ရခိုင္တြင္ ဆရာေတာ္တစ္ပါး ႐ိုက္
ႏွက္ခံရ၍ ေဆးကုသမႈခံယူေနရ
သတင္းအဖြဲ႕ | DMG
ဧၿပီ ၁၈ ၊ ပုဏၰားကၽြန္း
ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွ ေျမာက္ဦးၿမိဳ႕သို႔ၾကြေရာက္သည့္ ဆရာေတာ္တစ္ပါးအား စစ္ေတြၿမိဳ႕နယ္ ပါဒလိတ္ အေျခစိုက္တပ္စခန္းမွ ေခၚယူ႐ိုက္ႏွက္ခဲ့သျဖင့္ ေဆးကုသမႈခံယူေနရေၾကာင္း သတင္းရ႐ွိသည္။
ဧၿပီလ ၁၇ ရက္ေန႔ နံနက္ ၉ နာရီအခ်ိန္ခန္႔က စစ္ေတြမွ ေျမာက္ဦးသို႔ေျပးဆြဲေနသည့္ ဟိုက္ဂ်စ္ကားအမ်ိဳး အစားျဖင့္ ဆရာေတာ္၊ ကားဆရာႏွင့္ ခရီးသည္ စုစုေပါင္း ၇ ဦးတို႔ စစ္ေတြမွ ေျမာက္ဦးသို႔ ထြက္ခြာလာရာတြင္ ယင္းသို႔စစ္ေဆးခံရၿပီး ႐ိုက္ႏွက္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ဒဏ္ရာမ်ားျဖင့္ ေဆးကုသမႈခံယူေနရသည့္ ဆရာေတာ္က မိန္႔သည္။
ထုိသုိ႔႐ိုက္ႏွက္ခံခဲ့ရသည့္ ဆရာေတာ္မွာ ေျမာက္ဦးၿမိဳ႕ လက္ဆည္ကန္အနီး မဂၤလာရာမေက်ာင္းတိုက္မွ အ႐ွင္ေတဇဝံသျဖစ္ၿပီး သက္ေတာ္ ၈၁ ႏွစ္၊ ဝါေတာ္ ၁၁ ဝါျဖစ္ေၾကာင္း သိရသည္။
“စစ္ေတြၿမိဳ႕က ေျမာက္ဦးၿမိဳ႕ကိုအျပန္ ေက်ာက္တန္းဂိတ္မွာတခါ စစ္တယ္။ ေနာက္ၿပီး ပါဒလိပ္စစ္တပ္စခန္းဂိတ္ တစ္ခုအေရာက္မွာ ကားကိုစစ္တပ္ဝင္းထဲဝင္ခိုင္းၿပီး ဆင္းခိုင္းတယ္။ ဘယ္ကလဲ ဘယ္ကိုသြားမွာလဲေမးၿပီး ဆရာေတာ္ဖုန္းဆက္မလို႔လုပ္ေတာ့ ဖုန္းကိုယူၿပီး႐ုိက္ခြဲလိုက္တယ္”ဟု ဆရာေတာ္အ႐ွင္ေတဇဝံသက DMG ကို မိန္႔ၾကားသည္။
“ဒီဘုန္းႀကီးေတြ ႐ႈပ္တယ္ဆိုၿပီး ေသနတ္ဒင္နဲ႔ ေျခေထာက္ေတြ၊ ပါးေတြကို သုံးခ်က္ေလးခ်က္ေလာက္ ႐ုိက္တယ္။ အဲဒီေတာ့ သတိလစ္သြားတယ္။ သတိျပန္ရလာေတာ့ ကိုယ္ေပၚမွာ သကၤန္းေတြ မ႐ွိေတာ့ဘူး။ သုံးပြင့္နဲ႔ စစ္သားတစ္ေယာက္က အရပ္သားအဝတ္တစုံဝတ္ခိုင္းၿပီး ျပန္ေတာ့လို႔ေျပာတယ္”ဟု ဆရာေတာ္ ဆက္၍ မိန္႔သည္။
ထုိ႔ျပင္ ဆရာေတာ္ထံပါလာသည့္ ေငြက်ပ္ ၂ သိန္းေက်ာ္အားလည္း ယူေဆာင္ထားလိုက္ေၾကာင္းႏွင့္ ဆရာေတာ္ျပန္လာခ်ိန္တြင္ အတူလာသည့္ ကားႏွင့္ ကားဆရာ၊ ခရီးသည္မ်ားကိုလည္း မေတြ႕႐ွိခဲ့ေတာ့ ေၾကာင္း ဆရာေတာ္ထံမွ သိရသည္။
ဆရာေတာ္မွာ ႐ိုက္ႏွက္ခံခဲ့ရသည့္ ဒဏ္ရာမ်ားျဖင့္ နံနက္ ၁၁ နာရီခြဲအခ်ိန္ခန္႔တြင္ ပုဏၰားကၽြန္းၿမိဳ႕နယ္မွ ျမတ္လွဲေက်း႐ြာသို႔ သြားေရာက္ကာ အသိဆရာေတာ္တစ္ပါးထံ ညအိပ္နားခိုခဲ့ေၾကာင္းလည္း သိရသည္။
“စစ္ေတြၿမိဳ႕နယ္ ပါဒလိတ္္အေျခစိုက္ စစ္တပ္ဂိတ္တခုက ႐ုိက္လႊတ္ၿပီး သကၤန္းေတြကိုလည္း မီး႐ွိဳ႕လိုက္ၿပီ။ အခုလာတာက ပါဒလိပ္ေက်း႐ြာဆိုင္တစ္ဆိုင္က လိုင္းကားနဲ႔ထည့္ေပးလိုက္လို႔ ျမတ္လွဲကိုေရာက္လာတာ”ဟု ျမတ္လွဲေက်း႐ြာမွ ေက်ာင္းတကာ ဦးလွေအာင္က ေျပာသည္။
လက္႐ွိ ဆရာေတာ္အ႐ွင္ေတဇဝံသမွာ မ်က္ႏွာႏွင့္ ဦးေခါင္းဒဏ္ရာမ်ားျဖင့္ ပုဏၰားကၽြန္းၿမိဳ႕နယ္ေဆး႐ံုတြင္ အေရးေပၚလူနာအျဖစ္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။
ယခုျဖစ္စဥ္ႏွင့္ပတ္သက္၍ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔က ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းႏွင့္ အေနာက္ ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးတို႔ကို ဆက္သြယ္ရန္ႀကိဳးပမ္းခဲ့ေသာ္လည္း ဖုန္းလက္ခံ ေျဖၾကားျခင္း မ႐ွိသျဖင့္ တပ္မေတာ္၏ တုန္႔ျပန္ခ်က္ကို မရ႐ွိခဲ့ေပ။
လက္႐ွိမွာ ဆရာေတာ္ႏွင့္အတူ သြားေရာက္သည့္ ကားဆရာႏွင့္ ခရီးသည္ စုစုေပါင္း ၆ ဦးခန္႔မွာ မည္သူမည္ဝါ ျဖစ္သည္ကို အတည္ျပဳႏိုင္ျခင္းမ႐ွိေသးဘဲ ၎တို႔ မည္ကဲ့သို႔ျဖစ္သြားသည္ကိုလည္း မသိ႐ိွရေသးေပ။
ပုဏၰားကၽြန္းၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က “မေန႔က နံနက္ ၉ နာရီ ေလာက္မွာျဖစ္တာ။ ပါဒလိတ္ဂိတ္က စစ္တယ္လို႔ၾကားတယ္။ ဆရာေတာ္က နည္းနည္းဒဏ္ရာရသြားတယ္။ အခုပုဏၰားကၽြန္းေဆး႐ံုမွာ တက္ေရာက္ကုသေနတယ္။ ကားဆရာနဲ႔ ခရီးသည္ေတြကေတာ့ ေပ်ာက္ေနတယ္” ဟု ေျပာသည္။
{Unicode}
ရခိုင်တွင် ဆရာတော်တစ်ပါး ရိုက်နှက်ခံရ၍ ဆေးကုသမှုခံယူနေရ
သတင်းအဖွဲ့ | DMG
ဧပြီ ၁၈ ၊ ပုဏ္ဏားကျွန်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မြောက်ဦးမြို့သို့ကြွရောက်သည့် ဆရာတော်တစ်ပါးအား စစ်တွေမြို့နယ် ပါဒလိတ် အခြေစိုက်တပ်စခန်းမှ ခေါ်ယူရိုက်နှက်ခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။
ဧပြီလ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က စစ်တွေမှ မြောက်ဦးသို့ပြေးဆွဲနေသည့် ဟိုက်ဂျစ်ကားအမျိုး အစားဖြင့် ဆရာတော်၊ ကားဆရာနှင့် ခရီးသည် စုစုပေါင်း ၇ ဦးတို့ စစ်တွေမှ မြောက်ဦးသို့ ထွက်ခွာလာရာတွင် ယင်းသို့စစ်ဆေးခံရပြီး ရိုက်နှက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေရသည့် ဆရာတော်က မိန့်သည်။
ထိုသို့ရိုက်နှက်ခံခဲ့ရသည့် ဆရာတော်မှာ မြောက်ဦးမြို့ လက်ဆည်ကန်အနီး မင်္ဂလာရာမကျောင်းတိုက်မှ အရှင်တေဇဝံသဖြစ်ပြီး သက်တော် ၈၁ နှစ်၊ ဝါတော် ၁၁ ဝါဖြစ်ကြောင်း သိရသည်။
“စစ်တွေမြို့က မြောက်ဦးမြို့ကိုအပြန် ကျောက်တန်းဂိတ်မှာတခါ စစ်တယ်။ နောက်ပြီး ပါဒလိပ်စစ်တပ်စခန်းဂိတ် တစ်ခုအရောက်မှာ ကားကိုစစ်တပ်ဝင်းထဲဝင်ခိုင်းပြီး ဆင်းခိုင်းတယ်။ ဘယ်ကလဲ ဘယ်ကိုသွားမှာလဲမေးပြီး ဆရာတော်ဖုန်းဆက်မလို့လုပ်တော့ ဖုန်းကိုယူပြီးရိုက်ခွဲလိုက်တယ်”ဟု ဆရာတော်အရှင်တေဇဝံသက DMG ကို မိန့်ကြားသည်။
“ဒီဘုန်းကြီးတွေ ရှုပ်တယ်ဆိုပြီး သေနတ်ဒင်နဲ့ ခြေထောက်တွေ၊ ပါးတွေကို သုံးချက်လေးချက်လောက် ရိုက်တယ်။ အဲဒီတော့ သတိလစ်သွားတယ်။ သတိပြန်ရလာတော့ ကိုယ်ပေါ်မှာ သင်္ကန်းတွေ မရှိတော့ဘူး။ သုံးပွင့်နဲ့ စစ်သားတစ်ယောက်က အရပ်သားအဝတ်တစုံဝတ်ခိုင်းပြီး ပြန်တော့လို့ပြောတယ်”ဟု ဆရာတော် ဆက်၍ မိန့်သည်။
ထို့ပြင် ဆရာတော်ထံပါလာသည့် ငွေကျပ် ၂ သိန်းကျော်အားလည်း ယူဆောင်ထားလိုက်ကြောင်းနှင့် ဆရာတော်ပြန်လာချိန်တွင် အတူလာသည့် ကားနှင့် ကားဆရာ၊ ခရီးသည်များကိုလည်း မတွေ့ရှိခဲ့တော့ ကြောင်း ဆရာတော်ထံမှ သိရသည်။
ဆရာတော်မှာ ရိုက်နှက်ခံခဲ့ရသည့် ဒဏ်ရာများဖြင့် နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်မှ မြတ်လှဲကျေးရွာသို့ သွားရောက်ကာ အသိဆရာတော်တစ်ပါးထံ ညအိပ်နားခိုခဲ့ကြောင်းလည်း သိရသည်။
“စစ်တွေမြို့နယ် ပါဒလိတ််အခြေစိုက် စစ်တပ်ဂိတ်တခုက ရိုက်လွှတ်ပြီး သင်္ကန်းတွေကိုလည်း မီးရှို့လိုက်ပြီ။ အခုလာတာက ပါဒလိပ်ကျေးရွာဆိုင်တစ်ဆိုင်က လိုင်းကားနဲ့ထည့်ပေးလိုက်လို့ မြတ်လှဲကိုရောက်လာတာ”ဟု မြတ်လှဲကျေးရွာမှ ကျောင်းတကာ ဦးလှအောင်က ပြောသည်။
လက်ရှိ ဆရာတော်အရှင်တေဇဝံသမှာ မျက်နှာနှင့် ဦးခေါင်းဒဏ်ရာများဖြင့် ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသဖြင့် တပ်မတော်၏ တုန့်ပြန်ချက်ကို မရရှိခဲ့ပေ။
လက်ရှိမှာ ဆရာတော်နှင့်အတူ သွားရောက်သည့် ကားဆရာနှင့် ခရီးသည် စုစုပေါင်း ၆ ဦးခန့်မှာ မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ၎င်းတို့ မည်ကဲ့သို့ဖြစ်သွားသည်ကိုလည်း မသိရှိရသေးပေ။
ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “မနေ့က နံနက် ၉ နာရီ လောက်မှာဖြစ်တာ။ ပါဒလိတ်ဂိတ်က စစ်တယ်လို့ကြားတယ်။ ဆရာတော်က နည်းနည်းဒဏ်ရာရသွားတယ်။ အခုပုဏ္ဏားကျွန်းဆေးရုံမှာ တက်ရောက်ကုသနေတယ်။ ကားဆရာနဲ့ ခရီးသည်တွေကတော့ ပျောက်နေတယ်” ဟု ပြောသည်။
Website link >>> https://bit.ly/2KcIvtJ
() | DMG
အမ္းၿမိဳ႕နယ္မွ လက္နက္ႀကီးက်ည္ထိလူနာမ်ား စစ္ေဆးေရးဂိတ္မွ တားဆီးသျဖင့္ ေဆးကုသခြင့္မရပဲ ျပန္လွည့္လာရ
အမ္းၿမိဳ႕နယ္မွ လက္နက္ႀကီးက်ည္ထိလူနာမ်ား စစ္ေဆးေရးဂိတ္မွ တားဆီးသျဖင့္ ေဆးကုသခြင့္မရပဲ ျပန္လွည့္လာရ
မ်ိဳးသီရိေက်ာ္ | DMG
ဧၿပီ ၁၃ ၊ အမ္း
ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္၊ ဒါးလက္အုပ္စု၊ အလယ္ကၽြန္းေက်း႐ြာတြင္ ယမန္ေန႔ ဧၿပီလ ၁၂ ရက္ ည ၈ နာရီ အခ်ိန္ခန္႔က လက္နက္ႀကီးက်ေရာက္ေပါက္ကြဲသျဖင့္ အရပ္သား ၁ ဦးေသဆံုးကာ ၃ ဦး ဒဏ္ရာရ႐ွိသြား ခဲ့ေၾကာင္း သိရသည္။
လက္နက္ႀကီးက်ေရာက္မႈေၾကာင့္ ေနအိမ္တြင္႐ွိေနသည့္ ေမာင္စိုးစိုး(ခ) စိုးငယ္ ၁၈ ႏွစ္မွာ ေပါက္ကြဲမႈ ျဖစ္ပြားသည့္ေနရာတြင္ ေသဆံုးသြားခဲ့သည္။
ထို႔ျပင္ ေနအိမ္အနီး ဗံုးခိုက်င္းတြင္ပုန္းခိုေနသည့္ ဦးသန္းေအာင္ ၅၂ ႏွစ္မွာ လည္ပင္း၌ျပင္းထန္ဒဏ္ရာရ႐ွိသြား ခဲ့ကာ ေဒၚတင္မာဝင္း ၄၀ ႏွစ္ႏွင့္ ေမာင္ျမင့္ျမတ္ ၁၁ ႏွစ္တို႔မွာလည္း ဒဏ္ရာရ႐ွိသြားခဲ့ေၾကာင္း သိရသည္။
ယင္းသို႔ ဒဏ္ရာရလူနာမ်ားကို အလယ္ကၽြန္းေက်း႐ြာမွ ၿဂိတ္ေခ်ာင္းေက်း႐ြာသို႔စက္ေလွျဖင့္ယူေဆာင္လာၿပီး အမ္းေဆး႐ံုသို႔သြားစဥ္ ဒါးလက္ေခ်ာင္း အသြားအလာမ်ားကို စစ္ေဆးေနသည့္ စစ္ေဆးေရးဂိတ္မွ တားဆီးသျဖင့္ လူနာမ်ားကိုသယ္ယူခြင့္မရဘဲ ျဖစ္ေနေၾကာင္း အမ္းၿမိဳ႕နယ္မွ ကူညီေဆာင္႐ြက္ေပးေနသူ ကုိမ်ိဳးလြင္က ေျပာသည္။
“လမ္းမွာ တပ္မေတာ္စစ္ေဆးေရးဂိတ္ ႐ွိတယ္။ အဲဒီစစ္ေဆးေရးဂိတ္က လူနာတင္မယ့္အဖြဲ႔ေတြကို တိုင္းမွဴးရဲ႕ ခြင့္ျပဳခ်က္၊ ျပည္နယ္အစိုးရရဲ႕ခြင့္ျပဳခ်က္ရမွာပဲ ခြင့္ျပဳႏိုင္မယ္ဆိုတဲ့အဆင့္ကို ေရာက္ေနတယ္”ဟု ၎က ဆိုသည္။
ကိုမ်ိဳးလြင္က “မေန႔ကည ၈ နာရီကတည္းက ျဖစ္ေနတဲ့ျပႆနာက ဒီအခ်ိန္ထိကို ေဆး႐ံုကိုမေရာက္ပဲ၊ ေဆးကုသခြင့္မရဘဲ အခက္အခဲျဖစ္ေနရတယ္”ဟု ေျပာသည္။
ထုိသို႔ လူနာမ်ားကို သြားခြင့္မေပးသျဖင့္ ၿဂိတ္ေခ်ာင္းေက်း႐ြာသို႔ လွည့္ျပန္ခဲ့ရသည္ဟုလည္း အမည္မေဖာ္လိုသည့္ ေက်း႐ြာသားတစ္ဦးက ေျပာသည္။
ယမန္ေန႔က ဒါးလက္ေခ်ာင္းဘယ္ဖက္ျခမ္း႐ွိ တပ္မေတာ္ဗ်ဴဟာကုန္းမွ လက္နက္ႀကီးပစ္ခတ္သံမ်ားကို ၾကားရေၾကာင္း ေဒသခံမ်ားကေျပာဆိုၾကသည္။
အလယ္ကၽြန္းေက်း႐ြာတြင္ လက္နက္ႀကီးက်ေရာက္မႈႏွင့္ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး အဖြဲ႔က ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းႏွင့္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးတို႔ကို ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းလက္ခံေျဖၾကားျခင္းမ႐ွိခဲ့ေပ။
{Unicode}
အမ်းမြို့နယ်မှ လက်နက်ကြီးကျည်ထိလူနာများ စစ်ဆေးရေးဂိတ်မှ တားဆီးသဖြင့် ဆေးကုသခွင့်မရပဲ ပြန်လှည့်လာရ
မျိုးသီရိကျော် | DMG
ဧပြီ ၁၃ ၊ အမ်း
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ အလယ်ကျွန်းကျေးရွာတွင် ယမန်နေ့ ဧပြီလ ၁၂ ရက် ည ၈ နာရီ အချိန်ခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အရပ်သား ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွား ခဲ့ကြောင်း သိရသည်။
လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်တွင်ရှိနေသည့် မောင်စိုးစိုး(ခ) စိုးငယ် ၁၈ နှစ်မှာ ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့သည်။
ထို့ပြင် နေအိမ်အနီး ဗုံးခိုကျင်းတွင်ပုန်းခိုနေသည့် ဦးသန်းအောင် ၅၂ နှစ်မှာ လည်ပင်း၌ပြင်းထန်ဒဏ်ရာရရှိသွား ခဲ့ကာ ဒေါ်တင်မာဝင်း ၄၀ နှစ်နှင့် မောင်မြင့်မြတ် ၁၁ နှစ်တို့မှာလည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
ယင်းသို့ ဒဏ်ရာရလူနာများကို အလယ်ကျွန်းကျေးရွာမှ ဂြိတ်ချောင်းကျေးရွာသို့စက်လှေဖြင့်ယူဆောင်လာပြီး အမ်းဆေးရုံသို့သွားစဉ် ဒါးလက်ချောင်း အသွားအလာများကို စစ်ဆေးနေသည့် စစ်ဆေးရေးဂိတ်မှ တားဆီးသဖြင့် လူနာများကိုသယ်ယူခွင့်မရဘဲ ဖြစ်နေကြောင်း အမ်းမြို့နယ်မှ ကူညီဆောင်ရွက်ပေးနေသူ ကိုမျိုးလွင်က ပြောသည်။
“လမ်းမှာ တပ်မတော်စစ်ဆေးရေးဂိတ် ရှိတယ်။ အဲဒီစစ်ဆေးရေးဂိတ်က လူနာတင်မယ့်အဖွဲ့တွေကို တိုင်းမှူးရဲ့ ခွင့်ပြုချက်၊ ပြည်နယ်အစိုးရရဲ့ခွင့်ပြုချက်ရမှာပဲ ခွင့်ပြုနိုင်မယ်ဆိုတဲ့အဆင့်ကို ရောက်နေတယ်”ဟု ၎င်းက ဆိုသည်။
ကိုမျိုးလွင်က “မနေ့ကည ၈ နာရီကတည်းက ဖြစ်နေတဲ့ပြဿနာက ဒီအချိန်ထိကို ဆေးရုံကိုမရောက်ပဲ၊ ဆေးကုသခွင့်မရဘဲ အခက်အခဲဖြစ်နေရတယ်”ဟု ပြောသည်။
ထိုသို့ လူနာများကို သွားခွင့်မပေးသဖြင့် ဂြိတ်ချောင်းကျေးရွာသို့ လှည့်ပြန်ခဲ့ရသည်ဟုလည်း အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။
ယမန်နေ့က ဒါးလက်ချောင်းဘယ်ဖက်ခြမ်းရှိ တပ်မတော်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်သံများကို ကြားရကြောင်း ဒေသခံများကပြောဆိုကြသည်။
အလယ်ကျွန်းကျေးရွာတွင် လက်နက်ကြီးကျရောက်မှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
Website link >>> https://bit.ly/3edSnkS
ပုဏၰားကၽြန္းၿမိဳ႕နယ္တြင္ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲ၍ ၄ ဦးထက္မနည္း ေသဆံုး
ပုဏၰားကၽြန္းၿမိဳ႕နယ္တြင္ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲ၍ ၄ ဦးထက္မနည္း ေသဆံုး
ပုဏၰားကၽြန္းၿမိဳ႕နယ္၊ ေက်ာက္ဆိပ္ေက်းရြာအတြင္းသို႔ ယေန႔၊ ဧၿပီလ ၁၃ ရက္ေန႔ နံနက္ပိုင္းက လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲေသာေၾကာင့္ ၄ ဦးထက္မနည္း ေသဆံုးသြားသည္ဟု ပုဏၰားကၽြန္းၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္သန္းတင္က DMG ကို ေျပာသည္။
“ အခု ကၽြန္ေတာ္ အဲဒီရြာကို ေရာက္ေနတယ္။ ေလာေလာဆယ္ေတာ့ ၄ ေယာက္ေသဆံုးေနတာကို ေတြ႔ရတယ္။ တိုက္ပြဲျဖစ္တာေတြ၊ဘာေတြလည္း မရွိဘူး။ အျပစ္မဲ့ျပည္သူေတြကို ပစ္မွတ္ထား တိုက္ခိုက္ေနသလို ျဖစ္ေနတယ္” ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္သန္းတင္က ဆိုသည္္။
(သတင္းအျပည့္အစံုကို ဆက္လက္ေဖာ္ျပပါမည္)
ပုဏၰားကၽြန္းၿမိဳ႕နယ္တြင္ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲ၍ ၄ ဦးထက္မနည္း ေသဆံုး
ပုဏၰားကၽြန္းၿမိဳ႕နယ္၊ ေက်ာက္ဆိပ္ေက်းရြာအတြင္းသို႔ ယေန႔၊ ဧၿပီလ ၁၃ ရက္ေန႔ နံနက္ပိုင္းက လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲေသာေၾကာင့္ ၄ ဦးထက္မနည္း ေသဆံုးသြားသည္ဟုသိရသည္။
တိုက္ပြဲျဖစ္တာေတြ၊ဘာေတြလည္း မရွိဘဲ ဗမာ့စစ္ဝါဒီအၾကမ္းဖက္အုပ္စုေတြရဲ႕အေၾကာင္းမဲ့သက္သက္ ပစ္ခတ္တာလို႔ သိရပါတယ္။ အျပစ္မဲ့ျပည္သူေတြအေပၚ လူမ်ိဳးေရးအမုန္းတရားေတြကိုအေျခခံၿပီး ပစ္မွတ္ထား တိုက္ခိုက္ေနတာျဖစ္ပါတယ္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဒီမိုကေရစီအမည္ခံ အၾကမ္းဖက္အစိုးရနဲ႔ ဗမာ့စစ္ဝါဒီရွင္ စစ္ဘီလူးႀကီးအုပ္စုရဲ႕ လူမဆန္စြာ သတ္ျဖတ္လုပ္ေဆာင္ေနတာေတြကို ရခိုင္ျပည္အတြင္း စိတ္တိုင္းက်လုပ္ေဆာင္ေနသလို သတင္းအေမွာင္ခ်ကာ အင္တက္နက္ျဖတ္ေတာက္ထားတာလည္း ၁၀ လေက်ာ္ၾကာေနၿပီျဖစ္ပါသည္။
၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ (၁၃) ရက္။
ပုဏ္ဏားကျွန်းမြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ၄ ဦးထက်မနည်း သေဆုံး
ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအတွင်းသို့ ယနေ့၊ ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောကြောင့် ၄ ဦးထက်မနည်း သေဆုံးသွားသည်ဟုသိရသည်။
တိုက်ပွဲဖြစ်တာတွေ၊ဘာတွေလည်း မရှိဘဲ ဗမာ့စစ်ဝါဒီအကြမ်းဖက်အုပ်စုတွေရဲ့အကြောင်းမဲ့သက်သက် ပစ်ခတ်တာလို့ သိရပါတယ်။ အပြစ်မဲ့ပြည်သူတွေအပေါ် လူမျိုးရေးအမုန်းတရားတွေကိုအခြေခံပြီး ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒီမိုကရေစီအမည်ခံ အကြမ်းဖက်အစိုးရနဲ့ ဗမာ့စစ်ဝါဒီရှင် စစ်ဘီလူးကြီးအုပ်စုရဲ့ လူမဆန်စွာ သတ်ဖြတ်လုပ်ဆောင်နေတာတွေကို ရခိုင်ပြည်အတွင်း စိတ်တိုင်းကျလုပ်ဆောင်နေသလို သတင်းအမှောင်ချကာ အင်တက်နက်ဖြတ်တောက်ထားတာလည်း ၁၀ လကျော်ကြာနေပြီဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၃) ရက်။
()
Myanmar Army
ျမန္မာ႔တပ္မေတာ္မွ အရာရွိစစ္သည္တစ္ခ်ိဳ႕ ရခိုင္စစ္တပ္AA ႏွင္႔ပူးေပါင္း
၂၀၂၀ ျပည့္ႏွစ္၊ မတ္လ၏ေနာက္ဆံုးရက္သတၱပတ္အတြင္း ျမန္မာ့တပ္မေတာ္၏ တပ္မ (၇၇) လက္ေအာက္ခံ-ခမရ (၁၀၁) တပ္ရင္းမွ ဗိုလ္ႀကီး-ေမာင္ေမာင္ေဌး ႏွင့္ စစ္သည္အခ်ိဳ႕ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ ရကၡိဳင့္တပ္ေတာ္၏ စစ္ေၾကာင္းတစ္ခုထံတြင္ လာေရာက္ပူးေပါင္းခဲ့ၾကသည္။
ေဒသခံျပည္သူလူထုမ်ားအား တပ္မ (၇၇) လက္ေအာက္ခံတပ္ရင္းမ်ားမွ လူမ်ိဳးေရးအမုန္းတရားမ်ားကိုအေျခခံ၍ ရြာသူရြာသားမ်ားအား မတရားဖမ္းဆီးျခင္း၊ ႏွိပ္စက္ျခင္း၊ သတ္ျဖတ္ျခင္း၊ ရပ္ရြာမ်ားအတြင္း လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ပတ္ခတ္တိုက္ခိုက္ေနျခင္း၊ မိမိတို႔လူမ်ိဳးအခ်င္းခ်င္းသတ္ျဖတ္ေနသည္ကိုမလိုလားျခင္း၊ ျမန္မာ့တပ္မေတာ္အေပၚ အယံုအၾကည္ကင္းမဲ့ျခင္း၊ လူမ်ိဳးေရးအရ ႏွိပ္ကြပ္ျခင္း၊ ျမန္မာ့တပ္မေတာ္အတြင္း တာဝန္ထမ္းေဆာင္လိုစိတ္မရွိေတာ့ျခင္း စသည့္အေၾကာင္းရင္းမ်ားေျကာင့္ ရကၡိဳင့္တပ္ေတာ္ ႏွင့္ လာေရာက္ပူးေပါင္းျခင္းျဖစ္သည္။
ယခုလာေရာက္ပူးေပါင္းသူကဲ့သို႔ စိတ္ဓာတ္ေကာင္းမြန္ေသာသူမ်ားသည္လည္း ေနာက္ထပ္အမ်ားအျပားရွိေၾကာင္းသိရွိရသည္။ ထို႔ေၾကာင့္ အဆိုပါ ျမန္မာ့တပ္မေတာ္အေပၚ အယံုအၾကည္မရွိသူမ်ား၊ တာဝန္ထမ္းေဆာင္လိုစိတ္မရွိေသာသူမ်ားအေနျဖင့္ မိမိတို႔၏နီးစပ္ရာစစ္ေၾကာင္းမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ဆက္သြယ္၍ လာေရာက္ပူးေပါင္းရန္ဖိတ္ေခၚပါသည္။
အဆိုပါ ထရြန္အိုင္ဗ်ဴဟာမွ မိမိတို႔ရကၡိဳင့္တပ္ေတာ္ႏွင့္လာေရာက္ပူးေပါင္းေသာျဖစ္စဥ္ႏွင့္ပတ္သက္၍ ပလက္ဝ၊ ထရြန္အိုင္ရွိ အျပစ္မဲ့အရပ္သားျပည္သူလူထု (အထူးသျဖင့္ ရခိုင္လူမ်ိဳး) မ်ားကို စြပ္စြဲခ်က္အမ်ိဳးမ်ိဳးျဖင့္ တစ္ဖက္သတ္စြပ္စြဲကာဖမ္းဆီးေနသည္မ်ားကိုေတြ႕ရွိရသည္။ ျမန္မာ့တပ္မေတာ္မွ ထုတ္ျပန္ခ်က္တြင္ပါရွိေသာ စြပ္စြဲခံကာဖမ္းဆီးခံရသူမ်ားမွာ မိမိတို႔ႏွင့္ ဆက္စပ္ေနသူမ်ားမဟုတ္ဘဲ ၎ေဒသအတြင္းေနထိုင္ၾကသူမ်ားသာျဖစ္သည္။
တၿပိဳင္နက္တည္းတြင္ အရပ္သားျပည္သူလူထုမ်ားအား ျမန္မာ့တပ္မေတာ္မွ ဖမ္းဆီးေနျခင္းမ်ားကို ႐ႈတ္ခ်ၿပီး ရပ္တန္႔ရန္ သတိေပးလိုသည္။ ထိုသို႔မဟုတ္ဘဲ ျမန္မာ့တပ္မေတာ္အေနျဖင့္ ဆက္လက္ျပဳလုပ္ေနမည္ဆိုပါက ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားမွာ ျမန္မာ့တပ္မေတာ္၏ တာဝန္သာျဖစ္ေၾကာင္းသိေစအပ္သည္။
သတင္းႏွင့္ျပန္ၾကားေရး
ရကၡိဳင့္တပ္ေတာ္
Subscribe to:
Posts (Atom)
တိုက်ပွဲသတင်း
အၾကမ္းဖက္ဝါဒ ႀကီးစိုးလာေနသည့္ ဘဂ္လားေဒ့႐ွ္
အာရကၡတပ္ေတာ္ AA ကို တိုက္ခိုက္ရန္ ဘဂၤလားေဒ့ရွ္ ဒုကၡသည္ စခန္းအတြင္းက ARAS - RSO စသည့္ မြတ္ဆလင္ အၾကမ္းဖက္သမားေတြကို ဘဂၤလားေဒ့ရွ္အာဏာပိုင္းမ်ား...
-
အာရကၡတပ္ေတာ္ AA ကို တိုက္ခိုက္ရန္ ဘဂၤလားေဒ့ရွ္ ဒုကၡသည္ စခန္းအတြင္းက ARAS - RSO စသည့္ မြတ္ဆလင္ အၾကမ္းဖက္သမားေတြကို ဘဂၤလားေဒ့ရွ္အာဏာပိုင္းမ်ား...
-
စစ္ေကာင္စီက သင္တန္းေပး လက္နက္တပ္ဆင္ထားေသာ အၾကမ္းဖက္ မြတ္ဆလင္ အုပ္စုက ေမာင္ေတာျမိဳ႕နယ္ရွိ လူေနအိမ္မ်ားကိုမီးရႈိ႕ဖ်က္ဆီးေန ၁၃ ေမလ ၂၀၂၄ ရကၡ...
-
၂ ဒီဇင္ဘာ ၂၀၂၄ စစ္ေကာင္စီတပ္ႏွင့္ အာရကၡတပ္ေတာ္AA တို႔ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာ ၁၃ ရက္ေန႔ စတင္တဲ႔ အာရကၡေဒသ တေက်ာ႔ျပန္တိုက္ပဲြအတြင္း ပ်က္စီးခဲ႔ရတဲ...