. ရခိုင်သားဖြစ်ပေါ်လာပုံနှင့်မြမ္မာ (ဒုတိယပိုင်း) ရခိုင်လူမျိုးနှင့်တာဝန် ရခိုင်သားများ တိုင်းပြည်ကို တည်ထောင်စကပင်လျှင် အမျိုးလေးပါး ကျင့်ရမည့် ကျင့်ဝတ်အတိုင်း ကျင့်ရ၍ တိုင်းပြည်ကို ထောင်မရှိဘဲ လူကို လူက ထိမ်းချုပ်သည့် စနစ်နှင့် အုပ်ချုပ်လာခြင်း ဖြစ်သည်။ ဤသည်ကို အမျိုးလေးပါး အုပ်ချုပ်ရေး စနစ်ဟု ခေါ်သည်။ ( အဘိုးသျှင်ဦးမြ၀ါ ပြန်လည် အသက်သွင်းသော မင်းဗာစီမံကိန်းကိုရှုပါ) ဤအထဲတွင် အနွယ်ဆိုင်ရာနှင့် အုပ်ချုပ်ရေး တာဝန်ယူရသော အပိုင်းများတွင် (၁) ရကြိုင်သား (၂) မာ့ရိုးသား (၃) ကေါက်ကတန်းသား ဤ အနွယ် ၃ ခုကို သာဂီဝင်ဟု ခေါ်၍ အမြဲတမ်း ရခိုင်ပြည်ကို အုပ်ချုပ်သော မင်းစဉ်မင်းဆက်များ ဖြစ်သည်။ (၁) စရိမ်းသား ကွမ်း ဆေး တို့ကို ဘုရင်ထံ ဆက်သရသော အနွယ် ဖြစ်သည်။ (၂) ကလက်သား မင်းခမ်း မင်းနား မှန်သမျှတွင် မောင်းထုရသော အမျိုး (၃) ၀ယဉ်သား ဥယဉ်ပန်းမာန် စိုက်ပျိုးရသောအမျိုး (၄) ၀နွယ်သား သောက်ရေ သုံးရေ ခပ်ရသော အမျိုး (၅) လေးမြို့သား၊ အစဉ်မှာ မုဆိုးအစဉ် စစ်သား(သူရွဲ) အမျိုး (၆) လောင်းကတုန်းသား (အလောင်းထမ်းသား) အလောင်းကေါင်ကို သင်းဂြိုလ်ရသော အမျိုး တို့ ဖြစ်သည်။ ရခိုင်သား အမျိုးအနွယ် ထဲတွင် ရခိုင်ပြည်ကို မင...