မလေးရှား မှ မြန်မာ ကို ရန်စနေပြီ
မလေးရှားရှိ အစ္စလာမ် အတိုင်ပင်ခံ ကောင်စီရဲ့ အစီအစဉ် ဖြင့် ဘူးသီးတောင် မောင်းတော်ရှိ ဘင်္ဂါလီများကို ဆန်၊ ဆေ။ဝါး နှင့် အခြား အ၀တ်အထည် အသုံးအဆောင်များ စုစုပေါင်း တန် ၆၀၀ ခန့် သယ်ဆောင်လာမယ့် Food Flotilla လို့ အမည်ပေးထားတဲ့ သင်္ဘောကြီးက ကာလန်း ဆိပ်ကမ်းမှ ဂျန်န၀ါရီ ၁၀ ရက်နေ့ မြန်မာရေပိုင်နက်ထဲကို ထိုးဖေါက် ၀င်ရောက်လာမယ်လို့ သိရပါတယ်။
ထို့အတွက် မြန်မာအာဏာပိုင်များထံမှ ရေပိုင်နက်ကို ဖြတ်ကျော်ခွင့် တောင်းခံထားပေမယ့် ယခုထိ အကြောင်းမပြန် သေးလို့ ဆိုပါတယ်။
သို့သော် ပြောပုံဆိုပုံ ကြည့်ရတာ ခွင့်ပြုချက် မရလည်း အတင်းလာမယ့် သဘော ဖြစ်နေပါတယ်။
ဒီလို ပုံစံမျိုးက အရင် တူရကီ က ဂါဇာ ကမ်းမြှောင် ဒေသ က ပါလက်စတိုင်း တွေဆီ ထောက်ပံ့ရေး ပစ္စည်းများ သယ်မယ်ဆိုပြီး လုပ်ခဲ့တဲ့ ဖြစ်ရပ်မျိုးနဲ့ သွားဆင်တူနေပါတယ်။ ဒါက လည်း နိုင်ငံတကာမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေမယ့် မီဒီယာ စတန့်သာ ဖြစ်တယ်ဆိုတာ ကလေးက အစ သိနိုင်ပါတယ်။
ရိုးသားမှုသာ ရှိမည်ဆိုက နိုင်ငံတကာ ကြက်ခြေနီ အသင်း မှသာ ပြုလုပ်ရကောင်းသည် မဟုတ်ပါလား၊
အစ္စရေးက တော့ ပြတ်သားပါတယ်။ သူတို့ ရေပိုင်နက်တောင် အ၀င်မခံပဲ နိုင်ငံတကာ ရေပိုင်နက်မှာပင် ရေတပ် ကွန်မန်ဒို ၁၃ ဦးက ၀င်ရောက် ကြားဖြတ်ပြီး နီးစပ်ရာ အစ္စရေး ဆိပ်ကမ်းကို မောင်းခိုင်းတာ ညင်းဆန်ပြီး ပါလာတဲ့ လူ ၅၀ လောက်က ရန်ပြုကြလို့ ပြစ်ခတ်ရာမှာ ၉ ဦး သေဆုံးသွားခဲ့ပါတယ်။ ဒီအတွက် အစ္စရေးကို နိုင်ငံတကာက ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်။ (ပုံတွင်ရှု့)
အခု မလေးရှား အနေအထားက လည်း ကိုယ့်ရှုးကိုယ်ပါတ်သလို ဖြစ်နေပါတယ်။ နာဂျစ် ရဲ့ ရဲရဲတောက် စကားကို အဟုတ်မှတ်ပြီး OIC က မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ဆိုသူ ရောက်လာပြီး မလေးရှားမှာ ရှိတဲ့ ရိုဟင်ဂျာ ဆိုသူများကို အလုပ်အကိုင် ပညာရေး ကျန်းမာရေး တွေ ရရှိအောင် အထူး မှတ်ပုံတင်ပြီး တခုခု လုပ်ပေးသင့်တယ်၊ မြန်မာပြည်ကို လည်း ဆက်လက် ဖိအားပေးသင့်တယ်လို့ လာပြောသွားတာ မကြာသေးပါဘူး၊
မလေးရှားက ၁၉၅၁ ဒုက္ခသည်များ ဆိုင်ရာ ကုလ စာတမ်းကို သဘောတူ လက်မှတ် မထိုးတဲ့ နိုင်ငံ ဆိုတော့ ဘယ်သူကိုမှ ဒုက္ခသည် အဆင့်အတန်း ပေးစရာ မလိုပဲ တရားမ၀င် ၀င်ရောက်လာသူများ ဆိုပြီး ဖမ်းဆီး မူရင်းနိုင်ငံ ပြန်ပို့ လိုတဲ့ နိုင်ငံ ဖြစ်နေတဲ့ အတွက် အခု ဆို နာဂျစ် ကိုယ်ရှုးကိုယ်ပါတ် ဖြစ်နေပါတယ်။
OIC ကလည်း ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး ရုံး UNHCR က အဆိုပါ ရိုဟင်ဂျာ ဆိုသူများကို ထုတ်ပေးတဲ့ လက်မှတ် နဲ့ မလုံလောက်ဖူး ခင်ဗျားတို့ မလေးရှား အစိုးရက ဒီလူတွေကို စောင့်ရှောက်ဖို့ အထူးအစီအမံတွေ ပြုလုပ်သင့်တယ်လို့ ပြောလာနေတာ ဖြစ်ပါတယ်။
သို့သော် ခက်နေသည်က မလေးရှား လူမျိုးများက အဆိုပါ ရိုဟင်ဂျာ ဆိုသူများ အရေးကို ထုံးစံအတိုင်း စိတ်ဝင်စားခြင်း မရှိကြတော့၊ ပြောဆို မှုများလည်း မရှိသလောက် ဖြစ်နေ၍ အကြောင်းတခုခု ရှာပြီး စတန့် ထွင်ပေးနေရခြင်းသာ ဖြစ်ပါတယ်။
အခု အရေးကို မိမိတို့ အစိုးရ အနေနဲ့ ဘယ်လို ကိုင်တွယ် သွားမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အကောင်းဆုံးက ခွင့်ပြုချက်မရရှိပဲ ၀င်လာသည့် မည်သည့် သဘောင်္ကို မဆို ကျုးကျော်မှု အဖြစ် သတ်မှတ်ကာ နိုင်ငံတကာ ဥပဒေများနဲ့ အညီ အရေးယူ သွားမယ်လို့ အသိပေးယုံပဲ ရှိပါတယ်။
ဒါမှ မဟုတ် အစိုးရ အနေနဲ့ ကျေးဇူးဥပကာရ တင်ရှိကြောင်း နဲ့ တပ်မတော် (ရေ) မှ မြန်မာရေပိုင်နက် အ၀ထိ သွားရောက်ပြီး လွှဲပြောင်း လက်ခံသွားမည် ဖြစ်ကြောင်း ပြောယုံပဲ ရှိပါတော့တယ်။
ဒုတိယ နည်းကတော့ အကောင်းဆုံးလှို့ ယူဆမိပါတယ်။
HSW https://www.facebook.com/nyanhline/
Comments
Post a Comment