၂၀၁၉ ခုနှစ်၊ မတ်လ(၈/၉) ရက် တိုက်ပွဲသတင်းများ
၂၀၁၉ ခုနှစ်၊ မတ်လ(၈/၉) ရက် တိုက်ပွဲသတင်းများ ၂၀၁၉ခုနှစ်၊မတ်လ(၈)ရက်နေ့၊နံနက်(၁၀)နာရီ(၄၅)မိနစ်တွင်စစ်ကူပေးရန်တက်လာသောဗမာလက်နက်ကိုင်တပ်၏ စကခ(၅) လက်အောက်ခံ၊ကျောက်ဖြူအခြေစိုက် ခမရ(၅၄၂) တပ်ရင်းနှင့် ရက္ခိုင့်တပ်မတော်လှုပ်ရှားစစ်ကြောင်းတို့သည်ပလက်ဝမြို့နယ်၊“ပီချောင်း”ဒေသ၊ရပ်ချောင်းဝ ကျေးရွာ အနောက်ဖက်၊ (၆) ကီလိုမီတာအကွာတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။ မတ်လ(၇)ရက်နေ့ တိုက်ပွဲအတွင်းရန်သူသည် အထိအခိုက်အကျအဆုံးများခဲ့သလိုမတ်လ(၈) ရက်နေ့ထိတွေ့မှုတွင်လည်းခမရ(၅၄၂)မှ(၃)ဦးထပ်မံကျဆုံးခဲ့ပြီး(မျက်မြင်)ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့သည်။ မိမိတို့တပ်ဖွဲ့ဝင်များသည် ဆုတ်ခွာထွက်ပြေးသွားသောရန်သူ့အားလိုက်လံ ချေမှုန်းလျှက်ရှိသည်။မတ်လ(၈)ရက်တိုက်ပွဲအတွင်းခမရ(၅၄၂)ထံမှအောက်ပါပစ္စည်းများကိုထပ်မံသိမ်း ဆည်းရမိခဲ့သည်။ (၁) MA-1 (၂) လက် (၂) MA ကျည်ဆံ (၂၄၆) တောင့် (၃) မော်တိုရိုလာစကားပြောစက် (၂)လုံး (၄) ကျည်ဘောက် (၉) ဘောက် (၅) ပစ္စတိုကျည် (၈) တောင့် (၆) မိုင်း (၄) လုံး (၇) ဗိုလ်ကြီး (—-) ၏ မှတ်စုစာအုပ်နှစ်အုပ် တို့ဖြစ်ကြသည်။ ၂၀၁၉ခုနှစ်၊မတ်လ(၈)ရက်နေ့တွင်အခြားနေရာများဖြစ်ကြသောမြောက်ဦးမြို့နယ်၊ခြိတ်ချောင်းရွာမြောက်ဖက်ရှိ“ခြိတ်ချေ...