မင်းပြားမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးကြဲခံရမှုနှင့် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား (၁၀)ဦး ကျော် ထိခိုက်ဒဏ်ရာရ


၃၀ ဧပြီ ၂၀၂၄


ရခိုင်ပြည်၊ မင်းပြားမြို့ကို စစ်ကောင်စီက ဗုံးကြဲခဲ့တဲ့အပြင် စစ်တွေမြို့ဘက်က ဟောင်ဝစ်ဇာအမြောက်တွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ 


မင်းပြားမြို့ကို ဒီနေ့ ဧပြီ ၃၀ ရက်နေ့ နံနက် ၁၀နာရီခန့်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့လို့ ဈေးဟောင်းပိုင်းရပ်ကွက်၊ စွန်ရဲလမ်းရှိ စည်ပင်ရုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားမှာ ရှိ‌တဲ့ နေအိမ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ မင်းပြားမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို  ပြောဆိုခဲ့သည်။

"ဗုံးလာကြဲတာ စည်ပင်ရုံးမှာ ဗုံးတစ်လုံးကျတယ်။ ရုံးတစ်ဆောင်လုံးပြိုပျက်သွားတယ်။ ပြီးတော့အဲ့ဒီရုံးနားမှာနေတဲ့ အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက် ဒဏ်ရာရတယ် " လို့ ဆိုပါတယ်။


အလားတူ  နံနက် ၁၀နာရီ ၁၅မိနစ်ကလည်း စစ်တွေ မြို့ဘက်က ဟောင်ဝစ်ဇာ လက်နက်နဲ့ ပစ်ခတ်လို့ လက်နက်ကြီးကျည်ထိမှန်ပြီး မင်းပြားသပြေညိုရပ်ကွက်က လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားပြီး အမျိုးသမီး ၅ ဦး အမျိုးသား ၃ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မင်းပြားမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။





တောဟိန်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် AA သိမ်းပိုက်ခဲပြီးနောက် စစ်သုံးပန့် မိသားစုဝင်အများအပြားကို AA ကကယ်ထုတ်…


 တောဟိန်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် AA သိမ်းပိုက်ခဲပြီးနောက် စစ်သုံးပန့် မိသားစုဝင်အများအပြားကို AA ကကယ်ထုတ်…


 ၂၇ ဧပြီ ၂၀၂၄


ရခိုင်ပြည် အမ်းမြို့နယ် တောဟိန်းတောင်ဗျူဟာကုန်းကိုပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ စ၍ အဆိုပါ ဗျူဟာကုန်းကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ပြီး ယနေ့ ဧပြီ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက် ရရှိခြင်းဖြစ်ကြောင်း သိရသည်။


တိုက်ပွဲအတွင်း ဘန်ကာထဲ ဝင်ပုန်းနေတဲ့ စစ်ကောင်စီ မိသားစုဝင် သုံးပန့် အများအပြားကိုလည်း အာရက္ခတပ်တော် AAမှ ကယ်ထုတ်ခဲ့တယ်လို့သိရသည်။


အဆိုပါ တောဟိန်းတောင်ဗျူဟာကုန်းသည် စစ်ကောင်စီ၏ အမ်းအခြေစိုက်တွင်ရှိသည့် အရေးပါသောဗျူဟာကုန်း တစ်ခုဖြစ်ပြီး  စစ်ကောင်စီတပ်သား ထောင်ချီ ရှိသော ဗျူးဟာကုန်တစ်ဖြစ်ကြောင်း သိရသည်။ 


တောဟိန်းတောင်ဗျူဟာကုန်းကို သိမ်းပိုက် ရရှိခဲ့ဟု သိရှိရသော်လည်း အာရက္ခတပ်တော် AA က သီးခြားထုတ်ပြန် ထားခြင်းမရှိသေး။


#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #Rakhine #Ann #အမ်း

စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းမှ မူဆလင်များကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးနေ

 စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းမှ မူဆလင်များကို  စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးနေ



၂၉ ဧပြီ ၂၀၂၄


အကြမ်းဖက်စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား တွင်ရှိသည့် IDP စခန်းများမှ မူဆလင်များကို  ခေါ်ယူပြီး မောင်တောမြို့တွင် ရက်တိုစစ်သင်တန်းပေးကာ လက်နက်များ တပ်ဆင်ပေးလျက်ရှိသည်ကို သိရသည်။ 


စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မူဆလင်လူငယ်များကို စက်လှေဖြင့် တင်ဆောင်ကာ မောင်တောမြို့ မြိုသူကြီးရပ်ကွက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၅ တွင် စစ်သင်တန်းပေးနေကြောင်း မောင်တောဒေသခံ တစ်ဦးက AB News သို့  ပြောဆိုခဲ့သည်။


 စစ်ကောင်စီသည် ၎င်း ဒုက္ခသည်စခန်းမှ စက်လှေနဲ့ခေါ်လာတယ်။ မောင်တောမြို့ နခခ ၅ မှာ စစ်သင်တန်းတက်ခိုင်းတယ်။ လက်နက်တွေလည်း တပ်ဆင်ပေးတယ်။ သင်တန်းဆင်းသွားတဲ့သူတွေရှိနေပြီ" ဟု ဆိုသည်။


စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ် IDP စခန်းများမှ မူဆလင်များကို ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ အာလီရွာမြစ်ကမ်းဖက်မှ မောင်တောဖက်ကမ်းသို့ စက်လှေဖြင့် ခေါ်ယူလာခဲ့ကြောင်း ခိုင်လုံးသတင်းရင်းမြစ်များအရ သိရသည်။ 


ရုပ်သံvideo- စစ်တွေတွင် စစ်ကောင်စီက သင်တန်းပေးနေတဲ့  မွတ်ဆလင်များ


#Lay_wadi_medai #Maungdaw #အကြမ်းဖက်စစ်ကောင်စီ



ဘူးသီးတောင်နှင့် မောင်တောကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် မှ ညမထွက်ရအမိန့်ထုတ်ပြန်ချက်


 UNITED LEAGUE OF ARAKAN ( ULA )

 ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် မှ ညမထွက်ရအမိန့်ထုတ်ပြန်ချက်


၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၃) ရက်


၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၆) ရက်


အာရက္ခဒေသအတွင်း၌ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ နှင့် အာရက္ခတပ်တော်တို့သည် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့များတွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ဘူးသီးတောင်၊ စကခ (၁၅) အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဖြစ်ပွား လျက်ရှိသော တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများမှာ ပိုမိုပြင်းထန်လျက်ရှိသည်။


ထိုသို့ပြင်းထန်သောတိုက်ပွဲများနှင့်အတူ စစ်ရှုံး အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် အာရက္ခ ဒေသအတွင်း မတူညီသော လူ့အဖွဲ့အစည်းများအကြားတွင် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများဖြစ်ပွားလာ စေရန် ကြိုးစားနေသကဲ့သို့ မူဆလင်လူမျိုးများအား စစ်သင်တန်းပေး၍ တိုက်ပွဲများအတွင်းတွင် အသုံးပြုနေခြင်း၊ မူဆလင်အကြမ်းဖက်အဖွဲ့များအား လက်နက်များတပ်ဆင်ပေးခြင်း စသည်တို့ကိုပြုလုပ်ကာ ယုတ်ညံ့သော နိုင်ငံရေးအောက်လုံးများကိုသုံးပြီး လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးလုပ်ဆောင်လျက် ရှိသည်ကို ထင်ရှားစွာ တွေ့မြင်နေရသည်။


အခြားတစ်ဖက်တွင် မူဆလင်အကြမ်းဖက်အဖွဲ့များမှလည်း တစ်ဖွဲ့ချင်းသော်လည်းကောင်း၊ စစ်ကောင်စီနှင့်အတူ ပူးပေါင်း၍သော်လည်းကောင်း၊ စစ်ကောင်စီသင်တန်းဆင်းမူဆလင်များမှသော်လည်းကောင်း အာရက္ခတပ်တော်အား ခပ်စိပ်စိပ်တိုက်ခိုက်လာခြင်း၊ မူဆလင်မဟုတ်သည့် အခြားသော ပြည်သူပိုင် ပစ္စည်းဥစ္စာ များအား ဖောက်ထွင်းခိုးယူခြင်း၊ လူနေအိမ်များအားမီးရှို့ခြင်း စသည့် အာရက္ခပြည်သူလူထုတို့၏အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေးတို့ကို ခြိမ်းခြောက်နေသော အကြမ်းဖက်လုပ်ရပ်များအား ဘူးသီးတောင်နှင့် မောင်တော ဒေသများ၌ ဆက်တိုက်ပြုလုပ်လာသောကြောင့် အဆိုပါဒေသများ၌ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့မှစ၍ ည (၇) နာရီ မှ နံနက် (၆) နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်သည်။


ဤညမထွက်ရအမိန့်အား ထုတ်ပြန်လိုက်သည့်နေ့မှစ၍ ထုတ်ပြန်ချက်အား ရုတ်သိမ်းကြောင်း မထုတ်ပြန်မချင်း ဘူးသီးတောင်နှင့်မောင်တောဒေသတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် မပျက်မကွက် လိုက်နာကြပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်။ လိုက်နာရန် ပျက်ကွက်သူများရှိပါက ထိုက်တန်သော အပြစ်ပေး အရေးယူမှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။ အကယ်၍ မိဘပြည်သူများအနေဖြင့် မဖြစ်မနေသွားလာ ရမည့်ကိစ္စရပ်များရှိလာပါက သက်ဆိုင်ရာ ULA အုပ်ချုပ်ရေးတာဝန်ခံများထံ ကြိုတင်အကြောင်းကြားကာ ခွင့်ပြုချက်ရယူပြီးမှ သွားလာကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်


#lay_wadi_media #Rakhine #ဘူးသီးတောင် #Buthidaung #မောင်တော #Maungdaw

ကောလင်းမြို့အနီး၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးေ-သဆုံး အများအပြား ဒဏ်ရာရ




 ကောလင်းမြို့အနီး၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးေ-သဆုံး အများအပြား ဒဏ်ရာရ 


၂၀၂၄ ဧပြီလ ၂၂ ရက် 


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အရှေ့ဘက် တဇူးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၄ ဧပြီလ ၂၁ ရက် နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၈ဦးေ-သဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့၍ ကောလင်းမြို့တွင်းသို့ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။


“ကောလင်းနဲ့မြို့အထွက်နားလေးပဲ၊ လက်နက်ကြီးထုသံတွေလည်းကြားရတယ်။ တစ်နေကုန်နီးပါပဲ မနက်ကတည်းက ဖြစ်နေတာ။ ထိခိုက်ကျဆုံးမှုကတော့ မသိရဘူး၊ ဝန်းသိုဘက်ကနေ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောကြားသည်။


စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၈ဦး၏ အလောင်းနှင့် လက်နက်ခဲ့ယမ်းတချို့ကို ကနဦး သိမ်းဆည်းရရှိထားသည် နောက်ဆက်တွဲ သတင်းများကို ထပ်မံဖော်ပြသွားမည်ဖြစ်ကြောင်း ကောလင်း ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။


#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #တော်လှန်ရေးတပ်ဖွဲ့  #ကောလင်းမြို့

စစ်တွေမြို့တွင် မွတ်ဆလင် လူငယ်အများကို စစ်ကောင်စီက စစ်မှုထမ်းရန်ဖိအားပေးခံပြီး ရခိုင်က ဘင်္ဂလီတွေဟာ နိုင်ငံသားမဟုတ်သည့်အတွက် စစ်မှုထမ်းရန် စုဆောင်းခြင်းမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော

 စစ်တွေမြို့တွင် မွတ်ဆလင် လူငယ်အများကို စစ်ကောင်စီက စစ်မှုထမ်းရန်ဖိအားပေးခံပြီး ရခိုင်က ဘင်္ဂလီတွေဟာ နိုင်ငံသားမဟုတ်သည့်အတွက် စစ်မှုထမ်းရန် စုဆောင်းခြင်းမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော


၂၀ ဧပြီ ၂၀၂၄



ရခိုင်ပြည် စစ်တွေမြို့တွင် မွတ်ဆလင်ဒုက္ခသည်စခန်းနှင့် ကျေးရွာများမှ လူပေါင်း ၃၅၀၀ ကျော် တတိယအကြိမ် စစ်မှုထမ်းရန် ဖိအားပေးခံနေရပြီးစစ်မှုထမ်း မွတ်ဆလင်များအား ထောက်ပံ့ရန် တစ်အိမ်လျှင် ငွေကျပ် တစ်သိန်းစီ စစ်ကောင်စီကထောင်းခံပြီး မွတ်ဆလင်ဒုက္ခသည်စခန်းများနှင့် ဒါးပိုင်း၊ ဘုမေ၊ သက်ကယ်ပြင် နှင့် ဘောဒူဖ ကျေးရွာများရှိ မွတ်ဆလင်တွေကိုလည်း စစ်မှုထမ်းရန် စစ်ကောင်စီက ဖိအားနေသည်ဟုသိရသည်။


ဖေဖော်ဝါရီလ ၁၀ ရက်က စတင်အသက်သွင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိသာ အကျုံးဝင်သော်လည်း မွတ်ဆလင်ဒုက္ခသည် စခန်းတွင်မူ အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ စစ်မှုထမ်းခြင်း ခေါ်ဆောင်ခံနေရကြောင်းသိရသည်။


ရခိုင်ပြည်ရှိ ဘင်္ဂလီများမှာ နိုင်ငံသားမဟုတ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် စုဆောင်းခြင်းမရှိဟု ဖေဖော်ဝါရီ ၂၅ ရက်နေ့က စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။


ရုပ်သံ - စစ်ကောင်စီ သင်တန်းပေးထားသော စစ်တွေက မွတ်ဆလင်လူငယ်များ


#lay_wadi_media #Rakhine #ရခိုင် #Sittwe #အကြမ်းဖက်စစ်ကောင်စီ

အကြမ်းဖက်စစ်တပ်၏ လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ပြုလုပ်နေသည့် နိုင်ငံရေးလှည့်ကွက်များအား လူမျိုးစု အချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်သည်းခံမှုတို့ဖြင့် သတိထား ကျော်ဖြတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ( NUG )တိုက်ထွန်း

 အကြမ်းဖက်စစ်တပ်၏ လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ပြုလုပ်နေသည့် နိုင်ငံရေးလှည့်ကွက်များအား လူမျိုးစု အချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်သည်းခံမှုတို့ဖြင့် သတိထား ကျော်ဖြတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ( NUG )တိုက်ထွန်း


၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်


 အကြမ်းဖက်စစ်ကောင်စီသည် လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြသည့် မွန်ဆလင် လူငယ်များကို (တရားမဝင်အဓမ္မ) စစ်သားအဖြစ် စုဆောင်းခဲ့ပြီး စစ်သင်တန်းများ ပို့ချကာ လက်နက်များ တပ်ဆင်ပေးလျက် ရှိနေကြောင်း တွေ့ရသည်။


 အကြမ်းဖက်စစ်ကောင်စီတပ်အား တော်လှန်တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော်AA အား  မွတ်ဆလင် အသိုင်းအဝိုင်းက ဆန့်ကျင်နေကြောင်း ထင်မှတ်မှားစေသည့်  အတုအယောင် ဆန္ဒပြပွဲများ ကျင်းပစေကာ လူမျိုးရေး ပဋိပက္ခ အရှိန်မြင့်တက်လာအောင် ယုတ်မာကောက်ကျစ်သည့် အကြံဆိုးဖြင့် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပြီး ဘူးသီးတောင်မြို့အတွင်း အကြမ်းဖက်စစ်တပ်က ဦးဆောင်ကာ အရပ်သား ပြည်သူများ၏ နေအိမ်အဆောက်အအုံများ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်းများ၏ ရုံးအဆောက်အအုံများကို မီးရှို့ခြင်း၊ ဖြိုချခြင်းနှင့် အကြမ်းဖက်မှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြောင်း သိရှိရသည်။ 


ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေမှုကို ဖျက်လိုဖျက်ဆီး ပြုလုပ်နေကြသည့် အဖျက်အမှောင့်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချ ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းနေ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ပြုလုပ်နေသည့် နိုင်ငံရေးလှည့်ကွက်များအား လူမျိုးစု အချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်သည်းခံမှုတို့ဖြင့် သတိထား ကျော်ဖြတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထူးအလေးအနက်ထား မေတ္တာရပ်ခံ ပန်ကြားသည်ဟု ယနေ့ ထုတ်ပြန်ခဲ့သည်။



တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...