မလေးရှား ဖလော်တီလာ နောက်တက်တွဲ
မလေးရှား မှ စားနပ်ရိက္ခာ များ သယ်ဆောင်လာမည့် သင်္ဘော အုပ်စု သည် မြန်မာ ရေပိုင်နက် အတွင်း ၀င်ရောက်ရေး အတွက် မလေးရှား သံရုံးမှ သော်၎င်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှသော်၎င်း တရားဝင် ခွင့်တောင်း ခံခြင်း ယခုအချိန်ထိ မရှိသေးဟု သတင်း များ က ဆိုနေပါတယ်။
သမ္မတ ရုံး ပြောခွင့်ရ ဦးဇော်ဌေးကတော့ မြန်မာရေတပ်မှ ပြန်လှည့်ရန် သတိပေးခြင်း (သို့မဟုတ်) အင်အားသုံး၍ ပြန်လှည့်ခိုင်းခြင်း ဖြင့်သာ ရင်ဆိုင်ရမယ်လို့ ပြောလိုက်ပြီ ဖြစ်ပါတယ်။
အမှန်တကယ် အကူအညီများ သက်ဆိုင်သူများထံ ရောက်လိုပါက အင်ဒိုနီရှားကဲ့သို့ ပြုလုပ်သင့်တယ် လို့လည်း ဆိုပါတယ်။
မလေးရှားက ၎င်းရဲ့ ဘာသာရေးနဲ့ ရောယှက်နေတဲ့ နိုင်ငံရေးကို အာဆီယံ အတွင်း ပြန့်ပွားအောင် နဲ့ ဒေသတွင်းရှိ ဗုဒ္ဓဘာသာ ၀င်များနဲ့ မူဆလင်ဘာသာဝင်များ အကွဲကွဲ အပြဲပြဲ ဖြစ်အောင် ပြုလုပ်သလို ဖြစ်ခဲ့တဲ့ အတွက် ဒီလုပ်ဆောင်ချက်က ရူးနှမ်းယုံတင်မက အန္တရာယ် လည်း အလွန်ကြီးလှပါတယ်။
ပြည်တွင်းမှာလည်း လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်လာအောင် သို့မှသာ သူတို့ ဆင်ကွက်ထဲ ၀င်လာမှာ ဖြစ်တဲ့အတွက် ပဉ္စမံ တပ်သားတွေ စေလွှတ်ပြီး ဖန်တီးနိုင်တာမို့ ပြည်သူတရပ်လုံး သတိရှိရှိ နဲ့ ကာကွယ် ထိမ်းသိမ်းသွားဖို့လည်း လိုအပ်နေပါတယ်။
နိုင်ငံတကာ စာနယ်ဇင်း တွေမှာတော့ ဒီကိစ္စကို အခုအချိန်အထိ အသားပေး ဖေါ်ပြတာမျိုး မတွေ့ရသေးပါဘူး၊
ဘူးသီးတောင် မောင်းတော ဒေသများရဲ့ လက်ရှိ အခြေအနေကတော့ သတင်းစာဆရာများကို ၎င်းတို့ အလိုကျ မပြောခဲ့၍ ခေါင်းဖြတ် အသတ်ခံရသူ စုစုပေါင်း သုံးဦး ရှိသွားပြီ ဖြစ်ပါတယ်။
မနေ့က ဘင်္ဂလား ပင်လယ်အော်အတွင်း ငါးဖမ်း သင်္ဘောတစီးကို ပြစ်ခတ်ခဲ့တဲ့အတွက် ဘင်္ဂလား တံငါသည် လေးဦး ဒင်္ဏရာရရှိသွားခဲ့ပါတယ်။ ဒီအတွက် ဘင်္ဂလား နယ်ခြားစောင့် ရဲတပ်ဖွဲ့က မြန်မာဘက်ကို တရားဝင် ကန့်ကွက်စာ ပေးပို့ ခဲ့ပါတယ်။
HSW
ဓါတ်ပုံ။ ၊ ဧရာဝတီ
Comments
Post a Comment