ပြင်ဦးလွင်နှင့် နောင်ချိုကြားက သရက်ကုန်းရွာ စစ်ကောင်စီ စခန်းကို MDY-PDF က တိုက်ခိုက်သိမ်းပိုက်

 





ပြင်ဦးလွင်နှင့်  နောင်ချိုကြားက သရက်ကုန်းရွာ စစ်ကောင်စီ စခန်းကို
MDY-PDF က တိုက်ခိုက်သိမ်းပိုက်၊စစ်ကောင်စီ အလောင်း(၂၀)ကျော်၊ နှင့် လက်နက် (၄၀)ကျော် ရရှိပြီး ပြည်သူ့အတွက် နှစ်ကူးလက်ဆောင်ဟု ထုတ်ပြန်

၁၆ ဧပြီ ၂၀၂၄

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာ စစ်အုပ်စု စခန်းကို မနေ့က စီးနင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ အလောင်း(၂၀)ကျော်နဲ့ လက်နက်(၄၀)ကျော် သိမ်းဆည်း ရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) – MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။

ယမန်နေ့ ဧပြီ(၁၅)ရက် မနက်(၅)နာရီကျော်မှာ ပြင်ဦးလွင်နှင့်  နောင်ချိုကြား၊  သရက်ကုန်းရွာ စစ်အုပ်စု စခန်းကို စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ညနေ(၄)နာရီခွဲကျော်မှာ စခန်းကို အပြီးသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #PDF  #ပြည်သူ့ကာကွယ်ရေးတပ်မတော်


No comments:

Post a Comment

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...