တပ်မတော်က ပစ်သတ်မှာကို စိတ်ပူနေကြပါ
တယ်
၂၈ ဧပြီ ၂၀၂၀
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်
ကျေးရွာကို ဧပြီလ ၁၃ ရက်နေ့ တပ်မတော်က
လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား
၈ဦးသေ ၁၃ ဒဏ်ရာရ။
၎င်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး တပ်မတော် သတင်း
နှင့်ပြန်ကြားရေးဌာန ပြောခွင့်ရ ဗိုလ်မှူးကြီး
ဇောမင်းထွန်းက တပ်မတော် အနေနဲ့ ကျောက်
ဆိပ်ကျေးရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်း
မရှိဟု မီဒီယာကို ငြင်းဆိုထားပါတယ်။
ပြည်နယ်လွှတ်တော် ကိုယ်စားလည် အပါဝင်
ဒေသခံပြည်သူ အချို့က ဖြစ်စဉ်ကို မီဒီယာကိုဖြေ
ကြားခဲ့တယ်။ Facebook လူမှုကွန်ယက် စာမျက်
နှာ ပေါ်မှ ဓါတ်ပုံ - ရုပ်သံ နှင့် တကွဖော်ပြခဲ့တာ
ရှိတဲ့အတွက်။
ဧပြီလ ၁၉ ရက်နေ့ ကျောက်ဆိပ်ကျေးရွာက
ရွာသား ၃၈ ဦးကို တပ်မတော် ခေါ်ဆောင်သွားပြီး
၎င်း၃၈ယောက်ထဲမှရွာသားအချို့ပြန်လွတ်လာပြီး
ကျန် ၅ဦးကို AA နှင့် ပတ်သက်သည်ဆိုတဲ့
စွပ်စွဲချက်ဖြင့် ပုဏ္ဏားကျွန်း ရဲစခန်းမှာ အကြမ်း
ဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ( ည ) I
၅၂ ( က ) ဖြင့် ဧပြီလ ၂၄ရက်နေ့က ပုဏ္ဏားကျွန်း
ရဲစခန်းမှာ အမှုဖွင့်ခံထားရပြီး။
၎င်းတို့ကို ဧပြီလ ၂၇ ရက် နံနက် အစောပိုင်းက တပ်မတော် စစ်ကား တစ်စီးနှင့် ပုဏ္ဏားကျွန်း
ရဲစခန်းမှ ခေါ်ဆောင်သွားတယ်လို့ မျက်မြင် ရွာ
သားတွေက ပြောပါတယ်။
မိသားစုဝင်တွေကတော့ အလွန်စိုးရိမ်နေ့ပါတယ်
သူတို့ကို ယခုအချိန်ထိ အဆက်သွယ်မရသေားပါ
တပ်မတော်က ပစ်သတ်မှာကို စိတ်ပူနေကြပါ
တယ်။
No comments:
Post a Comment