စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းမှ မူဆလင်များကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးနေ

 စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းမှ မူဆလင်များကို  စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးနေ



၂၉ ဧပြီ ၂၀၂၄


အကြမ်းဖက်စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား တွင်ရှိသည့် IDP စခန်းများမှ မူဆလင်များကို  ခေါ်ယူပြီး မောင်တောမြို့တွင် ရက်တိုစစ်သင်တန်းပေးကာ လက်နက်များ တပ်ဆင်ပေးလျက်ရှိသည်ကို သိရသည်။ 


စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မူဆလင်လူငယ်များကို စက်လှေဖြင့် တင်ဆောင်ကာ မောင်တောမြို့ မြိုသူကြီးရပ်ကွက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၅ တွင် စစ်သင်တန်းပေးနေကြောင်း မောင်တောဒေသခံ တစ်ဦးက AB News သို့  ပြောဆိုခဲ့သည်။


 စစ်ကောင်စီသည် ၎င်း ဒုက္ခသည်စခန်းမှ စက်လှေနဲ့ခေါ်လာတယ်။ မောင်တောမြို့ နခခ ၅ မှာ စစ်သင်တန်းတက်ခိုင်းတယ်။ လက်နက်တွေလည်း တပ်ဆင်ပေးတယ်။ သင်တန်းဆင်းသွားတဲ့သူတွေရှိနေပြီ" ဟု ဆိုသည်။


စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ် IDP စခန်းများမှ မူဆလင်များကို ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ အာလီရွာမြစ်ကမ်းဖက်မှ မောင်တောဖက်ကမ်းသို့ စက်လှေဖြင့် ခေါ်ယူလာခဲ့ကြောင်း ခိုင်လုံးသတင်းရင်းမြစ်များအရ သိရသည်။ 


ရုပ်သံvideo- စစ်တွေတွင် စစ်ကောင်စီက သင်တန်းပေးနေတဲ့  မွတ်ဆလင်များ


#Lay_wadi_medai #Maungdaw #အကြမ်းဖက်စစ်ကောင်စီ



Comments

Popular posts from this blog

အကြမ်းဖက်ဝါဒ ကြီးစိုးလာနေသည့် ဘဂ်လားဒေ့ရှ်

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်AA တို့နှစ်ဖက်တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ မင်းပြားမြို့နယ်က နေအိမ်များကို ULA / AA မှ ဆောက်လုပ်ပေး