ငါရို့ လွတ်လပ်ရီးရယာလား …?
၂၀၁၇ ဇွန်နဝါရီလ ၄ ရက်၊ ၂၁း၀၀ နာရီ
ရခိုင့်အချုပ်အချာကျဆုံးမှု (၂၃၂) နှစ်မြောက် အထိမ်းအမှတ်ဟောပြောပွဲကို ဇွန်န၀ါရီ လေးရက် ဗမာ့ လွတ်လပ်ရီး နိန့်မှာ စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်မှာ ကျင်းပခကတ်တေ။
အကျွန် ဦးကျော်ဇောဦး၊ အသျှင်ပညာစာရ နန့် သားရွှေဦး (ကစ္စပ) ရို့ ဟောပြောကတ်ပါရေ။
အကျွန် ဟောပြောခရေ အကြောင်းအရာ အနှစ်ချုပ် သဘောထဲက အချက်အလက် စိတ်ကေလောက်ကို ပြောရကေ -
၁။ ယင်းသူရို့ လွတ်လပ်ရီးရစွာ (၆၉) နှစ် ဟိယာ။ ငရို့ လွတ်လပ်ရီးမရသိ။ တိုင်းရင်းသားချင်း တန်းတူရီးကိုတောင် မရသိမ့်။
၂။ ကိုယ့်တိုင်းပြေကို ကိုယ်ပြန်ရယာလားဆိုစွာကို အချက်နန့်အလက်နန့် စီစိုက်ကြေ့ကေ၊ မရသိမ့် လို့ရာ အဖြေထွက်တေ။ လက်ဟိ ဖွေ့စည်းပုံအရ ရခိုင်ကို ပီးထားစွာ လုပ်ပိုင်ခွင့်တိရေ အခွံတိရာ ဖြိုက်တေ။
၃။ အချုပ်အချာ ကျဆုံးမှု ကို အထိမ်းအမှတ်ပြု ကျင်းပကတ်စွာမှာ ရည်ရွယ်ချက် ၂ခုဟိရေ။ ဖြစ်ခစွာကို နှစ်တိုင်း သတိရကတ်ဖို့ နန့် ရှိ့က ရည်မှန်းချက်ကိုရောက်အောင် ဇာပိုင် လားကတ်ဖို့လဲ ဆိုစွာကို နှစ်တိုင်း သုံးသပ်နိုင် ကတ်ဖို့ဖြစ်တေ။
၎။ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် အပြေ့အ၀ ရရှိရီးစွာ ငါရို့ရည်မှန်းချက်ဖြိုက်တေ။
၎။ ကိုယ့်လက်ထေးမှာ ရောက်နိန်ရေ လက်နက်ရာလျှင် ကိုယ့်ကို ကာကွယ်ဖို့လက်နက် အစစ် အမှန် ဖြိုက်တေ။
ကျော်ဇောဦး
၂၀၁၇ ဇွန်န၀ါရီလ ၄ ရက်
Comments
Post a Comment