒေသဖြစ်သည် ။ ကြီးမားသည့်ကျောက်တုံးချပ်များ ၊ ရေခဲလွင်ပြင် ဒေသဖြစ်ကာ ရာသီဥတုဆိုးဝါးပြီး စိုက်ပျိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲရာဒေသဖြစ်သဖြင့် လူနေထိုင်မှုနဲပါးသည် ။ (ရေအရင်းအမြစ်) --------------------- မြောက်အမေရိက ဒေသသည် ရေ အရင်းအမြစ် အများအပြားရှိရာဒေသဖြစ်သည် ။ မြစ်ကြီးများစွာရှိပြီး Missouri မြစ်မှာ မြောက်အမေရိက တိုက်၏အရှည်ဆုံးမြစ်ဖြစ်သည် ။ မစ္စစပီမြစ်မှာ အရေးပါဆုံးမြစ်ဖြစ်ပြီး အခြားထင်ရှားသည့်မြစ်များမှာ Colorado, Columbia, Yukon, Mackenzie, Fraser, နှင့် St. Lawrence မြစ်များ ဖြစ်ကြသည် ။ မြောက်အမေရိကတိုက် အလယ်ပိုင်း အပေါ်ဖက်တွင် ရေချို ရေကန်ကြီး ၅ -ကန်ပေါင်းစပ်တည်ရှိပြီး ၄င်းကို Great Lakes ဟုခေါ်သည် ။ မြောက်အမေရိကဒေသတွင်ပင်လယ်ကွေ့  ၃ - ခုတည်ရှိသည် ။ ယင်းတို့ မှာ တောင်ဖက်ရှိ မက္ကဆီကိုပင်လယ်ကွေ့  ၊ အနောက်မြောက်ဖက်ရှိ အလစကာပင်လယ် ကွေ့  ၊ မြောက်ဖက်ဒေသရှိ Hudson ပင်လယ်ကွေ့ တို့  ဖြစ်သည်။ ( ပြောင်းရွေ့ နေထိုင်သူများ၏ဒေသ) -------------------------------- ဤဒေသတွင်လွန်ခဲ့သည့် နှစ်ထောင်ချီမှ စတင်နေထိုင်ခဲကြသည့် ဒေသခံ အမေရိကန် လူမျိုးများကို Native Americans များဟုခေါ်သည် ။ ၁၄၉၂ - ခုနှစ်နောက်ပိုင်းဥရောပတိုက်သားများ စတင်ရောက်ရှိချိန်မှစ၍ ဒေသခံလူမျိုးများ နယ်မြေ တဖြည်းဖြည်းဆုံးရှုံးခဲ့ရသည် ။ သို့ သော်တချို့ ဒေသတွင်ဒေသခံလူမျိုးများ၏ ယဉ်ကျေးမှုတည်ရှိနေဆဲဖြစ်သည် ။ မြောက်ပိုင်း ရေခဲဒေသမှ အက်စကီမို ခေါ် Inuit လူမျိုးများ ၊ မက္ကဆီကိုတောင်ဖက်ဒေသမှ မာယာလူမျိုးများသည် ယနေ့ အချိန်ထိ သူတို့ ၏ ဒေသတွင် နေထိုင်နေကြဆဲဖြစ်သည် ။ ယနေ့ အချိန်တွင်မြောက်အမေရိကတိုက်၌ လူသန်း ၅၈၀ - ခန့် နေထိုင်နေကြပြီး အများစုမှာ ကမ္ဘာ့နေရာစုံမှဖြစ်သည်။ မက္ကဆီကိုမြို့  ၊ နယူးယောက်မြို့ နှင့် လော့စ်အင်ဂျလီမြို့ များသည်ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးမြို့  များထဲတွင်ပါဝင်သည် ။ မြောက်အမေရိကဒေသဖွံ့ ဖြိုးတိုးတက်လာသည်နှင့် အမျှ ကမ္ဘာတလွှားမှ လူများအခြေချရန်ရောက်ရှိ လာခဲ့ကြသည် ။ ကနေဒါ ဒေသတွင် ဗြိတိသျှ နှင့်ပြင်သစ်လူမျိုး အများဆုံးအခြေချရန်ရောက်ရှိခဲ့ပြီး ၊ အမေရိကဒေသတွင် ဗြိတိသျှ အနွယ်သည်လူဦးရေ၏ ၃ ပုံ ၁ ပုံ ရှိသည်ဟုဆိုသည် ။ ထို့ အတူမက္ကဆီကိုဒေသမှလူများသည်ဒေသခံ လူမျိုးများ နှင့် ဥရောပတိုက်သားစပိန်လူမျိုးများ မှ ဆင်းသက်လာသူအများစုဖြစ်ကြသည် ။ Credit:အကယ်ဒမီ YOBBO Knowledge



 တောင်အမေရိကတိုက် ________________________





 ကမ္ဘာ့တိုက်ကြီး ရ- တိုက်ထဲတွင် အာရှ ၊ အာဖရိက နှင့် မြောက်အမေရိကပြီးလျှင် စတုထ္ထ အကြီးဆုံးတိုက်ဖြစ်သည် ။ ဧရိယာစတုရန်းမိုင် ၆၈၈၀ရ၀၀ ကျယ်ဝန်းပြီး လူဦးေ၇ထူထပ်သည့်မြို့ များစွာ ၊ ခေတ်သစ်အဆောက်အဦးများစွာ နှင့် ယဉ်ကျေးမှုပေါင်းများစွာရှိသော်လည်း လူနေထိုင်ခြင်းမရှိသေးသည့် နေရာများစွာ ကျန်ရှိသေးသည့်ဒေသဖြစ်သည် ။ ကမ္ဘာ့အကြီးဆုံးတောင်တန်းများထဲတွင် ပါဝင်သည့် အင်ဒီး တောင်တန်းသည် တောက်အမေ၇ိကတိုက် တခုလုံးနီးနီး အနောက်ဖက်ဒေသတွင်တောင်မြောက် သွယ်တန်းနေသည် ။ ဘိုလီးဗီးယားနိင်ငံ၏ တချို့ မြို့ များသည် ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ - ၁၂၀၀၀ ကျော်သည့် အင်ဒီးတောင်တန်း၏အမြင့်ပိုင်းတောင်ထိပ်များရှိရာ Altiplano ဒေသတွင်တည်ရှိသည် ။ ဤဒေသတွင် ကမ္ဘာ့အမြင့်ဆုံး ကူးသန်း သွားလာနိုင်သော Lake Titicaca အမည်ရှိ ရေကန်ကြီးသည်ပင်လယ်ရေမျက်နှာပြင်အထက် ၁၂၅၀၀ - ပေ အမြင့်တွင်တည်ရှိသည် ။ ရှေးတချိန်က ကမ္ဘာ့သမိုင်းတွင်ထင်ရှားသည့် Inca အင်ပါယာ သည်ဤဒေသတွင်တည်ရှိခဲ့သည် ။ တောင်အမေရိကတိုက်၏အရှည်ဆုံးမြစ်ဖြစ်သည့် အမေဇုံမြစ်သည်ပီရူးနိင်ငံ အင်ဒီးတောင်တန်းမှ မြစ်ဖျားခံကာ ဘရာဇီးနိင်ငံတွင်အများဆုံး ဖြတ်ကျော်ပြီး အတ္တလန်တိတ်သမုဒ္ဒရာထဲသို့ စီးဝင်သည် ။ ကမ္ဘာ့အကြီးဆုံးအမြဲစိမ်းအမေဇုံမိုးသစ်တောသည် စတုရန်းမိုင် ၁.၄ သန်း ခန့် ကျယ်ဝန်းပြီး ထိုအထဲတွင် လူသူမသိသေးသည့်အပင်မျိုးစိတ်ပေါင်းများစွာနှင့် ကုန်းနေ ၊ ရေနေ သတ္တ၀ါများစွာရှင်သန်ကျက်စား လျှက်ရှိသည် ။ ဗင်နီဇွဲလားနိင်ငံရှိ Angel Falls ရေတံခွန်သည် အမြင့်ပေ ၃၂၁၂ - ပေ အမြင့်မှစီးဆင်းနေသည့် ကမ္ဘာ့ အမြင့်ဆုံး အဆက်မပြတ်စီးဆင်းနေသည့် ရေတံခွန်ဖြစ်သည် ။ Iguaçu Falls ရေတံခွန်သည် ဘရာဇီးနိင်ငံ နှင့် အာဂျင်တီးနားနိင်ငံ နယ်စပ်တွင်တည်ရှိပြီး တောင်အမေရိကတိုက်၏ထူးခြားသည့် သဘာဝ အလှတခုဖြစ်သည်။ အာဂျင်တီးနားနိင်ငံအလယ်ပိုင်းရှိ Pampas အမည်ရမြက်ခင်းလွင်ပြင်သည် တောင်အမေရိကတိုက်၏ ထင်ရှားသည့်နေရာ တခုဖြစ်သည် ။ ၁၈ -ရာစုနောက်ပိုင်းမှစ၍ ထိုနေရာတွင် ကျက်စားသည့် နွားရိုင်းများကို ဖမ်းဆီးသည့် gauchos ခေါ် Cowboys များပေါ်လာခဲ့သည် ။ Gauchos များသည်တောင်အမေရိကဒေသ၏ လူစွမ်းကောင်းများ အမှတ်သင်္ကေတဖြစ်သောကြောင့် cattle on the pampas ဟုတင်စားခေါ်ဝေါ်ကြသည် ။ တောင်အမေရိကတိုက်တွင် ကန္တာရ ၃ - ခုတည်ရှိသည် ။ ၄င်းတို့ မှာ တောင်အမေရိကတောင်ဖက် ၊ အာဂျင်တီးနားနိင်ငံတွင်တည်ရှိကမ္ဘာပေါ် တွင် တတိယ အကြီးဆုံး Patagonia ကန္တာရ ၊ ပီရူးနိင်ငံအနောက်ဖက်ကမ်းရှိ Sechura ကန္တာရ ၊ ချီလီနိင်ငံမြောက်ဖက်ရှိ Atacama တို့ ဖြစ်သည် ။ တောင်အမေရိကတွင်နေထိုင်သည့်လူဦးရေမှာ သန်း ၄၀၀ ကျော်သာရှိပြီးကမ္ဘာ့လူဦးရေ၏ ၆ % ခန် သာနေထိုင်ကြကာ ထိုလူဦးရေ၏ ထက်ဝက်ခန့် မှာ ဘရာဇီး နိင်ငံတွင်နေထိုင်ကြသည် ။ ဤဒေသမှ ဒေသခံများ၏ အဓိက အင်ပါယာမှာ Inca အင်ပါယာဖြစ်ခဲ့ပြီးသူတို့ ၏အမြင့်ဆုံး အချိန်သည် အေဒီ ၁၅ - ရာစုခေတ်အချိန်မှဖြစ်သည် ။ ၁၆ -ရာစုအစတွင်စပိန်များရောက်လာပြီးနောက် Inca အင်ပါယာခေတ် ပျောက်ကွယ်ခဲ့ရသည် ။ တောင်အမေရိကနိင်ငံတွင်နေထိုင်ကြသူများသည် ခြားနားသည့်သမိုင်းနောက်ခံများစွာမှ ဆင်းသက်လာကြသူများဖြစ်သည် ။ အဓိက လူမျိုးအုပ်စု ၃ - စုရှိခဲ့ကာ ဒေသခံလူမျိုးများ ၊ စပိန်နှင့်ပေါ်တူဂီဒေသမှဥရောပတိုက်သားများ ၊ အာဖရိကတိုက်မှခေါ်ဆောင်လာခဲ့သည့်လူမဲကျွန်များမှ ရောနှောဆင်းသက်လာသူအများစုဖြစ်သည် ။ တောင်အမေရိကတိုက်တွင်နိင်ငံ ၁၁ -နိင်ငံ နှင့် ပြင်သစ်ကိုလိုနီနယ်တခုပါဝင်သည် ။ နိင်ငံ ၁၂ - နိင်ငံမှာ အာဂျင်တီးနား ၊ ဘိုလီဗီးယား ၊ ဘရာဇီး ၊ ချီလီ ၊ ကိုလံဗီယာ ၊ အီကွေဒိုး ၊ Guyana ၊ ပါရာဂွေး ၊ ပီရူး ၊ Suriname ၊ ဥရုဂွေး နှင့် ဗင်နီဇွဲလားနိင်ငံတို့ ဖြစ်သည် ။ ဘရာဇီးနိင်ငံသည်တောင်အမေရိကတိုက်တွင် အကြီးဆုံးနိင်ငံဖြစ်ပြီး ၊ ကမ္ဘာ့တောင်ဖက်အကျဆုံးမြို့ မှာ အာဂျင်တီးနားနိင်ငံရှိ Ushuaia မြို့ ဖြစ်သည် ။ တောင်အမေရိက ၉ -နိင်ငံတွင်စပိန်ဘာသာစကားကို ပြောဆိုကြပြီး ၊ ဘရာဇီးနိင်ငံတွင် ပေါ်တူဂီ ဘာသာစကား ၊ Guyana နိင်ငံတွင်အင်္ဂလိပ်ဘာသာစကား ၊ Suriname နိင်ငံတွင် ဒါတ်ခ်ျဘာသာစကား ၊ ပြင်သစ်ကိုလိုနီဒေသတွင်ပြင်သစ်ဘာသာစကားကို အဓိကပြောဆိုကြသည် ။ သို့ သော် သန်းချီသည့်လူများမှာလဲ ဒေသခံ ဘာသာစကားများဖြစ်သည့် Quechua နှင့် Aymara ဘာသာစကားကိုပြောဆိုနေကြဆဲဟုဆိုသည် ။ Credit:(အကယ်ဒမီ) YOBBO Knowledge




  သြစတြေးလျတိုက် ____________________\







  လူသားမျိုးနွယ်အစ အာဖရိကမှဟု ပညာရှင်များမှ ယုံကြည်ကြသည် ။ အာဖရိက တိုက်သည် အာရှတိုက်ပြီးလျှင် ဒုတိယ အကြီးဆုံးတိုက်ဖြစ်သည် ။ ကမ္ဘာ့အကြီးဆုံးကန္တာရဖြစ်သည့် ဆာဟာရ သဲကန္တာရသည် အာဖရိကမြောက်ဖက် ဒေသတွင်တည်ရှိသည် ။ တောင်ဖက်ပိုင်းဒေသအား အရှေ့ အာဖရိက ၊ အနောက်အာဖရိက ၊ အာဖရိကအလယ်ပိုင်း နှင့် အာဖရိကတောင်ပိုင်းဟု ခွဲခြားပြောဆိုကြသည် ။ အလယ်ပိုင်းဒေသသည်မိုးရေချိန်လက္မအနည်းငယ် ရရှိသည့်ဒေသဖြစ်သည် ။ တောင်ဖက်ပိုင်းဒေသသည် အီကွေတာရပ်ဝန်း ဒေသဖြစ်ပြီး မိုးသစ်တော နှင့် Savannas ခေါ်သည့် အပူပိုင်းမြက်ခင်းလွင်ပြင်များကိုတွေ့ ရှိနိင်သည် ။ အာဖရိကတိုက်၏ အရှေ့ ဖက်ဒေသသည် ပြတ်ရွှေ့ ကြောများ ၊ တောင်ကုန်း ၊ တောင်တန်းဒေသ ဖြစ်ပြီး မိုင် ၃၀၀၀ - ကျော်ရှည်လျှားကာ အာရှတိုက်၏ ဆီးရီးယားဒေသမှ အာဖရိကအရှေ့  တောင်ပိုင်း မိုဇမ်ဘစ်နိင်ငံအထိရှည်လျှားသည် ။ ကမ္ဘာ့အရှည်ဆုံးမြစ်ဖြစ်သည့် နိင်းမြစ်သည် အာဖရိကဒေသ ကိုဖြတ်သန်း ကာမြေထဲပင်လယ် ထဲသို့  စီးဆင်းသည် ။ အာဖရိကတိုက်တောင်ဖက်ရှိ Good Hope အငူသည် ထင်ရှားကျော်ကြားပြီးအိန္ဒိယ သမုဒ္ဒရာ နှင့် အတ္တလန်တိတ်သမုဒ္ဒရာတွေ့ ဆုံသည့်နေရာဖြစ်သည် ။ အာဖရိကဒေသတွင် မြင်းကျား ၊ သစ်ကုလားအုပ် ၊ ခြင်္သေ့ ၊ ကျားသစ် စသည့်တောရိုင်းတရိစ္ဆာန်များ စွာ ကျက်စားနေထိုင်ကြပြီး အာဖရိကအလယ်ပိုင်းရှိ မိုးသစ်တောများတွင် ဂေါ်ဇီလာမျောက်များ နှင့် ကျေးငှက်တရိစ္ဘာန်မျိုးစိတ်များစွာ ကိုတွေ့ ရှိနိင်သည် ။ အာဖရိကဒေသတွင်လူမျိုးပေါင်းများစွာရှိကာ ဘာသာစကားပေါင်း ၂၀၀၀ - ကျော်ကို ပြောဆို နေကြဆဲဖြစ်သည် ။ ယနေ့ အချိန်တွင်နိင်ငံပေါင်း ၅၃ - နိင်ငံ ၌ လူဦးရေ သန်း ၈၀၀ - ကျော်နေထိုင်ကြကာ လူအများစုသည် ကျေးလက်ဒေသမှဖြစ်သည် ။ သို့ သော် အာဖရိကဒေသတွင်မြို့ ကြီးများစွာရှိပြီး ထိုအထဲတွင် အီဂျစ်မှ Cairo ၊ မော်ရကိုမှ Casablanca ၊ နိင်ဂျီးရီးယားမှ Lagos ၊ တောင်အာဖရိကမှ Cape Town မြို့ များပါဝင်သည် ။ အာဖရိက အနောက်ဖက်ပိုင်းတွင် အာဖရိကထွက်ကုန် များကို တင်ပို့ ရောင်းချရာဆိပ်ကမ်းများစွာရှိသည် ။ ယနေ့ အချိန်တွင်အာဖရိကဒေသ၌ သဘာဝတောရိုင်း များစွာရှိနေသေးသော်လည်း ဆင်းရဲငတ်မွတ်မှုပြသနာ ၊ ဒေသတွင်းစစ်ပွဲပြသနာ နှင့်ရောဂါဘယထူပြောမှု ပြသနာများကြောင့် အာဖရိကလူမျိုးသန်းချီ နှစ်စဉ်သေဆုံးနေဆဲဖြစ်သည် ။ ( သမိုင်း) ----------------------- ကမ္ဘာ့ခေတ်ဦးယဉ်ကျေးမှုထွန်းကားခဲ့ရာ ရှေးခေတ်အီဂျစ်လူမျိုးများသည် နိင်းမြစ်ကြောင်း တလျှောက် လွန်ခဲ့သည့် နှစ် ၅၀၀၀ - ခန့် အချိန်မှ စတင်ပေါ်ပေါက်ခဲ့ပြီး ထိုဒေသမှကြီးမားသည့် ပစ်ရမစ်များကို ယနေ့ အချိန်အထိမြင်တွေ့ နိင်သည် ။ အာဖရိကမြောက်ဖက်ဒေသများသည် ရောမခေတ် ၊ အာရပ်မူဆလင်ခေတ် များအချိန်က ယဉ်ကျေးမှု လွှမ်းမိုးရာဒေသဖြစ်ခဲ့သည် ။ အေဒီ ၁၅၀၀ မှ ၁၈၀၀ အချိန်အတွင်း အာဖရိကလူမျိုးသန်းပေါင်းများစွာသည် တောင် နှင့်မြောက်အမေရိကဒေသသို့ ကျွန်အဖြစ် အလုပ်လုပ်ကိုင်ရန်ရောက်ရှိခဲ့ကြသည် ။ အာဖရိကဒေသသည် ရေနံ ၊ ရွှေ နှင့် စိန်များစွာ ထွက်ရှိရာဒေသဖြစ်သဖြင့် ဥရောပမှ ဗြိတိသျှ ၊ ပြင်သစ် နှင့် ဂျာမန်များမှ အပြိုင်အဆိုင် နယ်မြေများသိမ်းယူခဲ့ကြသည် ။ ၁၉ - ရာစုနောက်ပိုင်းမှစ၍ အာဖရိကဒေသ အားလုံးကို ဥရောပနိင်ငံများမှပိုင်ဆိုင်ခဲ့ကြသည် ။ ပထမကမ္ဘာစစ်အပြီးတွင်အာဖရိကဒေသအများ အပြားသည်ဗြိတိလျှ အပိုင်ဖြစ်လာခဲ့သည် ။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၅၀- ၆၀ အချိန်မှစ၍ အာဖရိကနိင်ငံအများအပြားသည် လွတ်လပ်သည့်နိင်ငံများဖြစ်လာခဲ့သည် ။ ယနေ့ အချိန်တွင်အာဖရိကတိုက်၌ နိင်ငံစုစုပေါင်း ၅၃ - နိင်ငံရှိပြီး ကုန်းတွင်း နိင်ငံ ၄၇ - နိင်ငံနှင့် ကျန် ၆ - နိင်ငံမှာ အာဖရိကတိုက် ပါတ်ဝန်းကျင်ရှိကျွန်းနိင်ငံဖြစ်သည် ။ Credit:အကယ်ဒမီ YOBBO Knowledge





သစတြေးလျတိုက် ____________________\







သြစတြေးလျ နိင်ငံသည်ပစ္စိဖိတ်သမုဒ္ဒရာတောင်ပိုင်းနှင့်အိန္ဒိယ သမုဒ္ဒရာကြားတွင်တည်ရှိသည် ။ ကမ္ဘာ့တိုက်ကြီး ၇ - တိုက်တွင်အသေးဆုံးတိုက်နိင်ငံဖြစ်ပြီး ကျွန်းကြီးတကျွန်းနှင့်တူကာမြို့ တော်မှာ Canberra ဖြစ်သည် ။ တောင်ဖက်ရှိ Tasmania ကျွန်းမှာသြစတြေးလျ၏ အစိတ် အပိုင်းတခုဖြစ်ပြီးသည် ။ ထိုကျွန်းသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာအချိန်က သြစတြေးလျနှင့်တဆက်တစပ်တည်းရှိခဲ့သော်လည်းသမုဒ္ဒရာ ရေပြင်မြင့်တက်မှုကြောင့်တဆက်တစပ်တည်းကုန်းမြေများ ရေထဲသို့ ကျရောက်ခဲ့သည်ဟုဆိုသည် ။ သြစတြေးလျသည် ဒေသတွင်းနေထိုင်ကျက်စားသည့် သားပိုက်ကောင်များ ၊Koala စသည့်ထူးခြားသောတရိစ္ဆာများ ကြောင့်လည်းကျော်ကြားသည် ။ သြစတြေးလျဒေသသည်ကမ္ဘာပေါ်တွင်ကုန်းမြေအညီညာဆုံး ဒေသလဲဖြစ်သည် ။ နိင်ငံ၏အရှေ့ ဖက်အခြမ်းတွင်သာတောင်များကိုမြင်တွေ့ နိင်ပြီး ကမ်းခြေဒေသများတွင်သစ်တောအနည်းငယ်တွေ့ ရှိနိင်သည် ။ အတွင်းပိုင်းညီညာသည့်ကုန်းမြေဒေသများကို“ The outback ” ဟုခေါ်ကာပူပြင်းခြောက်သွေ့ ပြီးလူနေနည်းပါးသည့် ဒေသဖြစ် သည် ။ ထို“ The outback ” ဒေသထဲရှိ အမျိုးသားဥယာဉ်ထဲတွင် ထူးရှားတဲ့ Geological ပုံရိပ် နှစ်ခု ရှိသည် ။ ၄င်းတို့ မှာကမ္ဘာပေါ်ရှိအကြီးဆုံးသောကျောက်တလုံးနှင့်အုပ်စု အလိုက်တည်ရှိနေသည့်အလုံးပုံကျောက်တုံးများဖြစ်သည် ။ သြစတြေးလျ၏ အခြားထင်ရှားသည့်ဒေသတခုမှာကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းများတည်ရှိရာ Great Barrier Reef ဖြစ်ပြီး နိင်ငံ၏ အရှေ့ မြောက်ကမ်းခြေဒေသတွင်တည်ရှိသည် ။ သြစတြေးလျ လူမျိုးအများစုမှာ ကမ်းခြေဒေသရှိမြို့ ကြီးများတွင် နေထိုင်ကြပြီး Sydney မြို့ မှာ အကြီးဆုံးနှင့်ရှေးအကျဆုံးမြို့ ဖြစ် သည် ။ သြစတြေးလျ တိုက်၏ဒေသခံလူမျိုးများမှာ Aborigines လူမျိုးများဖြစ်ပြီးသူတို့ ၏ရှေးခေတ်ဂူနံရံပန်းချီကားများ ၊ဂီတများမှာထင်ရှားသည် ။ အေဒီ ၁၇၈၈ တွင်ဗြိတိသျှလူမျိုး နယ်မြေချဲ့ ထွင်သူများရောက်ရှိ လာပြီးနောက်ပိုင်းကိုလိုနီနယ်မြေအများအပြားပေါ် ပေါက်လာ ခဲ့သည် ။ အေဒီ ၁၉၀၁ - ခုနှစ်တွင် ထိုကိုလိုနီနယ်မြေများကို ပူးပေါင်းပြီး နောက်သြစတြေးလျ သည်လွတ်လပ်သည့်နိင်ငံဖြစ်လာခဲ့သည် ။ ယနေ့ အချိန်တွင်သြစတြေးလျ လူမျိုးအများစု၏ ဘိုးဘေးဘီဘင် များမှာဗြိတိသျှလူမျိုးများဖြစ်သည် ။ သြစတြေးလျနိင်ငံသည် ဗြိတိသျှနှင့်နီးကပ်သည့် ဆက်ဆံမှုရှိ သည့်နိင်ငံဖြစ်ကာ နိင်ငံ၏ Official name မှာ Commonwealth of Australia ဖြစ်သည် ။ Credit: (အကယ်ဒမီ) YOBBO Knowledge



အန္တာတိကတိုက် _________________




အန္တာတိကတိုက်၏တောင်ဝင်ရိုးစွန်းဒေသသည် ကမ္ဘာပေါ်တွင်အအေးဆုံး၊ရေအခဲဆုံး၊လေအပြင်းဆုံး ဒေသဖြစ်သည် ။ အအေးဆုံးမှာ သြဂုတ်လဖြစ်ပြီး လေထုအပူချိန် (–၈၈° C ) ထိရှိကာ နွေရာသီတွင် (- ၃၀°C ) ရှိသည် ။ ကြီးမားသည့်ရေခဲတုံးများသည်လွန်ခဲ့သည့်နှစ်သန်း ပေါင်းများစွာကတည်းကတည်ရှိပြီးကမ္ဘာ့ရေခဲထု၏ ၉၀ % သည်ဤ ဒေသတွင်တည်ရှိသည် ။ အားလုံးသောသမုဒ္ဒရာရေစီးကြောင်းများသည် အန္တာတိကတိုက်ကိုနာရီလက်တံအတိုင်းလှည့်ပြီး အတ္တလန်တိတ် ၊ ပစ္စိဖိတ် နှင့်အိန္ဒိယသမုဒ္ဒရာများကို နာရီလက်တံပြောင်းပြန်လှည့်သည် ။ ကမ္ဘာကြီးပူနွေးလာမှုကြောင့်ဒီဒေသမှရေခဲတုံးများ အရေပျော်ခဲ့လျှင်ကမ္ဘာကြီး၏ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ဒေသတော်တော်များများသည် လဲရေအောက်သို့ ရောက်သွားပေလိမ့်မည် ။ ၁၉- ရာစုအချိန်ထိ ဒီဒေသသည် နှင်းမုန်တိုင်း ၊ အလွန်အေးခဲတဲ့ရေခဲတုံးတွေကြောင့်လူသူမရောက် သည့်နေရာဖြစ်သည် ။ ၁၉၁၁ တွင် တောင်ဝင်ရိုးစွမ်းသို့ လူသားများစတင် ရောက်ရှိခဲ့ကြသည် ။ နောက်ပိုင်း အာဂျင်တီးနား ၊ သြစတြေလျှ ၊ အင်္ဂလန်၊ ချီလီ ၊ ပြင်သစ် ၊ နယူးဇီလန် ၊ နော်ဝေ စတဲ့နိင်ငံများမှ နယ်မြေချဲ့ ထွင်ရယူရန်ကြိုးစားခဲ့ကြသည် ။ သို့ သော်လဲအမေရိကန် ၊ရုရှား အပါအ၀င်တခြားနိုင်ငံ များမှအသိအမှတ်မပြုပေ။ ၁၉၅၉ ခု ဒီဇင်ဘာ ၁ ရက် တွင် Antarctic Treaty စာချုပ်ချုပ်ဆို၍ဤ ဒေသတွင် ငြိမ်းချမ်းတဲ့သိပွံပညာ လေ့လာမှုများသာပြုလုပ်ရန် အပြည်ပြည်ဆိုင်ရာ သဘောတူညီခဲ့ကြသည် ။ Credit:အကယ်ဒမီ YOBBO Knowledge





Comments

Popular posts from this blog

စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့များ

အမ်း - ပဒါန်းလမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ