ဒီဇင်ဘာ (၃၁)
အပိုင်း(၁)
ဲဒီနေ့တွေမှာတော့ ရတနာပုံနေပြည်တေည်တစ်ခုလုံး အုံးအုံးကြွကြွနုင့် ကြက်ပျံမကျစည်ကားနေလိုက်ကြတာ...မပဋာမြေလူးသလို လူအုပ်ကြီးရဲ့ ငိုကြွေးသံ...တက်ခေါက်သံတွေက ကျုပ်အတွက်ချိုမြိန်နေသလို.......
"ငါ့တို့အရှင်ပြန်ပေးပါ.."
".ကယ်ကြပါဦး.."
"အရှင့်နှစ်ပါးကို ခေါ်မသွားကြပါနဲ့ဗိုလ်မင်းတို့ရေ."
"တောက်!!ရင်နာလိုက်တာ"
ဒီနေ့လိုအဖြစ်အပျက်တွေက ကျုပ်တစ်သက်ဘယ်တော့မှမေ့နိုင်မယ်မထင်ဘူး...
ကျုပ်ကတော့ စဉ်းစားတယ်...ကျုပ်တို့ရဲ့အရှင်သခင်ဘုရင်သမ္မတရာဇာနုင့်မြာက်ဦးရွေနန်းတော်တစ်ခုလုံး မီးဟုန်းဟုန်းတောက်နေတာကို ကြည့်ပြီး ကျုပ်ရဲ့ဆွေတော်မျိုးတော်တွေ ဘယ်လောက်ယူကြုံးမရဖြစ်ကြမှာလဲ...
ဒင်းတို့တွေ အခုတော့ ဝဋ်ကြွေးတွေပြန်ဆပ်နေရပြီလေ...
ကျပ်တို့ရဲ့ရခိုင်မင်းနေပြည်ကိုသိမ်းပိုက်ခြင်းနုင့်အတူ ကျုပ်တို့မိသားစုတွေကိုပါ တစ်ပါတည်းခေါ်ဆောင်လာခဲ့တယ်။သူတို့ရဲ့လိုအပ်နေတဲ့ အလုပ်အကိုင်တွေကို ချွေးတစ်လုံးလုံးကျအောင် လုပ်ပေးခဲ့ရဖူးပြီ..ပျော်ရွှင်မှုကင်းမဲ့တဲ့ဘဝကိုဖြတ်သန်းရင်း ကိုယ့်မြေကိုယ့်ရေကိုယ်ဒေသကို လွမ်းဆွပ်တမ်းတရင်း ကျုပ်ရဲ့အဘိုးအဘောင်တို့ဘဝဟာ ဆုံးပါးသွားခဲ့ရပြီ..
အရှုံးသမားတွေရဲ့အနိမ်ခံဘဝတွေကို ဖြတ်သန်းနေရင်း ကျုပ်ရဲ့အဘာနုင့်အမင်က
"ငါ့သား..ငါ့တို့ရဲ့ဘိုးဘွားမြေ ရခိုင်ရွေပြည်ကြီးကို အဘာအမင်တို့အရောက်မသွားနိုင်ရင်တောင်မှ ငါတို့ရဲ့ မျိုးဆက် ငါ့သားလက်ထက်မှာ ပြန်နိုင်အောင်ကြိုးစားပါ...
ရွေပြည်ကြီးကို ပြန်ရဖို့ ကြိုးစားနေကြတဲ့ ရခိုင့်စစ်သည်တော်တွေနုင့် ပူးပေါင်းပြီး မိစ္ဆာရန်သူတွေကို တိုက်ထုတ်နိုင်အောင် ကြိုးစားနေပါငါ့သား"
ဒီလိုအခွင့်အရေးကို စောင့်ခဲ့ရတာကြာနေပါပေါ့လား အဘာနုင့်အမင်။
"ဟေ့ကောင် ထွန်းလှဖြူ...ရပ်ကြည့်မနေနဲ့ကွ...
အရေးကြီးတဲ့အချိန်မှာ အများလုပ်သလို အလုပ်ကိုလည်းဝင်လုပ်ဦး.
သင်္ဘောကပ္ပတိန်က တစ်ချိန်လုံးဆဲနေတာမတွေ့ဘူးလား
သူတို့ရဲ့ဘုရင်တွေပါတော်မှုနေတာဆိုတော့ တွေ့သမျဒေါသတွေနုင့်ညွန်ကြားနေတာ" ဟု ဆွေမျိုးစုထဲက ရှားရှားပါးပါး မောင်မောင်မြင့်က သတိပေးလာမှ အတွေးနယ်ချဲ့တာကိုရပ်လိုက်ပြီး သင်္ဘောကြီးရဲ့အထူးခန်းမဆောင်ထဲရှိ သီပေါဘုရင်နုင့်စုဖုရားလတ်တို့စံမြန်းဆောင်မှာ လိုအပ်ချက်တွေကို အလျင်အမြန်လုပ်လိုက်ရတော့သည်။
အပိုင်း(၂)
ဘုရင်နုင့်မိဖုရားတို့ဟာ ပြည်သူတွေကို နောက်ဆုံးကြည့်ခြင်းဖြစ်ပါလိမ့်မည်။သင်္ဘောကုန်းပက်ပေါ်ကနေပြီး ရံရွေတော်တွေတစ်စုနုင့်လက်ကိုဝှေ့ရမ်းက နုတ်ဆက်နေလေပြီ..
သဘောင်္ကြီးရဲ့ဘေးဘီကုန်းပက်တစ်လျောက် ဗြိတိသျှစစ်သည်တော်တွေဟာ သေနတ်ကိုယ်စီကိုင်ပြီး အောင်မြင်ခြင်းအထိမ်းအမှန်အဖြစ် တူညီစွာသေနတ်ပစ်ဖေါက်လိုက်ကြသည်။
" ရှီး "
" ဒိုင်း "
ကျုပ်ကတော့ ဗြိတိသျှစစ်သည်တော်တွေရဲ့လုပ်ရပ်တွေကို စိတ်ထဲကနေပြီး ချီးကျူးဂုဏ်ပြုနေမိသည်။
အဘယ့်အတွက်ဆိုသော် ကျုးကျော်နယ်ချဲ့စစ်အား အောင်မြင်စွာပြုလုပ်နိုင်ခဲ့သော်လည်း ဘုရင့်နန်းတော်အဆောက်အဦး၊ရဟန်းရှင်နုင့်ပြည်သူများအား ဘာတစ်ခုမှမဖျက်ဆီး၊မသတ်ဖြတ်ခဲ့ချေ။
ဗြိတိသျှဘုရင်မကြီး၏ အားနည်းသူကို မတရားသတ်ဖြတ်ခြင်းအမှုအား ခွင့်မပြုသည့် စည်းကမ်းများက စံထားနိုင်လောက်၏။ထို့ကြောင့်ပင် ရတနာပုံမင်းနေပြည်တော်သည် ရှိရင်းစွဲအတိုင်းရှိနေခဲ့ရပေလိမ့်မည်။
အချိန်လည်း ညနက်ထဲသို့ဝင်လာလေပြီ...မီးရောင်လဲ့လဲ့နုင့်လှမ်းမြင်နေရတဲ့ ဆရာတော်ဦးသြဘာသကျောင်းးတော်မှ ရဟန်းပျိုတို့ရဲ့စာအံသံတွေလည်း ဆိတ်သုဉ်းခဲ့ရပြီ....သီပေါဘုရင်နုင့်မိဖုရားတို့လည်း စံမြန်းဆောင်ထဲရောက်နေချေပြီ..
ကောင်းကင်ပြင်တစ်ခုလုံး ကြယ်တာရာလေးတွေ တစ်လက်လက်ကြားက သင်္ဘောခေါင်တိုင်ဆီက ဗြိတိသျှအောင်လံတစ်လွင့်လွင့် လှမ်းမြင်နေသည်။
"သူငယ်ချင်းထွန်လှဖြူ"
အမှောင်ညထဲမှာ ကျုပ်သူငယ်ချင်းက တီးတိုးလာခေါ်သံကြားလိုက်ရသည်။
"အေး ပြောသူငယ်ချင်း"
"ငါ့ရဲ့ဘိုဘွားတွေ၊မင်းရဲ့ဘိုးဘွားတွေ မျော်လင့်ခဲ့ရတဲ့ နေ့ရက်တွေတော့ရောက်လာပြီကွ..မင်းနုင့်ငါအိမ်မက်မက်ခဲ့တဲ့ ရခိုင့်စစ်သည်တော်ဘဝကိုလည်း မကြာခင်ဖြစ်လာလိမ့်မယ်လို့ထင်မိတယ် မင်းအမြင်ကကောသူငယ်ချင်း"
"ငါ့လည်းမင်းနုင့်ထပ်တူပါဘဲသူငယ်ချင်း ဘိုးဘွားအမွေရခိုင့်ရွေပြည်ကို တွေ့ချင်မြင်ချင်လှပါပြီကွာ"
ကျုပ်တို့သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ထားလိုက်ကြတယ်....သူငယ်ချင်းရဲ့မျက်ရည်တွေက ကျုပ်ပခုံးပေါ်လာထိမှန်တယ်..
ကျုပ်ထင်တယ်...ကျုပ်သူငယ်ချင်းမျက်ရည်က သီပေါမင်းပါတော်မှုလို့ကျခဲ့ကြတဲ့မျက်ရည်တွေမဟုတ်ဘူး...
ရွေပြည်ရခိုင်ကို သွားမယ်လို့မျော်မှန်းရက်ပြည့်ဝလို့ ကျခဲ့တဲ့မျက်ရည်တွေ...
အပိုင်း(၃)
သင်္ဘောကြီးကမ်းမှခွာရန် သင်္ဘောဟွန်းသံအကျယ်ကြီးကြောင့် သင်္ဘောပေါ်ကအလုပ်သမားတွေ၊ဗြိတိသျစစ်သားတွေ ရှုပ်ယှတ်ခတ်သွာရကြတယ်....
ခွာပြီ...သင်္ဘောကြီးကမ်းကခွာလေပြီ..
မီးရောင်လဲ့လဲ့တွေကိုင်ဆောင်ပြီး လက်ဝှေ့ယမ်းပြနေတဲ့ မန္တလေးနေပြည်တော်ပြည်သူတွေကို အမှောင်ထဲမှာကျုပ်လှမ်းကြည့်လိုက်မိသည်။
ကျုပ်ရင်ထဲနည်းနည်းတော့ ကိုယ်ချင်းစာသနားမိသည်။
ထီးဆုံးနန်းဆုံး၊အချုပ်အခြာအာဏာဆုံးရှုံးသော ကျုပ်တို့ ရွေပြည်ရခိုင်ကြီးကို ရုတ်တရက်သတိရသွာရလို့ပါဗျာ..
ကျုပ်ကိုတာဝန်ပေးအပ်ခဲ့တာက ဘုရင်နုင့်မိဖုရားတို့လိုအက်ချက်မှန်သမျဖြည့်ဆည်းပေးရမယ့်တာဝန်။
ကျုပ်ကဒီတာဝန်ကို မလိုချင်ပါ...သူတို့ဘုရင်တွေရဲ့အခိုင်းအစေလည်း မလုပ်ချင်တာအမှန်ပါ...
အရှေ့အရပ်ကတောက်ပတဲ့နေမင်းကြီးကထွက်ပေါ်လာခြင်းနုင့်အတူ လေပွေရိုင်းများလည်းတိုက်ခိုက်လာ၏။စိမ်းညို့ညို့ပင်လယ်ပြာကြီးလည်း ဒေါသကြီးနေသယောင်ထင်ရသည်။လိုင်းလေကြီးခြင်းနုင့်အတူ သင်္ဘောကြီးသည် ဘယ်ညာယိမ်းထိုးလျက် အိန္ဒိယနိုင်ငံပြည်သို့ဦးတည်ခုတ်မောင်းလျက်ရှိနေသည်။
ဘုရင့်စံမြန်းဆောင်ထဲက အသံတွေကြားနေရသည်။ကျုပ်ကသတိအနေအထားနုင့်နားစွင့်နေလိုက်သည်။
"ဟေ့..ဟေ့..မောင်မင်း..ငါကိုယ်တော်နုင့်မိဖုရားတို့ လှိုင်းမှုးဒဏ်ကိုအရမ်းဘဲ ခံစားနေရတယ်ကွဲ့..ရံရွှေတော်တွေလည်း မှူးအန်နေကြပြီ..သင်္ဘောမာလိန်မှုးဆီ သွားလျောက်စေ..နီးစပ်ရာကျွန်းမှာ တစ်ထောင့်နားရရင် ကောင်းမယ်အကြောင်း ပြောပေးပါကွဲ့မောင်မင်း"
ကျုပ်လည်း ကိုယ်ချင်းစာမိတယ်...ဒါပေမဲ့ ဗြိတိသျှတို့ရဲ့သက်ညာထောက်ထားပြီးအသက်ရှင်ရပ်တည်နိုင်ခွင့်ရတဲ့ ဘုရင့်တပါးအနေနုင့် ဒီလောက်တော့ သည်းခံအောင့်အီးနိုင်ရမှာပေါ့..
ကျုပ်တို့..ကျုပ်တို့...ရဲ့..နောက်ဆုံးဘုရင်အဖြစ်ကသာ..
တွေးရင်း ကျုပ်ရင်ထဲအစိုင်အခဲတစ်ခုဖြစ်လာတယ်..ပြီးတော့ လွတ်ခနဲကျုပ်ပါးစပ်က ထွက်မိသွားတယ်ဗျာ..
"အရှင်တို့အခုခံစားနေရတာနုင့်စာရင် ကျွန်တော်မျိုးတို့ရဲ့ နန်းဦးသခင်အဖြစ်က ပိုးဆိုးပါတယ်အရှင်မင်းကြီး"
ဒီစကားကိုမပြောသင့်မှန်းကျုပ်သိပါတယ်လေ..
"မောင်မင်းရဲ့နန်းဦးအရှင်က ဘယ်တိုင်းဘယ်နယ်ကလဲကွဲ့ ပြောစမ်းပါဦး"
"မှန်လှပါအရှင်မင်းကြီး..ကျွန်တော်မျိုးရဲ့ ဇာတိမြေသည် ရက္ခပူရတိုင်းဓညမှထွန်းကားလာသော မြောက်ဦးရွေနန်းတော်အရှင်ဖြစ်ပါသည်ဘုရား"
"အော်...မှန်ပေသည်မောင်းမင်း..အသင့်တို့အရှင်သခင်အား ကျန်ုပ်တို့ဘိုးလောင်းတော်များသည် ရက်စက်ယုတ်မာခဲ့ကြသည်မှာအမှန်ပင်ဖြစ်၏။ဘိုးဘေးတို့၏လုပ်ရပ်အတွက် ကျွန်ပ်သည် ယခုအချိန်၌ တန်ပြန်သက်ရောက်ဒဏ်ကို ပြန်ခံစားစေခဲ့ပြီမောင်မင်း.."
ဒီစကားတွေကိုကျုပ်လက်မခံနိုင်ဘူးဗျ...သူတို့တွေဘဲလောဘရမ္မက်ကြီးစွာနုင့် ပဒေသရာဇ်ကျွန်ပြုထားလို့ဘဲ
အခုအချိန်ပါတော်မှုနေ့အထိ လွတ်လပ်ခွင့်တွေဆုံးရှုံးခဲ့ရပြီမဟုတ်ပါလား..
သင်္ဘောကြီးသည်တဒုတ်ဒုတ်ခုတ်မောင်းလျက်...... လေနီကြမ်းနုင့်အတူလိုင်းလုံးကြီးတွေကိုအံတုလျက် အိန္ဒိယပြည်ဆီသို့ ဦးတည်ခုတ်မောင်းနေဆဲ.....
ကျုပ်ရဲ့စိတ်အစဉ်တွေကတော့ ရတနာပုံနေပြည်တော်သို့ပြန်ရောက်ပါမှူ ဘိုးဘွားတို့ရဲ့ရွေပြည်ရက္ခတိုင်းဆီသို့ ဦးတည်ပြီး ရက္ခိုင်စစ်သည်တော်အဖြစ်...အတွေးရေလျင်ကြောမှာ မျောပါနေမိပါတော့သည်။
ရမ္မာမြီသား
ဇာရာဇဝင်ကိုမှ ကိုးကားပြီး ရွီးမထားရေအတွက် အမှားပါကေတောင်းပန်ပါရေ..
ပါတော်မှုပုံ(ဓါတ်ပုံ)ကိုတွိပြီးကေ ရွီးချင်စော်နုင့် စိတ်ကူးတည့်ရာ ရွီးမိရွီးရာရွီးမိစာပါ။
မအားမလပ်တေအချိန်ကြောင့် တစ်ထိုင်တည်းနုင့်အပြီးရွီးလိုက်ရလို့ စာဖတ်သူများနားလည်ပီးနိုင်ကတ်ပါစီ....
Comments
Post a Comment