Posts

လက်ချအညံ့ခံသည့် သင်္ဃန်းညီနောင်မှ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၆၀၀ကျော်ခန့်ရှိ ဗျူဟာမှူးထွန်းထွန်းလတ်သည် ပြည်သူကို ပစ်မိန့်ပေးခဲ့သူတစ်ဦးဖြစ်

Image
 လက်ချအညံ့ခံသည့် သင်္ဃန်းညီနောင်မှ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၆၀၀ကျော်ခန့်ရှိ  ဗျူဟာမှူးထွန်းထွန်းလတ်သည် ပြည်သူကို ပစ်မိန့်ပေးခဲ့သူတစ်ဦးဖြစ် ၇ ဧပြီ ၂၀၂၄ / လေးဝတီ ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင်စခန်းသိမ်းတိုက်ပွဲမှာ အရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင် ၆၀၀ ကျော် လက်နက်ချ အညံ့ခံခဲ့တယ်လို့ KNU ဗဟိုမှ ယမန့်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဗျူဟာမှူး ထွန်းထွန်းလတ် (ကြည်း ၃၈၈၇၆) သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မြစ်ကြီးနား အမှတ် (၃) စစ်ဗျူဟာမှူး အဖြစ်မှ ၂၀၂၃ ဧပြီလမှာ သင်္ဃန်းညီနောင် အခြေချ စစ်ဗျူဟာမှူး ဖြစ်လာခဲ့သူဟု သိရှိရသည်။ ၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်  ပေါ်ပေါက်လာတဲ့ စစ်တပ်အာဏာကိုဆန့်ကျင်သည့်  မြစ်ကြီးနားမြို့က ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းရန် အမိန့်ပေး ဦးဆောင်ခဲ့သူ ဖြစ်ကြောင်းလည်း သိရှိရပါသည်။ စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၅ ရက်နေ့ မနက် ၈ နာရီအ...

ရက္ခိုင့်တပ်တော် AAမှ လစဉ် အလိုက်သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက် ကို တစ်ဆင့်ပြီး တစ်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုဆို

Image
 ရက္ခိုင့်တပ်တော် AAမှ လစဉ် အလိုက်သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက် ကို တစ်ဆင့်ပြီး တစ်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုဆို ၆ ဧပြီ ၂၀၂၄ လေးဝတီ ရက္ခိုင့်တပ်တော် AA သည် ၁၀၂၇ စစ်ဆင်ရေးအတူ ရခိုင်ဒေသတွင် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေသည်မှာ ယခု ၂၀၂၄ ဧပြီလ ၄လကျော် ၅လထဲရောက်ရှိသည်အထိ ကြာမြင့်လာတဲ့ တိုက်ပွဲအရှိန်သည်လည်း  ရပ်တန့်နိုင်ခြင်းမရှိသည့်အပြင် ရက္ခိုင့်တပ်တော်မှ  လစဉ်အလိုက် သတ်မှတ်ထားသော စစ်ရေး ရည်မှန်းချက်များကို တစ်ခုပြီးတစ်ခု ဆောင်ရွက်နေသည်ဟု ပြောသည်။ ရက္ခိုင့်တပ်တော်၏ စစ်ရေးရည်မှန်းချက်သည် ရခိုင်ဒေသ တစ်ခုလုံးလွတ်မြောက်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု AA ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က၂၀၂၄ ဖေဖော်ဝါရီ ၂ရက်က BBC သတင်းဌာနကို ဖြေဆိုခဲ့သည်။ ၂၀၂၄  ဧပြီ ၅ ရက် ယမန့်နေ့က လက်နက်ချ အညံ့မခံသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင်တိုက်သွားမည်ဟု AA၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင်တွေ့ရသည်။ ၄ လကျော် ကာလအတွင်း ရက္ခိုင့်တပ်တော်သည် ပလက်ဝ ဒေသအပါအဝင် ရခိုင်ဒေသမှ ပေါက်တော /မင်းပြား /ကျောက်တော် /မြော...

KNU က ခလရ ၂၇၅ ကိုသိမ်းပြီး မြ၀တီမြို့ကိုထိန်းချုပ်လိုက်ပြီ

Image
KNU က ခလရ ၂၇၅ ကိုသိမ်းပြီး မြ၀တီမြို့ကိုထိန်းချုပ်လိုက်ပြီ ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော် KNU နှင့် ညှိနှိုင်းပြီး လက်နက်ချ အညံ့ခံလိုက်ပြီဖြစ်ကြောင်းသိရသည်။  မနေ့က ဧပြီ ၅ ရက်နေ့တွင် သင်္ဃန်းညီနောင်ရှိ ခမရ ၃၅၇ တပ်ရင်းအားလုံးကို KNU က သိမ်းပိုက်အပြီး  ၂၄ နာရီအတွင်း မြ၀တီမြို့ အခြေစိုက်  ခလရ ၂၇၅ တပ်ရင်းတရင်းလုံးက လက်နက်ချအညံ့ခံလိုက်သည်ဟု KNU သတင်းအရင်းအမြစ်ကပြောသည်။  

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မိမိ အာဏာတည်မြဲရေးအတွက် ထိတန်းအရာရှိ အဆင့်ထိထိုးကျွေးနေ

Image
 စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မိမိ အာဏာတည်မြဲရေးအတွက်  ထိတန်းအရာရှိ အဆင့်ထိထိုးကျွေးနေ ၃ ဧပြီ ၂၀၂၄ ကျားဖြန့်လုပ်ငန်းသံသယဖြင့်  တရုတ်က အလိုရှိနေတဲ့  ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို စစ်ကောင်စီဖမ်းဆီး လိုက်သည်။စစ်ကောင်စီသည် ကိုးကန့်ကြံ့ခိုင်ရေးအမတ်ဟောင်းများနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် အဆင့်ရာထူးပေးအပ်ထားတဲ့  ပြည်သူ့စစ်ခေါင်းဆောင် များကိုလည်း ဖမ်းဆီးပြီး တရုတ်လက်ထဲ အပ်ခဲ့သည်။ ယခုအခါ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်အောင်လင်းထွန်းကိုလည်း ဖမ်းဆီးစစ်ဆေးနေသည်ဟုသိရသည်။ ဗိုလ်ချုပ်အောင်လင်းထွန်းသည် ကျားဖြန့် ငွေလိမ် အလောင်းကစားလုပ်ငန်းဖြင့်အဖမ်းခံရသည့် အဆင့်အမြင့်ဆုံး စစ်ကောင်စီအဖွဲ့ဝင်အရာရှိ ဖြစ်သည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိတန်းအရာရှိအဆင့်ထိ ဖမ်းဆီးကာ တရုတ်အကြိုက် ဆောက်ရွက်နေခြင်းသည်။ ၎င်း၏ နိုင်ငံရေးထွက်ပေါက်ရှာခြင်းလည်းဖြစ်နိုင်သည်။ #တရုတ်နိုင်ငံ #ကျားဖြန့် #အကြမ်းဖက်စစ်တပ် #lay_wadi_media

ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲ ဒေသခံပြည်သူ ၃ ဦးသေဆုံး ၁ ဒဏ်ရာရ နေအိမ်များမီးလောင်ပျက်စီး

Image
ကမ်းထောင်းကြီးမြို့ကို  စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲ ဒေသခံပြည်သူ ၃ ဦးသေဆုံး ၁ ဒဏ်ရာရ နေအိမ်များမီးလောင်ပျက်စီး ၂ ဧပြီ ၂၀၂၄ ရခိုင်ပြည် တိုက်နယ်ကမ်းထောင်းကြီးမြို့ ကို အကြမ်းဖက်စစ်ကောင်င်္စသည် လေကြောင်းမှ ဂျက်ဖိုက် တာ၂စီးဖြင့် ယနေ့ ဧပြီ ၂ ရက်နေ့ ညနေပိုင်း ၅ နာရီကျော်အချိန်က လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။ လူနေအိမ်အများအပြား မီးလောင် ပျက်စီးခဲ့သည်။ အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်သည် ရခိုင်ပြည် ပေါက်တောမြို့နယ် ကိုယနေ့ နေ့လည် ၁၁ နာရီ ဝန်းကျင်က စစ်တွေ အမှတ် ၁၂ ရဲတပ်ရင်းမှ ပစ်ခတ် လိုက်တဲ့  လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရှိသည်ဟုသိရသည်။ အကြမ်းဖက် စစ်ကောင်စီ အမှတ် ၁၂ ရဲတပ်ရင်း ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မော်ထုပ်ကြီးကျေးရွာမှ  ကိုဇော်မင်းနိုင် ၂၃နှစ် ကျော်နုဖြူ ၄၇ နှစ်  ခင်ရွှေဝင်း ၃၂နှစ်  ဒေါ်စန္ဒာဝင်း ၃၁နှစ် ဦးမဲခေါက် ၆၂နှစ် ဒေါ်ကင်ယုံမယ် ၆၃နှစ် တို့သည် ထိခိုက်ဒဏ်ရာခဲ့သည်။ ၎င်းအပြင်အကြမ်းဖက်စစ်ကောင်စီသည်  ကျောက်ဖြူမြို့တွင်းသို့  နေဗီကတစ်ဆင့် လက်နက်ကြီး...

နပခ အခြေစိုက်ရာ အမ်းမြို့တွင် စစ်ကောင်စီသည် တပ်အင်အား လက်နက်အင်အားဖြည့်တင်းပြီး ခံစစ်ကနေ တန်ပြန်ထိုးစစ်ဆင်နိုင်ရေး အခိုင်အမာ ပြုလုပ်နေ

Image
 နပခ အခြေစိုက်ရာ အမ်းမြို့တွင် စစ်ကောင်စီသည် တပ်အင်အား လက်နက်အင်အားဖြည့်တင်းပြီး ခံစစ်ကနေ တန်ပြန်ထိုးစစ်ဆင်နိုင်ရေး အခိုင်အမာ ပြုလုပ်နေ ၂ ဧပြီ ၂၀၂၄ / လေးဝတီ ရခိုင်ပြည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့တွင် စစ်ကောင်စီသည် ( နပခ ) စစ်တိုင်းမှုအပြောင်းလဲ ပြုထားပြီး ရက္ခိုင့်တပ်တော် AA ၏ ထိုးစစ်ကို ခုခံစစ်ကနေ တန်ပြန်ထိုးစစ်ဆင်နိုင်ရန် တပ်အင်အား လက်နက်အင်အား ဖြည့်တင်းနေသည်ဟုသိရသည်။ "ဟုတ်တယ် နယ်မြေခံတပ်ရင်းတွေကို အခိုင်အမာ ခံစစ်လုပ်ထားပါတယ် ထောက်ပို့လမ်ကြောင်းတွေရော စစ်ကူရောက်လာနိုင်တဲ့လမ်းကြောင်းတွေရော  AA ဘက်ကရော တပ်ဘက်ကရော ပိတ်ဆို့နေတာရှိပါတယ် ရှမ်းမြောက်ဘက်မှ တပ်ရင်းတပ်ဖွဲ့တချို့ကိုလည်း လေယာဉ်ဖြင့် တပ်ဘက်က အင်အားဖြည့်ထားပါတယ် မြေပုံမြို့နယ်ဘက်နေပြီး ထိုးစစ်ဆင်ရန်  ဆောင်ရွက်နေတာရှိတယ်"လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် မိသားစုတစ်ဦးက အတည်ပြုပြောပါတယ်။ မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီ၏ နည်းဗျူဟာ ၃ စစ်ဆင်ရေးကွပ်ကဲမှုလက်အောက်ခံ ခမရ ၅၆၃ တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်AA တို့မြေပုံမြို့နယ် လီသွန်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၄၀၀ အကွာ တောင်ကြောတွင် ထိတွေ့တိုက်ပွဲ မိနစ်အနည်းငယ်ကြာ ဖြစ...

တိုက်ပွဲဖြစ်ပွားနေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဖြစ်တဲ့ အမ်း-ပဒါန်း ကားလမ်း အား ရက္ခိုင့်တပ်တော်မှ အကန့်အသတ်မရှိ ပိတ်လိုက်သည်ဟု ထုတ်ပြန်

Image
 တိုက်ပွဲဖြစ်ပွားနေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဖြစ်တဲ့  အမ်း-ပဒါန်း ကားလမ်း အား ရက္ခိုင့်တပ်တော်မှ  အကန့်အသတ်မရှိ ပိတ်လိုက်သည်ဟု ထုတ်ပြန် ၂ ဧပြီ ၂၀၂၄ ရက္ခိုင်ဒေသအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ယနေ့အထိ ဆက်လက်ရှိနေခဲ့ပြီး စစ်အဟုန်သည်လည်း တစ်ရက်ထက်တစ်ရက် မြင့်တက်လျက်ရှိသည်။  တစ်ပြိုင်နက်တည်းတွင် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့မှစ၍ ရက္ခိုင်ပြည်၊ အမ်း နှင့် မကွေးတိုင်းအကြားတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့သည် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အထိလည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ နိုင်ငံတစ်ဝန်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် စစ်ရေးအရ အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ရှုံးစစ်ကောင်စီသည် စစ်ရေးတွင်သာမက သံတမန်ရေးရာမျက်နှာစာများတွင်ပါ ဆက်တိုက်ရှုံးနိမ့်နေသည့်တိုင် ပြည်သူလူထုများအပေါ် အကြမ်းဖက်သည့်လုပ်ရပ်၊ ပြည်သူကို ဦးတည်တိုက်ခိုက်သတ်ဖြတ်သည့်လုပ်ရပ်၊ စစ်ရာဇဝတ်ကျူးလွန်သည့်လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်နေဆဲပင်ဖြစ်သည်။  ပြည်သူလူထုအား စစ်မှုမထမ်း မနေရဥပဒေကို ခုတုံးလုပ်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုခြင...