မြန်မာ့သမိုင်းတွင် ဖယ်ရှားခံခဲ့ရသော ရခိုင့် အာဇာနေ အရှင်ဦးဥတ္တမနေ့

မြန်မာနိုင်ငံသမိုင်းတွင် အာဇာနည်နေ့ကို ဇူလိုင်လ ၁၉-ရက်နေ့ဟု သတ်မှတ်ထားသည်။ အကြောင်းမှာ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံခေါင်းဆောင်ကြီးများကို သတ်ဖြတ် လိုက်သည့်နေ့ဖြစ်ပါသည်။ ဤနေ့ကို သတိရစေရန် ဂျုလိုင်လ ၁၉ ရက် နေ့ရောက်တိုင်း အာဇာနည်နေ့ကို ကျင်းပကြသည်။

အမှန်အားဖြင့် ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာနိုင်ငံသမိုင်းတွင် ပထမဦးဆုံး အာဇာနည်နေ့ မဟုတ်၊ ပထမဆုံး အာဇာနည်နေ့ကား ၁၉၂၁ ခ၊ု မတ်လ ၂၁ ၊ရက်နေ့ဖြစ်သည်။ ဤနေ့တွင် ဆရာတော်ဦးဥတ္တမအား ဖျာပုံ စိစရိတ်ရာဇာဝင် တရားသူကြီးရုံး၌ အမူစစ်ဆေး သည့် နေ့ပင်ဖြစ်ပါသည်။

ဆရာတော် ဦးဥတ္တမသည် ၁၉၂၁ ခုနှစ် မတ်လတွင် နောက်ပါ ဦးဝေပုလ္လ ကိုယ်တော်၊ ဦးဘစော၊ မဒန်ဂျစ်၊ ကျောင်းဆရာ ကိုသတ်ပန်တို့နှင့်အတူ အောက်ပြည်အောက်ရွာကိုလှည့်လျက်၊နိုင်ငံရေးတရားဟော၍ စည်းရုံးခြင်း၊ အမျိုးသားရေး စိတ်ဓာတ် နိုးကြားအောင် ဆောင်ရွက်ခဲ့ပေသည်။

ဤသို့ဆောင်ရွက်နေစဉ်
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့သို့ရောက်ပြီး နိုင်ငံရေး တရားဟောနေစဉ် ဗြိတိသျှအစိုးရက ဆရာတော်အား ရာဇာသတ်ကြီး ပုဒ်မ ၁၂၄ (က) နှင့် ၁၃၅ (က) အရ ဖမ်းဆီးလိုက် လေသည်။
ဖမ်းဆီးပြီး ဖျာပုံမြို့ ရာဇာဝတ် တရားသူကြီးရုံး၌ ၁၉၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အမူစစ်ဆေးသည့်နေ့ကို မြန်မာနိုင်ငံအဝှမ်း အာဇာနည်နေ့ဟူ၍ သတ်မှတ်လိုက်သည်။

တိုင်းရင်းသားများအားလုံးက ကြည်ညိုလေးစားခြင်း ခံရ သော ဆရာတော် ဦးဥတ္တမအား ဤသို့ တရားစွဲ အမှုစစ်ဆေးသည့်နေ့ကို အာဇာနည်နေ့ဟူ၍ သတ်မှတ်လိုက်ခြင်းနှင့် ပတ်သက်၍ အကျွန်၏ မြန်မာနိုင်ငံအမျိုးသား ပညာရေး သမိုင်းစာအုပ် စာမျက်နှာ ၁၁၄- တွင် ၁၉၂၁-ခု ဧပြီလ ၁၁-ရက်နေ့ ကျင်းပသော မြန်မာပြည်လုံးဆိုင်ရာ သပိတ်မှောက် အထက်တန်းကျောင်းသားများ၏ ကွန်ဖရင့်တွင် အင်္ဂပူမြို့မှ ဦးမောင်လူဖေဝင်းက “ဦးဥတ္တမ ကိုယ်တော်သည် အမိနိုင်ငံအတွက် တန်ဘိုး မဖြတ်နိင်လောက်အောင် အမူထမ်းသဖြင့် ကျေးဇူးတင်ရှိကြောင်းနှင့် ဦးဥတ္တမ ကိုယ်တော်အား ဖမ်းဆီးလိုက်သဖြင့် များစွာဝမ်းနည်းကြောင်းကို မှတ်တမ်းတင်ရန်” အဆိုတင်သွင်းရာ ရန်ကုန်အမျိုးသမီး အထက်တန်းကျောင်းမှ မခင်လေးက ထောက်ခံသဖြင့် ကွန်ဖရင့်က ပြဌာန်း ဆုံးဖြတ် လိုက်ပါသည်။

၁၉၂၁-ခု၊ မတ်လ ၂၁-ရက်နေ့တွင် ဖျာပုံဒိစရိတ် ရာဇာဝတ်တရားသူကြီးရုံး၌ စစ်ဆေးမည်ဟု တရားသူကြီးက အမိန့်ချမှတ် ထား၏။ ထို့နေ့တွင် မြန်မာတဝှမ်းလုံးရှိ ဈေးဆိုင်များ၊ ဈေးများ၊ အလုပ်အကိုင်များပိတ်၍ အခြား အလုပ်အကိုင်များကိုပါ ရပ်၍ ဥပုဒ်သီလ ဆောက်တည်ကြရန် ၁၉၂၁-ခု၊ မတ်လ ၁၃-ရက်နေ့ ဗဟန်း ဥပသကာဇရပ်၌ ကျုင်းပသော ရန်ကုန်မြို့ အသင်း အစည်းအဝေးက အကြံပေးသည့်အတိုင်း မြန်မာကောင်စီကလည်း သဘောတူခဲ့ပေသည်။ ဦးဥတ္တမ ကိုယ်တော်အား အမှုစစ်ဆေးသည့်နေ့တွင် မြန်မာတနိုင်ငံလုံး တိတ်ဆိတ်နေ၏။ အလုပ်တိုက်များကိုလည်း ပိတ်ထား ကြ၏။

အလုပ်အကိုင်များကို ရပ်ထားကြ၏။ အမျိုးသားကျောင်းများကို ပိတ်ထားကြ၏။ တပြည်လုံးနှင့်အဝှမ်း ပထမဆုံး ဝမ်းနည်းသည့် အထိမ်းအမှတ်ဖြစ်သော အာဇာနည်နေ့ကား ဦးဥတ္တမကိုယ်တော်ကို အမှုစစ်ဆေးသည့်နေ့ပင် ဖြစ်သည်ဟု မှတ်တမ်း တင်ထားပေသည်။
မတ်လ-၂၁ ရက်နေ့ ပထမဆုံး၊ ဇူလိုင်လ-၁၉ ရက် ဒုတိယ အာဇာနည်တို့ ဖြစ်ရပ်နှင့် အခြေအနေတို့ မတူပါ။ ပထမ အာဇာနည်နေ့သည် မြန်မာလွပ်လပ်ရေးတိုက်ပွဲတွင် မဟုတ်မခံ မြန်မာသတ္တိကို ပြလိုက်သည့်နေ့ဖြစ်သည်။

ဒုတိယ အာဇာနည်နေ့ကား မတော်တရား လုပ်ကြံခံလိုက်ရသည့် အာဇာနည်နေ့ဖြစ်သည်။ ပထမ အာဇာနည်နေ့ကား ညအခါတွင် စန္ဒာလမင်း ထွက်ပြီး တညလုံး ထိန်လင်းနေသည့်ပမာ မြန်မာနိုင်ငံ၏ အလင်းရောင်သည် ကျက်သရေ ပြည့်နှက်ပြီး ထိန်လင်း နေပါသည်။ ဤတွင် စန္ဒာလမင်းကား ဆရာတော် ဦးဥတ္တမ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အမှောင်ကို အလင်းရောင်ရအောင် ထွန်းလင်းပေးသော အမျိုးသားခေါင်းဆောင်ဖြစ်သည်။ ဒုတိယ အာဇာနည်နေ့ကား မြန်မာနိုင်ငံ၏ အလင်းကို အမှောင်ထု ကျသွားသကဲ့သို့ ဖြစ်သွားသည့် နေ့ဖြစ်သည်။

ပထမ အာဇာနည်နေ့ကား မိုးတိမ်မိုးရိမ်များကို ဖယ်ရှား၍ တနေ့လုံး ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံအောင် ဆောင်ရွက်ပေးသည့် ဆရာတော် ဦးဥတ္တမကား သူရိယ နေမင်းကြီးကဲ့သို့ ရှိပေသည်။ ဒုတိယ အာဇာနည်နေ့ကား နေ့အခါတွင် နေမထွက်ဘဲ မိုးရိပ်မိုးသား ဖုံးလွမ်းနေသည့် အမှောင် ကျနေသည့် နေ့နှင့် တူပေသည်။ ခေါင်းဆောင်ကြီးများကို အစားထိုး၍မရ၊ ခေါင်းဆောင်များကို ခေါင်းဆောင် နေရာမှာ ထားနိုင်အောင် အကျွန်တို့ နိုင်ငံသားများ၊ နိုင်ငံ့ကောင်းဆောင်များ စိတ်ဓာတ်ရေးရာ ပြောင်းလဲသင့်သည်။

ခေါင်းဆောင်ကို ချိုးနှိမ် သတ်ဖြတ်သည့် မြန်မာ့အစဉ်အလာကား ကုန်းဘောင်ခေတ်တွင်လည်း ရှိခဲ့သည်။ ဤမကောင်းသည့် အစဉ်အလာကို အကျွန်တို့ အားလုံးက ဖျက်ပယ် ရပ်တန့်သင့်ပါသည်။ ဤအစဉ်အလာကို ရပ်ပြီး အာဇာနည်နေ့ကို ဂုဏ်ပြု အလေးပေးသင့်သည်။ “အာဇာနည်ဆိုသည်မှာ မှန်ကန်သည်ကို မှန်ကန်သည်ဟု မြင်ပြီး ကိုယ်ကျိုးစွန့်ကာ လူမျိုးနှင့် တိုင်းပြည်အတွက် ဆောင်ရွက်သည့် စိတ်ဓာတ်နှင့် ကိုယ်ကျင့် တရားတို့ဖြစ်ည်။ တနည်း အားဖြင့် ဆိုသော် အာဇာနည်ဆိုသည်မှာ ဘုရားလောင်းတို့၏ သတ္တိဗျတ္တိကို ဆိုလိုသည်။”

ဆရာတော် ဦးဥတ္တမကား အသက်ငယ်ငယ်ပင် ရှိသေးသည်။ သို့သော် ဆရာတော်သည် လွတ်လပ်ရေးမျိုးစေ့ကို မြန်မာနိုင်ငံ၌ ပထမဆုံးချပေးခဲ့သော အာဇာနည်ပင် ဖြစ်ပေသည်။ မြန်မာနိုင်ငံ၌ အကြမ်းမဖက် ဝါဒကို ဦးစွာပထမ မျိုးစေ့ ချခဲ့ပြီး လက်တွေ့ကျင့်သုံးခဲ့သော အာဇာနည်တစ်ဦးလည်း ဖြစ်ပေသည်။ ထို့အပြင် ဆရာတော်သည် အူရဒူဘာသာ၊ ဟိန္ဒူဘာသာ၊ ပါဋ္ဌိဘာသာ၊ သက္ကဋဘာသာ၊ ကိုးရီးယန်ဘာသာ၊ ရုရှဘာသာ၊ ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဗမာဘာသာ တို့ကို ကျွမ်းကျွမ်းကျင်ကျင်တတ်သော ပညာရှင် အာဇာနည်တပါးလည်းဖြစ်ပါသည်။

မြန်မာနိုင်ငံသမိုင်း၌ လည်းကောင်း၊ အရှေ့တောင်အာရှနိုင်ငံသမိုင်း၌လည်းကောင်း၊ ဆရာတော်ဦးဥတ္တမလောက် ဘာသာစာပေ များများ တတ်ကျွမ်းသည့် ခေါင်းဆောင်ကား ယခုအချိန်ထိ ထွက်ပေါ်လာသည်ကို မတွေ့ရပေ။ ဆရာတော် ဦးဥတ္တမသည် အိန္ဒိယနိုင်ငံ ခေါင်းဆောင် မဟတ္တဂန္ဒိနှင့် နေးရူးကဲ့သို့ ခေါင်းဆောင်များနှင့် လည်းကောင်း၊ တရုတ်နိုင်ငံမှာ ဒေါက်တာ ဆွန်ယက်ဆန်ကဲ့သို့ ပုဂ္ဂိုလ်များနှင့် လည်းကောင်း အလွန်ရင်းနှီးခဲ့ပါသည်။

ဆရာတော်ဦးဥတ္တမခေတ် အခြေအနေကို ကမ္ဘာအဝှမ်း အတိုင်း အတာနှင့်ကြည့်လျှင် ၁၈၈၅-ခုနှစ် အိန္ဒိယနိုင်ငံ ကွန်ဂရက် တည်ထောင်ပြီး အိန္ဒိနိုင်ငံရေးလူပ်ရှားမူ တိုးတက် ကျယ်ပြန့်လာသည်ကို တွေ့ရပေသည်။ ၁၉၁၇-ခုနှစ်တွင် ရုရှနိုင်ငံ၌ ဘော်ရိုဗစ် တော်လှန်ရေး ဖြစ်ပေါ်ခဲ့သည်။ လီနင်၏ ဝါဒများလည်း ကျယ်ပြန့်လာခဲ့သည်။ တရုတ်နိုင်ငံတွင်မူကား ၁၉၁၁-ခုနှစ်တွင် မန်ချုးအစိုးရ အင်အားလျော့နည်းနေသော အချိန်ဖြစ်သည်။ ၁၉၁၀-ခုနှစ်တွင် ဂျပန်က ကိုးရိယားကို တက်သိမ်းသည်။

ဂျပန်နိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများတွင် အရှိန်အဟုန်ပြင်းစွာ တိုးတက်ထွန်းကား လာခဲ့ပေသည်။ ၁၈၆၇-ခုနှစ်တွင် မတ်စူးဟီတို ဘုရင်သည် နန်းတက်ပြီး ဂျပန်နိုင်ငံကို စက်မူလက်မူ နိုင်ငံအဖြစ် တိုးတက်လာရန် ဆောင်ရွက်ခဲ့သော အချိန်ကာလဖြစ်သည်။ ဤခေတ်ကို ဥာဏ်ရောင် လင်းသောခေတ် သို့မဟုတ် မီးကျီးခေတ်ဟု သမိုင်းဆရာတို့က မှတ်တမ်းတင်ကြသည်။ မတ်စူးဟီတို ဘုရင်ခေတ်သည် သက္ကရာဇ် ၁၉၁၂-ခုနှစ်လောက်တွင် ဆုံးခဲ့သည်။ သို့သော် ဤခေတ်တွင် ပြုလုပ်လိုက် သော စက်မှုလက်မူ တော်လှန်ရေးသည် ဂျပန်နိုင်ငံ၏ ကြီးပွားတိုးတက်ရေးတွင် အလွန်အရေးပါလှပါသည်။

ဤကာလတွင် ဂျပန်အစိုးရသည် နိုင်ငံခြားသို့ ဂျပန်နိုင်ငံခြား ပညာတော်သင် ကျောင်းသားပေါင်း ၆၀၀ ကျော်ကို ပြည်ပသို့ ပို့၍ ပညာ သင်ကြားစေခဲ့သည်။
တိုင်းပြည်တစ်ပြည်၏ တိုးတက်မှုသည် ပညာရေးပေါ်တွင် များစွာအခြေခံပါသည်။ ဂျပန်နိုင်ငံက ပညာတော်သင် ၆၀၀ ကျော် လွှတ်ထားသောအချိန်တွင် မြန်မာနိုင်ငံ မင်းတုံးမင်းကြီး လက်ထက်၌ မြန်မာကျောင်းသား ၃၀ ခန့်ကို နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ခဲ့သည်။ ဤအချက်ကား လက်ရှိ ဂျပန်နိုင်ငံတိုးတက်မှုနှင့် ယခုလက်ရှိ စုတ်ပြတ်နေသော မြန်မာနိုင်ငံ၏ အခြေအနေကွာခြားမူကို သမိုင်းသာဓကအနေဖြင့် သိမှတ်သင့်သည်။

မီးကျီးခေတ် ဆုံးပြီးနောက် ဂျပန်နိုင်ငံ သည် စီးပွားရေး၊ နိုင်ငံရေး စသည့် အဖက်ဖက်မှ တိုးတက်ထွန်းကားနေသော အချိန်တွင် ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်၌ တက္ကသိုလ်ပါမောက္ခအဖြစ် အမှုထမ်းလျက်ရိုသည်။ ဂျပန်နိုင်ငံတွင် စက်မှုလက်မှု တိုးတက်ပုံ၊ ကျောင်းသူ ကျောင်းသားများ စာကိုကြိုးစားပုံ၊ မိမိတို့နိုင်ငံတွင် တက်ညီလက်ညီ ကြိုးစားကြပုံတို့ကို တက္ကသိုလ် ပါမောက္ခ ဆရာတော် ဦးဥတ္တမသည် များစွာ အားကျခဲ့ပေသည်။ မြန်မာလူငယ်များလည်း ဂျပန်တို့လို ကြိုးစားစေလိုသည့် ဆန္ဒ ဂျပန်နိုင်တို့လို တက်ညီလက်ညီ ဆောင်ရွက်လိုသည့် ဆန္ဒကို အခြေခံ၍ ပါမောက္ခ ဆရာတော် ဦးဥတ္တမသည် မြန်မာပြည်တွင် ထုတ်ဝေသော သူရိယသတင်းစာသို့ ဆောင်းပါးများရေးသားပေးပို့ခဲ့သည်။

၁၉၆၄- ခုနှစ်လောက်တွင် အကျွန်သည် ငွေတာရီ မဂ္ဂဇင်း၌ ဂျပန်ပြည်မှ ဆရာတော် ဦးဥတ္တမ ပေးစာများ ခေါင်းစဉ်ဖြင့် ဆောင်းပါးများ ရေးသားခဲ့ပါသည်။ ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ် ဦးသန့်သည် မြန်မာနိုင်ငံ တနိုင်ငံလုံးက ဂုဏ်ယူသင့်သော နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုနည်းတူ ဗိုလ်ချူပ်အောင်ဆန်းနှင့် သခင်ကိုယ်တော်မှိုင်းလည်း နိုင်ငံခေါင်းဆောင်များ ဖြစ်ကြသည်။

ဤသို့ နိုင်ငံ ကျက်သရေဆောင် အာဇာနည်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ဦးသန့်အတွက် အမှတ်ရစေသည့် အုတ်ဂူကို မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်တွင် ထားရှိသည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်းနှင့် ဗိုလ်ချူပ်အောင်ဆန်းတို့၏ အုတ်ဂူများကိုလည်း မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်တွင် တွေ့ရသည်။ ဆရာတော် ဦးဥတ္တမအတွက်မူ မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်တွင် အမှတ်တရဟူ၍ တစုံတခုမျှ မရှိ။ ထို့ကြောင့် ဆရာတော် ဦးဥတ္တမသည် အမျိုးသားခေါင်းဆောင် မဟုတ်၍ ထိုက်ထိုက်တန်တန် နေရာမပေးလျှင် ဦးသန့်၏ အုတ်ဂူကို ပန်းတနော်သို့ ပြန်ပို့လိုက်ပါ။ ထိုနည်းတူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကိုလည်း ရွှေတောင်ကို ပြန်ပို့ပေးပါ။ ဗိုလ်ချူပ်အောင်ဆန်းကိုလည်း နတ်မောက်သို့ ပြန်ပို့လိုက်ပါ။

ပါမောက္ခ ဒေါက်တာအေးကျော်
သုခ၀တီ (နယူးယောက်မြို့)
၀၈၊ ၁၉၊ ၂၀၁၀

ဒီဇင်ဘာ (၃၁)

အပိုင်း(၁)     
ဲဒီနေ့တွေမှာတော့ ရတနာပုံနေပြည်တေည်တစ်ခုလုံး အုံးအုံးကြွကြွနုင့် ကြက်ပျံမကျစည်ကားနေလိုက်ကြတာ...မပဋာမြေလူးသလို လူအုပ်ကြီးရဲ့ ငိုကြွေးသံ...တက်ခေါက်သံတွေက ကျုပ်အတွက်ချိုမြိန်နေသလို.......
"ငါ့တို့အရှင်ပြန်ပေးပါ.."
".ကယ်ကြပါဦး.."
"အရှင့်နှစ်ပါးကို ခေါ်မသွားကြပါနဲ့ဗိုလ်မင်းတို့ရေ."
"တောက်!!ရင်နာလိုက်တာ"
ဒီနေ့လိုအဖြစ်အပျက်တွေက ကျုပ်တစ်သက်ဘယ်တော့မှမေ့နိုင်မယ်မထင်ဘူး...
ကျုပ်ကတော့ စဉ်းစားတယ်...ကျုပ်တို့ရဲ့အရှင်သခင်ဘုရင်သမ္မတရာဇာနုင့်မြာက်ဦးရွေနန်းတော်တစ်ခုလုံး မီးဟုန်းဟုန်းတောက်နေတာကို ကြည့်ပြီး ကျုပ်ရဲ့ဆွေတော်မျိုးတော်တွေ ဘယ်လောက်ယူကြုံးမရဖြစ်ကြမှာလဲ...
ဒင်းတို့တွေ အခုတော့ ဝဋ်ကြွေးတွေပြန်ဆပ်နေရပြီလေ...
ကျပ်တို့ရဲ့ရခိုင်မင်းနေပြည်ကိုသိမ်းပိုက်ခြင်းနုင့်အတူ ကျုပ်တို့မိသားစုတွေကိုပါ တစ်ပါတည်းခေါ်ဆောင်လာခဲ့တယ်။သူတို့ရဲ့လိုအပ်နေတဲ့ အလုပ်အကိုင်တွေကို ချွေးတစ်လုံးလုံးကျအောင် လုပ်ပေးခဲ့ရဖူးပြီ..ပျော်ရွှင်မှုကင်းမဲ့တဲ့ဘဝကိုဖြတ်သန်းရင်း ကိုယ့်မြေကိုယ့်ရေကိုယ်ဒေသကို လွမ်းဆွပ်တမ်းတရင်း ကျုပ်ရဲ့အဘိုးအဘောင်တို့ဘဝဟာ ဆုံးပါးသွားခဲ့ရပြီ..
အရှုံးသမားတွေရဲ့အနိမ်ခံဘဝတွေကို ဖြတ်သန်းနေရင်း ကျုပ်ရဲ့အဘာနုင့်အမင်က
"ငါ့သား..ငါ့တို့ရဲ့ဘိုးဘွားမြေ ရခိုင်ရွေပြည်ကြီးကို အဘာအမင်တို့အရောက်မသွားနိုင်ရင်တောင်မှ ငါတို့ရဲ့ မျိုးဆက် ငါ့သားလက်ထက်မှာ ပြန်နိုင်အောင်ကြိုးစားပါ...
ရွေပြည်ကြီးကို ပြန်ရဖို့ ကြိုးစားနေကြတဲ့ ရခိုင့်စစ်သည်တော်တွေနုင့် ပူးပေါင်းပြီး မိစ္ဆာရန်သူတွေကို တိုက်ထုတ်နိုင်အောင် ကြိုးစားနေပါငါ့သား"
ဒီလိုအခွင့်အရေးကို စောင့်ခဲ့ရတာကြာနေပါပေါ့လား အဘာနုင့်အမင်။
"ဟေ့ကောင် ထွန်းလှဖြူ...ရပ်ကြည့်မနေနဲ့ကွ...
အရေးကြီးတဲ့အချိန်မှာ အများလုပ်သလို အလုပ်ကိုလည်းဝင်လုပ်ဦး.
သင်္ဘောကပ္ပတိန်က တစ်ချိန်လုံးဆဲနေတာမတွေ့ဘူးလား
သူတို့ရဲ့ဘုရင်တွေပါတော်မှုနေတာဆိုတော့ တွေ့သမျဒေါသတွေနုင့်ညွန်ကြားနေတာ" ဟု ဆွေမျိုးစုထဲက ရှားရှားပါးပါး မောင်မောင်မြင့်က သတိပေးလာမှ အတွေးနယ်ချဲ့တာကိုရပ်လိုက်ပြီး သင်္ဘောကြီးရဲ့အထူးခန်းမဆောင်ထဲရှိ သီပေါဘုရင်နုင့်စုဖုရားလတ်တို့စံမြန်းဆောင်မှာ လိုအပ်ချက်တွေကို အလျင်အမြန်လုပ်လိုက်ရတော့သည်။

           အပိုင်း(၂)
ဘုရင်နုင့်မိဖုရားတို့ဟာ ပြည်သူတွေကို နောက်ဆုံးကြည့်ခြင်းဖြစ်ပါလိမ့်မည်။သင်္ဘောကုန်းပက်ပေါ်ကနေပြီး ရံရွေတော်တွေတစ်စုနုင့်လက်ကိုဝှေ့ရမ်းက နုတ်ဆက်နေလေပြီ..
သဘောင်္ကြီးရဲ့ဘေးဘီကုန်းပက်တစ်လျောက် ဗြိတိသျှစစ်သည်တော်တွေဟာ သေနတ်ကိုယ်စီကိုင်ပြီး အောင်မြင်ခြင်းအထိမ်းအမှန်အဖြစ် တူညီစွာသေနတ်ပစ်ဖေါက်လိုက်ကြသည်။
" ရှီး "
" ဒိုင်း "
ကျုပ်ကတော့ ဗြိတိသျှစစ်သည်တော်တွေရဲ့လုပ်ရပ်တွေကို စိတ်ထဲကနေပြီး ချီးကျူးဂုဏ်ပြုနေမိသည်။
အဘယ့်အတွက်ဆိုသော် ကျုးကျော်နယ်ချဲ့စစ်အား အောင်မြင်စွာပြုလုပ်နိုင်ခဲ့သော်လည်း ဘုရင့်နန်းတော်အဆောက်အဦး၊ရဟန်းရှင်နုင့်ပြည်သူများအား ဘာတစ်ခုမှမဖျက်ဆီး၊မသတ်ဖြတ်ခဲ့ချေ။
ဗြိတိသျှဘုရင်မကြီး၏ အားနည်းသူကို မတရားသတ်ဖြတ်ခြင်းအမှုအား ခွင့်မပြုသည့် စည်းကမ်းများက စံထားနိုင်လောက်၏။ထို့ကြောင့်ပင် ရတနာပုံမင်းနေပြည်တော်သည် ရှိရင်းစွဲအတိုင်းရှိနေခဲ့ရပေလိမ့်မည်။
            အချိန်လည်း ညနက်ထဲသို့ဝင်လာလေပြီ...မီးရောင်လဲ့လဲ့နုင့်လှမ်းမြင်နေရတဲ့ ဆရာတော်ဦးသြဘာသကျောင်းးတော်မှ ရဟန်းပျိုတို့ရဲ့စာအံသံတွေလည်း ဆိတ်သုဉ်းခဲ့ရပြီ....သီပေါဘုရင်နုင့်မိဖုရားတို့လည်း စံမြန်းဆောင်ထဲရောက်နေချေပြီ..
ကောင်းကင်ပြင်တစ်ခုလုံး ကြယ်တာရာလေးတွေ တစ်လက်လက်ကြားက သင်္ဘောခေါင်တိုင်ဆီက ဗြိတိသျှအောင်လံတစ်လွင့်လွင့် လှမ်းမြင်နေသည်။

"သူငယ်ချင်းထွန်လှဖြူ"
အမှောင်ညထဲမှာ ကျုပ်သူငယ်ချင်းက တီးတိုးလာခေါ်သံကြားလိုက်ရသည်။
"အေး ပြောသူငယ်ချင်း"
"ငါ့ရဲ့ဘိုဘွားတွေ၊မင်းရဲ့ဘိုးဘွားတွေ မျော်လင့်ခဲ့ရတဲ့ နေ့ရက်တွေတော့ရောက်လာပြီကွ..မင်းနုင့်ငါအိမ်မက်မက်ခဲ့တဲ့ ရခိုင့်စစ်သည်တော်ဘဝကိုလည်း မကြာခင်ဖြစ်လာလိမ့်မယ်လို့ထင်မိတယ် မင်းအမြင်ကကောသူငယ်ချင်း"
"ငါ့လည်းမင်းနုင့်ထပ်တူပါဘဲသူငယ်ချင်း ဘိုးဘွားအမွေရခိုင့်ရွေပြည်ကို တွေ့ချင်မြင်ချင်လှပါပြီကွာ"
ကျုပ်တို့သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ထားလိုက်ကြတယ်....သူငယ်ချင်းရဲ့မျက်ရည်တွေက ကျုပ်ပခုံးပေါ်လာထိမှန်တယ်..
ကျုပ်ထင်တယ်...ကျုပ်သူငယ်ချင်းမျက်ရည်က သီပေါမင်းပါတော်မှုလို့ကျခဲ့ကြတဲ့မျက်ရည်တွေမဟုတ်ဘူး...
ရွေပြည်ရခိုင်ကို သွားမယ်လို့မျော်မှန်းရက်ပြည့်ဝလို့ ကျခဲ့တဲ့မျက်ရည်တွေ...

     အပိုင်း(၃)
သင်္ဘောကြီးကမ်းမှခွာရန် သင်္ဘောဟွန်းသံအကျယ်ကြီးကြောင့် သင်္ဘောပေါ်ကအလုပ်သမားတွေ၊ဗြိတိသျစစ်သားတွေ ရှုပ်ယှတ်ခတ်သွာရကြတယ်....

ခွာပြီ...သင်္ဘောကြီးကမ်းကခွာလေပြီ..
မီးရောင်လဲ့လဲ့တွေကိုင်ဆောင်ပြီး လက်ဝှေ့ယမ်းပြနေတဲ့ မန္တလေးနေပြည်တော်ပြည်သူတွေကို အမှောင်ထဲမှာကျုပ်လှမ်းကြည့်လိုက်မိသည်။
ကျုပ်ရင်ထဲနည်းနည်းတော့ ကိုယ်ချင်းစာသနားမိသည်။
ထီးဆုံးနန်းဆုံး၊အချုပ်အခြာအာဏာဆုံးရှုံးသော ကျုပ်တို့ ရွေပြည်ရခိုင်ကြီးကို ရုတ်တရက်သတိရသွာရလို့ပါဗျာ..

ကျုပ်ကိုတာဝန်ပေးအပ်ခဲ့တာက ဘုရင်နုင့်မိဖုရားတို့လိုအက်ချက်မှန်သမျဖြည့်ဆည်းပေးရမယ့်တာဝန်။
ကျုပ်ကဒီတာဝန်ကို မလိုချင်ပါ...သူတို့ဘုရင်တွေရဲ့အခိုင်းအစေလည်း မလုပ်ချင်တာအမှန်ပါ...

အရှေ့အရပ်ကတောက်ပတဲ့နေမင်းကြီးကထွက်ပေါ်လာခြင်းနုင့်အတူ လေပွေရိုင်းများလည်းတိုက်ခိုက်လာ၏။စိမ်းညို့ညို့ပင်လယ်ပြာကြီးလည်း ဒေါသကြီးနေသယောင်ထင်ရသည်။လိုင်းလေကြီးခြင်းနုင့်အတူ သင်္ဘောကြီးသည် ဘယ်ညာယိမ်းထိုးလျက် အိန္ဒိယနိုင်ငံပြည်သို့ဦးတည်ခုတ်မောင်းလျက်ရှိနေသည်။
ဘုရင့်စံမြန်းဆောင်ထဲက အသံတွေကြားနေရသည်။ကျုပ်ကသတိအနေအထားနုင့်နားစွင့်နေလိုက်သည်။

"ဟေ့..ဟေ့..မောင်မင်း..ငါကိုယ်တော်နုင့်မိဖုရားတို့ လှိုင်းမှုးဒဏ်ကိုအရမ်းဘဲ ခံစားနေရတယ်ကွဲ့..ရံရွှေတော်တွေလည်း မှူးအန်နေကြပြီ..သင်္ဘောမာလိန်မှုးဆီ သွားလျောက်စေ..နီးစပ်ရာကျွန်းမှာ တစ်ထောင့်နားရရင် ကောင်းမယ်အကြောင်း ပြောပေးပါကွဲ့မောင်မင်း"

ကျုပ်လည်း ကိုယ်ချင်းစာမိတယ်...ဒါပေမဲ့ ဗြိတိသျှတို့ရဲ့သက်ညာထောက်ထားပြီးအသက်ရှင်ရပ်တည်နိုင်ခွင့်ရတဲ့ ဘုရင့်တပါးအနေနုင့် ဒီလောက်တော့ သည်းခံအောင့်အီးနိုင်ရမှာပေါ့..
ကျုပ်တို့..ကျုပ်တို့...ရဲ့..နောက်ဆုံးဘုရင်အဖြစ်ကသာ..
တွေးရင်း ကျုပ်ရင်ထဲအစိုင်အခဲတစ်ခုဖြစ်လာတယ်..ပြီးတော့ လွတ်ခနဲကျုပ်ပါးစပ်က ထွက်မိသွားတယ်ဗျာ..

"အရှင်တို့အခုခံစားနေရတာနုင့်စာရင် ကျွန်တော်မျိုးတို့ရဲ့ နန်းဦးသခင်အဖြစ်က ပိုးဆိုးပါတယ်အရှင်မင်းကြီး"

ဒီစကားကိုမပြောသင့်မှန်းကျုပ်သိပါတယ်လေ..

"မောင်မင်းရဲ့နန်းဦးအရှင်က ဘယ်တိုင်းဘယ်နယ်ကလဲကွဲ့ ပြောစမ်းပါဦး"

"မှန်လှပါအရှင်မင်းကြီး..ကျွန်တော်မျိုးရဲ့ ဇာတိမြေသည် ရက္ခပူရတိုင်းဓညမှထွန်းကားလာသော မြောက်ဦးရွေနန်းတော်အရှင်ဖြစ်ပါသည်ဘုရား"

"အော်...မှန်ပေသည်မောင်းမင်း..အသင့်တို့အရှင်သခင်အား ကျန်ုပ်တို့ဘိုးလောင်းတော်များသည် ရက်စက်ယုတ်မာခဲ့ကြသည်မှာအမှန်ပင်ဖြစ်၏။ဘိုးဘေးတို့၏လုပ်ရပ်အတွက် ကျွန်ပ်သည် ယခုအချိန်၌ တန်ပြန်သက်ရောက်ဒဏ်ကို ပြန်ခံစားစေခဲ့ပြီမောင်မင်း.."

ဒီစကားတွေကိုကျုပ်လက်မခံနိုင်ဘူးဗျ...သူတို့တွေဘဲလောဘရမ္မက်ကြီးစွာနုင့် ပဒေသရာဇ်ကျွန်ပြုထားလို့ဘဲ
အခုအချိန်ပါတော်မှုနေ့အထိ လွတ်လပ်ခွင့်တွေဆုံးရှုံးခဲ့ရပြီမဟုတ်ပါလား..

သင်္ဘောကြီးသည်တဒုတ်ဒုတ်ခုတ်မောင်းလျက်...... လေနီကြမ်းနုင့်အတူလိုင်းလုံးကြီးတွေကိုအံတုလျက် အိန္ဒိယပြည်ဆီသို့ ဦးတည်ခုတ်မောင်းနေဆဲ.....
ကျုပ်ရဲ့စိတ်အစဉ်တွေကတော့ ရတနာပုံနေပြည်တော်သို့ပြန်ရောက်ပါမှူ ဘိုးဘွားတို့ရဲ့ရွေပြည်ရက္ခတိုင်းဆီသို့ ဦးတည်ပြီး ရက္ခိုင်စစ်သည်တော်အဖြစ်...အတွေးရေလျင်ကြောမှာ မျောပါနေမိပါတော့သည်။
                          
                                     ရမ္မာမြီသား
ဇာရာဇဝင်ကိုမှ ကိုးကားပြီး ရွီးမထားရေအတွက် အမှားပါကေတောင်းပန်ပါရေ..
ပါတော်မှုပုံ(ဓါတ်ပုံ)ကိုတွိပြီးကေ ရွီးချင်စော်နုင့် စိတ်ကူးတည့်ရာ ရွီးမိရွီးရာရွီးမိစာပါ။
မအားမလပ်တေအချိန်ကြောင့် တစ်ထိုင်တည်းနုင့်အပြီးရွီးလိုက်ရလို့ စာဖတ်သူများနားလည်ပီးနိုင်ကတ်ပါစီ....

ငါရို့ လွတ်လပ်ရီးရယာလား …?


၂၀၁၇ ဇွန်​နဝါရီလ ၄ ရက်​၊ ၂၁း၀၀ နာရီ

ရခိုင့်အချုပ်အချာကျဆုံးမှု (၂၃၂) နှစ်မြောက် အထိမ်းအမှတ်​ဟော​ပြောပွဲကို ဇွန်န၀ါရီ လေးရက် ဗမာ့ လွတ်လပ်ရီး နိန့်မှာ စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်မှာ ကျင်းပခကတ်တေ။

အကျွန် ဦးကျော်ဇောဦး၊ အသျှင်ပညာစာရ နန့် သားရွှေဦး (ကစ္စပ) ရို့ ဟောပြောကတ်ပါရေ။

အကျွန် ဟောပြောခရေ အကြောင်းအရာ အနှစ်ချုပ် သဘောထဲက အချက်အလက် စိတ်ကေလောက်ကို ပြောရကေ -

၁။ ယင်းသူရို့ လွတ်လပ်ရီးရစွာ (၆၉) နှစ် ဟိယာ။ ငရို့ လွတ်လပ်ရီးမရသိ။ တိုင်းရင်းသားချင်း တန်းတူရီးကိုတောင် မရသိမ့်။
၂။ ကိုယ့်တိုင်းပြေကို ကိုယ်ပြန်ရယာလားဆိုစွာကို အချက်နန့်အလက်နန့် စီစိုက်ကြေ့ကေ၊ မရသိမ့် လို့ရာ အဖြေထွက်တေ။ လက်ဟိ ဖွေ့စည်းပုံအရ ရခိုင်ကို ပီးထားစွာ လုပ်ပိုင်ခွင့်တိရေ အခွံတိရာ ဖြိုက်တေ။
၃။ အချုပ်အချာ ကျဆုံးမှု ကို အထိမ်းအမှတ်ပြု ကျင်းပကတ်စွာမှာ ရည်ရွယ်ချက် ၂ခုဟိရေ။ ဖြစ်ခစွာကို နှစ်တိုင်း သတိရကတ်ဖို့ နန့် ရှိ့က ရည်မှန်းချက်ကိုရောက်အောင် ဇာပိုင် လားကတ်ဖို့လဲ ဆိုစွာကို နှစ်တိုင်း သုံးသပ်နိုင် ကတ်ဖို့ဖြစ်တေ။
၎။ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် အပြေ့အ၀ ရရှိရီးစွာ ငါရို့ရည်မှန်းချက်ဖြိုက်တေ။
၎။ ကိုယ့်လက်ထေးမှာ ရောက်နိန်ရေ လက်နက်ရာလျှင် ကိုယ့်ကို ကာကွယ်ဖို့လက်နက် အစစ် အမှန် ဖြိုက်တေ။

ကျော်ဇောဦး
၂၀၁၇ ဇွန်န၀ါရီလ ၄ ရက်

ပလောင်လူမျိုး ( ၂ )

ဤသို့စကားအခြေအချ အချီအတက် စကားလိပ် စကားထာတို့ကို ဖွဲ့နွဲ့ပြောဆိုပြီး အပေါက်ဝမှ လူပျိုလှည့်ရသောနည်း မှာ တောင်မတိုက်နယ် အပျိုလူပျိုတို့ဖြစ်ပေသည်။ ၎င်းကား မိဘအုပ်ထိန်းသူသည် မိမိတို့၏သမီးအသက်အရွယ်အားဖြင့် ၁၅ နှစ် ၁၆ နှစ် ရောက်၍ မိန်းခလေး၏အိပ်ခန်းနံရံဘေးကို လက်ဝင်ရုံအပေါက်နှင့်လှေခါးငယ်တစ်ခုကို ပြုလုပ်ပေးရသောထုံးစံရှိ ပေသည်။

လူပျိုလှည့်လာသော လူငယ်ကာလသားတို့မှာ အလိုက်သိစွာဖြင့် လှေခါးကို ယူ၍ထောင်ကာ အပေါက်ဝမှ လက်ချင်း ဆက်ကာ ချစ်တင်းစကား ပြောဆိုပေသည်။ အပျိုက သူ၏ချစ်သူမှန်းသိလျှင် ယုယကြသည်။ ပျော်မြူးကြသည်။ ချစ်မေတ္တာ ရွှင်မြူးကာ တစ်ခါတစ်ခါ မိုးပင်လင်းသည်အထိ ချစ်တင်းစကား ပြောသံကြားနေဆဲပင်တည်း။

ပလောင်လူငယ်ကာလသားတို့မှာ အခြားရွာများမှ အပျိုအိမ်သို့ လှည့်ပတ်လိုပါက ရွာခံလူပျိုများတို့က လိုက်ပို့ကြပေ သည်။ ရွာခံလူငယ်ကာလသားတို့သည် အခြားရွာသားများကို ပိုမို၍ဦးစားပေးကာ ရှောင်ပေးသည်ကို တွေ့မြင်ရပေသည်။ ရွာခံ ကာလသားများက ဦးစားပေးကာ ရှောင်ဖယ်ပေးပါလျက်နှင့် မဖွယ်မရာ ရိုင်းစိုင်းသောအမူအကျင့်များကို ပြုမှားမိပါလျှင် ရွာခံ လူငယ်ကာလသားတို့က ၀ိုင်းဝန်းဖမ်းကြပြီး နောက်နောင်ကို ၎င်းအမူအကျင့်များ မပြုလုပ်ကြရန် ဆုံးမစကား ပြောကြားကြပေ သည်။ ကွဲပြဲကျိုးပဲ့သေသွားလောက်အောင် ရိုက်နှက်ရိုးထုံးစံ မရှိပေ။ ဆုံးမ၍ မရသူကို ရွာမှ မောင်းခတ်၍ နှင်ထုတ်ကြသော ထုံးစံရှိသည်။ လူငယ်ကာလသားဘ၀ ရည်းစားလုမှုနှင့်ခိုက်ရန်ဖြစ်ပွားမှုများ မရှိချေ။ လူပျိုလှည့်ကာ အပျိုများတို့က ပျော်ရွှင်နေ ကြသည်ဟု တွေ့မြင်နိုင်ပေသည်။
ထိမ်းမြားလက်ထပ်ခြင်း

ပလောင်တိုင်းရင်းသားတို့သည် မင်္ဂလာအခမ်းအနားရှိပါက အမျိုးသားနှင့်အမျိုးသမီးအိမ်တို့ကို ပြုလုပ်ပေးရသည်။ အမျိုးသားဘက်က ဖိတ်ထားသောဧည့်ပရိသတ်များနှင့်အမျိုးသမီးဘက်က ဖိတ်ထားသော ဧည့်ပရိသတ်တို့ကို စုံစုံညီညီရှိပြီး နောက် မြို့ကြီးများကဲ့သို့ ဧည့်ပရိသတ်တို့ကို ဧည့်ခံကျွေးမွေးကြသည်။ အချို့အိမ်ကား လဖက်ရည်အချိုနှင့်ဧည့်ခံ၍ အချို့အိမ် မှာ ထမင်းများနှင့်ဧည့်ခံ၍ ဧည့်ပရိသတ်တို့အား ဧည့်ခံကျွေးမွေးပြီးနောက် မင်္ဂလာအခမ်းအနားသို့ အမျိုးသားနှင့်အမျိုးသမီးတို့ ဖိတ်ထားသော ဧည့်ပရိသတ်တို့ အမျိုးသမီးအိမ်ဘက်သို့ သွားရောက်ကြသည်။

အမျိုးသားဘက် ဖိတ်ခေါ်သော “တာကျယ်(တ်)”ဆိုသောလူကြီးတစ်ယောက်သည် အမျိုးသမီးအိမ်သို့ ရောက်သည် နှင့် ယွန်းကလပ်ပေါ်တွင် ပန်းနှင့် “ကယူ(၀်)”ကိုတင်ကာ အမျိုးသမီးဘက်က ဆွေမျိုးများကို ဦးသုံးကြိမ်ချ၍ မင်္ဂလာအခမ်းအ နားကို စကြမည်ဟုတောင်းပန်ပြီးနောက် ပလောင်လင်္ကာဖြင့် “တာကျယ်”က ရွတ်ဆိုတော့သည်။

ကျွန်တော်များသည် ကံသုံးပါးကို မပြစ်မှားမိစေရန်အတွက် လူကြီးမိဘထံတွင် ရိုသေစွာ ကန်တော့ဝပ်လျှိုးအပ်ပါသည်။

ယခုမင်္ဂလာအခမ်းအနားသို့ ကြွရောက်လာကြသော မိဘဆွေမျိုးများနှင့် ၇ ရက်သား ၇ ရက်သမီး အဖိုးအဖွားအဓိပတိလူကြီးများထံသို့ ရှေးရှု၍ အခြားသောအပြစ်အမှားအယွင်း မရှိအောင် စီစဉ်ထားခဲ့ပါသည်။ လူကြီးမင်းတို့ ပြောမည့်ယခုစကားကို သတို့သားနှင့်သတို့သမီးများ နာခံဖို့ အဆင်သင့်ဖြစ်ပြီးကြောင်း ၀န်ခံပါသည်။

အမျိုးသမီးအိမ်ဘက် လူကြီးတစ်ယောက်က ပြန်လည်၍ ပလောင်ဘာသာလင်္ကာဖြင့် မင်္ဂလာပေးပြန်သည်။

အေး...ကောင်းပြီ၊ ယခုလို အချိန်အခါသမယမှာ အဖိုးအဖွား ဆွေမျိုးများတို့ ရှေ့မှောက်မှာ ဦးသုံးကြိမ်ညွှတ်ကာတောင်းပန်ကြသောမင်းတို့ရဲ့သတို့သားနှင့်သတို့သမီးအား သွားလေရာအရပ်လေးမျက်နှာနှင့်ကိုယ်စိတ်နှစ်ပါးဘေးအန္တရာယ်ကင်းပြီး လိမ္မာတတ်သိသော သူကိုမှသာ ရှေ့တန်းတင်၍ ပြောရသည့်မိမိတို့အလိုရှိသော အကြောင်းအရာများနှင့်ပြောဆိုရန်အတွက် အခွင့်ပေးပါသည်။

မိဘဆွေမျိုးနှင့်သမာဓိလူကြီးများတို့က အပြန်အလှန် လင်္ကာဖတ်တမ်းမင်္ဂလာစကားကို ပြောဆိုကြသည်။ ထိုသို့မင်္ဂ လာလင်္ကာပြောဆိုချိန်၌ ဘေးပတ်ဝန်းကျင်တို့က အမင်္ဂလာစကား ပြောကြရန် အထူးရှောင်ကြဉ်ရပေမည်။ လူကြီးမိဘများနှင့် မင်္ဂလာအကျိုးဆောင် လူကြီးတို့က ၎င်းဇနီးမောင်နှံတို့အား မိမိတို့ ယခုအိမ်ထောင်ကြပြီဖြစ်၍ မိဘဆရာသမားတို့ကို ရိုသေ ကိုင်းရှိုင်းဖို့ တစ်ဦးနှင့်တစ်ဦး သစ္စာမဖောက်ကြဘဲ သေတပန် သက်တစ်ဆုံး ပေါင်းကြ၍ အမျိုးအနွယ်ကို စောင့်ရှောက်နိုင်ပါစေ၊ လောကအလယ်မှာ သွားလာနေထိုင်နိုင်အောင် ပစ္စည်းရှာဖွေစုဆောင်းဖို့ ပြောဆိုဆုံးမသြ၀ါဒစကားပြောကြပေသည်။

သတို့သားနှင့်သတို့သမီးတို့မှာ လူကြီးမိဘတို့၏ဆုံးမသြ၀ါဒကို ခံယူပြီးနောက် လက်အုပ်ချီကန်တော့ကြလေသည်။ ဧည့်ပရိသတ်ကိုလည်း မင်္ဂလာဆုကို ပေးခြင်းပြုပေသည်။ မင်္ဂလာအခမ်းအနားတွင် ပလောင်တို့၏ရိုးရာအရ သတို့သမီးက မိမိ ၏မိခင်နို့ဖိုးငွေ အနည်းဆုံး ၂ိ-၅၀ါးကို ကန်တော့ပေးရသည်။

အမျိုးသမီးက မိမိ၏မင်္ဂလာဆောင်အတွက် ထမင်းဟင်းများချက် သော လူကြီးမိဘများတို့ကို ကန်တော့ကြေးအဖြစ် ၅ိ ၁၀ိ ၁၅ိ အထိပေးရသော ထုံးစံရှိပေသေးသည်။ နှီးနှင့်ရက်လုပ်ထားသော ရာဇမတ်တစ်ခုအပြင် ငှက်ပျောပင်ဝယ် ကြံပင် ကွမ်ခတ်ခေါ်ထမင်းစေ့ကြမ်းပင် အကိုင်းတစ်ကိုင်း၊ “လငွီး”ခေါ် သတို့သမီးခေါင်း ခြုံထည်တစ်ထည်။ သတို့သားခေါင်းပေါင်း တစ်ထည် ကန်တော့ပွဲတွင် ထည့်ရလေသည်။

တစ်ဖန် အမျိုးသမီးဘက်က အဖေအမေများတို့က မိမိတို့၏သမီးအတွက် အိုး၊ ပန်းကန်လုံး၊ ပန်းကန်ပြား၊ စောင်၊ မွေ့ ယာ၊ ခေါင်းအုံး စသည်တို့ဖြင့် နှီးနှင့်ယက်လုပ်ထားသော တောင်းတစ်ခုကို ထည့်ပေးရပေသည်။ ကန်တော့ပွဲတွင် ရာဇမတ်၊ ကြံပင်၊ ငှက်ပျောပင်၊ ထွန်ခပ်ထမင်းစေ့ကြမ်းပင်အကိုင်းတစ်ကိုင်း၊ သတို့သမီးခြုံတစ်ထည်၊ သတို့သားခေါင်းပေါင်းနှင့်အမျိုးသ မီးအတွက် ပန်းကန်လုံး၊ ပန်းကန်ပြား၊ စောင်၊ မွေ့ယာ၊ ခေါင်းအုံး ပေးရသောဓလေ့ထုံးသည်ကား....

ဓလေ့ဟောင်း

ရှေးသရောအခါက ပလောင်လုလင်ပျိုတစ်ဦးနှင့်ပလောင်လုံမပျိုတစ်ဦးတို့မှာ မေတ္တာမျှ၍ လုလင်ပျိုက ခိုးယူသောည တွင် သူမ၏အိမ်ဝင်းထရံ ရာဇမတ်ကို ဖျက်ဆီးဝင်ပြီး ကြံပင် ငှက်ပျောပင်များကို တိုးဝှေ့ဖြတ်ကျော်ကာ ခိုးယူသွားရာ ၀င်းထရံ ကြံပင် ငှက်ပျောပင်များ ကျိုးပဲ့ပျက်စီးကုန်သည်။ ချစ်သူနှစ်ယောက်သည် အလွန်မောပန်း၍ ခရီးတစ်ထောက်နားပြီး ထရာမှ အမျိုးသမီးက မိမိညက ထည့်ထားသော တောင်းတစ်ခုမှ ပစ္စည်းကို သတိရမိပြန်၏။

တစ်ဖန် လုလင်၏ခေါင်းပေါင်းနှင့်သူမခြုံ ထည်တို့ ကျကျန်ရစ်ခဲ့သည်။ နံနက်လင်းလျှင် သူမ၏မိဘများက အိမ်အတွင်းကြည့်မိရာ နှီးနှင့်ယက်ထားသော တောင်းတစ်ခု ကို တွေ့မြင်ရလေသည်။ တောင်းကိုယူကြည့်မိရာ အိုး၊ ပန်းကန်လုံး၊ ပန်းကန်ပြား၊ စောင်၊ မွေ့ယာခင်း၊ ခေါင်းအုံး စသည်တို့ကို တွေ့မြင်ပေသည်။ ပျက်စီးနေသော ၀င်းထရံ၊ ကြံပင်၊ ငှက်ပျောပင်များနှင့်ခေါင်းပေါင်းနှင့်ခြုံထည်ပုဝါကိုပါ တွေ့ရှိပြန်လေသည်။ ထိုအခါ လူကြီးစုံရာကို သက်သေသာဓကအဖြစ် တင်ပြပြီးနောက် လက်ထပ်ပေးခဲ့သော ရှေးအစဉ်အလာ ဓလေ့ထုံးစံရှိခဲ့သည့် အတိုင်း ယခုခေတ်မင်္ဂလာပွဲတွင် အလားတူ ပစ္စည်းများ ထည့်သွင်းပေးသည့်အစဉ်အလာ ရှိနေပေသည်။

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...