ဝေသာလီမြို့တော်
ရခိုင်သမိုင်းတွင် လျှမ်းလျှမ်းတောက် ထွန်းကား ခဲ့သောမြို့တော် ဖြစ်သည်။ အေဒီ ၃၂၇မှ ၈၁၈အထိ ရှည်ကြာ ခဲ့သည်။ တောင်ကုန်းနှင့် လွင်ပြင်စပ်နေရာတွင် တည်ရှိသည်။ မြောက်ဦးမြို့မှ မြောက်ဘက်ငါးမိုင်အကွာ ရမ်းချောင်းလက်ယာကမ်းတွင် ထွန်းကားခဲ့ သည်။ ယင်းချောင်းကမ်း၌ သင်္ဘောဆိပ်အဖြစ် ကျောက်လှေကား ထားရှိခဲ့၍ ဝေသာလီကျောက်လှေကားမြို့ဟုလည်း အမည်တွင်ခဲ့သည်။ မြို့တည်မင်းမှာ တိုင်းစန္ဒြား (ဒွေင်စန္ဒြ) ဖြစ်သည်။ ဤမြို့တော်မှာ နတ်ပြည်၏လှပခြင်းကို ပြက်ရယ်ပြုနိုင်လောက်အောင် လှပတင့်တယ် သည်ဟု ကျောက်စာက ဖေါ်ပြသည်။ ဝေသာလီသည် ရောင်းဝယ် ဖေါက်ကားမှုဖြင့် ချမ်းသာ<ကယ်ဝ ခဲ့သည်။ ရာဇ၀င်၌ ရတနာမိုးများ အကြိမ်ကြိမ် ရွာခဲ့သည်ဟု ပါရှိသည်။ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများကို အရွယ် အစားငါးမျိုးဖြင့် ထုတ်ဝေသုံးစွဲခဲ့သည်။ ဝေသာလီယဉ်ကျေးမှုသည် အိန္ဒိယမှမြစ်ဖျားခံသည်။ ထေရ၀ါဒ၊ မဟာယနနှင့် ဗြဟ္မဏဘာသာ တို့ကို လွတ်လပ်စွာ ကိုးကွယ် ခဲ့ကြသည်။ ပါဠိနှင့် သက္ကတစာပေတို့မှာ ထင်ရှားကြသည်။ ရာဇ၀င်အရ စိုင်းဒြားမင်းကိုးဆက် နန်းစံခဲ့ကြသည်။ ကျောက်စာအရ ဒွေင်စန္ဒြမှအာနန္ဒစန္ဒြမင်းအထိ ၂၂-မင်း နန်းစံ ခဲ့ကြ သည်။ အာနန္ဒစန္ဒြကို ရခိုင်စာပေ၌ ထူလစန္ဒြားဟု တွေ့ရသည်။ ရာဇ ၀င်အရ ထူလပြီးလျင် သီရိ၊ သိင်္ဂနှင့် စူဠစန္ဒြားတို့စိုးစံ ခဲ့ကြသည်။ စူဠလွန်ပြီးနောက် မြုံမ်အမြတူ (နန်းစံ ၇-နှစ်)နှင့် ယင်း၏တူ ပဲဖြူ (နန်းစံ ၁၇-နှစ်)တိ့က ဆက်ခံကြသည်။ အမြတူသည် ပျူရန်စစ်ကြောင့် လွန်လေသည်။ ပဲဖြူမှာ သျှမ်းရန်စစ်ကြောင့် လွန်လေရာ နန်းရိုးငမင် ငတုံသည် ၇၉၄-တွင် နန်းရသည်။ နန်းရိုးမင်းသည် စမ္မ၀က်တွင် ၂၄-နှစ် စိုးစံပြီးနောက် လုပ်ကြံခံရရာ ဝေသာလီမြို့တော်သည်လည်း ကုန်ဆုံးသွားသည်။ ယင်းကို ပဉ္စာမြို့တော် ခေတ်က ဆက်ခံ သည်။
ရခိုင်သုတအဘိဓာန်
Comments
Post a Comment