ရခိုင်သမိုင်း သုတေသီ မင်းပြားမင်းသိန်းစံ၏ ရခိုင်သမိုင်း ကွင်းဆင်းသုတေသနစာအုပ် ထွက်ရှိ

ရခိုင် သမိုင်းသုတေသီ မင်းပြား မင်းသိန်းစံ၏ ရခိုင်သမိုင်း ကွင်းဆင်းသုတေသနစာအုပ် ထွက်ရှိ
စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဒီဇင်ဘာ ၂၉

ရခိုင်သမိုင်းသုတေသီ မင်းပြားမင်းသိန်းဇံ၏ ရခိုင်သမိုင်း ကွင်းဆင်းသုတေသနစာအုပ် ထွက်ရှိလာပြီ ဖြစ်သည်။ ၎င်းစာအုပ်မှာ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ နေ့စွဲဖြင့် ထွက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီစာအုပ်မှာ ရခိုင့်ယဉ်ကျေးမှုနဲ့ သမိုင်းပါဝင်ပါတယ်။ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့နဲ့ မြောက်ဦး ခေတ်က ရခိုင့်ယဉ်မှုနဲ့ သမိုင်းတွေကို ကိုယ်တိုင်ကွင်းဆင်း လေ့လာပြီးတော့ ပြုစုထားတဲ့စာအုပ်ပါ။ ဆောင်းပါး ၂၅ ပုဒ်ကို စုစည်းပြီးထုတ်ထားတာပါ။ ဝေသာလီခေတ်နဲ့ ပတ်သက်လာရင် ဝေသာလီမြို့ဟောင်းကို ရောက်အောင် သွားပါတယ်။ ဝေသာလီခေတ်က နန်းတော် အကြောင်းတွေကို ရေးထားပါတယ်။ ပြီးတော့ ကန်သုံးဆင့်မြို့တွေကို ကွင်းဆင်းပြီးတော့ ရေးထားပါတယ်။ သပိတ်တောင်မြို့ အကြောင်းတွေကိုလည်း ကွင်းဆင်းသုတေသနပြုပြီးတော့ ရေးထားပါတယ်”ဟု မင်းပြားမင်းသိန်းဇံက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

စာအုပ်ထုတ်ဝေရခြင်းရည်ရွယ်ချက်မှာ ရခိုင်ပြည်၌ သမိုင်းစာအုပ်များထက် ရုပ်ကြွင်းသမိုင်း အများအပြားရှိကြောင်း၊ အဆိုပါ ရုပ်ကြွင်းသမိုင်းများသည် ရခိုင်ရာဇ၀င်ထက် များနေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ ရုပ်ကြွင်း သမိုင်းများကို သမိုင်းသုတေသီများက ကွင်းဆင်း ရေးသားမည်ဆိုပါက ရခိုင်သမိုင်းသည် ယခုမှတ်တမ်းတင်ထားသော ရခိုင်သမိုင်းထက် တိကျန်မှန်သော သမိုင်းတစ်ရပ်ဖြစ်လာနိုင်သည်ဟု ယုံကြည်ပြီး ကွင်းဆင်းသုတေသနပြု၍ ရေးသားထုတ်ဝေရခြင်းဖြစ်သည်ဟု ဆိုသည်။

“ရခိုင်သမိုင်းကိုရေးတဲ့သူတွေအနေနဲ့ ထုတ်ပြီးသားစာအုပ်တွေကို ကျမ်းကိုးအနေနဲ့ ရေးသားတာထက် ကွင်းဆင်းပြီးတော့ ရေးသားဖို့ လိုအပ်တယ်ဆိုတာကို ဦးတည်ထားတာပါ။ ကွင်းဆင်းပြီး သုတေသနပြုလိုက်တဲ့အခါမှာ တချို့ ရခိုင်သမိုင်းတွမှာပါတဲ့ အကြောင်းအရာတွေဟာ ကွင်းဆင်းလေ့လာတဲ့အခါ မတွေ့ရှိရပါဘူး။ ကွင်းဆင်းပြီး သုတေသနပြု ရေးထားတဲ့ အကြောင်းအရာ တွေဟာလည်း ရခိုင်သမိုင်းထဲမှာ မပါတာတွေကို တွေ့ရှိရပါတယ်”ဟု မင်းပြားမင်းသိန်းဇံက ထောက်ပြပြောကြားသည်။

ယခုပထမအကြိမ်ထုတ်ဝေမှုသည် စာအုပ်ရေ ၁၀၀၀ ဖြစ်ပြီး၊ ၂၅၀၀ ကျပ်ဖြင့် ဖြန့်ချီသွားမည်ဟု ဆိုသည်။

ယခုထုတ်ဝေဖြန့်ချိမည့် ရခိုင်သမိုင်း ကွင်းဆင်းသုတေသနစာအုပ်သည် စာရေးဆရာ မင်းပြားမင်းသိန်းဇံ၏ အုပ် ၂၀ မြောက်စာအုပ်ဖြစ်သည်ဟု လေ့လာသိရှိရသည်။

Comments

Popular posts from this blog

အမ်း - ပဒါန်းလမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ

အကြမ်းဖက်ဝါဒ ကြီးစိုးလာနေသည့် ဘဂ်လားဒေ့ရှ်