Posts

မောင်တောမြို့အဝင်က စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ရင်း နခခ ၅ ကို အာရက္ခတပ်တော် AA မှ စတင်ထိုးစစ်ဆင်နေ

Image
 မောင်တောမြို့အဝင်က စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ရင်း နခခ ၅ ကို အာရက္ခတပ်တော် AA မှ စတင်ထိုးစစ်ဆင်နေ ၇ ဇွန်လ ၂၀၂၄ ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ရင်းကြီးတစ်ခုဖြစ်သည့် နခခ ၅ ကိုအာရက္ခတပ်တော်မှ ယနေ့ ညပိုင်းအချိန်က စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ မောင်တောမြို့နယ်တောင်းပိုင်းက စစ်ကောင်စီ၏ နယ်ခြားစောင့်တပ် နခခ ၆ အင်းဒင်နှင့် နခခ ၉ မြင်းလွှတ်ကို ယနေ့ ဇွန်လ ၇ ရက်တွင်အာရက္ခတပ်တော်AA မှ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဘူးသီးတောင်နှင့် မောင်တောမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးဘေးတွင် အခြေစိုက်ထားသည့် မောင်တောမြို့အဝင် မြို့သူကြီး နခခ ၅ တပ်ရင်းကို ယနေ့ ညနေပိုင်းက AA မှ ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိသည်။ မြို့သူကြီးတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ရင်း နခခ ၅ တွင် ဘူးသီးတောင်မှ ထွက်ပြေးလွတ်မြောက်နေသော  စကခ မှူးကိုယ်တိုင်ယင်း နခခ ၅ တွင်စစ်ရေးအရ စီမံကွပ်ကဲနေသည်ဟုသိရှိရသည်။ အာရက္ခတပ်တော်AA မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး နှစ်ဖက်ပစ်ခတ်နေတဲ့ လက်နက်ကြီး လက်ငယ် အသံတွေ ဒရုန်းဗုံးချသံတွေကို မောင်တောမြို့က ကြားနေရသည်ဟ...

သံတွဲ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမြန်ရေယာဉ်ငယ် ( Speed Boat တစ်စီးအား )အာရက္ခတပ်တော်AA မှ တိုက်ခိုက်နစ်မြုပ်

Image
 သံတွဲ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမြန်ရေယာဉ်ငယ် ( Speed Boat တစ်စီးအား )အာရက္ခတပ်တော်AA မှ တိုက်ခိုက်နစ်မြုပ် ၂၀၂၄ ခုနှစ် ၊ ဇွန်လ ပထမပတ် အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ ကို AA မှ ထုတ်ပြန် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၇) ရက် အာရက္ခဒေသအတွင်းတိုက်ပွဲများသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ပထမပတ်အတွင်း၌ မောင်တော၊ သံတွဲနှင့် အမ်း မြို့နယ်များအတွင်း အဓိကဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။ အခြား တစ်ဖက်တွင် စစ်ကောင်စီအကြမ်းဖက်သင်တန်းဆင်း မူဆလင်များ၊ ARSA၊ ARA နှင့် RSO မူဆလင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များနှင့် မိမိတို့သည် ဘင်္ဂလာနယ်စပ်တစ်လျှောက်၌ ရံဖန်ရံခါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။  အာရက္ခဒေသအတွင်း၌ စစ်စခန်းများ မြောက်မြားစွာမကျန်တော့သည့် စစ်ကောင်စီသည် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကိုသာ အဓိကပြုလုပ်ခြင်း၊ ရက္ခိုင်-မူဆလင် လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိပြုလုပ်လျက်ရှိသည်။ ထို့အပြင် အရပ်သားပြည်သူလူထုများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အရပ်သားပြည်သူလူထုများ သွားလာသည့်လမ်းများတွင် မိုင်းထောင်ခြင်းများကို ယခင်ထက် ပိုမို...

စစ်ကောင်စီ နယ်ခြားစောင့် နခခ ၅ မှ လက်နက်ချ အလင်းဝင်လို့သည့် နယ်ခြားတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အုပ်စု နှစ်စုကွဲနေ

Image
 စစ်ကောင်စီ နယ်ခြားစောင့် နခခ ၅ မှ လက်နက်ချ အလင်းဝင်လို့သည့် နယ်ခြားတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အုပ်စု နှစ်စုကွဲနေ ၈ ဇွန်လ ၂၀၂၄ ရက္ခိုင်ပြည်မောင်တောမြို့နယ်တွင် အာရက္ခတပ်တော်AA နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိနေသည်။ စစ်ကောင်စီလက်အောက်တွင်ကျန်ရှိနေတဲ့ မောင်တောခရိုင်အတွင်း မောင်တောမြို့နယ်က စစ်ကောင်စီ၏ တပ်စခန်းများ တစ်ခုပြီး တစ်ခု နေတိုင်းဆိုသလို အာရက္ခတပ်တော်က သိမ်းပိုက်လျက်ရှိနေသည်။ အလုံးစုံသိမ်းပိုက်ရန် ကျန်ရှိနေသည့် တပ်စခန်းတစ်ခုဖြစ်သော မောင်တောမြို့အဝင်က မြို့သူကြီးတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ရင်း နခခ ၅ ကို အာရက္ခတပ်တော်AA မှ ယမန်နေ့ ဇွန်လ ၇ ရက် ညနေပိုင်းက စတင်၍ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ "တိုက်ပွဲက တောက်လျှောက်ပြင်းထန်နေပြီး နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကဆက် တိုက်ခိုက်လိုခြင်းမရှိကြဘူး အာရက္ခတပ်တော်ထံ လက်နက်ချအလင်းဝင်ချင်တယ် လက်နက်ချအလင်းဝင်လိုက်ရင် အသက်ဘေးကလွတ်မြောက်မည် ဆက်တိုက်နေရင် ကိုယ့်ရဲ့အသက်ကအာမခံချက်မရှိဘူး ဒါကို သိသိကြီး ဆက်တိုက်ရန် အမိန့်ပေးနေတဲ့ စစ်တပ်က အရာရှိတွေကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဒေါသထွက် နေကြတယ် သူတို့ကိုယ်တိ...

ဘူးသီးတောင်မြို့ စစ်ကောင်စီ ထိမ်းချုပ်မှုလက်အောက်တွင် ရှိနေအချိန်က ဘာတွေဖြစ်ခဲ့သလဲ.? ဘူးသီးတောင်မြို့ကို ဘယ်သူက ဘယ်အဖွဲ့ မီးရှို့ဖျက်ဆီးခဲ့သလဲ…?

Image
 ဘူးသီးတောင်မြို့ စစ်ကောင်စီ ထိမ်းချုပ်မှုလက်အောက်တွင် ရှိနေအချိန်က ဘာတွေဖြစ်ခဲ့သလဲ.? ဘူးသီးတောင်မြို့ကို ဘယ်သူက ဘယ်အဖွဲ့ မီးရှို့ဖျက်ဆီးခဲ့သလဲ…? ၂ ဇွန်လ ၂၀၂၄ ၁။ ၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက် နှင့် ၂၀ ရက်နေ့တွင် AA ကို အလိုမရှိကြောင်း စစ်ကောင်စီကို ထောက်ခံသည့် မွတ်ဆလင်များက ဘူးသီးတော်မြို့ပေါ်၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ( ပထမ အကြိမ် ဆန္ဒထုတ်ဖော်ခြင်း) ဘူးသီးတောင်မြို့သည် စစ်ကောင်စီ ထိမ်းချုပ်မှုလက်အောက်တွင် ရှိနေဆဲဖြစ်သည်။ ၂။   ၂၀၂၄ ခုနှစ် ဧပြီလ ၁၄ ရက်နှင့် ၁၅ ရက်တွင် ထပ်မံ၍ AA အလိုမရှိ / ဘူးသီးတောင်ကို ကာကွယ်ကြ စသည့် စာတန်းများကိုင်ဆောင်ကာ စစ်တပ်ကို ထောက်ခံသည့် မွတ်ဆလင်များက ဘူးသီးတောင်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ( ဒုတိယ အကြိမ် ဆန္ဒထုတ်ဖော်ခြင်း)  နောက်တစ်နေ့ ဧပြီလ ၁၆ ရက်နေ့တွင် ဘူးသီးတောင်မြို့ရှိ ရက္ခိုင်နေအိမ် အများစု နှင့် မွတ်ဆလင်မဟုတ်သည့် ဒေသခံ ရက္ခိုင်မျိုးနွယ်စု နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခံ ထားရသည့် ဓါတ်ပုံနှင့် ရုပ်သံဖိုင်များ ထွက်ပေါ်လာခဲ့သည်။ ဘူးသီးတောင်မြို့ စစ်ကောင်စီ ထိမ်းချုပ်မှုလက်အောက်တွင် ရှိနေဆဲဖြစ်သည်။ ၃။  ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ နေ့တွင် အကြမ်းဖက် စစ...

လူသားချင်းစာနာထောက်ထားမှု သတင်းဌာန မီဒီယာနှင့် အေအေ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်တို့ အင်တာဗျူး

Image
 လူသားချင်းစာနာထောက်ထားမှု သတင်းဌာန မီဒီယာနှင့် အေအေ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်တို့ အင်တာဗျူးကို မြန်မာဘာသာပြန်ဖြင့် ဖေါ် ပြပေးလိုက်ပါသည်- =========================================== ပုံ /AA စစ်ဦးစီးချူပ် ဗိုလ်ချုပ်ထွန်းမြန်နိုင် မြန်မာနိုင်ငံတွင်အထင်ရှားဆုံးလက်နက်ကိုင်အတိုက်အခံအဖွဲ့များအနက်မှတစ်ခုမှာရခိုင်စစ်တပ်မှရခိုင်စစ်တပ်သည်ရိုဟင်ဂျာလူနည်းစုကိုချိုးဖောက်ခြင်းနှင့်၎င်းတို့နှင့် ပတ်သက်. အန္တရာယ်ရှိသောအပြောအဆိုများပြန့်ပွားမှုကိုကျူးလွန်မိသည်ဟုစွပ်စွဲခံရသည်။ ဤစွပ်စွဲချက်များကိုနိုင်ငံတကာမီဒီယာများတွင်အစီရင်ခံပြီးရိုဟင်ဂျာများအာရုံစိုက်သောဆိုရှယ်မီဒီယာအကောင့်များအပေါ်ဖြန့်ဝေခဲ့သည်။ ယခုအပတ်အစောပိုင်းကလူသားချင်းစာနာမှုအသစ်သည်ရခိုင်ပြည်နယ်ရှိရခိုင်ပြည်နယ်ရှိရခိုင်နှင့်လက်နက်ကိုင်အုပ်စုများအတွက်အဓိကစစ်မြေပြင်ဖြစ်လာသည်။ မှတ်ချက်ပေးရန်အတွက် AA ၏နိုင်ငံရေးအဖွဲ့ချုပ်ဖြစ်သော AA ၏နိုင်ငံရေးအဖွဲ့ (United Rakan) ၏ယူနိုက်တက်အသင်း (ULA) သို့ကျွန်ုပ်တို့ရောက်ရှိခဲ့သည်။ ပွင့်လင်းမြင်သာမှုနှင့်တရားမျှတမှုအကျိုးစီးပွားအတွက်ယခုကျွန်ုပ်တို့သည် Asia Editor, Ali M. Latifi သို့ပို့လိုက်သော ULA / AA ၏တုံြ့...

ကင်း‌ချောင်း‌ကျေးရွာအား တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့်

Image
  ၂၀၂၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့၊ နံနက် (၁၁) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီမှ အရပ်သားပြည်သူများနေထိုင်ရာ မောင်တောမြို့နယ် တောင်ပိုင်းရှိ ကင်း‌ချောင်း‌ကျေးရွာအား တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု မြင်ကွင်းများ (ရုပ်သံဖိုင်) #AAInfoDesk May 15, 2024

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ

Image
  စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ ၁၃ မေလ ၂၀၂၄ ရက္ခိုင်ပြည် မောင်တောမြို့တွင် စစ်ကောင်စီ နှင့် ၎င်းတို့ သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုများသည် စာသင်ကျောင်း ဗလီ နေအိမ် အဆောက်အဦး ၌ အခိုင်အမာ စခန်းချ နေသည်ဟုသိရသည်။ အဆိုပါ အဆောက်အဦးများ၌ စခန်းချနေကြသည့် အကြမ်းဖက် စစ်ကောင်စီနှင့် မွတ်ဆလင် လက်နက်ကိုင်များသည် မေလ ၉ရက်က မောင်တောမြို့နယ် ရွှေရင်အေးကျေးရွာကို သွားရောက်ပြီး  လူနေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုသိရသည်။ မောင်တောမြို့နှင့် နီးကပ်လာတဲ့ တိုက်ပွဲကြောင့် မြို့ပေါ်က ဒေသခံပြည်သူများသည် ဘေးလွတ်ရာကို တိမ်းရှောင်ကြသည်မှာ လွန်ခဲ့သည့် ၃- ၄ ရက်အတွင်း က ထွက်သွားကြသည်ဟုသိရသည်။ မောင်တောမြို့ပေါ်တွင် စစ်ကောင်စီ ပူးပေါင်း မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များကသာ ရှိနေသည်။ #law_wadi_media #Maungdaw #အကြမ်းဖက်စစ်ကောင်စီ #Rakhine