တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ တိုက်ပွဲအတွင်း ကျေးရွာတစ်ရွာ ပိတ်မိ
Photo – AA
ခင်သရဖီဦး/DMG
မတ်လ၉ရက်၊စစ်တွေ
မြောက်ဦးမြို့နယ် ခြိတ်ချောင်းကျေးရွာနှင့် စာပေါင်ကျေးရွာအနီးတို့တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA) တို့ မတ်လ ၈ ရက်နေ့မှ စတင်ကာ ယနေ့ မတ်လ ၉ ရက်နေ့၊နံနက် ၉ နာရီကျော်အချိန်ထိ တိုက်ပွဲပြင်းထန် နေမှုကြောင့် စာပေါင်ကျေးရွာသားများ ပိတ်မိနေကြကြောင်း ခြိတ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းထွန်းက DMG ကိုပြောသည်။
စာပေါင်ရွာတွင် အိမ်ခြေ ၄၈ ဆောင်ရှိကာ ရွာသားများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် စီစဉ် နေသော်လည်း တိုက်ပွဲပြင်းထန်နေမှုကြောင့် ထွက်ပေါက်မရဘဲ ကျေးရွာထဲတွင် ပိတ်မိနေကြခြင်း ဖြစ်သည်။
“ ဒီနေ့တိုက်ပွဲက မနက် ၅နာရီကျော်ကနေဖြစ်တာ ၉နာရီလောက်ထိ လက်နက်ကြီးသံတွေကြားနေရတယ်။ စာပေါင် အနောက်ဖက်မှာလည်းဖြစ်တယ်။ စာပေါင်က ရွာသားတွေက ခြိတ်ချောင်းရွာကိုလာရမှာကလည်း ခြိတ်ချောင်းနဲ့ စာပေါင်ကြား မှာဖြစ်နေ တာကြောင့် သူ တို့လာလိုမရဘူး။ ထွက်ပေါက်မရလို့ ရွာမှာစုနေကြ တယ်လို့ ကြားတယ်။ သူတို့ ထွက်လာရင် တိုက်ပွဲ နားက ဖြတ်ပြီး လာရမှာ ကြောင့် မထွက်လာ နဲ့လို့ပြော ထားတယ် ”ဟု ၎င်းကပြောသည်။
စာပေါင်ဒေသခံများမှာ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ကျည်ဆန်ထိမှန်မည်ကို ကြောက်လန့်နေကြ သည်။
အဆိုပါ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ခြိတ်ချောင်းကျေးရွာအုပ်စုရှိ ကျေးရွာအချို့မှ ဒေသခံ (၁၃၀၀)ကျော်ခန့်မှာ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ဦးမောင်သိန်းထွန်းက ပြောသည်။
မတ်လ (၈) ရက်နေ့က မြောက်ဦးမြို့နယ် ခြိတ်ချောင်းကျေးရွာ မြောက်ဘက် (၃) ကီလိုမီတာအကွာအဝေးတွင် ညနေ (၇)နာရီ အချိန်ခန့်က စတင်ကာ တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA)တို့အကြား တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့်တပ်မတော်(AA) က သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် မြောက်ဦးမြို့နယ်အတွင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲပြင်း ထန်နေပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံ နေကြရသည်။
Source: Development Media Group (09-Mar-2019)
Subscribe to:
Post Comments (Atom)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
၂ ဒီဇင်ဘာ ၂၀၂၄ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်AA တို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ စတင်တဲ့ အာရက္ခဒေသ တကျော့ပြန်တိုက်ပွဲအတွင်း ပျက်စီးခဲ့ရတဲ...

No comments:
Post a Comment