ရခိုင်သား ဖြစ်ပေါ်လာပုံနှင့် မြမ္မာ ( ဒုတိယပိုင်း)
. ရခိုင်သားဖြစ်ပေါ်လာပုံနှင့်မြမ္မာ
(ဒုတိယပိုင်း)
ရခိုင်လူမျိုးနှင့်တာဝန်
ရခိုင်သားများ တိုင်းပြည်ကို တည်ထောင်စကပင်လျှင် အမျိုးလေးပါး ကျင့်ရမည့် ကျင့်ဝတ်အတိုင်း ကျင့်ရ၍ တိုင်းပြည်ကို ထောင်မရှိဘဲ လူကို လူက ထိမ်းချုပ်သည့် စနစ်နှင့် အုပ်ချုပ်လာခြင်း ဖြစ်သည်။ ဤသည်ကို အမျိုးလေးပါး အုပ်ချုပ်ရေး စနစ်ဟု ခေါ်သည်။ ( အဘိုးသျှင်ဦးမြ၀ါ ပြန်လည် အသက်သွင်းသော မင်းဗာစီမံကိန်းကိုရှုပါ)
ဤအထဲတွင် အနွယ်ဆိုင်ရာနှင့် အုပ်ချုပ်ရေး တာဝန်ယူရသော အပိုင်းများတွင်
(၁) ရကြိုင်သား
(၂) မာ့ရိုးသား
(၃) ကေါက်ကတန်းသား
ဤ အနွယ် ၃ ခုကို သာဂီဝင်ဟု ခေါ်၍ အမြဲတမ်း ရခိုင်ပြည်ကို အုပ်ချုပ်သော မင်းစဉ်မင်းဆက်များ ဖြစ်သည်။
(၁) စရိမ်းသား ကွမ်း ဆေး တို့ကို ဘုရင်ထံ ဆက်သရသော အနွယ် ဖြစ်သည်။
(၂) ကလက်သား မင်းခမ်း မင်းနား မှန်သမျှတွင် မောင်းထုရသော အမျိုး
(၃) ၀ယဉ်သား ဥယဉ်ပန်းမာန် စိုက်ပျိုးရသောအမျိုး
(၄) ၀နွယ်သား သောက်ရေ သုံးရေ ခပ်ရသော အမျိုး
(၅) လေးမြို့သား၊ အစဉ်မှာ မုဆိုးအစဉ် စစ်သား(သူရွဲ) အမျိုး
(၆) လောင်းကတုန်းသား (အလောင်းထမ်းသား) အလောင်းကေါင်ကို သင်းဂြိုလ်ရသော အမျိုး တို့ ဖြစ်သည်။
ရခိုင်သား အမျိုးအနွယ် ထဲတွင် ရခိုင်ပြည်ကို မင်းအဖြစ် အုပ်ချုပ်ခဲ့သော မင်းစဉ် မဟုတ်သည့် အနွယ်များမှာ
(၁) လေးမြို့သား
(၂) ရမ်းဗြဲသား
(၃) ကျောက်ဖျာသား
တို့သာလျှင်ရှိ၍ ထိုအနွယ်တို့သည် စလွယ်တင်ရသော အသည်သားများ (လွတ်လပ်စွာ လုပ်စားနိုင်သူ) များ ဖြစ်သည်။
မြမ္မာဇာတ်တွင်ပါ ၀င်သောရခိုင်အနွယ်ဝင်လူမျိုးများ
မြို၊ ယော၊ ဖုန်၊ ဆလုံ၊ ထားဝယ်၊ ကဒူး၊ ကဏန်း၊ မရမာ၊ ရဘိန်း။ ။ ဤ ၉ မျိုး လူမျိုး အနွယ်သည် သာလျှင် မြမ္မာ ဇာတ် ရခိုင်အနွယ် ဟုခေါ်သည်။ ဗြာဟ္မဏ ခတ္တိယ ဗိသ ဒုသ အနွယ်မှအပ ကျန်လူမျိုးစု များမှာ မြမ္မာဇာတ်မဟုတ်။ ပါဠိအလို လူမဟုတ် ဟု ဆိုလိုသည်။ ဥပမာ၊ ဗမာ၊ ကချင်၊ ကယား၊ ၀၊ ကိုးကန့်၊ လားဟူ၊ ရှမ်း၊ အခါ၊ စသည် တို့သည် မြမ္မာဇာတိကို ရသော မြမ္မာဇာတ် အနွယ် ၀င်များ မဟုတ်ဟု ဆိုလိုသည်။ 
ရခိုင်သားနှင့်ဆွေမျိုးတော်စပ်ပုံရှေးစကါး
၁။ မြိုလူမျိုးကို ပထွေး။ ။ မာရယုကို တောင်မင်း မြို လူမျိုး သင်းထီး ရအောင်လာ မွေးစားသည်။ ထို့ကြောင်း ပထွေး သို့မဟုတ် အဖနှောင်း ဖြစ်၍ ပထွေးတော်သည်။
၂။ ခမွီးခေါ် ခမီး လူမျိုးကို အဘေ။ ။ အဘေ ဆိုသည်မှာ အဖ၏ညီဖြစ်သည်။ ရအောင်လာ၏ ညီ အနွယ်တို့ မှ ခမွီးခေါ် (ခမီး) ဖြစ်လာသည်ဟု အဆိုရှိသည်။
၃။ ချင်းလူမျိုးကို ယောက်ဖ။ ။ ရအောင်လာ၏ သမီး ပိန်ညှာ နှင့် မာရယု ရသည်။ ရအောင်လာ၏သား ပိန်ညှာ ၏ မောင် ငချင်းယေ မှာ မာရယု ၏ ယောက်ဖ ဖြစ်သည်။ ငချင်းယေ မှ ချင်းအနွယ် ဖြစ်လာသည်ဟု ရှေးထုံးဟောင်း စကါးထှါ ရှိသည်။
      ခတ္တိယ လယ်နှင့်ပါတ်သက်သောဇာတ်များ
၁။ မာတဗို(ကလန်ကြီး) ၊ ၊ လယ်ရှင် ရွာလူကြီး(သူကြီး)
၂။ ရှိတ်ရှင်(ချစ်တီး)၊ ၊လယ်နှင့်စပ်၍ ငွေတိုးချေးခြင်း၊ လယ်နှင့် ချမ်းသာအောင် လုပ်သူ။
၃။ သော်ဒလီ (စေါ်ဒေါရီ)၊ ၊လယ်ရှင် ဘုရင် အာဏါဖြင့် လယ်ခွန်ကေါက်ယူ၍ မင်းထံ ဆက်ရသူ၊ နယ်စားကြီး။ ၄။ ထါကူ၊(တဂိုး) ၊ဘိုးစဉ်ဘောင်ဆက် လယ်သူဌေးမျိုး။
၅။ ဒေးဝန်း၊ ၊ဒေသတွင်းရှိ လယ်ခွံတို့ကို စားရသော မြို့စားကြီး။
၆။ တာလူဒါ၊ ၊လယ်ယာမြေတို့ကို ကြည့်ရှုစောင့်ရှောက်ရသည့် အမျိုး အနွယ်။
၇။ တိုရှီဒါ၊ ၊လယ်မြေများကို တိုင်းတာ ချိန်တွယ် အကွက်ရိုက်ရသောအမျိုး။
၈။ ခတ္တိယ၊ ၊လယ်ထွန်ကေါင်းသည့်အမျိုး။
၉။ ရိုင်။ ။ ဇမုန်ဒရီ (လယ်မင်း လယ်ပိုင်ရှင်)
၁၀။ မြို့သူကြီး၊ ၊ မြို့ပိုင် လယ်ရှင်
ဤသည်ကါး ခတ္တိယအမျိုး လယ်သမား အနွယ်တို့ ဖြစ်သတည်း။
မရမာ မြမ္မာနှင့် ပျူ
မဇ္ဇျိမအရေးတော်ပုံကျမ်းလာမရမာ
        ကမ္ဘာဦးကဖြစ်သော ခတ္တိယ မင်းမျိုးစဉ်ဆက် ကျမ်းဂန်အထွက် အလာတွင် အမျိုး လေးပါး ဗြာဟ္မဏ ခတ္တိယ ဘိသျှ သုဒ္ဓိယ လေးပါးရှိသည်။ ထိုလေးပါးတို့တွင် သုဒ္ဓိယ အမျိုးက ပွားများ၍ အသီးသီး ပြည်ထောင်မင်း ပြုကြလေသည် များ၏။ ကျမ်းဂန်အလာတွင်လည်း မဂရ်ဇ် တိုင်း၌ ရာဇဂြိုဟ်ပြည်ကို သုဒ္ဓိယတို့က မဂဓတိုင်းဟု ခေါ်ဆိုကြသည်။ ရာဇဂြိုဟ်ပြည် ရှင် ခတ္တိယမင်းမျိုး ၀ရသင်္ခ လက်ထက် သားတော်ရတနာကို ဘာဂီရနဒီ မြစ် အရှေ့ဘက် ခရိုင်ခြားလျှက် ပေးတော်မူလေ၍ အယုဇ္ဈပူရတိုင်း၌ အာလ၀ီမြို့ကို တည်သည်။ ထီးနန်း မင်းဆက် များစွာရှိသောကြောင်း ထိုပြည်သူတို့ကို မရမာ ဖြစ်ကြောင်း ဂေါဓမ္မဒန္ဒြကျမ်းက မရမာ အမျိုး အနွယ်ဆက် မှန်၍ ဟိန္ဒုစလွယ်တင် ခတ္တိယအမျိုး မရမာ တို့ကို မသလမံ ကုလား တို့က မောဂ်ဟူ၍ ခေါ်သည်။ (သံတွဲမြို့စား ဇေယျကျော်ထင်) 
ဓည၀တီအရေးတော်ပုံကျမ်းလာမရမာ    
          ရာဇ၀င်ကြီးသော်ကါး မရမာ အမတ်မျိုး စာဖတ် တိုဝေ(ဒိုးဝေ)သှ် လောကီ လောကုတ္တရာ ထိုနှစ်ပါးကို နားလည်၍ စီကုံးခဲ့သော စာစောင် လေးဆယ်ရှစ်အင်္ဂါ ရှိသော စာကို မူလ ပြုလျှက် ပျို့ လင်္ကာ သမိုင်းထွက် ညီသော ရာဇ၀င်ကြီးက ကေါက်နုတ်၍ ရက္ခပူရတိုင်း ဓည၀တီမည်သော မြောက်ဦးမြို့ ပြည်ကြီးမင်းဆက်တို့၏ အရေးတော်ပုံကို နောင်လာ သားမြေး စဉ်ဆက် မှတ်သားရစ်စေဟု ရေးသား ထားတော်မူခဲ့သောကျမ်း ဤတွင် ပြီး၏။ (အမတ်ကြီး ဒိုးဝေ)
ပါမောဇ္ဇဒီပနီကျမ်းလာမြန်မာ
        မြန်မာမျိုးတဦးက မင်း ပုဏ္ဏား ကုန်သည် သူဆင်းရဲ ဟုလေးမျိုးသာရှိကြောင်း ကွဲပြား ကြောင်းကို သုပ္ပါထေယျအဂ္ဂညသုတ် ပါဠိတော်၎င်းအဌကထာ စသည်တို့၌ ဟောတော်မူ အပ် ၏။ ကြွင်းသော ကိုးဆယ် ခုနှစ်ပါးသော လူမျိုးတို့ကို မဟောအပ်ကုန်။ (ကျိုက်လပ်ဆရာတော်)
ရခိုင် သို့မဟုတ် မရမာ သို့မဟုတ် မြမ္မာ
         မရမာ သို့မဟုတ် မြမ္မာ ဟူသော အသုံးအနှုံးကို ရှေးရခိုင် စာပေတို့၌ တွေ့ရသည်။ မရမာ သို့မဟုတ် မြမ္မာ ဆိုသည်မှာ ရှေးရခိုင်ပညာရှင်များက မိမိကိုကိုယ် သုံးနုံးသော ဝေါဟာရ တခုပင် ဖြစ်သည်။ ရှင်းလင်းစွာဆိုရလျှင် ရခိုင်ကို မြမ္မာ ဟုခေါ်လေသည်။ ဒေသကို အာရက္ခဒေသ ဟု၎င်း တိုင်းကို မဟိံသကတိုင်းဟု၎င်း ဓည၀တီမြို့ကို အစွဲပြု၍ ဓည၀တီ ရခိုင် ပြည်ဟု၎င်း ခေါ်ကြလေသည်။ အချင်းချင်း အလည်လည် ပြောဆို ဆက်ဆံသောအခါ ရခိုင်ဟု ခေါ်ဝေါ် သုံးစွဲကြပြီးလျှင် စာပေ ယဉ်ကျေးမှု မင်းခမ်းမင်းနား ဖြတ်ထုံးစသော ဂန္တ၀င် အသုံး တို့၌ မရမာနှင့် မြမ္မာ ဟူ၍ ရေးသား သုံးစွဲကြလေသည်။
           ဝေသာလီကျောက်လှေကါးခေတ် မြိုမင်းအမြတူ အေဒီ ၇၆၉-၇၇၆ သည် ညီဖြစ်သူ အမြကူကို ခေါ်၍ ဆုံးမသည်မှာ ငါတို့ကါး ရှေးကေါင်းမှုကံကြောင့်သာလျှင် မရမာ မင်းအဖြစ်ကို ရ၏ ငါတို့ အမျိုး ၇ ဆက်ကါး တောင်ထက် တောထဲကြီးသား ဖြစ်၏။ ဤသည် ကိုထောက်လျှင် ရခိုင်ကို ဝေသာလီခေတ်ကပင် မရမာဟု ခေါ်ကြောင်း ထင်ရှား လေသည်။
         ငနှလုံးမင်း အေဒီ ၁၂၄၆-၁၂၅၀ လက်ထက်တွင် ကုလားနှင့် သက်တို့ ပုန်ကန်သဖြင့် ပြည်စိုးကြီး ဓမ္မဇေယျကို စစ်သူကြီးခန့်၍ နှိမ်နှင်းစေသည်။ တပ်ဦးတွင် ကျီးကန်းနှင့်ဗျိုင်း ခွပ်ကြရာ ကျီးကန်းကို အတောင်ကျိုး၍ ဖမ်းရသဖြင့် မင်းထံဆက်သရာ ပညာရှိ အမတ် စကုမြို့စား (စကု၊ သရက်၊ မင်းလ၊ှ မင်းဖူး၊ မြို့တို့ကို အင်းဝခေတ် မင်းကြီးစွာစော်ကဲ လက်ထက် အမတ်ကြီးစည်းတပစ်မှ ရခိုင်သားကို တောဆင်ရိုင်းနှင့် တူသည်ဟု အပြစ်ဆိုလျှက် နယ်ချဲ့ယူသွားခြင်း ဖြစ်သည်၊ စကါးကြီးဆယ်မျိုးတွင် ရှုပါ၊) ၀ိမလ အမတ် လျှောက်ထုံးကါး “ကျီးနံကုလား ဗျိုင်းကါးမြမ္မာ နံအလိုမှာ နဂိုယာယီ ကိန်းနှစ်လီတွင် ယာယီကျီကန်း ပင်ပန်းကုလား ထွားထွားကြေညက် ပျက်မည်အကြောင်း လုံးပေါင်းပြီးစီး ခရီးမကြာ အောင်မြင်ပါမည်’’  ဟုလျှောက်လေသည်။ ဤလျှောက်ထုံးအရ ဗျိုင်းကါးရခိုင်ဟု မသုံး ဗျိုင်းကါး မြမ္မာ ဟုသုံးသည်ကို တွေ့ရသည်။ ထို့ကြောင့် မြမ္မာ(မြန်မာ)ဆိုသည်မှာ ရခိုင် သားတို့ ကို ခေါ်ခြင်းသာ ဖြစ်လေသည်။
             ဝေသာလီ ကျောက်လှေကါးခေတ်တွင် ရခိုင်သားကို မရမာ ဟုခေါ်ကြောင်း တွေ့ရှိ ရသည်။ မြန်မာ ဟူသော စကါးလုံးကို မြမ္မာ ဟူ၍ ရခိုင်ပညာရှင်များ ရေးသားခဲ့ကြသည်။ ပဖဗဘမ ကြာသပတေး သောမဂြိုလ် စိုးသော မြမ္မာဟု ဆျန်းနိမိတ်ဖြင့် အဓိပ္ပါယ် ယူခဲ့ကြသည်။ တိုင်းပြည်ကို ထူထောင်သောရက်မှာ ဗုဒ္ဓဟူးနေ့ ဖြစ်သည်။
           ပုဂံခေတ် မြန်မာသက္ကရာဇ် ၅၅၂ ခု အေဒီ ၁၁၉၀ ခုတွင် မြမ္မာဟူသော ဝေါဟါရ အသုံးကို တွေ့ရသည်။ ထို့ပြင် ကျောက်စာ၏ မူရင်း အပြည့်အစုံကို မသိရသော်လည်း ကျန်စစ်သားမင်း လက်ထက် ၁၁၀၂ ခုတွင် ရေးထိုးသော ရှေးမွန် ကျောက်စာ၌ မိရမာ ဟုရေး ထိုးထားလေသည်။
            မရမာ အကြောင်းကို အေဒီသက္ကရာဇ် ၁၂၈၃ ခုနှစ်တွင် လောင်းကြတ်မြို့ကို အစိုးရသော ဘုရင်မင်းထီးသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာတွင် ကုသိုလ် ကောင်းမှုပြုစဉ် ကျောက်စာရေးထိုး၍ မှတ်တမ်းတင်ခဲ့ပါသည်။ ထိုကျောက်စာ၌ မရမာမင်း လာလတ်၍ ဟု ပါရှိလေရာ ရခိုင်ကိုပင် မရမာ ဟုခေါ်ကြောင်း ထင်ရှားလေသည်။ ထို့ပြင် သက္ကတ ဘာသာဖြင့် ရေးထားသော သရောဒယ (သရဒွေး) ကျမ်းကို မရမာ ဘာသာ ဖြင့် ဖွင့်ပေလတ္တံ့ ဟု စာရေးသူ က ချီးမွမ်းထားလေရာ မရမာဆိုသည်မှာ ရခိုင်ကို ဆိုကြောင်း သိသာလေသည်။
         ရုံပြည်မှ မင်းသား ရှာအလင်နှင့် လူပေါင်း တထောင်သည် မရမာ စာကို သင်ကြားရန် မြောက်ဦးနန်းတော်သို့ ရောက်ရှိကြောင်း မှတ်တမ်း တင်ရှိလေသည်။ ဂန္တ၀င် ရခိုင်စာပေ၌ ရခိုင်ကို မြမ္မာဟူ၍၄င်း မရမာ ဟူ၍၄င်း ရေးသားသုံးစွဲကြသည်ကို တွေ့ရသည်။ ရခိုင်သမိုင်း တိမ်မြုတ်နေ၍သာ ကျယ်ပြန့်စွာမသိရှိ နိုင်ခြင်း ဖြစ်သည်။
             ငနှလုံးမင်းသည် ကုလားအမတ် နှစ်ရာ တို့ထံမှ တန်ဆာကို သိမ်းစေ၍ အတွင်း မိန်းမ အသုံးဖြစ်သော မောလိပ်အစို့မှာ ဖွဲ့တော်မူလေသည်။ ကုလားမင်းသား၏ ကျေးကျွှန် ပါရင်း လူငါးရာကိုလည်း ပါရင်းအတိုင်း ပေးသနားတော်မူလေသည်။ ဘေးတော်ဒသရာဇာမင်း ဖွဲ့စည်းတော်မူခဲ့သည့် အစုသား တလိုင်း ပျူ ကမ်းယံ တို့မှာ ဆင်အစို့ ပန်းထိမ်အစို့ သဘင်အစို့ မြောက်စည်အစို့ သား တို့ကို ရှိမြဲရှိစေ၊ ထိုမှကြွင်းသော သူတို့မှာ မြမ္မာဖြစ်စေ၊ အစုနုတ်၍ မြမ္မာ တို့ကဲ့သို့ အသည်ကါလ အမှုကိုထမ်းစေ၊ အမိန့်တော်ပညတ်၍ အသည်ကါလဖြစ်စေသည်။ အသည်သားတို့က အမှုထမ်း လူပေါင်း တသိန်းကို လင်္ကျာ သင်းငါးသောင်း လက်ဝဲ သင်းငါး သောင်း ၄င်းလူတို့ကို လင်္ကျာ လက်ဝဲ နံဘေးတို့မှာ ခြင်္သေ့ရုပ် ထိုးစေ၍ ကိုရံတော်တပ် ဖွဲ့စည်းတော်မူသည်။
         ဤသည်မှာ ရခိုင်သားကို မြမ္မာဟုခေါ်ကြောင်း ဝေသာလီခေတ် ဘုရင့် ပြန်တမ်း တခုပင် ဖြစ်သည်။
ရခိုင်သားကိုရှင်းလင်းချက်
ရခိုင်သားကို မြမ္မာ ဟူ၍ ခေါ်ခြင်း ရေးခြင်းသည် ဇာတ် ကို ခေါ်ခြင်း ရေးခြင်းသာ ဖြစ်သည်။
ရခိုင်သားကို မရမာ ဟူ၍ ခေါ်ခြင်း ရေးခြင်းသည် ဘာသာ ကို ခေါ်ခြင်း ရေးခြင်းသာ ဖြစ်သည်။
ရခိုင်သားကို ရခိုင် သား ဟု ခေါ်ခြင်း ရေးခြင်းသည် ၀ံသ ခေါ် နာမည်ကို ခေါ်ခြင်း ရေးခြင်း ဖြစ်သည်။
ရခိုင်ကိုလူမျိုးခြားအခေါ်များ
(၁) မြို                     တို့က                မရမာ                ဟုခေါ်သည်။
(၂) ခမွီးခေါ်ခမီး           တို့က          မဟာဘတ်                 ဟုခေါ်သည်။
(၃) သက် (စာ့)         တို့က                မရမ်                     ဟုခေါ်သည်။
(၄) ဒိုင်းနက်(သက်)    တို့က               အမရမ်(အမ်မရမ်)       ဟုခေါ်သည်။
(၅) ဗမာ                 တို့က                ရခီး ရခိုင်ကြီး             ဟုခေါ်သည်။
(၆) စစ်တကေါင်းသား ကုလားတို့က   မော်ဂဲ မော်ဂျား  မရမာ        ဟုခေါ်သည်။
(၇) ဒါကါနှင့်အနောက်ဘင်္ဂလားနယ်သားတို့က  မောဂ်                 ဟုခေါ်သည်။
(၈) အိန္ဒိယပြည်မသားတို့က                 မာ(ချဲ့)                      ဟုခေါ်သည်။
(၉) ပေါ်တူဂီ  တို့က                          အာရီကင်                     ဟုခေါ်သည်။
(၁၀) အင်္ဂလိပ်တို့က                           အာရကန်                     ဟုခေါ်သည်။
(၁၁) မြုံတို့က                                  မခေါက်                         ဟုခေါ်သည်။
(၁၂) ဖလံထောင် သက်ထောင် မြုံပြည်နေ  ရခိုင်စကါးပြောသူတို့က ရခိုင်သားကို       လူ   ဟုခေါ်သည်။ (မှတ်ချက်။ ။ လူ= ငါ )
လူမျိုးခြားနှင့်ကုလား ကိုရခိုင်သားအခေါ်များ  
၁။ ရခိုင်သားသည် ပေါ်တူဂီလူမျိုးကို ဘုရင်ဂျီဖလောင်း ဟုခေါ်သည်။
၂။ ရခိုင်သားသည် ပြင်သစ်လူမျိုးကို ဖရန်ဂီ ဟုခေါ်သည်။
၃။ ရခိုင်သားသည် ဂျာမဏီ လူမျိုးကို ဇာရာမဏီ ဟုခေါ်သည်။
၎။ ရခိုင်သားသည် အီတလီ လူမျိုးကို အာရာမဏီ ဟုခေါ်သည်။
၅။ ရခိုင်သားသည် အင်္ဂလိပ်လူမျိုးကို ဖလောင်း ဟုခေါ်သည်။
၆။ ရခိုင်သားသည် အာဖရိက လူမျိုးကို ကပ္ပလီ ဟုခေါ်သည်။
၇။ ရခိုင်သားသည် အီတလီ လူမျိုးကို   ရုံပြည်သား ဟုခေါ်သည်။
၈။ ရခိုင်သားသည် အီဂျစ် လူမျိုးကို  အာရာမဏီ (မီချော)  ဟုခေါ်သည်။
၉။ ရခိုင်သားသည် ဗြာဟ္မဏ လူမျိုးကို ပုဏ္ဏား ဟုခေါ်သည်။
၁၀။ ရခိုင်သားသည် ခတ္တိယ လူမျိုးကို သာဂီဝင် ဟုခေါ်သည်။
၁၁။ ရခိုင်သားသည် ဘုံဘေ နယ်သားတို့ကို ဘာဘူ ဟုခေါ်သည်။
၁၂။ ရခိုင်သားသည် မာဒရပ် နယ်သားတို့ကို မံဒရာဇီ ရာဇပုတ် ဟုခေါ်သည်။
၁၃။ ရခိုင်သားသည် အာရပ်လူမျိုးကို မဆလမံ ကုလား ဟုခေါ်သည်။
၁၄။ ရခိုင်သားသည် ပါထန်း(ပါကိစ္စတန်) လူမျိုးကို ရာဇာကတ် ဟုခေါ်သည်။
၁၅။ ရခိုင်သားသည် မဂို လူမျိုးတို့ကို မင်းဂွတ် ဟုခေါ်သည်။
၁၆။ ရခိုင်သားသည် အီရန်လူမျိုးတို့ကို ပါသျှား ဟုခေါ်သည်။
၁၇။ ရခိုင်သားသည် မိုဟာမက် မပေါ်ခင် အိန္ဒိယနိုင်ငံရှိ မူဆလင် အယူရှိသော မင်းတို့ကို သူရတန် ဟုခေါ်သည်။
၁၈။ ရခိုင်သားသည် အရှေ့အနောက် ဘင်္ဂလား နယ်သား (ဒါကါ ၊ကါလကတ္တား)       မူဆလင် တို့ကို မုသလမံ ဘင်္ဂလီကုလား ဟုခေါ်သည်။
၁၉။ ရခိုင်သားသည် စစ်တကေါင်းသား မူဆလင်တို့ကို ခေါ်တော ကုလား ဟုခေါ်သည်။
၂၀။ ရခိုင်သားသည် မူဆလင် စစ်သားကို ခေါင်းဝိုင်း ဟုခေါ်သည်။
၂၁။ ရခိုင်သားသည် ဟိန္ဒု အနွယ် ကို ဒန့်စားဟုခေါ်သည်။
၂၂။ ရခိုင်သားသည် အိန္ဒိယတိုင်းနိုင်ငံကို  ခေါင်းတုတ်ကာ နှင့် ဘာရော့ ဟုခေါ်သည်။
ဤ သည်ကို ကြည့်၍ ကုလားဆိုသည်မှာ မူဆလင် ဘာသာဝင် ကိုသာလျှင် ကုလားဟု ခေါ်ကြောင်း သိသာပါသည်။ ဗမာတို့၏ ကုလားမျိုး ၆၀ ၌ မရမံ (မရမာ) နှင့် ခတ္တိယ သာဂီဝင်၊ ဗြာဟ္မဏ ပုဏ္ဏားတို့နှင့် ထိုသူတို့၏ မြို့ပြနိုင်ငံ အပါအ၀င် အိန္ဒိယနိုင်ငံရှိ ယခင်က မြို့ပြတိုင်းနိုင်ငံ တို့ကိုလည်း ကုလားမျိုး ၆၀ ထဲ၌ ထည့်ထါးသည်ကို တွေ့ရသည်။ ဗမာလူမျိုးသည် ရှေ့နှင့် နောက်ကို မစဉ်းစားဘဲ သာဂီမျိုးဟေ့ ဒို့ဗမာ ဟုဆိုခြင်းဖြင့် ပင်လျှင် မိမိကိုယ်တိုင် ကုလားဖြစ်နေသည်ကို မသိသော လူမျိုး ဖြစ်သည်။
 ဆက်ရန်
ဦးကျော်အောင် /ချမ်းမြဲအောင်/ရခိုင်ပြည်.......ဆက်ရွီသားပီးကပ်ပါ
မူရင်းရေးသူ အမည်Credit ပေးပါသည်
No comments:
Post a Comment
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...