ARSA အဖွဲ့ဟာ ဘူးသီးတောင်မြို့နယ်က ကျေးရွာတချို့မှာ ခြေကုတ်ယူပြီး AA ကို တိုက်ခိုက်နေကြောင်းဒေသခံက ဆို
၁၆ ဧပြီ၂၀၂၄
ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာမှ ဧပြီလ ၁၂ ရက်က အာရက္ခတပ်တော်AA နှင့် ARSA တို့တိုက်ပွဲဖြစ်နေစဉ်မှာ စစ်ကောင်စီသည် လေကြောင်းရော လက်နက်ကြီးပါ ARSA ဘက်ကနေ ပါဝင်တိုက်ခိုက်ပေးနေတယ်လို့ အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးက RFA သတင်းဌာနကို ယမန့်နေ့က ပြောဆိုခဲ့သည်။
" ရွက်ညိုတောင်ကျေးရွာနဲ့ ဦးလှဖေကျေးရွာကြား အဲဒီတောင်ကြောမှာ AA နှင့် စစ်ကောင်စီ ARSA ပူးပေါင်းအဖွဲ့တို့တိုက်ပွဲဖြစ်တယ် စစ်ကောင်စီ အမှတ် ၈ နယ်ခြားစောင့်တပ်ရင်း နခခ -၈ လက်နက်ကြီးတွေ့နဲ့ ဦးလှဖေရွာထဲကို လှန်းပစ်ပါတယ် ရွာကလူတွေ ထွက်ပြေးကြရတယ် ထွက်ပြေးနေချိန်မှာလည်း စစ်ကောင်စီက လက်နက်ကြီးတွေ ထပ်ပစ်တယ် မွတ်ဆလင် ၂၀ ကျော် လက်နက်ကြီးထိပြီး သေဆုံးတယ်လို့ကြားရတယ်" ဟုမောင်တောဒေသခံ မွတ်ဆလင်တစ်ဦး ပြောသည်။
ယနေ့ ဧပြီလ ၁၆ နေ့အထိ ဘူးသီးတောင်မြို့နယ်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီပူးပေါင်း ARSA အကြမ်းဖက်အဖွဲ့တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး မွတ်ဆလင် ၆၀၀ ကျော်ထွက်ပြေးနေသည်ဟုသိရသည်။
စစ်ကောင်စီသည် ဘူးသီးတောင်နှင့် မောင်တောကို ဖုန်းလိုင်း အင်နက်လိုင်းများ ဖြတ်တောက်ထားတဲ့အတွက် သတင်းအချက်အလက်အသေးစိတ်ရယူရန် အခက်ခဲ့ရှိနေသည်။
#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #ဘူးသီးတောင် #Rakhine #arsa_terrorist_group