ကင်း‌ချောင်း‌ကျေးရွာအား တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့်






 

၂၀၂၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့၊ နံနက် (၁၁) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီမှ အရပ်သားပြည်သူများနေထိုင်ရာ မောင်တောမြို့နယ် တောင်ပိုင်းရှိ ကင်း‌ချောင်း‌ကျေးရွာအား တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု မြင်ကွင်းများ (ရုပ်သံဖိုင်)


#AAInfoDesk

May 15, 2024

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ

 

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ

၁၃ မေလ ၂၀၂၄

ရက္ခိုင်ပြည် မောင်တောမြို့တွင် စစ်ကောင်စီ နှင့် ၎င်းတို့ သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုများသည် စာသင်ကျောင်း ဗလီ နေအိမ် အဆောက်အဦး ၌ အခိုင်အမာ စခန်းချ နေသည်ဟုသိရသည်။

အဆိုပါ အဆောက်အဦးများ၌ စခန်းချနေကြသည့် အကြမ်းဖက် စစ်ကောင်စီနှင့် မွတ်ဆလင် လက်နက်ကိုင်များသည် မေလ ၉ရက်က မောင်တောမြို့နယ် ရွှေရင်အေးကျေးရွာကို သွားရောက်ပြီး  လူနေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုသိရသည်။

မောင်တောမြို့နှင့် နီးကပ်လာတဲ့ တိုက်ပွဲကြောင့် မြို့ပေါ်က ဒေသခံပြည်သူများသည် ဘေးလွတ်ရာကို တိမ်းရှောင်ကြသည်မှာ လွန်ခဲ့သည့် ၃- ၄ ရက်အတွင်း က ထွက်သွားကြသည်ဟုသိရသည်။

မောင်တောမြို့ပေါ်တွင် စစ်ကောင်စီ ပူးပေါင်း မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များကသာ ရှိနေသည်။

#law_wadi_media #Maungdaw #အကြမ်းဖက်စစ်ကောင်စီ #Rakhine


မောင်တောမြို့ပေါ်တွင် စစ်ကောင်စီ နှင့် ၎င်း တို့ စစ်သင်တန်းပေးထားသော မွတ်ဆလင်များ မြို့ပေါ်၌ အရပ်ကားဖြင့် ကင်းလှည့် မြို့အတွင်းပြည်သူများပိတ်မိနေ


 မောင်တောမြို့ပေါ်တွင် စစ်ကောင်စီ နှင့် ၎င်း တို့ စစ်သင်တန်းပေးထားသော မွတ်ဆလင်များ မြို့ပေါ်၌ အရပ်ကားဖြင့် ကင်းလှည့် မြို့အတွင်းပြည်သူများပိတ်မိနေ


၁၁ မေလ ၂၀၂၄


ရက္ခိုင်ပြည် မောင်တောမြို့တွင် စစ်ကောင်စီ သင်တန်းပေးထားသော မွတ်ဆလင်များသည် အရပ်ကားဖြင့် မြို့အဝင်အထွက် လမ်းဆုံ လမ်းခွ များတွင်  ဂိတ်ချပြီး မြို့ကို ပိတ်ထားသည်ဟုသိရသည်။


မောင်တောမြို့အတွင်းရှိ စစ်ကောင်စီ နှင့် ၎င်းတို့ သင်တန်းပေးလက်နက်တပ်ဆင်ထားသော  မွတ်ဆလင်များသည် မောင်တောမြို့၌ ပိတ်မိနေသော မွတ်ဆလင် နှင့် ဒေသခံပြည်သူ သောင်ချီးများကို သွားခွင့် ပိတ်ထားကာ မြို့အနီးရှိ ရခိုင်ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည်ဟု မောင်တောဒေသခံကပြောဆိုသည်။


မောင်တောမြို့အနီးက ဝေသာလီကျေးရွာနှင့် ရွှေရင်အေးကျေးရွာကို စစ် ကာင်စီတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်မွတ်ဆလင်အချို့က မေလ ၉ ရက် န့တွင် ဝင်ရောက်မီးရှိုဖျက်ဆီးခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ သေနတ်ပစ်သတ်ခံ ရ၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။


မျက်မြင်ဒေသခံတစ်ဦးက " ဝေသာလီဆိုရင် ပထမတစ်ကြိမ် မီးရှို့ခံရပြီးပြီ။ အဲဒီတုန်းက နေအိမ် ၁၅ ဆောင်ပါသွားတယ်။  ရွှေရင်အေး ရွာကိုလည်း တပြိုင်တည်းဝင်ပြီး မီးရှို့ကြတာ နေအိမ် ၅ဝ ကျော် မီးလောင်သွားသည်ဟု ဒေသခံတွေက ပြောဆိုသည်။


ရုပ်သံ/ မောင်တောမြို့ပေါ်၌  အရပ်ကားဖြင့် သွားလာနေသာ စစ်ကောင်စီ မွတ်ဆလင်  လက်နက်ကိုင်များ


#law_wadi_media #အကြမ်းဖက်စစ်ကောင်စီ #Maungdaw #Rakhine #lay_wadi_media #စစ်ကောင်စီ #Arakan

အမ်း - ပဒါန်းလမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ




 အမ်း - ပဒါန်းလမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ


RNA_မေ(၁)၊၂၀၂၄ ခုနှစ်။


မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် အမ်း -ပဒါန်း လမ်းပိုင်း တိုက်ပွဲအတွင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ ရဲဘော် ဟန်ဘိုသည် စစ်ရေးတာဝန်များ ထမ်းဆောင်ရင်း လက်နက်ကြီးကျည်ထိမှန်ကာ ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက မြင့်မြတ်စွာ ကျဆုံးသွားကြောင်း သိရသည်။ 


ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း AA နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည့်အတွက် စစ်ကူနှင့် ရိက္ခာပို့ လမ်းကြောင်းများကို အများပြည်သူသုံး ယာဉ်များဖြင့် သွားလာနေသည့်အတွက်ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်း ပဒါန်းတို့ကို ဆက်သွယ်ထားသော အမ်း-ပဒါန်း ကားလမ်းအား အာရက္ခတပ်တော် - AA နိုဗာစစ်ဒေသ (၁) က ဧပြီလ (၂) ရက်နေ့ကတည်းက အကန့်အသတ်မရှိ အရေးပေါ်ပိတ်ထားခဲ့သည်။ 


အာရက္ခတပ်တော်နှင့် မဟာမိတ်များက အမ်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်နေစဉ်အတွင်း အမ်းကို စစ်ကူသွားသည့် စစ်ကောင်စီလက်အောက်ခံများက ပဒါန်းကျော်သည်နှင့် လက်နက်ကြီး လက်နက်ငယ်များဖြင့် ကျေးရွာများကို ပစ်ခတ်နေကြောင်း၊ အမ်းတက်သည့် စစ်ကောင်စီတပ်များလည်း လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခံရမှုရှိပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။


"အခုက နေ့တိုင်းနီးပါး ပစ်ခတ်နေကြတာ လက်နက်ကြီးက ရွာတွေထဲထိကျနေတာ အခုစစ်ဘေးရှောင်တွေလည်း ရွာဆက်တိုက်ပဲ။ စစ်တပ်ဝင်လာရင် အကုန်ပြေးရတယ် ရွာလည်း အကောင်းတိုင်းမကျန်ဘူး။ ပဒါန်းတက်မယ်ဆိုတော့လည်း စစ်တပ်က အလာမခံဘူး အခုက ဘယ်ကိုသွားလို့ ဘယ်လိုနေရမလဲကို မသိဖြစ်နေတာ” ပဒါန်းမြို့နယ် ကျေးရွာတရွာမှ ဒေသခံတဦးက ပြောကြားထားသည်။


ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းစစ်ကောင်စီတပ် လှုပ်ရှားမှုများလာပြီး ထိတွေ့တိုက်ပွဲများမှာ အမ်း - ပဒါန်းလမ်းပိုင်း၊ မင်းဘူးခရိုင်အတွင်းမှ ပုသိမ် - မုံရွာလမ်းပိုင်းတို့တွင် ဖြစ်ပွါးနေကြောင်း၊ ပုသိမ် - မုံရွာ လမ်းပိုင်းတွင်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက နယ်မြေစိုးမိုးထားပြီး ခုခံတိုက်ခိုက်နေကြကြောင်း သိရသည်။


#RedNewsAgency

https://rednewsagency.com/news/14279

https://t.me/rednewsagency/6407

https://www.youtube.com/@rednewsmm/?sub_confirmation=1

 မင်းပြားမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးကြဲခံရမှုနှင့် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား (၁၀)ဦး ကျော် ထိခိုက်ဒဏ်ရာရ


၃၀ ဧပြီ ၂၀၂၄


ရခိုင်ပြည်၊ မင်းပြားမြို့ကို စစ်ကောင်စီက ဗုံးကြဲခဲ့တဲ့အပြင် စစ်တွေမြို့ဘက်က ဟောင်ဝစ်ဇာအမြောက်တွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ 


မင်းပြားမြို့ကို ဒီနေ့ ဧပြီ ၃၀ ရက်နေ့ နံနက် ၁၀နာရီခန့်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့လို့ ဈေးဟောင်းပိုင်းရပ်ကွက်၊ စွန်ရဲလမ်းရှိ စည်ပင်ရုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားမှာ ရှိ‌တဲ့ နေအိမ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ မင်းပြားမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို  ပြောဆိုခဲ့သည်။

"ဗုံးလာကြဲတာ စည်ပင်ရုံးမှာ ဗုံးတစ်လုံးကျတယ်။ ရုံးတစ်ဆောင်လုံးပြိုပျက်သွားတယ်။ ပြီးတော့အဲ့ဒီရုံးနားမှာနေတဲ့ အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက် ဒဏ်ရာရတယ် " လို့ ဆိုပါတယ်။


အလားတူ  နံနက် ၁၀နာရီ ၁၅မိနစ်ကလည်း စစ်တွေ မြို့ဘက်က ဟောင်ဝစ်ဇာ လက်နက်နဲ့ ပစ်ခတ်လို့ လက်နက်ကြီးကျည်ထိမှန်ပြီး မင်းပြားသပြေညိုရပ်ကွက်က လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားပြီး အမျိုးသမီး ၅ ဦး အမျိုးသား ၃ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မင်းပြားမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။





တောဟိန်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် AA သိမ်းပိုက်ခဲပြီးနောက် စစ်သုံးပန့် မိသားစုဝင်အများအပြားကို AA ကကယ်ထုတ်…


 တောဟိန်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် AA သိမ်းပိုက်ခဲပြီးနောက် စစ်သုံးပန့် မိသားစုဝင်အများအပြားကို AA ကကယ်ထုတ်…


 ၂၇ ဧပြီ ၂၀၂၄


ရခိုင်ပြည် အမ်းမြို့နယ် တောဟိန်းတောင်ဗျူဟာကုန်းကိုပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ စ၍ အဆိုပါ ဗျူဟာကုန်းကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ပြီး ယနေ့ ဧပြီ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက် ရရှိခြင်းဖြစ်ကြောင်း သိရသည်။


တိုက်ပွဲအတွင်း ဘန်ကာထဲ ဝင်ပုန်းနေတဲ့ စစ်ကောင်စီ မိသားစုဝင် သုံးပန့် အများအပြားကိုလည်း အာရက္ခတပ်တော် AAမှ ကယ်ထုတ်ခဲ့တယ်လို့သိရသည်။


အဆိုပါ တောဟိန်းတောင်ဗျူဟာကုန်းသည် စစ်ကောင်စီ၏ အမ်းအခြေစိုက်တွင်ရှိသည့် အရေးပါသောဗျူဟာကုန်း တစ်ခုဖြစ်ပြီး  စစ်ကောင်စီတပ်သား ထောင်ချီ ရှိသော ဗျူးဟာကုန်တစ်ဖြစ်ကြောင်း သိရသည်။ 


တောဟိန်းတောင်ဗျူဟာကုန်းကို သိမ်းပိုက် ရရှိခဲ့ဟု သိရှိရသော်လည်း အာရက္ခတပ်တော် AA က သီးခြားထုတ်ပြန် ထားခြင်းမရှိသေး။


#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #Rakhine #Ann #အမ်း

စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းမှ မူဆလင်များကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးနေ

 စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းမှ မူဆလင်များကို  စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးနေ



၂၉ ဧပြီ ၂၀၂၄


အကြမ်းဖက်စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား တွင်ရှိသည့် IDP စခန်းများမှ မူဆလင်များကို  ခေါ်ယူပြီး မောင်တောမြို့တွင် ရက်တိုစစ်သင်တန်းပေးကာ လက်နက်များ တပ်ဆင်ပေးလျက်ရှိသည်ကို သိရသည်။ 


စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မူဆလင်လူငယ်များကို စက်လှေဖြင့် တင်ဆောင်ကာ မောင်တောမြို့ မြိုသူကြီးရပ်ကွက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၅ တွင် စစ်သင်တန်းပေးနေကြောင်း မောင်တောဒေသခံ တစ်ဦးက AB News သို့  ပြောဆိုခဲ့သည်။


 စစ်ကောင်စီသည် ၎င်း ဒုက္ခသည်စခန်းမှ စက်လှေနဲ့ခေါ်လာတယ်။ မောင်တောမြို့ နခခ ၅ မှာ စစ်သင်တန်းတက်ခိုင်းတယ်။ လက်နက်တွေလည်း တပ်ဆင်ပေးတယ်။ သင်တန်းဆင်းသွားတဲ့သူတွေရှိနေပြီ" ဟု ဆိုသည်။


စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ် IDP စခန်းများမှ မူဆလင်များကို ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ အာလီရွာမြစ်ကမ်းဖက်မှ မောင်တောဖက်ကမ်းသို့ စက်လှေဖြင့် ခေါ်ယူလာခဲ့ကြောင်း ခိုင်လုံးသတင်းရင်းမြစ်များအရ သိရသည်။ 


ရုပ်သံvideo- စစ်တွေတွင် စစ်ကောင်စီက သင်တန်းပေးနေတဲ့  မွတ်ဆလင်များ


#Lay_wadi_medai #Maungdaw #အကြမ်းဖက်စစ်ကောင်စီ



တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...