Please don't meddle in the fighting of Burma Militant Army(Tapmadaw) and Arakan Army. India Army . .! Go back to your territory. India Army . .! Don't help Burma Militant Army (Tapmadaw).because of to attack human right crimse against for ethnic people including Arakanese people. Arakan Army is the heart of Arakanese people. The whole Arakanese people advocate Arakan Army.Arakan Army is not the Rabel Army that Burma Government declared. Arakan Army is an Army that helps the people coming from any religions and any other nationals without being biased. Arakan Army is a professional army that is fighting against Burma Militant Army( Tapmadaw) until not only Arakanese but also all of the oppressed are to have freedom. Ongoing battles between Arakan Army and Burma Militant Army(Tapmadaw) is an internal affair, not India's.Therefore , India President. .! Please withdraw India Army from the boder of Arakan. Please don't accept the offer of Myanmar Militant Army(Tapmadaw). Although Arakan Army base in the boder of Arakan and India, Arakan Army will not encroach on India and the authority of India. Arakan Army is fighting for freedom of people who are oppressed. Therefore , the whole Arakanese people condemn India Army for supporting Myanmar Militant Army(Tapmadaw).
ဆယ့်ရှစ်ရာစုဦးဆုံးပိုင်းတွင် အာရှတိုက်၏
ঐতিহাসি ম্রো-হং (মাউক-উ) নগরী। বার্মিজ ও বাংলায় (Burmise & Bengali) ဆယ့်ရှစ်ရာစုဦးဆုံးပိုင်းတွင် အာရှတိုက်၏
အချမ်းသာဆုံး မြို့များစာရင်းတွင် ထိပ်တန်းမှပါဝင်ခဲ့သော ဆိပ်ကမ်းမြို့ (သို့မဟုတ်) မန်မာ့ရှေးဟောင်းမြို့တော် မြောက်ဦး မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့တော် များကို လေ့လာမည်ဆိုပါလျှင် မြန်မာပြည် အနောက်ဘက်ခြမ်း တွင် သမိုင်းအမွေအနှစ် အများဆုံးတည်ရှိ ရာ ရှေးရခိုင်ဘုရင်များ နန်းတည်နေထိုင်ခဲ့ သည့် မြောက်ဦးမြို့သည် မဖြစ်မနေ သွား ရောက် လေ့လာလည်ပတ်ရမည့် ရှေးမြို့ တော်ဟောင်းတစ်ခုပင် ဖြစ်သည်။ မြောက်ဦးမြို့သည် မြောက်ဦး မင်းဆက်ကို စတင်ခဲ့သော မင်းစောမွန်က စတင် တည်ထောင်ခဲ့သည်ဟု ဆိုသည်။ ကု လားတန်မြစ်နှင့် လေးမြို့မြစ်ကြား၊ တောင် ကြော၊ တောင်စွယ်များကို နောက်ခံထား လျက် မဟာဗျူဟာကျကျ တည်ထား၏။ ၁၈ ရာစုတွင် ဘင်္ဂလားပင်လယ်အော်၏ အ ရေးအပါဆုံး ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့သည်။ ပေါ်တူဂီ၊ နယ်သာလန်၊ အင်းဝ၊ ပဲခူး၊ အာ ရေဗီးယား၊ ပါရှား၊ အိန္ဒိယတို့နှင့် ဆန်စပါး၊ ချည်မျှင်၊ ပတ္တမြား၊ ဆင်၊ ကျေးကျွန်၊ မြင်း၊ ဆင်စွယ်နှင့် ဟင်းခတ်အမွှေးအကြိုင်များ ကုန်သွယ်ခဲ့ပြီး အာရှ၌ အချမ်းသာဆုံး မြို့ များစာရင်းတွင် ထိပ်တန်းမှ ရှိခဲ့သည်ဟု အင်္ဂလိပ်၊ အီတလီ၊ ပေါ်တူဂီနိုင်ငံသားတို့၏ မှတ်တမ်းများအရ သိရ၏။ မြောက်ဦးခေတ် ခေတ်ကောင်း ချိန်တွင် ယခုလက်ရှိ ရခိုင်ပြည်နယ်၊ မြန်မာ ပြည်အောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထက်ဝက်ကျော်ခန့်အထိ အာဏာစက် သက် ရောက်ခဲ့သည်ဟုလည်း သမိုင်းလေ့လာသူ များက ဆိုသည်။ ရခိုင်ပြည်နယ်တစ်ဝန်း ခေတ် အဆက်ဆက်၊ မင်းအဆက်ဆက် ဘုရားစေ တီများ တည်ထားကိုးကွယ်ခဲ့ကြရာ ''သဇင် ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း''ဟု ဆိုရိုးရှိခဲ့ပြီး မြောက်ဦးမြို့တွင် လက်ညှိုးညွှန် မလွဲ စေတီပုထိုးနှင့် သမိုင်းအမွေအနှစ်များ ကျန်ရစ်သည်။ ယနေ့တိုင် ထင်ရှားလျက် ရှိသော အမွေအနှစ်များမှာ သျှစ်သောင်း ပုထိုးတော်ကြီး၊ ထုက္ကံသိမ် ပုထိုးတော်ကြီး၊ ကိုးသောင်း ပုထိုးတော်ကြီး၊ အံတော်သိမ်၊ လေးမျက်နှာပုထိုးတော်ကြီး၊ မာန်ငါးပါး(မင်္ဂ လာမာန်အောင်၊ ရတနာမာန်အောင်၊ သကျ မာန်အောင်၊ လောကမာန်အောင်၊ ဇိနမာန် အောင်)စေတီများ၊ စန္ဒာ့မုနိရုပ်ပွားတော်၊ ဗန္ဓုလကျောင်းတို့ ဖြစ်ကြသည်။ သျှစ်သောင်းပုထိုးတော်ကြီးကို ရခိုင်ဘုရင် မင်းဗာလက်ထက်တွင် ဘုရား ရုပ်ပွားတော်ပေါင်း ရှစ်သောင်းဖြင့် တည် ထားကိုးကွယ်ခဲ့သည်။ ပေါ်တူဂီရန်ကို အောင် နိုင်သော အထိမ်းအမှတ်ဖြင့် ရန်အောင်ဇေ ယျပုထိုးတော်ကြီးဟုလည်း ခေါ်တွင်ကြောင်း သိရသည်။ ရုပ်ပွားတော်ပေါင်း ရှစ်သောင်း အပြင် ဘုရားရှင်၏ ရှေးဘဝဖြစ်စဉ် ရုပ်ြ

() ()
() () () “” () () (() () () () ) ( ) () () () () () () ( ) () () () - () () (BP-66 , BP-67) () () () , “” () () () () ( () ) () () () () () () ( ) “” () MA-1 () () MA-3 () () MA-1/MA-3 () () MA-1/MA-3 () () BA.U Pistol () () BA.U Pistol () () BA.U Pistol () () Motorola () () HYT () ()
၂၀၁၉ ခုနှစ်၊ မတ်လ(၉) ရက် ၊ဗျုဟာမှူးနေထိုင်သောစခန်းအား အပြီးသတ်တိုက်ခိုက်ချေမှုန်းသောတိုက်ပွဲသတင်း
Update New 11,3,2019 ၂၀၁၉ ခုနှစ်၊ မတ်လ(၉) ရက် ၊ဗျုဟာမှူးနေထိုင်သောစခန်းအား အပြီးသတ်တိုက်ခိုက်ချေမှုန်းသောတိုက်ပွဲသတင်း Original Links (မူရင်းလင့်ခ်) https://bit.ly/2F4sTXy https://bit.ly/2J3cE0Y ၂၀၁၉ ခုနှစ်၊ မတ်လ(၉) ရက်နေ့တွင်၊ ယခင်နေ့ရက်များ၌ တိုက်ပွဲများရက်ဆက်ဖြစ်ပွားနေခဲ့သော ပလက်ဝမြို့နယ်၊ ပီချောင်းဒေသ၊ ပြန်ဆိုရွာ တောင်ဖက် (၅.၅) ကီလိုမီတာတွင် စကခ(၅) လက်အောက်ခံ၊ ဂွအခြေစိုက် ခမရ (၅၆၃) နှင့်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။( ဖမ်းဆီးရမိသောသုံ့ပန်းများပြောပြချက်အရ ယခုနေရာမှာ ဗျူဟာမှူး ယာယီအခြေစိုက်နေသောနေရာဖြစ်ကြောင်းသိရှိခဲ့ရသည်။) မိမိတို့လှုပ်ရှားစစ်ကြောင်းမှ ဆုတ်ခွာထွက်ပြေးနေသောရန်သူအားလိုက်လံတိုက်ခိုက်လျှက်ရှိနေဆဲဖြစ်သည်။ မတ်လ(၉) ရက်နေ့၊နေ့လည် (၁) နာရီခန့်တွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ (၄) နာရီ (၃၀) မိနစ်အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခဲ့သည်။ နေ့လယ် (၂) နာရီအချိန်တွင် ဗမာလက်နက်ကိုင်တပ်သည်, ရဟတ်ယာဉ်(၂) စီးပေါ်မှ စက်သေနတ်၊ ရော့ကတ်လောင်ချာများဖြင့်မိနစ်(၂၅) မိနစ်ခန့်ကြာလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရသည်အထိတိုက်ပွဲပြင်းထန်ခဲ့သည်။ ယခုတိုက်ပွဲတွင်လည်း မတ်လအတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများထဲတွင်အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပြီး ထိခိုက်မှုအနည်းဆုံးဖြင့် ရန်သူ့ဗျူဟာကုန်းအားညနေ(၆) နာရီခန့်တွင် အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။ ၎င်းတိုက်ပွဲအတွင်း ရန်သူ့ထံမှ (၁) ၈၁ မမပြောင်းရှည် (၁) လက် (၂) ၈၁ မမ ဗုံးသီး (၁၄)လုံး (၃) ၆၀ မမ ပြောင်းရှည် ချိန်ခွင်ပါ အစုံ(၂) လက် (၄) ၆၀ မမ ဗုံးသီး (၂၀) လုံး (၅) ၆၀ မမ ပို့ယမ်းထုပ် (၂၃၁) ထုပ် (၆)RPG-7ဗုံးသီး(၂၇) လုံး (၇)RPG-7ပို့ကျည် (၁၃) ခု (၈) BA-100 ဗုံးသီး (၁၆) လုံး (၉) MA-1 (၃) လက် (၁၀) MA-2 (၂) လက် (၁၁) MA-3 (၃) လက် (၁၂) MA-4 (၁) လက် (၁၃) MA Series ကျည်ဘောက် (၁၆)ဘောက် (၁၄)လက်နက်ငယ်ကျည် (၂၂၈၅) တောင့် (၁၅)MG-42 ကျည်(၂၂၃) တောင့် (၁၆) ၉ မမ ကျည် (၁၈)တောင့် (၁၇) ပစ္စတိုကျည်ဘောက် (၁) ခု (၁၈) ဘောက်ဝိုင်း (၃) ခု (၁၉) မိုင်းငယ် (၉) လုံး (၂၀) EY (၁၂) လုံး (၂၁) ကွန်ထရိုးရမုတ် Remote Control (၃) ခု (၂၂) သံလိုက်အိမ်မြှောင်(၁) ခု (၂၃) မြေပုံကြီး (၁) ချပ် (၂၄) PHANTOM အမျိုးအစား Drone ဒရုန်းအဖြူ(၂) စီး (၂၅) GPS (၂) လုံး (၂၆) မိုင်းရှာစက် (၃)ခု (၂၇) ကွန်ပြူတာ လက်တော့ (၃) လုံး (၂၈) မှန်ပြောင်း (၁) ခု (၂၉) အထိုင်စက်ကြီး (၃) လုံး (၃၀) အထိုင်စက်အသေး (၁) ခု (၃၁) ဆက်သွယ်ရေး နားကြပ် (၁) ခု (၃၂) တိုင်(၃) ချောင်းထောက်စကားပြောစက်(၁) လုံး (၃၃) အထိုင်ဖုန်း (၁) လုံး (၃၄) Motorola စကားပြောစက်(၃) လုံး (၃၅) စကားပြောစက်(RT) စက် (၄) လုံး (၃၆) ဘထ္ထရီအိုးအသေး (၃) လုံး (၃၇) ဗဟိုအင်ဗာတာ (၁) လုံး (၃၈) Backhoe မြေတူးကား (၁၆) စီး (၃၉) Toyota ကား (၁) စီး (၄၀) ကျောက်တင်ကား (၁) စီး (၄၁) စာရွက်စာတမ်း (၁) အိတ် တို့အပြင် သုံ့ပန်း(၁၁) ဦးတို့ကိုလည်းလက်ရဖမ်းဆီးရမိခဲ့သည်။ (သုံ့ပန်းများကိုစစ်ဆေးနေဆဲ) ရန်သူအား ရဲဝံ့ပြောင်မြောက်စွာဖြင့် အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သော ရက္ခိုင့်တပ်မတော်စစ်သည်တော်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်မတော်
၂၀၁၉ ခုနှစ်၊ မတ်လ(၈/၉) ရက် တိုက်ပွဲသတင်းများ

၂၀၁၉ခုနှစ်၊မတ်လ(၈)ရက်နေ့၊နံနက်(၁၀)နာရီ(၄၅)မိနစ်တွင်စစ်ကူပေးရန်တက်လာသောဗမာလက်နက်ကိုင်တပ်၏ စကခ(၅) လက်အောက်ခံ၊ကျောက်ဖြူအခြေစိုက် ခမရ(၅၄၂) တပ်ရင်းနှင့် ရက္ခိုင့်တပ်မတော်လှုပ်ရှားစစ်ကြောင်းတို့သည်ပလက်ဝမြို့နယ်၊“ပီချောင်း”ဒေသ၊ရပ်ချောင်းဝ ကျေးရွာ အနောက်ဖက်၊ (၆) ကီလိုမီတာအကွာတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။ မတ်လ(၇)ရက်နေ့ တိုက်ပွဲအတွင်းရန်သူသည် အထိအခိုက်အကျအဆုံးများခဲ့သလိုမတ်လ(၈) ရက်နေ့ထိတွေ့မှုတွင်လည်းခမရ(၅၄၂)မှ(၃)ဦးထပ်မံကျဆုံးခဲ့ပြီး(မျက်မြင်)ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့သည်။ မိမိတို့တပ်ဖွဲ့ဝင်များသည် ဆုတ်ခွာထွက်ပြေးသွားသောရန်သူ့အားလိုက်လံ ချေမှုန်းလျှက်ရှိသည်။မတ်လ(၈)ရက်တိုက်ပွဲအတွင်းခမရ(၅၄၂)ထံမှအောက်ပါပစ္စည်းများကိုထပ်မံသိမ်း ဆည်းရမိခဲ့သည်။ (၁) MA-1 (၂) လက် (၂) MA ကျည်ဆံ (၂၄၆) တောင့် (၃) မော်တိုရိုလာစကားပြောစက် (၂)လုံး (၄) ကျည်ဘောက် (၉) ဘောက် (၅) ပစ္စတိုကျည် (၈) တောင့် (၆) မိုင်း (၄) လုံး (၇) ဗိုလ်ကြီး (—-) ၏ မှတ်စုစာအုပ်နှစ်အုပ် တို့ဖြစ်ကြသည်။ ၂၀၁၉ခုနှစ်၊မတ်လ(၈)ရက်နေ့တွင်အခြားနေရာများဖြစ်ကြသောမြောက်ဦးမြို့နယ်၊ခြိတ်ချောင်းရွာမြောက်ဖက်ရှိ“ခြိတ်ချောင်း”အတွင်းတွင်လည်းကောင်း၊ပလက်ဝမြို့နယ်၊ပီတောင်နှင့်ခန်ခ တောင်များသို့ဗမာလက်နက်ကိုင်တပ်သည်လက်နက်ကြီးများဖြင့်တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေမှုများကို ဆက်တိုက်ပြုလုပ်နေခဲ့သည်။ ၂၀၁၉ ခုနှစ်၊ မတ်လ(၉)ရက်နေ့တွင်၊ယခင်နေ့ရက်များ၌တိုက်ပွဲများရက်ဆက်ဖြစ်ပွားနေခဲ့သော ပလက်ဝမြို့နယ်၊ပီချောင်းဒေသ၊ပြန်ဆိုရွာတောင်ဖက်(၅.၅)ကီလိုမီတာတွင်စကခ(၅)လက်အောက်ခံ၊ ဂွအခြေစိုက် ခမရ (၅၆၃) နှင့်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။ နေ့လည်(၁)နာရီခန့်တွင်စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးညနေ(၄)နာရီ(၃၀)မိနစ်အထိတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခဲ့သည်။နေ့လည်(၂)နာရီအချိန်တွင်ဗမာလက်နက်ကိုင်တပ်သည်ရဟတ်ယာဉ်(၂)စီးပေါ်မှစက်သေနတ်၊ရော့ကတ်လောင်ချာများဖြင့်မိနစ်(၂၅)မိနစ်ခန့်ကြာလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရသည်အထိတိုက်ပွဲပြင်းထန်ခဲ့သည်။ ယခုတိုက်ပွဲတွင်လည်းမိမိတို့သည်ခမရ(၅၆၃) အား အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ယခုတိုက်ပွဲတွင်လည်းမိမိတို့သည်ခမရ(၅၆၃)ထံမှ- (၁) ကျဆုံးအလောင်းတစ်လောင်း (၂) ၆၀ မမ တစ်လက်၊ ၈၀ မမ တစ်လက် အပါအဝင် လက်နက်ခဲယမ်းမီးကျောက်များ နှင့် စစ်အသုံးအဆောင် ပစ္စည်းများ ( စာရင်းပြုလုပ်နေဆဲ) (၃) Backhoe ဘက်ဟိုး (၁၆) စီး (၄) တိုယိုတာကား (၁) စီး (၅) ကျောက်တင်ကား (၁)စီး တို့ကိုထပ်မံသိမ်းဆည်းရမိခဲ့သည်။ ဗမာလက်နက်ကိုင်တပ်သည်မတ်လတိုက်ပွဲများအတွင်းအထိအခိုက်အကျအဆုံးဆက်လက်များပြားနေသောကြောင့်လက်နက်ကြီးများဖြင့်နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခြင်းများကိုပြုလုပ်လျှက်ရှိသည်။ ရန်သူအားရဲဝံ့ပြောင်မြောက်စွာဖြင့်အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သောရက္ခိုင့်တပ်မတော်စစ်သည်တော်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်မတော် ၂၀၁၉ ခုနှစ်၊ မတ်လ(၉) ရက်

တအာင်းတပ်မတော်နှင့် ထိုးစစ်ဆင်လာသည့် မြန်မာစစ်တပ်တို့ တိုက်ပွဲ ၂ နေရာဖြစ်ပွား
၂၀၁၉ ခုနှစ်၊ မတ်လ ၉ ရက် တအာင်းပြည်နယ်၊ တပ်မဟာ ၂ နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ ယနေ့ နံနက်ပိုင်း ၁၁း၀၀ နာရီမှ ၁၁း၃၀ နာရီအထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ နမ့်တွေ့ကျေးရွာမှ မိုင်းငေါ့မြို့နယ် (ခွဲ) မန်ဟွေကျေးရွာသို့ သွားရောက်စဉ် မြန်မာစစ်တပ် တပ်မ ၁၀၁ နှင့် နှစ်ဖက် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲ ဖြစ်ပွားနေစဉ် မိုင်းငေါ့မြို့ အခြေစိုက် မြန်မာစစ်တပ်မှ ပစ်ကူပေးပြီး နှစ်ဖက် နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ညနေပိုင်း ၁၅း၄၅ နာရီအချိန်တွင်လည်း ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ် (ခွဲ) ရွှေမှော်ကျေးရွာအနီး၌ မြန်မာစစ်တပ် တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၈ မန်ပုံကျေးရွာမှ တအာင်းတပ်မတော် TNLA တည်ရှိရာ လွယ်ကန်တောင်သို့ ထိုးစစ်ဆင် လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့ တွင်လည်း တအာင်းတပ်မတော်ရှိရာ ထိုလွယ်ကန်တောင်သို့ မြန်မာစစ်တပ်မှ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း တအာင်းတပ်မတော် TNLA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲပေါင်း (၇) ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန https://bit.ly/2J1ghEI

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ တိုက်ပွဲအတွင်း ကျေးရွာတစ်ရွာ ပိတ်မိ

Photo – AA
ခင်သရဖီဦး/DMG
မတ်လ၉ရက်၊စစ်တွေ
မြောက်ဦးမြို့နယ် ခြိတ်ချောင်းကျေးရွာနှင့် စာပေါင်ကျေးရွာအနီးတို့တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA) တို့ မတ်လ ၈ ရက်နေ့မှ စတင်ကာ ယနေ့ မတ်လ ၉ ရက်နေ့၊နံနက် ၉ နာရီကျော်အချိန်ထိ တိုက်ပွဲပြင်းထန် နေမှုကြောင့် စာပေါင်ကျေးရွာသားများ ပိတ်မိနေကြကြောင်း ခြိတ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းထွန်းက DMG ကိုပြောသည်။
စာပေါင်ရွာတွင် အိမ်ခြေ ၄၈ ဆောင်ရှိကာ ရွာသားများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် စီစဉ် နေသော်လည်း တိုက်ပွဲပြင်းထန်နေမှုကြောင့် ထွက်ပေါက်မရဘဲ ကျေးရွာထဲတွင် ပိတ်မိနေကြခြင်း ဖြစ်သည်။
“ ဒီနေ့တိုက်ပွဲက မနက် ၅နာရီကျော်ကနေဖြစ်တာ ၉နာရီလောက်ထိ လက်နက်ကြီးသံတွေကြားနေရတယ်။ စာပေါင် အနောက်ဖက်မှာလည်းဖြစ်တယ်။ စာပေါင်က ရွာသားတွေက ခြိတ်ချောင်းရွာကိုလာရမှာကလည်း ခြိတ်ချောင်းနဲ့ စာပေါင်ကြား မှာဖြစ်နေ တာကြောင့် သူ တို့လာလိုမရဘူး။ ထွက်ပေါက်မရလို့ ရွာမှာစုနေကြ တယ်လို့ ကြားတယ်။ သူတို့ ထွက်လာရင် တိုက်ပွဲ နားက ဖြတ်ပြီး လာရမှာ ကြောင့် မထွက်လာ နဲ့လို့ပြော ထားတယ် ”ဟု ၎င်းကပြောသည်။
စာပေါင်ဒေသခံများမှာ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ကျည်ဆန်ထိမှန်မည်ကို ကြောက်လန့်နေကြ သည်။
အဆိုပါ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ခြိတ်ချောင်းကျေးရွာအုပ်စုရှိ ကျေးရွာအချို့မှ ဒေသခံ (၁၃၀၀)ကျော်ခန့်မှာ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ဦးမောင်သိန်းထွန်းက ပြောသည်။
မတ်လ (၈) ရက်နေ့က မြောက်ဦးမြို့နယ် ခြိတ်ချောင်းကျေးရွာ မြောက်ဘက် (၃) ကီလိုမီတာအကွာအဝေးတွင် ညနေ (၇)နာရီ အချိန်ခန့်က စတင်ကာ တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA)တို့အကြား တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့်တပ်မတော်(AA) က သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် မြောက်ဦးမြို့နယ်အတွင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲပြင်း ထန်နေပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံ နေကြရသည်။
Source: Development Media Group (09-Mar-2019)
Subscribe to:
Comments (Atom)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...

-
အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းအတွင်းက ARAS - RSO စသည့် မွတ်ဆလင် အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်းများ...
-
၂ ဒီဇင်ဘာ ၂၀၂၄ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်AA တို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ စတင်တဲ့ အာရက္ခဒေသ တကျော့ပြန်တိုက်ပွဲအတွင်း ပျက်စီးခဲ့ရတဲ...
-
ကရင်နီပြည် ဖားဆောင်းသို့ စစ်ကူလာသောဖက်ဆစ်ခွေးစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြား မီးလောင်သေဆုံး