တအာင်းတပ်မတော်နှင့် ထိုးစစ်ဆင်လာသည့် မြန်မာစစ်တပ်တို့ တိုက်ပွဲ ၂ နေရာဖြစ်ပွား
၂၀၁၉ ခုနှစ်၊ မတ်လ ၉ ရက် တအာင်းပြည်နယ်၊ တပ်မဟာ ၂ နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ ယနေ့ နံနက်ပိုင်း ၁၁း၀၀ နာရီမှ ၁၁း၃၀ နာရီအထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ နမ့်တွေ့ကျေးရွာမှ မိုင်းငေါ့မြို့နယ် (ခွဲ) မန်ဟွေကျေးရွာသို့ သွားရောက်စဉ် မြန်မာစစ်တပ် တပ်မ ၁၀၁ နှင့် နှစ်ဖက် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲ ဖြစ်ပွားနေစဉ် မိုင်းငေါ့မြို့ အခြေစိုက် မြန်မာစစ်တပ်မှ ပစ်ကူပေးပြီး နှစ်ဖက် နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ညနေပိုင်း ၁၅း၄၅ နာရီအချိန်တွင်လည်း ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ် (ခွဲ) ရွှေမှော်ကျေးရွာအနီး၌ မြန်မာစစ်တပ် တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၈ မန်ပုံကျေးရွာမှ တအာင်းတပ်မတော် TNLA တည်ရှိရာ လွယ်ကန်တောင်သို့ ထိုးစစ်ဆင် လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့ တွင်လည်း တအာင်းတပ်မတော်ရှိရာ ထိုလွယ်ကန်တောင်သို့ မြန်မာစစ်တပ်မှ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း တအာင်းတပ်မတော် TNLA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲပေါင်း (၇) ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန https://bit.ly/2J1ghEI
Subscribe to:
Post Comments (Atom)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
၂ ဒီဇင်ဘာ ၂၀၂၄ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်AA တို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ စတင်တဲ့ အာရက္ခဒေသ တကျော့ပြန်တိုက်ပွဲအတွင်း ပျက်စီးခဲ့ရတဲ...




No comments:
Post a Comment