မောင်တောမြို့အဝင်က စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ရင်း နခခ ၅ ကို အာရက္ခတပ်တော် AA မှ စတင်ထိုးစစ်ဆင်နေ

 မောင်တောမြို့အဝင်က စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ရင်း နခခ ၅ ကို အာရက္ခတပ်တော် AA မှ စတင်ထိုးစစ်ဆင်နေ


၇ ဇွန်လ ၂၀၂၄




ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ရင်းကြီးတစ်ခုဖြစ်သည့် နခခ ၅ ကိုအာရက္ခတပ်တော်မှ ယနေ့ ညပိုင်းအချိန်က စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်။


မောင်တောမြို့နယ်တောင်းပိုင်းက စစ်ကောင်စီ၏ နယ်ခြားစောင့်တပ် နခခ ၆ အင်းဒင်နှင့် နခခ ၉ မြင်းလွှတ်ကို ယနေ့ ဇွန်လ ၇ ရက်တွင်အာရက္ခတပ်တော်AA မှ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဘူးသီးတောင်နှင့် မောင်တောမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးဘေးတွင် အခြေစိုက်ထားသည့် မောင်တောမြို့အဝင် မြို့သူကြီး နခခ ၅ တပ်ရင်းကို ယနေ့ ညနေပိုင်းက AA မှ ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိသည်။


မြို့သူကြီးတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ရင်း နခခ ၅ တွင် ဘူးသီးတောင်မှ ထွက်ပြေးလွတ်မြောက်နေသော  စကခ မှူးကိုယ်တိုင်ယင်း နခခ ၅ တွင်စစ်ရေးအရ စီမံကွပ်ကဲနေသည်ဟုသိရှိရသည်။


အာရက္ခတပ်တော်AA မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး နှစ်ဖက်ပစ်ခတ်နေတဲ့ လက်နက်ကြီး လက်ငယ် အသံတွေ ဒရုန်းဗုံးချသံတွေကို မောင်တောမြို့က ကြားနေရသည်ဟု မောင်တောဒေသခံတွေကပြောဆိုသည်။


စစ်ရှုံးနေတဲ့ စစ်ကောင်စီသည် မောင်တောမြို့အနီးပတ်ဝန်းကျင်၌ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့်  ၂ ရက်ဆက် လာရောက်ဗုံးကြဲနေသည်ဟုလည်း ဒေသခံတွေပြောဆိုချက်အရသိရသည်။


 ရက္ခိုင်ဒေသအတွင်း  စစ်ကောင်စီ လက်အောက်၌ ကျန်ရှိနေသေးတဲ့ မောင်တော/ စစ်တွေ/ အမ်း/ ကျောက်ဖြူ/  တောင်ကုတ် / သံတွဲ/  မာန်အောင် /ဂွ  စသည့် မြို့နယ်က စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့ ဌာနချုပ် အားလုံးကို တစ်ခုမကျန်တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူများအနေနဲ့ တိုက်ပွဲကြား ကြားညပ်မသွားရအောင် ကြိုတင်ရှောင်ရှားရန် အာရက္ခတပ်တော်မှ သတိပေးထုတ်ပြန်ထားသည်။ အာရက္ခတပ်တော်AAသည် ရက္ခိုင်ပြည် တစ်ခုလုံး လွတ်မြောက်သည်အထိ တိုက်ပွဲဝင်သွားမည်ဟုလည်း ပြောဆိုထားသည်။


ဓါတ်ပုံ - စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ရင်း နခခ ၅


#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #Maungdaw #နခခ၅ #Rakhine #ရခိုင်

သံတွဲ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမြန်ရေယာဉ်ငယ် ( Speed Boat တစ်စီးအား )အာရက္ခတပ်တော်AA မှ တိုက်ခိုက်နစ်မြုပ်

 သံတွဲ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမြန်ရေယာဉ်ငယ် ( Speed Boat တစ်စီးအား )အာရက္ခတပ်တော်AA မှ တိုက်ခိုက်နစ်မြုပ်


၂၀၂၄ ခုနှစ် ၊ ဇွန်လ ပထမပတ် အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ

ကို AA မှ ထုတ်ပြန်

၂၀၂၄ ခုနှစ်၊ ဇွန်လ (၇) ရက်



အာရက္ခဒေသအတွင်းတိုက်ပွဲများသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ပထမပတ်အတွင်း၌ မောင်တော၊ သံတွဲနှင့် အမ်း မြို့နယ်များအတွင်း အဓိကဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။ အခြား တစ်ဖက်တွင် စစ်ကောင်စီအကြမ်းဖက်သင်တန်းဆင်း မူဆလင်များ၊ ARSA၊ ARA နှင့် RSO မူဆလင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များနှင့် မိမိတို့သည် ဘင်္ဂလာနယ်စပ်တစ်လျှောက်၌ ရံဖန်ရံခါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ 


အာရက္ခဒေသအတွင်း၌ စစ်စခန်းများ မြောက်မြားစွာမကျန်တော့သည့် စစ်ကောင်စီသည် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကိုသာ အဓိကပြုလုပ်ခြင်း၊ ရက္ခိုင်-မူဆလင် လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိပြုလုပ်လျက်ရှိသည်။ ထို့အပြင် အရပ်သားပြည်သူလူထုများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အရပ်သားပြည်သူလူထုများ သွားလာသည့်လမ်းများတွင် မိုင်းထောင်ခြင်းများကို ယခင်ထက် ပိုမိုလုပ်ဆောင်လျက်ရှိသည်။ 


ဘူးသီးတောင်မြို့ရှိ ရန်သူစစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်ပြီးသည့်အချိန်တွင် ဘူးသီးတောင်နှင့် နယ်မြေချင်းကပ်လျက်ရှိသော မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ အချို့ကို ဇွန်လ (၂) ရက်နေ့မှစတင်၍ အာရက္ခတပ်တော်သည် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိရာ- 


(၁) “တာဝါတိုင်စခန်း” အား ဇွန်လ (၂) ရက်၊ ညနေ (၅) နာရီအချိန်တွင်လည်းကောင်း၊ 


(၂) “ကျောက်ပန္ဒူစခန်း” အား ဇွန်လ (၃) ရက်၊ နံနက် (၅) နာရီ (၄၀) မိနစ်တွင်လည်းကောင်း၊ 


(၃) “ခွဆုံပြင်စခန်း” ကို ဇွန်လ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၅) မိနစ်အချိန်တွင်လည်းကောင်း၊ 


(၄) “မြင်းလွှတ်စခန်း” ကို ဇွန်လ (၄) ရက်နေ့၊ နံနက် (၇) နာရီ (၃၀) မိနစ်အချိန်တွင်လည်းကောင်း 


(၅) “အင်းဒင်စခန်း” (သို့မဟုတ်) “နခခ (၆) စခန်း” အား ဇွန်လ (၆) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် လည်းကောင်း၊


(၆) “နခခ (၉) စခန်း” အား ဇွန်လ (၇) ရက်နေ့၊ နေ့လယ် (၃) နာရီအချိန်တွင်လည်းကောင်း အသီးသီး အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။ 


စစ်ကောင်စီ၏ ဘူးသီးတောင်၊ မောင်တောရှိစခန်းများမှ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိမိတို့မှ လိုက်လံရှင်းလင်းလျက်ရှိသကဲ့သို့ စစ်ကောင်စီ၏ အခြားသော လက်ကျန်စခန်းများဖြစ်သော “နခခ(၄)” ၊ “မောရဝတီ” ၊ “အလယ်သံကျော်” ၊ “နားခေါင်းတိုစခန်း” များ အပါအဝင် တခြားလက်ကျန်စခန်းများကိုလည်း မိမိတို့မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စောစီးစွာလက်နက်ချအညံ့ခံ ပါက အသက်အန္တရာယ်ကင်းဝေးမည်ဖြစ်သည်။


အာရက္ခတပ်တော်မှ ဘူးသီးတောင်မြို့အား မသိမ်းပိုက်မီ ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်နေ့၊ မွန်းတည့် (၁၂)  နာရီကတည်းကပင် စစ်ကောင်စီသည် မောင်တောမြို့အတွင်းသို့ ဝင်ရောက်နိုင်သည့် ကုန်းလမ်းများကို ပိတ်ဆို့ထားသကဲ့သို့ အချို့သောတံတားများကိုလည်း ဖျက်ဆီးထားပြီးဖြစ်သည်။ မေလ (၆) ရက်နေ့တွင် "လဘော်ဇားတံတား” ၊ မေလ (၇) ရက်နေ့တွင် "ကံကျမြောက်ရွာတံတား” ၊ မေလ (၈) ရက်နေ့၌ "(၃) မိုင် တံတား” ၊ “သံတံတား"နှင့် "ရွာသစ်ကေတံတား" တို့အား မိုင်းခွဲဖျက်ဆီးထားခဲ့ပြီးဖြစ်သည်။


မောင်တော၏ အထက်ဖော်ပြပါနေရာများအပြင် အခြားနေရာများ၌လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွား လျက်ရှိပြီး ၎င်းတိုက်ပွဲများအထဲမှ ဇွန်လ (၃) ရက်နေ့၊ နေ့လယ် (၁) နာရီခန့်အချိန်တွင် မောင်တောမြို့၊ မြောက်ပိုင်း၊ သာယာကုန်းရွာမြောက်ဘက် မီတာ (၂၀၀) ခန့်အကွာတွင် စစ်ကောင်စီ၏ မောင်တောမြို့၊ (၄) မိုင်၊ နခခ (၂) မှ စစ်ကြောင်းတစ်ခုနှင့် အာရက္ခတပ်တော်တို့သည် တစ်နာရီခန့်ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ရန်သူသည် အထိနာပြီး နောက်ဆုတ်သွားခဲ့သော်လည်း ဇွန်လ (၄) ရက်၊ နံနက် (၈) နာရီ အချိန်တွင် အဆိုပါဆုတ်ခွာသွားသော ရန်သူများနှင့် ညနေ (၃) နာရီခန့်အချိန်အထိ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ သာယာကုန်းရွာပတ်ဝန်းကျင်မှ ရွာသား (၅) ဦးကိုလည်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 


တိုက်ပွဲကာလအစ ဇွန်လ (၄) ရက်၊ ညနေ (၄) နာရီခန့်တွင် စစ်ကောင်စီတပ်၏ နခခ (၂) စစ်ကြောင်းသည် သာယာကုန်းရွာမှ ဦးမောင်လှသန်း၊ ဦးထွန်းနုစိန်၊ ဦးလှထွန်းနှင့် မကျည်းကုန်းရွာမှ ဦးဒူးရီနှင့် ဦးလှသိန်း တို့အား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ အဖမ်းဆီးခံရသူများထဲမှ ဦးမောင်လှသန်း တစ်ဦးမှလွဲ၍ ကျန် (၄) ဦးမှာ လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရှိရသည်။


ထို့အတူ ဇွန်လ (၇) ရက်၊ ယနေ့တွင်လည်း သာယာကုန်းရွာပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန် နေခဲ့သည်။ မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၂၀၀) ခန့်အကွာရှိ တောင်ကုန်းနှင့် မြောက်ဘက်မီတာ (၂၀၀) ခန့်အကွာရှိ တောင်ကုန်းနှစ်ကုန်းရှိ စစ်ကောင်စီ၏ စစ်စခန်းနှစ်ခု ကိုလည်း ဇွန်လ (၇) ရက်၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ နခခ (၂) ၏ ကာကင်းစခန်းနှစ်ခုဖြစ်သော ဤစခန်းနှစ်ခုအား လွန်ခဲ့သောနှစ်ရက်ကတည်းကပင် ဝိုင်းရံပိတ်ဆို့ထားပြီး ယနေ့တွင် အပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မောင်တောမြို့ဘက်ရှိ သီဟိုဠ်ခြံ နှင့် နခခ (၂) ဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။ ဤတိုက်ပွဲအတွင်းမှ ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။


သံတွဲမြို့နယ်၊ ဒေါ်ပွဲခုံကျေးရွာ၏ အနောက်မြောက်ဘက် (၃) ကီလိုမီတာအကွာအဝေး နှင့် ဂေါ့တ် (Gawt) တောင်တန်းအနီးတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂/၃)  ရက်နေ့များ၌ တိုက်ပွဲများ အသီးသီးဖြစ်ပွားခဲ့သည်။ ရန်သူသည် ပင်လယ်ပြင်မှ စစ်သင်္ဘော (၃) စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်များဖြင့် ၎င်းနေရာအား အသည်းအသန်ခုခံနေခဲ့သော်လည်း အာရက္ခတပ်တော်မှ သတ္တိ၊ ဗျူဟာမြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် ရန်သူ့ဘက်မှ အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ကစဥ့်ကလျား ထွက်ပြေးလျက်ရှိသည်။ သံတွဲ၊ ဂေါ့ ပတ်ဝန်းကျင်တိုက်ပွဲများအတွင်း ရန်သူ၏ Speed Boat တစ်စီးအား မိမိတို့မှ နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်။ 


ရန်သူအလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကိုလည်း ကမ်းခြေတစ်လျှောက် လိုက်လံရှင်းလင်းလျက်ရှိသည်။ ဤတိုက်ပွဲဖြစ်ပွားနေသောနေရာများသည် သံတွဲ၊ ငပလီ (မဇင်) လေယာဉ်ကွင်း၏ အနောက် မြောက်ဘက် (၂.၆) ကီလိုမီတာနှင့် (၆.၅) ကီလိုမီတာခန့်သာ ကွာဝေးသည်။


ထို့အပြင် အမ်းမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီ၏ တောဟိန်းတောင်စခန်းအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေးအတွက် မိမိတို့မှ ကြိုးပမ်းလျက်ရှိသောကြောင့် တောဟိန်းတောင်ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်။ 


ထို့ကြောင့် ဇွန်လ၊ ပထမအပတ်သည် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မိမိတို့ အာရက္ခစစ်သည်များ၏ တစ်ပတ်တာ ထိုးစစ်အတွင်း မျက်မြင်နှင့် ဖမ်းဆီးရမိထားသောသုံ့ပန်းများအဆိုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသည့် အရေအတွက်မှာ (၄၀၀) အထက်ရှိခဲ့သည်။ အဆိုပါ သေဆုံးသူများထဲတွင် တိုက်ပွဲအတွင်းမှ ထွက်ပြေး၍ ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများ ပါဝင်ခဲ့သည်။  အမ်း၊ သံတွဲဘက် တိုက်ပွဲများအတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ဦးထက်မနည်း သေဆုံးခဲ့သည်။ 


လက်နက်ခဲယမ်းအမြောက်အမြားနှင့်အတူ စစ်ကောင်စီသုံ့ပန်းအမြောက်အမြားကို ဖမ်းဆီးရမိခဲ့သည်။ ဤ တစ်ပတ်တာ ထိုးစစ်များအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြသော စစ်သည်တော်များကို အာရက္ခတပ်တော်၊ စစ်ရုံးချုပ်မှ လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်


ဓါတ်ပုံ /AA Info Desk

#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #Rakhine #Maungdaw #နခခ၉ #ရခိုင် #သံတွဲ

စစ်ကောင်စီ နယ်ခြားစောင့် နခခ ၅ မှ လက်နက်ချ အလင်းဝင်လို့သည့် နယ်ခြားတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အုပ်စု နှစ်စုကွဲနေ

 စစ်ကောင်စီ နယ်ခြားစောင့် နခခ ၅ မှ လက်နက်ချ အလင်းဝင်လို့သည့် နယ်ခြားတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အုပ်စု နှစ်စုကွဲနေ


၈ ဇွန်လ ၂၀၂၄






ရက္ခိုင်ပြည်မောင်တောမြို့နယ်တွင် အာရက္ခတပ်တော်AA နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိနေသည်။


စစ်ကောင်စီလက်အောက်တွင်ကျန်ရှိနေတဲ့ မောင်တောခရိုင်အတွင်း မောင်တောမြို့နယ်က စစ်ကောင်စီ၏ တပ်စခန်းများ တစ်ခုပြီး တစ်ခု နေတိုင်းဆိုသလို အာရက္ခတပ်တော်က သိမ်းပိုက်လျက်ရှိနေသည်။


အလုံးစုံသိမ်းပိုက်ရန် ကျန်ရှိနေသည့် တပ်စခန်းတစ်ခုဖြစ်သော မောင်တောမြို့အဝင်က မြို့သူကြီးတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ရင်း နခခ ၅ ကို အာရက္ခတပ်တော်AA မှ ယမန်နေ့ ဇွန်လ ၇ ရက် ညနေပိုင်းက စတင်၍ထိုးစစ်ဆင်တိုက်ခိုက်နေသည်။


"တိုက်ပွဲက တောက်လျှောက်ပြင်းထန်နေပြီး နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကဆက် တိုက်ခိုက်လိုခြင်းမရှိကြဘူး အာရက္ခတပ်တော်ထံ လက်နက်ချအလင်းဝင်ချင်တယ် လက်နက်ချအလင်းဝင်လိုက်ရင် အသက်ဘေးကလွတ်မြောက်မည် ဆက်တိုက်နေရင် ကိုယ့်ရဲ့အသက်ကအာမခံချက်မရှိဘူး ဒါကို သိသိကြီး ဆက်တိုက်ရန် အမိန့်ပေးနေတဲ့ စစ်တပ်က အရာရှိတွေကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဒေါသထွက် နေကြတယ် သူတို့ကိုယ်တိုင်မှ မတိုက်ရတာ အောက်ခြေက နယ်ခြားစောင့်တပ်သားတွေကို ချနင်းနေတာ အသက်တွေ ဘဝတွေ စတေးခံရတာ မတန်ဘူးလို့ "နယ်ခြားစောင့်တပ်ဖွဲ့ဝင် မိသားစုတစ်ဦးက ပြောသည်။


အာရက္ခတပ်တော်AA သည် မောင်တောခရိုင်တစ်ခုလုံး သိမ်းပိုက်ရန်အတွက် စစ်ရှိန်မြှင့်တိုက်ခိုက်လျက်ရှိနေသည် မောင်တောမြို့နယ်က လက်ကျန်စခန်းများ နခခ ( ၂ ) လေးမိုင်  နခခ ( ၄ ) မောရဝတီ နခခ ( ၅ ) မြို့သူကြီး စသည့်တပ်ရင်း အပြင် မောင်တောမြို့၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့ သင်တန်းပေးထားသော မွတ်ဆလင်လက်နက်ကိုင်များ ထောင်ချီပြီး မြို့အတွင်း ဘာသာရေးအဆောက်အဦး စာသင်ကျောင်း လူနေအိမ်များတွင် အကာကွယ်ယူပြီး စခန်းချနေထိုင်လျက်ရှိဟုသိရသည်။


#lay_wadi_media #Rakhine #Maungdaw #နခခ၅ #အကြမ်းဖက်စစ်ကောင်စီ #မွတ်ဆလင်လက်နက်ကိုင် #ရခိုင်

ဘူးသီးတောင်မြို့ စစ်ကောင်စီ ထိမ်းချုပ်မှုလက်အောက်တွင် ရှိနေအချိန်က ဘာတွေဖြစ်ခဲ့သလဲ.? ဘူးသီးတောင်မြို့ကို ဘယ်သူက ဘယ်အဖွဲ့ မီးရှို့ဖျက်ဆီးခဲ့သလဲ…?

 ဘူးသီးတောင်မြို့ စစ်ကောင်စီ ထိမ်းချုပ်မှုလက်အောက်တွင် ရှိနေအချိန်က ဘာတွေဖြစ်ခဲ့သလဲ.?


ဘူးသီးတောင်မြို့ကို ဘယ်သူက ဘယ်အဖွဲ့ မီးရှို့ဖျက်ဆီးခဲ့သလဲ…?


၂ ဇွန်လ ၂၀၂၄












၁။ ၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက် နှင့် ၂၀ ရက်နေ့တွင် AA ကို အလိုမရှိကြောင်း စစ်ကောင်စီကို ထောက်ခံသည့် မွတ်ဆလင်များက ဘူးသီးတော်မြို့ပေါ်၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ( ပထမ အကြိမ် ဆန္ဒထုတ်ဖော်ခြင်း)


ဘူးသီးတောင်မြို့သည် စစ်ကောင်စီ ထိမ်းချုပ်မှုလက်အောက်တွင် ရှိနေဆဲဖြစ်သည်။


၂။   ၂၀၂၄ ခုနှစ် ဧပြီလ ၁၄ ရက်နှင့် ၁၅ ရက်တွင် ထပ်မံ၍ AA အလိုမရှိ / ဘူးသီးတောင်ကို ကာကွယ်ကြ စသည့် စာတန်းများကိုင်ဆောင်ကာ စစ်တပ်ကို ထောက်ခံသည့် မွတ်ဆလင်များက ဘူးသီးတောင်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ( ဒုတိယ အကြိမ် ဆန္ဒထုတ်ဖော်ခြင်း)  နောက်တစ်နေ့ ဧပြီလ ၁၆ ရက်နေ့တွင် ဘူးသီးတောင်မြို့ရှိ ရက္ခိုင်နေအိမ် အများစု နှင့် မွတ်ဆလင်မဟုတ်သည့် ဒေသခံ ရက္ခိုင်မျိုးနွယ်စု နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခံ ထားရသည့် ဓါတ်ပုံနှင့် ရုပ်သံဖိုင်များ ထွက်ပေါ်လာခဲ့သည်။


ဘူးသီးတောင်မြို့ စစ်ကောင်စီ ထိမ်းချုပ်မှုလက်အောက်တွင် ရှိနေဆဲဖြစ်သည်။


၃။  ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပူးပေါင်း မွတ်ဆလင် လက်နက်ကိုင် ARSA -ARA- RSO - စစ်တပ်သင်တန်းပေး လက်နက် တပ်ဆင်ထားသော မွတ်ဆလင် လက်နက်ကိုင်များက မီးရှို့ဖျက်ဆီးထားသော ဘူးသီးတောင်မြို့ အေးစေတီဘုန်းကြီးကျောင်းအနီးက လမ်းတစ်လျှောက် မီးလောက်ဖျက်ဆီးနေသည့် ရုပ်သံ Video များထွက်ပေါ်လာခဲ့သည်။


ဘူးသီးတောင်မြို့သည် စစ်ကောင်စီ၏ လက်အောက်တွင် လုံလုံ ရှိနေသေးသည်။


၎။  ၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က ဘူးသီးတောင်မြို့က နယ်စည်းမခြားဆရာဝန်များအသင်း ( MSF ) ရုံးခန်း နှင့် ဆေးဝါးများ အကြမ်းဖက်မီးရှို့ခံလိုက်ရသည်ဟု ၂၀၂၄ ဧပြီလ ၁၇ ရက် ရက်စွဲဖြင့် MSF က တရားဝင် ထုတ်ပြန်ခဲ့သည်။ သို့သော် ဘယ်အဖွဲ့အစည်းက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ၎င်း တို့ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိမှာ စဉ်စားစရာတစ်ခု


ဘူးသီးတောင်မြို့သည် စစ်ကောင်စီ ထိမ်းချုပ်မှုလက်အောက်တွင် ရှိနေဆဲပင်ဖြစ်သည်။


၅။  ၂၀၂၄ ခုနှစ် ဧပြီလ  ၁၈ ရက်နေ့တွင် ဘူးသီးတောင်မြို့ရှိ ရက္ခိုင်လူမျိုးနေအိမ်အများအပြားကို စစ်ကောင်စီနှင့် ARSA /ARA/ RSO စစ်သင်တန်းတက်ထားတဲ့ မွတ်ဆလင်လက်နက်ကိုင်အုပ်စု များက မီးရှို့ ဖျက်ဆီးခဲ့သည်ကို BBC နှင့် Western News တို့က ဖော်ပြခဲ့သည်။


ဒီအခ်ျိန်ထိ ဘူးသီးတောင်မြို့ကို စစ်ကောင်စီတပ်က ထိမ်းချုပ်ထားဆဲဖြစ်သည်။


၆။  ဘူးသီးတောင်မြို့ပေါ်က ပြည်သူအားလုံး ယာယီ မြို့ကို စွန့်ခွာကြရန် အာရက္ခတပ်တော်AA က သတိပေးထားကြောင်း ဘူးသီးတောင်မှ ပညာရေးဝန်ထမ်းတစ်ဦး ဝမ်းနည်းစွာဖြင့် ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ နေ့က ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။


ဘူးသီးတောင်မြို့သည် စစ်ကောင်စီ ထိမ်းချုပ်မှုလက်အောက်တွင် ရှိနေဆဲဖြစ်သည်။


၇။  ၂၀၂၄ ခုနှစ် ဧပြီ ၂၂ ရက်နေ့က စစ်ဘေးရှောင်မွတ်ဆလင်များကို စားနပ်ရိက္ခာ ထောက်ပံ့ပေးသည်ဟု  ဘူးသီးတောင်မြို့ အမှတ် ၁ စာသင်ကျောင်း ကွင်းပြင်တွင် စစ်ကောင်စီက ဟန်ပြ မှတ်တမ်း ဓါတ်ပုံ ရိုက်အခန်းအနားကျင်းပခဲ့သည်။ ၎င်း အခန်းအနား ပွဲတွင် MSF  အမှတ်တံဆိပ်ပါ အင်္ကျံဝတ်ထားသည့် မွတ်ဆလင်တစ်ဦးကိုလည်းတွေ့ရသည်။


ဧပြီလ ၂၃ ရက် နေ့စွဲဖြင့် ရက္ခိုင်နေအိမ် ထောင်ချီ မီးရှို့ ဖျက်ဆီးခဲ့ရသည့် ဓါတ်ပုံ တွေ ရုပ်သံတွေ များစွာ ထွက်ပေါ်လျက်ရှိနေပြီဖြစ်သည်။ ၈၀ % ဘူးသီးတောင်မြို့ကနေအိမ်တွေ ဖျက်ဆီးသွားပြီဟု သိရသည်။


(ဘူးသီးတောင်မြို့သည် စစ်ကောင်စီလက်အောက်၌ ရှိနေဆဲဖြစ်သည်။)


၈။ ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက် ဘူးသီးတောင်မြို့ရှိ ရက္ခိုင်နေအိမ် အများအပြားနှင့် မွတ်ဆလင်မဟုတ်တဲ့ နေအိမ်များကို အကြမ်းဖက်မီးရှို့ခံသည်ဟု အာရက္ခတပ်တော် AA မှ ထုတ်ပြန်ထားသည့် ရုပ်သံမှတ်တမ်းကို ရက္ခိုင်အခြေစိုက် Narinjara ကဖော်ပြထားသည်။


ဘူးသီးတောင်မြို့ကို စစ်ကောင်စီက ထိမ်းချုပ်ထားဆဲဖြစ်သည်။


၉။ ၂၀၂၄ ခုနှစ် မေလ ၄ ရက်နှင့် ၅ ရက်နေ့တွင်( တတိယ အကြိမ် )AA အလိုမရှိ / မွတ်ဆလင် ဒုက္ခသည်အသက်ကိုကယ်တင်ပေး စသဖြင့် စာတန်းများကိုင်ဆောင်ကာ ဆန္ဒပြတဲ့ အဲ့ဒီနေ့မှာပဲ  ထပ်မံ၍ ဘူးသီးတောင်က နေအိမ် ၁၅၀၀ လောက် အကြမ်းဖျက်မီးရှို့ခံရသည်။


( ဘူးသီးတောင်မြို့သည် စစ်ကောင်ထိမ်းချုပ်မှု လက်အောက်တွင် ရှိနေဆဲဖြစ်သည်။ )


၁၀။ ၂၀၂၄ ခုနှစ် မေလ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ်မှာ ရှိတဲ့ စစ်ကောင်စီ၏ တပ်ရင်း တပ်ဖွဲ့  ဌာနချုပ် တပ်စခန်းအားလုံးကို သိမ်းပိုက်ထိမ်းချုပ်လိုက်ပြီးနောက် ၂၀၂၄ မေလ ၁၇ နေ့ ညမှာ ဘူးသီးတောင်မြို့ပေါ်ရှိ မွတ်ဆလင် နေအိမ်များကို AA က မီးရှို့ခဲ့သည်ဟု စွပ်စွဲကာ  ဖြစ်စဉ် ဖြစ်ရပ်နှင့် လွဲမှားနေတဲ့ ဓါတ်ပုံဖြင့် သတင်းအတုများကို RFA - DVB - BBCတို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဝေဆာဆာ ဖော်ပြခဲ့သည်။


အဲ့ဒီ ဧပြီလ ၁၇ ရက် ည မှာ စစ်ကောင်စီ လေကြောင်းကနေ Y-12 လေယာဉ်ဖြင့် ပေါင် ၁၀၀၀ ဗုံးသီးများ ဘူးသီးတောင်မြို့ကို ကြဲချခဲ့သည်ဟုလည်းသိရသည် နောက်ပြီး ညသန်ခေါင်ယံ ၂ နာရီအချိန်ထိ ဂျက်ဖိုက်တာတွေနှင့် လာရောက်ပစ်ခတ်ခဲ့သည်ဟုလည်း ကြားသိရသည်။


#lay_wadi_media #စစ်ကောင်စီ #Buthidaung #Rakhine #ရခိုင် #ARSA #ARA #RSO

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...