စစ်တွေမြို့တွင် မွတ်ဆလင် လူငယ်အများကို စစ်ကောင်စီက စစ်မှုထမ်းရန်ဖိအားပေးခံပြီး ရခိုင်က ဘင်္ဂလီတွေဟာ နိုင်ငံသားမဟုတ်သည့်အတွက် စစ်မှုထမ်းရန် စုဆောင်းခြင်းမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော

 စစ်တွေမြို့တွင် မွတ်ဆလင် လူငယ်အများကို စစ်ကောင်စီက စစ်မှုထမ်းရန်ဖိအားပေးခံပြီး ရခိုင်က ဘင်္ဂလီတွေဟာ နိုင်ငံသားမဟုတ်သည့်အတွက် စစ်မှုထမ်းရန် စုဆောင်းခြင်းမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော


၂၀ ဧပြီ ၂၀၂၄



ရခိုင်ပြည် စစ်တွေမြို့တွင် မွတ်ဆလင်ဒုက္ခသည်စခန်းနှင့် ကျေးရွာများမှ လူပေါင်း ၃၅၀၀ ကျော် တတိယအကြိမ် စစ်မှုထမ်းရန် ဖိအားပေးခံနေရပြီးစစ်မှုထမ်း မွတ်ဆလင်များအား ထောက်ပံ့ရန် တစ်အိမ်လျှင် ငွေကျပ် တစ်သိန်းစီ စစ်ကောင်စီကထောင်းခံပြီး မွတ်ဆလင်ဒုက္ခသည်စခန်းများနှင့် ဒါးပိုင်း၊ ဘုမေ၊ သက်ကယ်ပြင် နှင့် ဘောဒူဖ ကျေးရွာများရှိ မွတ်ဆလင်တွေကိုလည်း စစ်မှုထမ်းရန် စစ်ကောင်စီက ဖိအားနေသည်ဟုသိရသည်။


ဖေဖော်ဝါရီလ ၁၀ ရက်က စတင်အသက်သွင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိသာ အကျုံးဝင်သော်လည်း မွတ်ဆလင်ဒုက္ခသည် စခန်းတွင်မူ အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ စစ်မှုထမ်းခြင်း ခေါ်ဆောင်ခံနေရကြောင်းသိရသည်။


ရခိုင်ပြည်ရှိ ဘင်္ဂလီများမှာ နိုင်ငံသားမဟုတ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် စုဆောင်းခြင်းမရှိဟု ဖေဖော်ဝါရီ ၂၅ ရက်နေ့က စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။


ရုပ်သံ - စစ်ကောင်စီ သင်တန်းပေးထားသော စစ်တွေက မွတ်ဆလင်လူငယ်များ


#lay_wadi_media #Rakhine #ရခိုင် #Sittwe #အကြမ်းဖက်စစ်ကောင်စီ

No comments:

Post a Comment

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...