ကောလင်းမြို့အနီး၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးေ-သဆုံး အများအပြား ဒဏ်ရာရ




 ကောလင်းမြို့အနီး၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးေ-သဆုံး အများအပြား ဒဏ်ရာရ 


၂၀၂၄ ဧပြီလ ၂၂ ရက် 


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အရှေ့ဘက် တဇူးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၄ ဧပြီလ ၂၁ ရက် နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၈ဦးေ-သဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့၍ ကောလင်းမြို့တွင်းသို့ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။


“ကောလင်းနဲ့မြို့အထွက်နားလေးပဲ၊ လက်နက်ကြီးထုသံတွေလည်းကြားရတယ်။ တစ်နေကုန်နီးပါပဲ မနက်ကတည်းက ဖြစ်နေတာ။ ထိခိုက်ကျဆုံးမှုကတော့ မသိရဘူး၊ ဝန်းသိုဘက်ကနေ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောကြားသည်။


စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၈ဦး၏ အလောင်းနှင့် လက်နက်ခဲ့ယမ်းတချို့ကို ကနဦး သိမ်းဆည်းရရှိထားသည် နောက်ဆက်တွဲ သတင်းများကို ထပ်မံဖော်ပြသွားမည်ဖြစ်ကြောင်း ကောလင်း ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။


#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #တော်လှန်ရေးတပ်ဖွဲ့  #ကောလင်းမြို့

No comments:

Post a Comment

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...