ပလက်ဝမြို့နယ်အတွင်းက ရှေးဟောင်းရခိုင်သမိုင်းဝင် ဥဿဿလင်းစေတီ =========================== တတိယဓညဝတီခေတ် စန္ဒသူရိယအနွယ်တော် ခြောက်ဆက်မြောက်ဖြစ်သော သူရိယစက္ကမင်း (BC 332-278)သည် ဂေါဓမဘုရားရှင်၏ဗျာဓိအရ ရှင်မဟာတသနှင့် ဗာကုလာမထေရ် နှစ်ပါးတို့ ပေးအပ်သော ဓာတ်တော်မွေတော် ၂၄၈ဆူကို ရခိုင်ပြည်အနှံ့တည်ထားကိုးကွယ်ခဲ့သည်။ ထို့အပြင်ဥဿလင်းစေတီကို သူရိယစက္ကမင်းကပင် သာသနာသက္ကရာဇ် ၂၂၂(ဘီစီ_၃၃၂)တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု သိရသည်။ ဥဿလင်းစေတီမှာ ရခိုင်နယ်မြေ၏ မွေတော်ငါးရပ်ဝင်စေတီလည်းဖြစ်သည်။ " မွေတော်ငါးရပ်၊ မပြတ်ဆီမီး၊ မသေစေရ "ဟု ရှေးဟောင်းကျောက်စာတချပ်တွင် ဖော်ပြပါရှိသည်။ ထိုမွေတော်ငါးရပ်မှာ ဦးရာဇ်မွေတော်၊ ကျိန်းမွေတော်၊ ဝေသာလီဘုရားမွေတော်၊ ကျောက်တော်မွေတော်၊ ဥဿလင်းမွေတော်တို့ ဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်စေတီကား ဦးခေါင်းတည်း။ မင်းပြားမြို့ ကျိန်းတောင်စေတီကား လည်ပင်းတည်း။ မြောက်ဦးမြို့ ဝေသာလီဘုရားမွေတော်ကား သည်းပွတ်တည်း။ ကျောက်တော်မြိ...