၂၀၁၉ ခုနှစ်၊ မတ်လ(၈/၉) ရက် တိုက်ပွဲသတင်းများ 

၂၀၁၉ ခုနှစ်၊ မတ်လ(၈/၉) ရက် တိုက်ပွဲသတင်းများ
၂၀၁၉ခုနှစ်၊မတ်လ(၈)ရက်နေ့၊နံနက်(၁၀)နာရီ(၄၅)မိနစ်တွင်စစ်ကူပေးရန်တက်လာသောဗမာလက်နက်ကိုင်တပ်၏ စကခ(၅) လက်အောက်ခံ၊ကျောက်ဖြူအခြေစိုက် ခမရ(၅၄၂) တပ်ရင်းနှင့် ရက္ခိုင့်တပ်မတော်လှုပ်ရှားစစ်ကြောင်းတို့သည်ပလက်ဝမြို့နယ်၊“ပီချောင်း”ဒေသ၊ရပ်ချောင်းဝ ကျေးရွာ အနောက်ဖက်၊ (၆) ကီလိုမီတာအကွာတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။ မတ်လ(၇)ရက်နေ့ တိုက်ပွဲအတွင်းရန်သူသည် အထိအခိုက်အကျအဆုံးများခဲ့သလိုမတ်လ(၈) ရက်နေ့ထိတွေ့မှုတွင်လည်းခမရ(၅၄၂)မှ(၃)ဦးထပ်မံကျဆုံးခဲ့ပြီး(မျက်မြင်)ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့သည်။ မိမိတို့တပ်ဖွဲ့ဝင်များသည် ဆုတ်ခွာထွက်ပြေးသွားသောရန်သူ့အားလိုက်လံ ချေမှုန်းလျှက်ရှိသည်။မတ်လ(၈)ရက်တိုက်ပွဲအတွင်းခမရ(၅၄၂)ထံမှအောက်ပါပစ္စည်းများကိုထပ်မံသိမ်း ဆည်းရမိခဲ့သည်။ (၁) MA-1 (၂) လက် (၂) MA ကျည်ဆံ (၂၄၆) တောင့် (၃) မော်တိုရိုလာစကားပြောစက် (၂)လုံး (၄) ကျည်ဘောက် (၉) ဘောက် (၅) ပစ္စတိုကျည် (၈) တောင့် (၆) မိုင်း (၄) လုံး (၇) ဗိုလ်ကြီး (—-) ၏ မှတ်စုစာအုပ်နှစ်အုပ် တို့ဖြစ်ကြသည်။ ၂၀၁၉ခုနှစ်၊မတ်လ(၈)ရက်နေ့တွင်အခြားနေရာများဖြစ်ကြသောမြောက်ဦးမြို့နယ်၊ခြိတ်ချောင်းရွာမြောက်ဖက်ရှိ“ခြိတ်ချောင်း”အတွင်းတွင်လည်းကောင်း၊ပလက်ဝမြို့နယ်၊ပီတောင်နှင့်ခန်ခ တောင်များသို့ဗမာလက်နက်ကိုင်တပ်သည်လက်နက်ကြီးများဖြင့်တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေမှုများကို ဆက်တိုက်ပြုလုပ်နေခဲ့သည်။ ၂၀၁၉ ခုနှစ်၊ မတ်လ(၉)ရက်နေ့တွင်၊ယခင်နေ့ရက်များ၌တိုက်ပွဲများရက်ဆက်ဖြစ်ပွားနေခဲ့သော ပလက်ဝမြို့နယ်၊ပီချောင်းဒေသ၊ပြန်ဆိုရွာတောင်ဖက်(၅.၅)ကီလိုမီတာတွင်စကခ(၅)လက်အောက်ခံ၊ ဂွအခြေစိုက် ခမရ (၅၆၃) နှင့်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။ နေ့လည်(၁)နာရီခန့်တွင်စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးညနေ(၄)နာရီ(၃၀)မိနစ်အထိတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခဲ့သည်။နေ့လည်(၂)နာရီအချိန်တွင်ဗမာလက်နက်ကိုင်တပ်သည်ရဟတ်ယာဉ်(၂)စီးပေါ်မှစက်သေနတ်၊ရော့ကတ်လောင်ချာများဖြင့်မိနစ်(၂၅)မိနစ်ခန့်ကြာလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရသည်အထိတိုက်ပွဲပြင်းထန်ခဲ့သည်။ ယခုတိုက်ပွဲတွင်လည်းမိမိတို့သည်ခမရ(၅၆၃) အား အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ယခုတိုက်ပွဲတွင်လည်းမိမိတို့သည်ခမရ(၅၆၃)ထံမှ- (၁) ကျဆုံးအလောင်းတစ်လောင်း (၂) ၆၀ မမ တစ်လက်၊ ၈၀ မမ တစ်လက် အပါအဝင် လက်နက်ခဲယမ်းမီးကျောက်များ နှင့် စစ်အသုံးအဆောင် ပစ္စည်းများ ( စာရင်းပြုလုပ်နေဆဲ) (၃) Backhoe ဘက်ဟိုး (၁၆) စီး (၄) တိုယိုတာကား (၁) စီး (၅) ကျောက်တင်ကား (၁)စီး တို့ကိုထပ်မံသိမ်းဆည်းရမိခဲ့သည်။ ဗမာလက်နက်ကိုင်တပ်သည်မတ်လတိုက်ပွဲများအတွင်းအထိအခိုက်အကျအဆုံးဆက်လက်များပြားနေသောကြောင့်လက်နက်ကြီးများဖြင့်နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခြင်းများကိုပြုလုပ်လျှက်ရှိသည်။ ရန်သူအားရဲဝံ့ပြောင်မြောက်စွာဖြင့်အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သောရက္ခိုင့်တပ်မတော်စစ်သည်တော်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်မတော် ၂၀၁၉ ခုနှစ်၊ မတ်လ(၉) ရက်

Comments

Popular posts from this blog

အကြမ်းဖက်ဝါဒ ကြီးစိုးလာနေသည့် ဘဂ်လားဒေ့ရှ်

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်AA တို့နှစ်ဖက်တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ မင်းပြားမြို့နယ်က နေအိမ်များကို ULA / AA မှ ဆောက်လုပ်ပေး